-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရွံဳးဆုိတာ စမ္းသပ္မွဳႀကီးတစ္ခုပါ

အရွံဳးဆုိတာ စမ္းသပ္မွဳႀကီးတစ္ခုပါ google.com

လူေတြရဲ႕ သဘာ၀ကုိက အရွံဳးဆုိတာမ်ိဳးကို လက္ခံရမွာအရမ္းေၾကာက္တတ္ၾကပါတယ္။ ကိုယ္လက္ခံ လုိက္ရတဲ႔  အရွံုးတစ္ခုေၾကာင့္ လူေတြကဲ႔ရဲ႕ရွဳတ္ခ်မွာကိုလည္း စိုးရိမ္ပူပန္တတ္ၾကပါေသးတယ္။ ဒါေၾကာင္႔ အရွံဳးကုိ ရင္မဆိုင္ခ်င္ဘူး။ အရွံဳးဆုိတဲ႔ အရာကို ေၾကာက္လန္႔တာနဲ႔ ကစားပြဲတစ္ခုကို ၀င္မၿပိဳင္ေတာ့ဘူးလား။ သင္၀င္မၿပိဳင္လုိက္တာနဲ႔ အရွံဳးေပးလိုက္သလိုပါပဲ။

လူဆိုတာ ကေလးဘဝတုန္းက အရံွဳးဆိုတာကို မေၾကာက္ခဲ့ပါဘူး။ တႏွစ္သားအရြယ္ ကေလးငယ္ဟာ လမ္းေလွ်ာက္ဖို႔ ေျခတစ္လွမ္း စလွမ္းတယ္။

ၾကမ္းျပင္ေပၚ လဲက်သြားတယ္။ သူ ငိုတယ္။ ဒါေပမဲ့ ျပန္ထၿပီး ေျခလွမ္းလွမ္းျပန္တယ္။ လဲက်ျပန္တယ္။ ျပန္ထတယ္။ ေနာက္ေတာ့ မလဲက်ပဲ ေျခတစ္လွမ္း စလွမ္း ႏိုင္လာ တယ္။ ၂ လွမ္း ေျမာက္မွာ လဲက်ျပန္တယ္။ ငိုတယ္။ ျပန္ထၿပီး ထပ္ေလွ်ာက္တယ္။ ေနာက္ေတာ့ ၃ - ၄ လွမ္း ေလွ်ာက္ရင္း လမ္းေလွ်ာက္တတ္သြားတယ္။ မၾကာခင္ ေျပးေတာင္ ေျပးႏိုင္လာတယ္။

Read-ပင္ပန္းေနေပမယ့္လည္း ၾကိဳစားႏိုးထလိုက္ပါ

ကေလးဟာ ႀကီးလာတဲ့အခါ မိဘက ေျပာၾကတယ္။
“သား ဒီေန႔ ေက်ာင္းမွာ အေျပးၿပိဳင္ပြဲ ရွိတယ္ဆို။ ႏိုင္ေအာင္ ေျပးေနာ္။ သား ပထမဆုရၿပီး ျပန္လာရင္ အေမနဲ႔ အေဖတို႔က ဆုထပ္ေပးအံုးမယ္။ ပထမ မရရင္ေတာင္ အနည္းဆံုး တတိယဆုေလာက္ေတာ့ ရေအာင္လုပ္။ အဲဒါေလာက္မွ ရမလာရင္ေတာ့ အေမတို႔ သားကို မခ်စ္ေတာ့ဘူး”ဒီစကားေလးေတြ ၾကားရတဲ႔ ကေလးဟာ ႀကီးလာတဲ့အခါမွာ အရံွဳးဆိုတာကို ရင္မဆိုင္ရဲေတာ့ဘူး။ အရံႈးဆိုတာ ရွက္စရာႀကီးပါလားလို႔ ထင္လာတယ္။ အႏိုင္အရံႈးမေသခ်ာရင္ ရံွဳးမွာ ေၾကာက္ၿပီး ဘာမွ မလုပ္ေတာ့ဘူး။ မစြန္႔စားရဲေတာ့ဘူး။

ေအာင္ျမင္သူေတြကေတာ့ အရွံဳးကို မေၾကာက္ၾကဘူး။ မေၾကာက္ရံုတင္မက အရံွဳးကို ႀကိဳဆိုၾကေသးတယ္။ အရံွဳးဆိုတာ ေအာင္ျမင္မႈရဲ႕ အစိပ္အပိုင္းတစ္ခုလို႔ သတ္မွတ္ထားၾကတယ္။ 

ေအာင္ျမင္သူေတြဟာ တစ္ခုခုကို ႀကိဳးစားလို႔ မေအာင္ျမင္တာကို ရွံဳးနိမ့္သြားတယ္လို႔ မယူဆၾကဘူး။ မေအာင္ျမင္တာကို စမ္းသပ္မႈတစ္ခုလို႔ပဲ ယူဆၾကတယ္။ သူတို႔ရဲ႕ အဘိဓါန္မွာ “အရွံဳး”ဆိုတဲ့ ေဝါဟာရ မရွိဘူး။ စမ္းသပ္မႈကို နည္းတစ္မ်ိဳးနဲ႔ လုပ္လို႔ မေအာင္ျမင္ရင္ ေနာက္တစ္နည္း ေျပာင္းၿပီး စမ္းသပ္ၾကတယ္။ ေအာင္ျမင္တဲ့အထိ နည္းေတြ တစ္မိ်ဳးၿပီး တစ္မ်ိဳးေျပာင္းလဲစမ္းသပ္ၾကတယ္။

ႀကိဳးစားပါ။ က်ရွံဳးပါ။ မၾကာခဏ က်ရွံဳးပါ။ ဒါေပမဲ့ က်ရွံဳးျပီးတုိင္း ျပန္ထပါ။ အဲဒီလို အရွံဳးေတြနဲ႔ ၾကံဳတိုင္း သင္ခန္းစာ ယူၿပီး ဆက္ႀကိဳးစားသူဟာ ပိုၿပီးေတာ္လာတတ္ၾကတယ္။ အေတြ႕အၾကံဳ ရင့္က်က္လာတယ္။ သူတို႔သာ ေအာင္ျမင္သူ ျဖစ္လာၾကမွာပါ။ တစ္ခါ ႏွစ္ခါေလာက္ ရွံဳးနိမ့္သြားလို႔ စိတ္ပ်က္လက္ေလွ်ာ့သြားသူဟာ ဘယ္ေတာ့မွ ေအာင္ျမင္ႀကီးပြားသူတစ္ေယာက္ ျဖစ္လာမွာ မဟုတ္ပါ။

လူ႔ဘဝမွာ ရွံဳးနိမ့္မွာကို ေၾကာက္လို႔ မစြန္႔စားရဲရင္ ခ်ိဳ႕ခ်ိဳ႕ငဲ့ငဲ့ဘဝနဲ႔ပဲ လူ႔ဘဝကို ကုန္ဆံုးသြားမွာကို သတိျပဳေစခ်င္ပါတယ္။အသက္ႀကီးလာတဲ့အခါက်မွ သားသမီးေတြက “အေဖဟာ ငယ္ငယ္တုန္းက မစြန္႔စားရဲခဲ့လို႔ ငါတို႔ အခုလို ဆင္းဆင္းရဲရဲ ေနေနရတာေပါ့ကြာ” လို႔ အေျပာမခံရပါေစနဲ႔။

Source; ျဖစ္ရပ္မွန္ သတင္းစံု

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

(Unicode Verison)

လူတွေရဲ့ သဘာဝကိုက အရှုံးဆိုတာမျိုးကို လက်ခံရမှာအရမ်းကြောက်တတ်ကြပါတယ်။ ကိုယ်လက်ခံ လိုက်ရတဲ့ အရှံုးတစ်ခုကြောင့် လူတွေကဲ့ရဲ့ရှုတ်ချမှာကိုလည်း စိုးရိမ်ပူပန်တတ်ကြပါသေးတယ်။ ဒါကြောင့် အရှံုးကို ရင်မဆိုင်ချင်ဘူး။ အရှံုးဆိုတဲ့ အရာကို ကြောက်လန့်တာနဲ့ ကစားပွဲတစ်ခုကို ၀င်မပြိုင်တော့ဘူးလား။ သင်ဝင်မပြိုင်လိုက်တာနဲ့ အရှံုးပေးလိုက်သလိုပါပဲ။
လူဆိုတာ ကလေးဘဝတုန်းက အရှုံးဆိုတာကို မကြောက်ခဲ့ပါဘူး။ တနှစ်သားအရွယ် ကလေးငယ်ဟာ လမ်းလျှောက်ဖို့ ခြေတစ်လှမ်း စလှမ်းတယ်။ ကြမ်းပြင်ပေါ် လဲကျသွားတယ်။ သူ ငိုတယ်။ ဒါပေမဲ့ ပြန်ထပြီး ခြေလှမ်းလှမ်းပြန်တယ်။ လဲကျပြန်တယ်။ ပြန်ထတယ်။ နောက်တော့ မလဲကျပဲ ခြေတစ်လှမ်း စလှမ်း နိုင်လာ တယ်။ ၂ လှမ်း မြောက်မှာ လဲကျပြန်တယ်။ ငိုတယ်။ ပြန်ထပြီး ထပ်လျှောက်တယ်။ နောက်တော့ ၃ - ၄ လှမ်း လျှောက်ရင်း လမ်းလျှောက်တတ်သွားတယ်။ မကြာခင် ပြေးတောင် ပြေးနိုင်လာတယ်။
ကလေးဟာ ကြီးလာတဲ့အခါ မိဘက ပြောကြတယ်။
“သား ဒီနေ့ ကျောင်းမှာ အပြေးပြိုင်ပွဲ ရှိတယ်ဆို။ နိုင်အောင် ပြေးနော်။ သား ပထမဆုရပြီး ပြန်လာရင် အမေနဲ့ အဖေတို့က ဆုထပ်ပေးအုံးမယ်။ ပထမ မရရင်တောင် အနည်းဆုံး တတိယဆုလောက်တော့ ရအောင်လုပ်။ အဲဒါလောက်မှ ရမလာရင်တော့ အမေတို့ သားကို မချစ်တော့ဘူး”ဒီစကားလေးတွေ ကြားရတဲ့ ကလေးဟာ ကြီးလာတဲ့အခါမှာ အရှုံးဆိုတာကို ရင်မဆိုင်ရဲတော့ဘူး။ အရှုံးဆိုတာ ရှက်စရာကြီးပါလားလို့ ထင်လာတယ်။ အနိုင်အရှုံးမသေချာရင် ရှုံးမှာ ကြောက်ပြီး ဘာမှ မလုပ်တော့ဘူး။ မစွန့်စားရဲတော့ဘူး။
အောင်မြင်သူတွေကတော့ အရှံုးကို မကြောက်ကြဘူး။ မကြောက်ရုံတင်မက အရှုံးကို ကြိုဆိုကြသေးတယ်။ အရှုံးဆိုတာ အောင်မြင်မှုရဲ့ အစိပ်အပိုင်းတစ်ခုလို့ သတ်မှတ်ထားကြတယ်။
အောင်မြင်သူတွေဟာ တစ်ခုခုကို ကြိုးစားလို့ မအောင်မြင်တာကို ရှံုးနိမ့်သွားတယ်လို့ မယူဆကြဘူး။ မအောင်မြင်တာကို စမ်းသပ်မှုတစ်ခုလို့ပဲ ယူဆကြတယ်။ သူတို့ရဲ့ အဘိဓါန်မှာ “အရှံုး”ဆိုတဲ့ ဝေါဟာရ မရှိဘူး။ စမ်းသပ်မှုကို နည်းတစ်မျိုးနဲ့ လုပ်လို့ မအောင်မြင်ရင် နောက်တစ်နည်း ပြောင်းပြီး စမ်းသပ်ကြတယ်။ အောင်မြင်တဲ့အထိ နည်းတွေ တစ်မျိုးပြီး တစ်မျိုးပြောင်းလဲစမ်းသပ်ကြတယ်။
ကြိုးစားပါ။ ကျရှံုးပါ။ မကြာခဏ ကျရှံုးပါ။ ဒါပေမဲ့ ကျရှံုးပြီးတိုင်း ပြန်ထပါ။ အဲဒီလို အရှံုးတွေနဲ့ ကြံုတိုင်း သင်ခန်းစာ ယူပြီး ဆက်ကြိုးစားသူဟာ ပိုပြီးတော်လာတတ်ကြတယ်။ အတွေ့အကြံု ရင့်ကျက်လာတယ်။ သူတို့သာ အောင်မြင်သူ ဖြစ်လာကြမှာပါ။ တစ်ခါ နှစ်ခါလောက် ရှံုးနိမ့်သွားလို့ စိတ်ပျက်လက်လျှော့သွားသူဟာ ဘယ်တော့မှ အောင်မြင်ကြီးပွားသူတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါ။
လူ့ဘဝမှာ ရှံုးနိမ့်မှာကို ကြောက်လို့ မစွန့်စားရဲရင် ချို့ချို့ငဲ့ငဲ့ဘဝနဲ့ပဲ လူ့ဘဝကို ကုန်ဆုံးသွားမှာကို သတိပြုစေချင်ပါတယ်။အသက်ကြီးလာတဲ့အခါကျမှ သားသမီးတွေက “အဖေဟာ ငယ်ငယ်တုန်းက မစွန့်စားရဲခဲ့လို့ ငါတို့ အခုလို ဆင်းဆင်းရဲရဲ နေနေရတာပေါ့ကွာ” လို့ အပြောမခံရပါစေနဲ့။

 

Read times
Rate this item
(1 Vote)