-->


၂၁ရာစုမွာအေရးပါလာတဲ့ ေတြးေတာဆင္ျခင္ႏိုင္စြမ္း

၂၁ရာစုမွာအေရးပါလာတဲ့ ေတြးေတာဆင္ျခင္ႏိုင္စြမ္း google.com

၂၁ ရာစု (၂၀၀၁ မွ ၂၁၀၀ ခုႏွစ္ထိ) ပညာေရးစနစ္မွာ အဓိက လိုအပ္တာကေတာ့ Critical Thinking လို႔ေခၚတဲ့ ေတြးေတာ ဆင္ျခင္ႏိုင္ျခင္းပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သတင္းအခ်က္အလက္ (Information) မ်ားစြာဟာ ၂၁ ရာစုမွာ ေဖာင္းပြလာေတာ့မွာျဖစ္ၿပီး.. ဒီသတင္းအခ်က္အလက္ေတြဟာ မွန္ကန္လား၊ မမွန္ကန္ဘူးလားဆိုတာကေတာ့ ၂၁ ရာစုမွာ ရွင္သန္ ေနထိုင္မယ့္ က်ေနည္တို႔တေတြ၊ က်ေနာ္တို႔ အနာဂတ္ မ်ိဳးဆက္ေတြ ဆင္ျခင္ေတြးေတာရမယ့္ အရာျဖစ္လာပါၿပီ။

၂၁ ရာစု ပညာေရးဟာ Critical Thinking ကို အေျချပဳဖို႔ သိပ္အေရးႀကီးပါတယ္။ ဒီပညာေရးကိုရရွိဖို႔ (တနည္း) ဆင္ျခင္ေတြးေတာႏိုင္တဲ့ အဆင့္ကို ေရာက္ရွိဖို႔ အဆင့္ ၆ ဆင့္ လိုပါတယ္။ ဒါေတြကို ေက်ာင္းေတာ္က သင္ေပးလိုက္ဖို႔ အထူးလိုအပ္ပါတယ္။

ပထမအဆင့္က Knowledge လို႔ေခၚတဲ့ အသိပညာပါ။ အသိပညာမရွိပဲ စဥ္းစားေတြးေခၚလို႔ မရပါဘူး။ ဒါ့ေၾကာင့္ အသိပညာရရွိေအာင္ က်ေနာ္တို႔ စာသင္ၾကရပါတယ္။ ေမးခြန္းေတြ ေမးရပါတယ္။ လိုအပ္လွ်င္ က်က္၊ မွတ္၊ ေလ့လာ မွတ္သားရပါတယ္။

ဒုတိယ အဆင့္ကေတာ့ ျပန္လည္ေရးသားျပဳစုျခင္း (Comprehension) ပါ။ မိမိသိရွိထားေသာ အေၾကာင္းအရာကို မိမိ အျမင္ျဖင့္ ျပန္လည္ေရးသားျခင္းပါ။ သမိုင္းက မည္သို႔ပင္ဆိုေစ.. ဘယ္သူက ဘယ္လို မွန္တယ္ေျပာေျပာ..မွားတယ္ဆိုဆို.. ကိုယ့္ အျမင္ႏွင့္ကိုယ္ သင္ခန္းစာ အေၾကာင္းအရာမ်ားကို ျပန္လည္ေရးသားၿပီး သံုးသပ္ ဆင္ျခင္တတ္ရပါမယ္။

တတိယ အဆင့္ကေတာ့ အသံုးျပဳျခင္း (Application) ပါ။ မိမိ အသိ၊ မိမိ အျမင္ကို ျပသနာရပ္ အသစ္ (တနည္း) ေမးခြန္းတစ္ခုအေပၚမွာ အသံုးျပဳတဲ့အခါ ဒီျပသနာရပ္ဟာ ဘယ္လို၊ ဘယ္ပံု ေျပာင္းလဲသြားတယ္၊ ဘယ္လိုအေျဖရသြားတယ္ ဆိုတာကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒါဟာ အမွန္တကယ္ ျဖစ္သင့္တဲ့ စာေမးပြဲ ေမးခြန္းပံုစံျဖစ္ပါတယ္။ ကိုယ္တိုင္ ခံစားဖူးတဲ့ အမွားဟာ ဘာနဲ႔မွ လဲလို႔မရတဲ့ သင္ခန္းစာ တစ္ခုျဖစ္ပါတယ္။

Read-ပင္ကိုယ္သဘာ၀ကိုက ပါရမီျဖစ္ႏိုင္တယ္ဆိုတဲ႔အခ်က္(၅)ခ်က္

စတုထၳကေတာ့ ျပန္လည္သံုးသပ္ျခင္း (Analysis) ပါ။ မိမိ အသိ၊ မိမိအျမင္ နဲ႔ ျပသနာကို ေျဖရွင္းၿပီးတဲ့အခါ၊ ျပန္လည္ သံုးသပ္ယူတတ္ေအာင္လည္း သင္ၾကားရပါတယ္။ ဒါမွလည္း ေနာင္လာမယ့္ ျပသနာေတြကို ပိုမိုရင္ဆိုင္ေျဖရွင္းတတ္လာမွာပါ။

ပဥၥမ အဆင့္ကေတာ့ ျပန္လည္ ျပဳလုပ္တည္ေဆာက္ျခင္း (Synthesis) ျဖစ္ပါတယ္။ မိမိရရွိခဲ့တဲ့ အေတြ႕အၾကံဳ၊ သင္ခန္းစာနဲ႔ ၊ ျပသနာေျဖရွင္းႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြ ျပဳစုရပါတယ္။ ကမၻာႀကီးဟာ ျပသနာေပါင္းစံု ရွိေနတဲ့ ေဒသႀကီးပါ။ ကိုယ္ဝါသနာပါရာ (တနည္း) ကြ်မ္းက်င္ရာ ျပသနာေတြကို ေျဖရွင္းရင္းနဲ႔ လူသားေတြ ရွင္သန္ေနၾကတာ ျဖစ္ပါတယ္။

ေနာက္ဆံုး ဆဌမ အဆင့္ကေတာ့ ဆင္ျခင္သံုးသပ္ျခင္း (Evaluation) အဆင့္ ျဖစ္ပါတယ္။ ျပသနာတစ္ခုကို ဘယ္လို သံုးသပ္ရမယ္၊ သူ႔ဘက္ ကိုယ့္ဘက္ ဘယ္လို မွ်ေတြးရမယ္၊ ဘယ္လိုေတြးလွ်င္ ဘာေတြ ျဖစ္လာ ႏိုင္မယ္ ဆိုတာကို ဆင္ျခင္သံုးသပ္တတ္သြားၿပီ ဆိုလွ်င္ေတာ့.. ၂၁ ရာစုမွာ က်ေနာ္တို႔တေတြ ရွင္သန္ လႈပ္ရွား ႏိုင္ၾကပါၿပီ။

သို႔မဟုတ္လွ်င္ေတာ့.. ဟိုလူေျပာယံု၊ ဒီလူေျပာ မယံု၊ ဟိုဟာမသိ၊ ဒါမရွိၾကတဲ့ ျပည္သူေတြမ်ားလာလွ်င္ေတာ့ က်ေနာ္တို႔ ႏိုင္ငံ အနာဂတ္ဟာေျမာင္းထဲေရာက္သြား ႏိုင္ပါတယ္။ အနာဂတ္ ပညာေရးဟာ.. သိပ္ကို အေရးႀကီးပါတယ္။ အလြတ္က်က္.. အလြတ္ေျဖ အဆင့္ဟာ ပထမအဆင့္ Knowledge မွာတင္ ရပ္တံ့ေနတာပါ။ ဒါကို သတိထားမိဖို႔ လိုေနပါၿပီ။

က်ေနာ္တို႔ တိုင္းျပည္မွာ ဆင္ျခင္ေတြးေတာႏိုင္တဲ့ Critical Thinkers ေတြ နဲ႔ Decision Makers ေတြ သိပ္ကို ရွားပါးလာပါတယ္။ အက်ိဳးဆက္ကေတာ့ ဆံုးျဖတ္သူကို ေစာင့္ေနတဲ့အတြက္ လုပ္ငန္းေတြ မတြင္က်ယ္ေတာ့တာပါ။ လုပ္ငန္းေတြ ေႏွာင့္ေႏွးတာဟာ တိုင္းျပည္ စီးပြားေရးကို ထိခိုက္လာတာပါပဲ။ စီးပြားေရးထိခိုက္ျခင္းဟာ တိုင္းျပည္ကို ဆင္းရဲေစျပန္ပါတယ္။

ဒါေတြကို ေက်ာင္းေတာ္က ျပင္ေပး၊ သင္ေပးလိုက္လို႔ ရပါတယ္။ ပညာေရးကို ေျပာင္းလဲဖို႔ လိုလားသူတိုင္း မိမိကိုယ္တိုင္ စၿပီး ေျပာင္းလဲၾကည့္ပါ။

Credit; သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ)

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

(Unicode Version)

၂၁ ရာစု (၂၀၀၁ မှ ၂၁၀၀ ခုနှစ်ထိ) ပညာရေးစနစ်မှာ အဓိက လိုအပ်တာကတော့ Critical Thinking လို့ခေါ်တဲ့ တွေးတော ဆင်ခြင်နိုင်ခြင်းပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းအချက်အလက် (Information) များစွာဟာ ၂၁ ရာစုမှာ ဖောင်းပွလာတော့မှာဖြစ်ပြီး.. ဒီသတင်းအချက်အလက်တွေဟာ မှန်ကန်လား၊ မမှန်ကန်ဘူးလားဆိုတာကတော့ ၂၁ ရာစုမှာ ရှင်သန် နေထိုင်မယ့် ကျနေည်တို့တတွေ၊ ကျနော်တို့ အနာဂတ် မျိုးဆက်တွေ ဆင်ခြင်တွေးတောရမယ့် အရာဖြစ်လာပါပြီ။
၂၁ ရာစု ပညာရေးဟာ Critical Thinking ကို အခြေပြုဖို့ သိပ်အရေးကြီးပါတယ်။ ဒီပညာရေးကိုရရှိဖို့ (တနည်း) ဆင်ခြင်တွေးတောနိုင်တဲ့ အဆင့်ကို ရောက်ရှိဖို့ အဆင့် ၆ ဆင့် လိုပါတယ်။ ဒါတွေကို ကျောင်းတော်က သင်ပေးလိုက်ဖို့ အထူးလိုအပ်ပါတယ်။
ပထမအဆင့်က Knowledge လို့ခေါ်တဲ့ အသိပညာပါ။ အသိပညာမရှိပဲ စဉ်းစားတွေးခေါ်လို့ မရပါဘူး။ ဒါ့ကြောင့် အသိပညာရရှိအောင် ကျနော်တို့ စာသင်ကြရပါတယ်။ မေးခွန်းတွေ မေးရပါတယ်။ လိုအပ်လျှင် ကျက်၊ မှတ်၊ လေ့လာ မှတ်သားရပါတယ်။
ဒုတိယ အဆင့်ကတော့ ပြန်လည်ရေးသားပြုစုခြင်း (Comprehension) ပါ။ မိမိသိရှိထားသော အကြောင်းအရာကို မိမိ အမြင်ဖြင့် ပြန်လည်ရေးသားခြင်းပါ။ သမိုင်းက မည်သို့ပင်ဆိုစေ.. ဘယ်သူက ဘယ်လို မှန်တယ်ပြောပြော..မှားတယ်ဆိုဆို.. ကိုယ့် အမြင်နှင့်ကိုယ် သင်ခန်းစာ အကြောင်းအရာများကို ပြန်လည်ရေးသားပြီး သုံးသပ် ဆင်ခြင်တတ်ရပါမယ်။
တတိယ အဆင့်ကတော့ အသုံးပြုခြင်း (Application) ပါ။ မိမိ အသိ၊ မိမိ အမြင်ကို ပြသနာရပ် အသစ် (တနည်း) မေးခွန်းတစ်ခုအပေါ်မှာ အသုံးပြုတဲ့အခါ ဒီပြသနာရပ်ဟာ ဘယ်လို၊ ဘယ်ပုံ ပြောင်းလဲသွားတယ်၊ ဘယ်လိုအဖြေရသွားတယ် ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ အမှန်တကယ် ဖြစ်သင့်တဲ့ စာမေးပွဲ မေးခွန်းပုံစံဖြစ်ပါတယ်။ ကိုယ်တိုင် ခံစားဖူးတဲ့ အမှားဟာ ဘာနဲ့မှ လဲလို့မရတဲ့ သင်ခန်းစာ တစ်ခုဖြစ်ပါတယ်။
စတုထ္ထကတော့ ပြန်လည်သုံးသပ်ခြင်း (Analysis) ပါ။ မိမိ အသိ၊ မိမိအမြင် နဲ့ ပြသနာကို ဖြေရှင်းပြီးတဲ့အခါ၊ ပြန်လည် သုံးသပ်ယူတတ်အောင်လည်း သင်ကြားရပါတယ်။ ဒါမှလည်း နောင်လာမယ့် ပြသနာတွေကို ပိုမိုရင်ဆိုင်ဖြေရှင်းတတ်လာမှာပါ။
ပဥ္စမ အဆင့်ကတော့ ပြန်လည် ပြုလုပ်တည်ဆောက်ခြင်း (Synthesis) ဖြစ်ပါတယ်။ မိမိရရှိခဲ့တဲ့ အတွေ့အကြုံ၊ သင်ခန်းစာနဲ့ ၊ ပြသနာဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေ ပြုစုရပါတယ်။ ကမ္ဘာကြီးဟာ ပြသနာပေါင်းစုံ ရှိနေတဲ့ ဒေသကြီးပါ။ ကိုယ်ဝါသနာပါရာ (တနည်း) ကျွမ်းကျင်ရာ ပြသနာတွေကို ဖြေရှင်းရင်းနဲ့ လူသားတွေ ရှင်သန်နေကြတာ ဖြစ်ပါတယ်။
နောက်ဆုံး ဆဌမ အဆင့်ကတော့ ဆင်ခြင်သုံးသပ်ခြင်း (Evaluation) အဆင့် ဖြစ်ပါတယ်။ ပြသနာတစ်ခုကို ဘယ်လို သုံးသပ်ရမယ်၊ သူ့ဘက် ကိုယ့်ဘက် ဘယ်လို မျှတွေးရမယ်၊ ဘယ်လိုတွေးလျှင် ဘာတွေ ဖြစ်လာ နိုင်မယ် ဆိုတာကို ဆင်ခြင်သုံးသပ်တတ်သွားပြီ ဆိုလျှင်တော့.. ၂၁ ရာစုမှာ ကျနော်တို့တတွေ ရှင်သန် လှုပ်ရှား နိုင်ကြပါပြီ။
သို့မဟုတ်လျှင်တော့.. ဟိုလူပြောယုံ၊ ဒီလူပြော မယုံ၊ ဟိုဟာမသိ၊ ဒါမရှိကြတဲ့ ပြည်သူတွေများလာလျှင်တော့ ကျနော်တို့ နိုင်ငံ အနာဂတ်ဟာမြောင်းထဲရောက်သွား နိုင်ပါတယ်။ အနာဂတ် ပညာရေးဟာ.. သိပ်ကို အရေးကြီးပါတယ်။ အလွတ်ကျက်.. အလွတ်ဖြေ အဆင့်ဟာ ပထမအဆင့် Knowledge မှာတင် ရပ်တံ့နေတာပါ။ ဒါကို သတိထားမိဖို့ လိုနေပါပြီ။
ကျနော်တို့ တိုင်းပြည်မှာ ဆင်ခြင်တွေးတောနိုင်တဲ့ Critical Thinkers တွေ နဲ့ Decision Makers တွေ သိပ်ကို ရှားပါးလာပါတယ်။ အကျိုးဆက်ကတော့ ဆုံးဖြတ်သူကို စောင့်နေတဲ့အတွက် လုပ်ငန်းတွေ မတွင်ကျယ်တော့တာပါ။ လုပ်ငန်းတွေ နှောင့်နှေးတာဟာ တိုင်းပြည် စီးပွားရေးကို ထိခိုက်လာတာပါပဲ။ စီးပွားရေးထိခိုက်ခြင်းဟာ တိုင်းပြည်ကို ဆင်းရဲစေပြန်ပါတယ်။
ဒါတွေကို ကျောင်းတော်က ပြင်ပေး၊ သင်ပေးလိုက်လို့ ရပါတယ်။ ပညာရေးကို ပြောင်းလဲဖို့ လိုလားသူတိုင်း မိမိကိုယ်တိုင် စပြီး ပြောင်းလဲကြည့်ပါ။
Credit; သန့်ဦး (အာကာသနှင့် စကြဝဠာ)

Read 2217 times
Rate this item
(0 votes)