-->
×

Warning

JUser: :_load: Unable to load user with ID: 29


မျဖစ္ႏိုင္ဘူးဆုိတာမရွိပါဘူး၊ မျဖစ္ေသးတာပဲရွိတာပါ

မျဖစ္ႏိုင္ဘူးဆုိတာမရွိပါဘူး၊ မျဖစ္ေသးတာပဲရွိတာပါ google.com

စစ္မေရာက္ခင္ကတည္းက ျမွားကုန္ေနမယ္ဆိုရင္ ဒီစစ္ပြဲမွာေအာင္ႏုိင္ဖို႔ ရာခိုင္ႏွဳန္းက ဘယ္ေလာက္ ရွိေတာ့မွာလဲ။ ငါတုိ႔ေတာ့ရွံဳးမွာလားမသိဘူး လို႔စိတ္ထဲမွာ အရွံဳးစိတ္ေမြးလုိက္မိတာနဲ႔ က်ရွံဳးဖုိ႔မ်ားေနပါၿပီ။

ဘယ္ေလာက္ခက္ခဲတဲ့ အလုပ္ျဖစ္ပါေစ ကိုယ္ကရေအာင္လုပ္မယ္လုိ႔ စိတ္ပုိင္းျဖတ္လုိက္ၿပီဆုိရင္ ေအာင္ျမင္ေအာင္လုပ္ႏုိင္မယ့္ နည္းလမ္းေတြကို တစ္ခုၿပီးတစ္ခုရွာေဖြေတြ႔ရွိႏိုင္ပါတယ္။

ျပင္းျပေသာ စိတ္ႏွလံုးသာရွိေနမယ္ဆိုရင္ သင့္အတြက္အရာအားလံုးက မျဖစ္ႏုိင္တာမဟုတ္ပါဘူး။ မျဖစ္လာေသးတာပါ။ “Nothing is impossible to a willing heart”

ဒီအလုပ္ကို ငါမလုပ္ႏုိင္ပါဘူးလို႔ ေတြးလုိက္မိတာနဲ႔ ေၾကာက္ရြံ႕မွဳ၊ တုန္လွဳပ္မွဳ၊ စိုးရိမ္စိတ္၊ အားငယ္စိတ္၊ သိမ္ငယ္စိတ္ေတြက မဖိတ္ေခၚဘဲ အလုိလုိေရာက္လာမွာပါ။ ဒီလုိစိတ္ေတြက သင့္ကိုက်ရွံဳးေစမွာပါ။

Read-စိတ္ဓါတ္မာေၾကာႀကံ႕ခိုင္သူေတြဆုိတာ

ဘယ္အလုပ္မွ လြယ္ကူတယ္လုိ႔ မရွိပါဘူး။ ကိုယ္နဲ႔ အတူ လူအားလံုးနီးပါး ခေယာင္းလမ္းမွာ ေလ်ွာက္ေနၾကရတာပါ။ ဒီခေယာင္းလမ္းကို ေအာင္ျမင္စြာေလွ်ာက္လွမ္းႏုိင္ဖို႔ သင္ေဆာင္သြားရမယ့္ လက္နက္ကေတာ့ မေလွ်ာ့ေသာ ဇြဲ၊လံု႔လ၊ရည္မွန္းခ်က္၊ ျပတ္သားခုိင္မာတဲ႔ စိတ္စြမ္းအင္ေတြပါပဲ။

ဘ၀မွာ သူမ်ားနဲ႔မတူတဲ႔ အရာကိုလုပ္မွ မတူတဲ႔ဘ၀တစ္ခုကို ရလာမွာပါ။ စိတ္ကူးသစ္ေတြ၊ အေတြးအေခၚသစ္ ေတြနဲ႔ ကိုယ္ပုိင္လမ္းတစ္ခုကို ေဖာက္ၾကည့္ပါ။ ဒါမွသာ မိမိမွာရွိေနတဲ့ အရည္အခ်င္းေတြကို သိျမင္လာမွာပါ။

နဲနဲေလးေတာင္ မစမ္းသပ္ၾကည့္ဘူးဆုိရင္ ေအာင္ျမင္ႏိုင္မယ့္ အခြင့္အေရးရွိေနရင္ေတာင္ မသိႏိုင္ေတာ့ပါဘူး။ သင္အရွံဳးမေပးမခ်င္း အႏုိင္ရဖုိ႔ အခြင့္အလမ္းေတြက အၿမဲရွိေနမွာပါ။

ေလာကမွာရွိတဲ့ အရာအားလံုးက ကန္႔သတ္ျခင္းခံထားရတာမဟုတ္ပါဘူး။ မည္သူမဆိုရယူခြင့္ရွိပါတယ္။ တကယ္ျဖစ္ခ်င္တကယ္လုပ္ ဧကန္အမွန္ျဖစ္ရမယ္ဆိုတဲ႔ စိတ္နဲ႔သာ ႀကိဳးစားပါ။

ဒီေန႔က ခက္ခဲၿပီး မနက္ျဖန္က ဒီေန႔ထက္ ပိုဆိုးမယ္ဆိုရင္ေတာင္ သန္ဘက္ခါမွာ သာယာမွဳေတြက ေစာင့္ေနႏိုင္ပါေသးတယ္။ ဘ၀မွာ ႀကံဳလာမယ့္အခက္အခဲေတြကုိ ေအာင္ျမင္ေအာင္ ေက်ာ္လြားမယ္ဆိုတဲ႔ စိတ္ဓါတ္နဲ႔ အႏိုင္ယူၾကပါဆို႔။

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

(Unicode Version)

စစ်မရောက်ခင်ကတည်းက မြှားကုန်နေမယ်ဆိုရင် ဒီစစ်ပွဲမှာအောင်နိုင်ဖို့ ရာခိုင်နှုန်းက ဘယ်လောက် ရှိတော့မှာလဲ။ ငါတို့တော့ရှုံးမှာလားမသိဘူး လို့စိတ်ထဲမှာ အရှံုးစိတ်မွေးလိုက်မိတာနဲ့ ကျရှံုးဖို့များနေပါပြီ။
ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ ကိုယ်ကရအောင်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပြီဆိုရင် အောင်မြင်အောင်လုပ်နိုင်မယ့် နည်းလမ်းတွေကို တစ်ခုပြီးတစ်ခုရှာဖွေတွေ့ရှိနိုင်ပါတယ်။
ပြင်းပြသော စိတ်နှလုံးသာရှိနေမယ်ဆိုရင် သင့်အတွက်အရာအားလုံးက မဖြစ်နိုင်တာမဟုတ်ပါဘူး။ မဖြစ်လာသေးတာပါ။ “Nothing is impossible to a willing heart”
ဒီအလုပ်ကို ငါမလုပ်နိုင်ပါဘူးလို့ တွေးလိုက်မိတာနဲ့ ကြောက်ရွံ့မှု၊ တုန်လှုပ်မှု၊ စိုးရိမ်စိတ်၊ အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေက မဖိတ်ခေါ်ဘဲ အလိုလိုရောက်လာမှာပါ။ ဒီလိုစိတ်တွေက သင့်ကိုကျရှံုးစေမှာပါ။
ဘယ်အလုပ်မှ လွယ်ကူတယ်လို့ မရှိပါဘူး။ ကိုယ်နဲ့ အတူ လူအားလုံးနီးပါး ခယောင်းလမ်းမှာ လျှောက်နေကြရတာပါ။ ဒီခယောင်းလမ်းကို အောင်မြင်စွာလျှောက်လှမ်းနိုင်ဖို့ သင်ဆောင်သွားရမယ့် လက်နက်ကတော့ မလျှော့သော ဇွဲ၊လုံ့လ၊ရည်မှန်းချက်၊ ပြတ်သားခိုင်မာတဲ့ စိတ်စွမ်းအင်တွေပါပဲ။
ဘဝမှာ သူများနဲ့မတူတဲ့ အရာကိုလုပ်မှ မတူတဲ့ဘဝတစ်ခုကို ရလာမှာပါ။ စိတ်ကူးသစ်တွေ၊ အတွေးအခေါ်သစ် တွေနဲ့ ကိုယ်ပိုင်လမ်းတစ်ခုကို ဖောက်ကြည့်ပါ။ ဒါမှသာ မိမိမှာရှိနေတဲ့ အရည်အချင်းတွေကို သိမြင်လာမှာပါ။
နဲနဲလေးတောင် မစမ်းသပ်ကြည့်ဘူးဆိုရင် အောင်မြင်နိုင်မယ့် အခွင့်အရေးရှိနေရင်တောင် မသိနိုင်တော့ပါဘူး။ သင်အရှံုးမပေးမချင်း အနိုင်ရဖို့ အခွင့်အလမ်းတွေက အမြဲရှိနေမှာပါ။
လောကမှာရှိတဲ့ အရာအားလုံးက ကန့်သတ်ခြင်းခံထားရတာမဟုတ်ပါဘူး။ မည်သူမဆိုရယူခွင့်ရှိပါတယ်။ တကယ်ဖြစ်ချင်တကယ်လုပ် ဧကန်အမှန်ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့သာ ကြိုးစားပါ။
ဒီနေ့က ခက်ခဲပြီး မနက်ဖြန်က ဒီနေ့ထက် ပိုဆိုးမယ်ဆိုရင်တောင် သန်ဘက်ခါမှာ သာယာမှုတွေက စောင့်နေနိုင်ပါသေးတယ်။ ဘဝမှာ ကြံုလာမယ့်အခက်အခဲတွေကို အောင်မြင်အောင် ကျော်လွားမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အနိုင်ယူကြပါဆို့။

Read times
Rate this item
(4 votes)