-->
×

Warning

JUser: :_load: Unable to load user with ID: 29


သာမန္စက္ရုံ၀န္ထမ္းသမဘ၀မွ ႏုိင္ငံရဲ႕အခ်မ္းသာဆုံးအမ်ဳိးသမီးအျဖစ္သုိ႔

သာမန္စက္ရုံ၀န္ထမ္းသမဘ၀မွ ႏုိင္ငံရဲ႕အခ်မ္းသာဆုံးအမ်ဳိးသမီးအျဖစ္သုိ႔ google.com

တရုတ္ႏုိင္ငံက မီဒီယာေတြမွာ အလီဘာဘာ သူေဌးႀကီးဂ်က္မားနဲ႔ အၿပဳိင္မၾကာခဏေဖာ္ျပခံရတဲ့ အမ်ဳိးသမီး တစ္ေယာက္ကုိ ေတာ္ေတာ္မ်ားမ်ားျမင္ဖူးၾကပါလိမ့္မယ္။ သူကေတာ့ တရုတ္ႏိုင္ငံရဲ႕ အခ်မ္းသာဆုံး အမ်ဳိးသမီး Zhou Qunfei ျဖစ္ပါတယ္။ ငယ္စဥ္က ဆင္းရဲလြန္းလုိ႔ ပညာေတာင္ၿပီးဆုံးေအာင္ မသင္ခဲ့ရပဲ စက္ရုံအလုပ္သမ ျဖစ္ခဲ့သူပါ။ ေအာက္ဆုံးအဆင့္ စက္ရုံသမတစ္ေယာက္ဘ၀ကေန ႏိုင္ငံအခ်မ္းသာဆုံးအမ်ဳိးသမီးအျဖစ္ကို တက္လွမ္းခဲ့တဲ့ Zhou Qunfei ရဲ႕အေၾကာင္းကို ျပန္လည္ေ၀မွ်လုိက္ပါတယ္။

Zhou Qunfei ဟာ တရုတ္ႏုိင္ငံအလယ္ပုိင္း ဟူနန္ေဒသက ေက်းရြာငယ္ေလးတစ္ခုမွာ ဆင္းဆင္းရဲရဲ ေမြးခဲ့ ပါတယ္။ သူမအသက္ ၅ႏွစ္မွာ မိခင္ျဖစ္သူကြယ္လြန္ခဲ့သလုိ ဖခင္ျဖစ္သူကလည္းမေတာ္တဆမႈေၾကာင့္ ထိခုိက္ခဲ့ၿပီး မ်က္မျမင္ဘ၀ကို ေရာက္ခဲ့ပါတယ္။ ၅ႏွစ္သမီးေလးဟာ မိသားစုတာ၀န္ကို ႏုိင္သေလာက္ ထမ္းခဲ့ပါတယ္။ ခ်ဳိ႕ခ်ဳိ႕တဲ့တဲ့နဲ႔ေက်ာင္းတက္ရင္း ၁၆ႏွစ္မွာေတာ့ ေက်ာင္းဆက္မတက္ႏုိင္ေတာ့တာေၾကာင့္ ေက်ာင္းကထြက္ခဲ့ရပါတယ္။ တစ္ေန႔ေအာင္ျမင္သူတစ္ေယာက္ျဖစ္ကုိျဖစ္ရမယ္ဆုိတဲ့ ရည္မွန္းခ်က္ကေတာ့ သူမစိတ္ထဲမွာ အၿမဲရွိေနခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ရွန္ဇန္းၿမဳိ႕က မွန္စက္ရုံတစ္ခုမွာ အလုပ္သမတစ္ေယာက္ အျဖစ္င္လုပ္ခဲ့ပါတယ္။ ဒီလုိလုပ္ေနရင္းကပဲ အတြက္အခ်က္နဲ႔ဆုိင္တဲ့သင္တန္းေတြကို သူဟာမရမက တက္ခဲ့ ပါေသးတယ္။

“အဲဒီတုန္းက ပိုက္ဆံမရႏုိင္ရင္ေတာင္ ပညာေတာ့ရေအာင္ယူမယ္ဆုိတဲ့စိတ္နဲ႔ သင္တန္းေတြ တက္ခဲ့တာ။ တျခားသူေတြက မိဘပုိက္ဆံေတြနဲ႔လာတက္တဲ့အခ်ိန္ က်မကေတာ့ အလုပ္ကရတဲ့ လခေလးကေန ျခစ္ကုတ္ၿပီးတက္ခဲ့ရတာ။ က်မေရွ႕ဆက္ၿပီးေအာင္ျမင္ဖုိ႔ သင္တန္းေတြက ပညာေတြတတ္ထားဖုိ႔လည္းလုိတယ္လုိ႔ ယူဆခဲ့တာေၾကာင့္တက္ခဲ့တာပါ”

သူမဟာ အခ်ိန္ျပည့္နီးပါးအလုပ္နဲ႔ လက္မျပတ္တတ္သူျဖစ္ပါတယ္။ ၃လျပည့္တဲ့အခါမွာေတာ့ ဒီစက္ရုံဟာ သူမအတြက္ ပညာထပ္ယူစရာ မရွိေတာ့ဘူးလုိ႔ ယူဆတာေၾကာင့္ ထြက္စာတင္ခဲ့ပါတယ္။ သူမရဲ႕ထြက္စာကို အထက္လူႀကီးေတြဖတ္မိတဲ့အခါ သူမကိုသတိထားမိသြားၾကတယ္။ ေတာမွာေနခဲ့တဲ့ မိန္းကေလးတစ္ေယာက္က စာကိုအဆင့္ျမင့္ျမင့္ေရးတတ္ေနလုိ႔ပါ။ ဒါေၾကာင့္လည္း သူမကို အလုပ္ကမထြက္ဖို႔တားၿပီး ရာထူးတုိးျမွင့္ေပးခဲ့ပါတယ္။ သူမကလည္း ေရာက္တဲ့ရာထူးမွာ အစြမ္းကုန္ႀကဳိးစားတာေၾကာင့္ ရာထူးအတုိးျမန္ခဲ့ၿပီး ႏွစ္အနည္းငယ္အတြင္းမွာ ကုန္ထုတ္လုပ္ေရး ဒါရုိက္တာ ရာထူးကို ရရွိခဲ့ပါတယ္။ တစ္ဖက္ကလည္း လုပ္ငန္းတစ္ခုလုံံးကိုေလ့လာေနတာေၾကာင့္ သူမမွာ ကုိယ္ပုိင္လုပ္ႏုိင္ေလာက္တဲ့အရည္အခ်င္းရွိလာခဲ့ပါတယ္။

အသက္ ၂၂ႏွစ္မွာေတာ့ အထက္လူႀကီးေတြတားတဲ့ၾကားက သူမဟာ စက္ရုံကထြက္ခဲ့ၿပီး စုထားတဲ့ေငြ အနည္းငယ္(ေဒၚလာ ၃၀၀၀ ခန္႔) နဲ႔ ကုိယ္ပုိင္ နာရီမွန္ ကုမၸဏီေထာင္ခဲ့ပါတယ္။ ကုမၸဏီဆုိလုိ႔ အခန္းေလး တစ္ခုအတြင္းမွာ ၀န္ထမ္းအနည္းငယ္သာရွိတဲ့ကုမၸဏီတစ္ခုပါ။ ပင္တုိင္အလုပ္သမကေတာ့ ကုမၸဏီပုိင္ရွင္ ျဖစ္တဲ့ သူမပဲျဖစ္ပါတယ္။ သူမရဲ႕ ကုမၸဏီဟာ အစပိုင္းေအာင္ျမင္ခဲ့သလုိရွိေပမယ့္ ေနာက္ပုိင္းမွာေတာ့ အရႈံးေတြရင္ဆုိင္ခဲ့ရတဲ့အခါေတြလည္းရွိပါတယ္။ သူမ ဟာ ကုမၸဏီ ၁၁ခုေလာက္ကုိ ဆက္တုိက္ ေထာင္ျဖစ္ခဲ့ပါတယ္။ ေအာင္ျမင္တာေတြရွိသလုိ အဆုံးအရႈံးႀကီးႀကီးမားမားေတြလည္း ရင္ဆုိင္ခဲ့ရပါတယ္။

သူမ၀န္ထမ္းေတြကိုေပးစရာ ေငြမရွိတာေၾကာင့္ သူမရဲ႕အိမ္ကုိ ၂ႀကိမ္တုိင္တုိင္ေရာင္းခဲ့ဖူးသလုိ ၊ သူမကို မနာလုိတဲ့ၿပဳိင္ဘက္ေတြရဲ႕တုိက္ခုိက္မႈေၾကာင့္ စိတ္ဓာတ္ေတြအလြန္္က်ဆင္းကာ ကုိယ့္ကုိယ္ကုိသတ္ေသမလုိ စိတ္ကူးမိတဲ့အထိ အရႈံးေတြနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ ေနာက္ဆုံးသူမရဲ႕ အရႈံးမေပးတဲ့စိတ္ဓာတ္ေၾကာင့္သာ သူမကုမၸဏီေတြ ျပန္လည္ပတ္ႏုိင္ခဲ့တာပါ။

၁၀ႏွစ္ေက်ာ္ေက်ာ္ၾကာၿပီးတဲ့ေနာက္ ၂၀၀၃ခုႏွစ္မွာေတာ့ သူမဟာ နာရီမွန္သာမက Lens Technology ကုမၸဏီကိုတည္ေထာင္ၿပီး ဖုန္းမွန္လုပ္ငန္းထဲကို၀င္ေရာက္လာခဲ့ပါတယ္။ ပထမဆုံး ထုတ္လုပ္ေပးရတာ ကေတာ့ Motorolaရဲ႕ Razr V3 Mobile Phone အတြက္ Glass Screen ျဖစ္ပါတယ္။ အဲဒီအခ်ိန္က အရည္အေသြးျပည့္မီေစဖုိ႔အတြက္ သူမကုိယ္တုိင္ စက္ရုံမွာ ၃ရက္ေလာက္ ေန႔မအိပ္ညမအိပ္ ေစာင့္ၾကည့္ရင္း အရည္အေသြးစစ္ခဲ့ပါတယ္။

သူမကုမၸဏီက ဖုန္းမွန္ေတြရဲ႕ အရည္အေသြးကိုသေဘာက်တာေၾကာင့္ ေနာက္ပိုင္းမွာ ကမာၻေက်ာ္ဖုန္းကုမၸဏီေတြျဖစ္တဲ့ Nokia,HTC, Samsung နဲ႔ Iphone တုိ႔ကဆက္သြယ္ၿပီး ဖုန္းမွန္မ်ားမွာယူထုတ္လုပ္ေစခဲ့ပါတယ္။ အဲဒီက စလုိ႔သူမရဲ႕လုပ္ငန္းအႀကီးအက်ယ္ေအာင္ျမင္ခဲ့သလုိ သူမကိုလည္း ဖုန္းမွန္လုပ္ငန္းရဲ႕ ဘုရင္မတစ္ပါးအျဖစ္ Touched Queen လုိ႔ေတာင္ နာမည္ေျပာင္ေပးခဲ့ ၾကပါတယ္။ ယေန႔သုံးစြဲေနၾကတဲ့ ဖုန္း ၅လုံးမွာ ၁လုံးက Zhou ကုမၸဏီကထုတ္တဲ့မွန္ျဖစ္ပါတယ္။

 

 

၂၀၀၇ မွာေတာ့ Appleရဲ႕ iPhone မွန္ကို ထုတ္လုပ္ေပးႏိုင္႐ုံမက Huawei, Samsung နဲ႔ Apple တို႔ရဲ႕ 75% ရွိတဲ့ မွန္သားျပင္ေတြကို Lens Technology က ထုတ္လုပ္ေပးႏိုင္ခဲ့ကာ ၂၀၁၅ မွာေတာ့ ၀န္ထမ္းအင္အား ၆၀၀၀၀ ေက်ာ္အထိ အလုပ္အကိုင္ေပးႏုိင္ခဲ့ပါတယ္။ ေနာက္ ငါးႏွစ္ၾကာမွာေတာ့ ၿမဳိ႕ႀကီး သံုုးခုမွာ စက္ရံုေတြ တုိးခ်ဲ႕ တည္ေထာင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ Zhou ရဲ႕ ကုမၸဏီမွာ စက္ရံု ၃၂ ခုနဲ႔အတူ ၀န္ထမ္း ၉၀,၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္မွာ သူမရဲ႕ Lens Technology ကုမၸဏီဟာ ရွယ္ယာေစ်းကြက္ကုိ၀င္လာခဲ့ၿပီး ရွယ္ယာမ်ား ေရာင္းခ်အၿပီးမွာေတာ့သူမဟာ ေဒၚလာ ၆ဘီလ်ံ၀န္းက်င္ ခ်မ္းသာလာခဲ့ၿပီး တရုတ္ရဲ႕ အခ်မ္းသာဆုံး အမ်ဳိးသမီးျဖစ္လာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေဒၚလာ ၇.၄ဘီလ်ံခ်မ္းသာေနၿပီျဖစ္တဲ့သူမက ေအာင္ျမင္ခ်င္သူေတြအတြက္ေျပာတဲ့စကားကေတာ့ ဒီလုိျဖစ္ပါတယ္။
” တကယ္ျဖစ္ခ်င္ရင္ တကယ္ရည္မွန္းခ်က္ထားၿပီး မျဖစ္ျဖစ္ေအာင္လုပ္ ၊ရွင့္ကိုထိပ္ဆုံးကို ပို႔ေပးမယ့္အရာက ရွင့္ရဲ႕ရုပ္ပုိင္းဆုိင္ရာ ႀကံခုိင္မႈမဟုတ္ဘူး။
အခက္အခဲမွန္သမွ်ကို မေၾကာက္မရြံ႕ေက်ာ္လႊားေစမယ့္ မေလ်ာ့ေသာ ဇြဲလုံ႔လ သာျဖစ္ပါတယ္”

Credit; Thutazone

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

(Unicode Version)

တရုတ်နိုင်ငံက မီဒီယာတွေမှာ အလီဘာဘာ သူဌေးကြီးဂျက်မားနဲ့ အပြိုင်မကြာခဏဖော်ပြခံရတဲ့ အမျိုးသမီး တစ်ယောက်ကို တော်တော်များများမြင်ဖူးကြပါလိမ့်မယ်။ သူကတော့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး အမျိုးသမီး Zhou Qunfei ဖြစ်ပါတယ်။ ငယ်စဉ်က ဆင်းရဲလွန်းလို့ ပညာတောင်ပြီးဆုံးအောင် မသင်ခဲ့ရပဲ စက်ရုံအလုပ်သမ ဖြစ်ခဲ့သူပါ။ အောက်ဆုံးအဆင့် စက်ရုံသမတစ်ယောက်ဘဝကနေ နိုင်ငံအချမ်းသာဆုံးအမျိုးသမီးအဖြစ်ကို တက်လှမ်းခဲ့တဲ့ Zhou Qunfei ရဲ့အကြောင်းကို ပြန်လည်ဝေမျှလိုက်ပါတယ်။
Zhou Qunfei ဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ဒေသက ကျေးရွာငယ်လေးတစ်ခုမှာ ဆင်းဆင်းရဲရဲ မွေးခဲ့ ပါတယ်။ သူမအသက် ၅နှစ်မှာ မိခင်ဖြစ်သူကွယ်လွန်ခဲ့သလို ဖခင်ဖြစ်သူကလည်းမတော်တဆမှုကြောင့် ထိခိုက်ခဲ့ပြီး မျက်မမြင်ဘဝကို ရောက်ခဲ့ပါတယ်။ ၅နှစ်သမီးလေးဟာ မိသားစုတာဝန်ကို နိုင်သလောက် ထမ်းခဲ့ပါတယ်။ ချို့ချို့တဲ့တဲ့နဲ့ကျောင်းတက်ရင်း ၁၆နှစ်မှာတော့ ကျောင်းဆက်မတက်နိုင်တော့တာကြောင့် ကျောင်းကထွက်ခဲ့ရပါတယ်။ တစ်နေ့အောင်မြင်သူတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကတော့ သူမစိတ်ထဲမှာ အမြဲရှိနေခဲ့ပါတယ်။ အဲဒီနောက်တော့ ရှန်ဇန်းမြို့က မှန်စက်ရုံတစ်ခုမှာ အလုပ်သမတစ်ယောက် အဖြစ်င်လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်နေရင်းကပဲ အတွက်အချက်နဲ့ဆိုင်တဲ့သင်တန်းတွေကို သူဟာမရမက တက်ခဲ့ ပါသေးတယ်။
“အဲဒီတုန်းက ပိုက်ဆံမရနိုင်ရင်တောင် ပညာတော့ရအောင်ယူမယ်ဆိုတဲ့စိတ်နဲ့ သင်တန်းတွေ တက်ခဲ့တာ။ တခြားသူတွေက မိဘပိုက်ဆံတွေနဲ့လာတက်တဲ့အချိန် ကျမကတော့ အလုပ်ကရတဲ့ လခလေးကနေ ခြစ်ကုတ်ပြီးတက်ခဲ့ရတာ။ ကျမရှေ့ဆက်ပြီးအောင်မြင်ဖို့ သင်တန်းတွေက ပညာတွေတတ်ထားဖို့လည်းလိုတယ်လို့ ယူဆခဲ့တာကြောင့်တက်ခဲ့တာပါ”
သူမဟာ အချိန်ပြည့်နီးပါးအလုပ်နဲ့ လက်မပြတ်တတ်သူဖြစ်ပါတယ်။ ၃လပြည့်တဲ့အခါမှာတော့ ဒီစက်ရုံဟာ သူမအတွက် ပညာထပ်ယူစရာ မရှိတော့ဘူးလို့ ယူဆတာကြောင့် ထွက်စာတင်ခဲ့ပါတယ်။ သူမရဲ့ထွက်စာကို အထက်လူကြီးတွေဖတ်မိတဲ့အခါ သူမကိုသတိထားမိသွားကြတယ်။ တောမှာနေခဲ့တဲ့ မိန်းကလေးတစ်ယောက်က စာကိုအဆင့်မြင့်မြင့်ရေးတတ်နေလို့ပါ။ ဒါကြောင့်လည်း သူမကို အလုပ်ကမထွက်ဖို့တားပြီး ရာထူးတိုးမြှင့်ပေးခဲ့ပါတယ်။ သူမကလည်း ရောက်တဲ့ရာထူးမှာ အစွမ်းကုန်ကြိုးစားတာကြောင့် ရာထူးအတိုးမြန်ခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာ ကုန်ထုတ်လုပ်ရေး ဒါရိုက်တာ ရာထူးကို ရရှိခဲ့ပါတယ်။ တစ်ဖက်ကလည်း လုပ်ငန်းတစ်ခုလုံံးကိုလေ့လာနေတာကြောင့် သူမမှာ ကိုယ်ပိုင်လုပ်နိုင်လောက်တဲ့အရည်အချင်းရှိလာခဲ့ပါတယ်။
အသက် ၂၂နှစ်မှာတော့ အထက်လူကြီးတွေတားတဲ့ကြားက သူမဟာ စက်ရုံကထွက်ခဲ့ပြီး စုထားတဲ့ငွေ အနည်းငယ်(ဒေါ်လာ ၃၀၀၀ ခန့်) နဲ့ ကိုယ်ပိုင် နာရီမှန် ကုမ္ပဏီထောင်ခဲ့ပါတယ်။ ကုမ္ပဏီဆိုလို့ အခန်းလေး တစ်ခုအတွင်းမှာ ၀န်ထမ်းအနည်းငယ်သာရှိတဲ့ကုမ္ပဏီတစ်ခုပါ။ ပင်တိုင်အလုပ်သမကတော့ ကုမ္ပဏီပိုင်ရှင် ဖြစ်တဲ့ သူမပဲဖြစ်ပါတယ်။ သူမရဲ့ ကုမ္ပဏီဟာ အစပိုင်းအောင်မြင်ခဲ့သလိုရှိပေမယ့် နောက်ပိုင်းမှာတော့ အရှုံးတွေရင်ဆိုင်ခဲ့ရတဲ့အခါတွေလည်းရှိပါတယ်။ သူမ ဟာ ကုမ္ပဏီ ၁၁ခုလောက်ကို ဆက်တိုက် ထောင်ဖြစ်ခဲ့ပါတယ်။ အောင်မြင်တာတွေရှိသလို အဆုံးအရှုံးကြီးကြီးမားမားတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။ သူမဝန်ထမ်းတွေကိုပေးစရာ ငွေမရှိတာကြောင့် သူမရဲ့အိမ်ကို ၂ကြိမ်တိုင်တိုင်ရောင်းခဲ့ဖူးသလို ၊ သူမကို မနာလိုတဲ့ပြိုင်ဘက်တွေရဲ့တိုက်ခိုက်မှုကြောင့် စိတ်ဓာတ်တွေအလွန််ကျဆင်းကာ ကိုယ့်ကိုယ်ကိုသတ်သေမလို စိတ်ကူးမိတဲ့အထိ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ဆုံးသူမရဲ့ အရှုံးမပေးတဲ့စိတ်ဓာတ်ကြောင့်သာ သူမကုမ္ပဏီတွေ ပြန်လည်ပတ်နိုင်ခဲ့တာပါ။
၁၀နှစ်ကျော်ကျော်ကြာပြီးတဲ့နောက် ၂၀၀၃ခုနှစ်မှာတော့ သူမဟာ နာရီမှန်သာမက Lens Technology ကုမ္ပဏီကိုတည်ထောင်ပြီး ဖုန်းမှန်လုပ်ငန်းထဲကိုဝင်ရောက်လာခဲ့ပါတယ်။ ပထမဆုံး ထုတ်လုပ်ပေးရတာ ကတော့ Motorolaရဲ့ Razr V3 Mobile Phone အတွက် Glass Screen ဖြစ်ပါတယ်။ အဲဒီအချိန်က အရည်အသွေးပြည့်မီစေဖို့အတွက် သူမကိုယ်တိုင် စက်ရုံမှာ ၃ရက်လောက် နေ့မအိပ်ညမအိပ် စောင့်ကြည့်ရင်း အရည်အသွေးစစ်ခဲ့ပါတယ်။ သူမကုမ္ပဏီက ဖုန်းမှန်တွေရဲ့ အရည်အသွေးကိုသဘောကျတာကြောင့် နောက်ပိုင်းမှာ ကမ္ဘာကျော်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Nokia,HTC, Samsung နဲ့ Iphone တို့ကဆက်သွယ်ပြီး ဖုန်းမှန်များမှာယူထုတ်လုပ်စေခဲ့ပါတယ်။ အဲဒီက စလို့သူမရဲ့လုပ်ငန်းအကြီးအကျယ်အောင်မြင်ခဲ့သလို သူမကိုလည်း ဖုန်းမှန်လုပ်ငန်းရဲ့ ဘုရင်မတစ်ပါးအဖြစ် Touched Queen လို့တောင် နာမည်ပြောင်ပေးခဲ့ ကြပါတယ်။ ယနေ့သုံးစွဲနေကြတဲ့ ဖုန်း ၅လုံးမှာ ၁လုံးက Zhou ကုမ္ပဏီကထုတ်တဲ့မှန်ဖြစ်ပါတယ်။ ၂၀၀၇ မှာတော့ Appleရဲ့ iPhone မှန်ကို ထုတ်လုပ်ပေးနိုင်ရုံမက Huawei, Samsung နဲ့ Apple တို့ရဲ့ 75% ရှိတဲ့ မှန်သားပြင်တွေကို Lens Technology က ထုတ်လုပ်ပေးနိုင်ခဲ့ကာ ၂၀၁၅ မှာတော့ ၀န်ထမ်းအင်အား ၆၀၀၀၀ ကျော်အထိ အလုပ်အကိုင်ပေးနိုင်ခဲ့ပါတယ်။ နောက် ငါးနှစ်ကြာမှာတော့ မြို့ကြီး သုုံးခုမှာ စက်ရုံတွေ တိုးချဲ့ တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ Zhou ရဲ့ ကုမ္ပဏီမှာ စက်ရုံ ၃၂ ခုနဲ့အတူ ၀န်ထမ်း ၉၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ သူမရဲ့ Lens Technology ကုမ္ပဏီဟာ ရှယ်ယာစျေးကွက်ကို၀င်လာခဲ့ပြီး ရှယ်ယာများ ရောင်းချအပြီးမှာတော့သူမဟာ ဒေါ်လာ ၆ဘီလျံဝန်းကျင် ချမ်းသာလာခဲ့ပြီး တရုတ်ရဲ့ အချမ်းသာဆုံး အမျိုးသမီးဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒေါ်လာ ရ.၄ဘီလျံချမ်းသာနေပြီဖြစ်တဲ့သူမက အောင်မြင်ချင်သူတွေအတွက်ပြောတဲ့စကားကတော့ ဒီလိုဖြစ်ပါတယ်။
” တကယ်ဖြစ်ချင်ရင် တကယ်ရည်မှန်းချက်ထားပြီး မဖြစ်ဖြစ်အောင်လုပ် ၊ရှင့်ကိုထိပ်ဆုံးကို ပို့ပေးမယ့်အရာက ရှင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုမဟုတ်ဘူး။
အခက်အခဲမှန်သမျှကို မကြောက်မရွံ့ကျော်လွှားစေမယ့် မလျော့သော ဇွဲလုံ့လ သာဖြစ်ပါတယ်”
Credit; Thutazone

Read times
Rate this item
(1 Vote)