-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီဂ်စ္တယ္စီးပြားေရး ကမၻာဆီသို႔

ဒီဂ်စ္တယ္စီးပြားေရး ကမၻာဆီသို႔ google.com

ပစၥည္းတစ္ခုလုိခ်င္လို႔ ၀ယ္ေတာ့မယ္ဆိုရင္ အဲဒီပစၥညး္ရွိတဲ့ေနရာဆီကို တကူးတက သြားေရာက္၀ယ္ယူရမယ႔္ အခ်ိန္မဟုတ္ေတာ့ပါဘူး။ ကုိယ္ေရာက္ရွိတဲ့ ေနရာကေန မိုဘုိင္းဖုန္းကိုဖြင့္ၿပီး ကလစ္ေလးတစ္ႏွိပ္လိုက္ရံုနဲ႔ အဲဒီပစၥည္းေတြဟာ သိပ္မၾကာခင္မွာပဲ ကိုယ့္ေရွ႕ကို အေရာက္လာပို႔မယ့္ အေျခအေနကို ကမၻာႀကီးက ေရြ႕ေနပါၿပီ။ အခေၾကးေငြ တစ္စံုတစ္ရာေပးစရာရွိလုိ႔ ေပးေတာ႔မယ္ဆုိရင္ ပိုက္ဆံအထပ္လုိက္ႀကီး ကိုင္ၿပီး ေပးစရာမလိုေတာ့ပါဘူး။ လက္ထဲမွာ ကတ္ေလးတစ္ကတ္ရွိရံုနဲ႔ ေငြေခ်ႏိုင္ပါၿပီ။ ကမၻာႀကီးဟာ ဒီဂ်စ္တယ္စီးပြားေရးကုို တြင္တြင္က်ယ္က်ယ္ ေမာင္းႏွင္ေနပါၿပီ။

အဲဒီလုိ ေမာင္းႏွင္ဖို႔အတြက္ နည္းပညာကုမၸဏီေတြက အၿပိဳင္အဆုိင္ ႀကိဳးစားေနၾကသလုိ ပညာရွင္ေတြက လည္း အသည္းအသန္ရုန္းကန္ေနၾကၿပီ ျဖစ္ပါသည္။ ဒီဂ်စ္တယ္စီးပြားေရးဟာ ႏုိင္ငံတိုင္းမွာ အေရးပါ လာတာမို႔ အေရွ႕ေတာင္အာရွႏိုင္ငံေတြကလည္း နည္းပညာကုမၸဏီႀကီးေတြ အကူအညီနဲ႔ ေမာင္းႏွင္ ေဆာင္ရြက္လာႀကပါၿပီ။ အဲဒီျဖစ္ရပ္ရဲ႕အားတစ္ရပ္အျဖစ္ 2017 Huawei Asia-Pacific Innovation Day အခမ္းအနားကို မေလးရွားႏုိင္ငံ ကြမ္လာလမ္ပူၿမိဳ႔မွာ ႏို၀င္ဘာ၉ရက္ေန႔က က်င္းပခဲ့ပါတယ္။

နည္းပညာဆိုင္ရာပညာရွင္ေတြ တီထြင္ဖန္တီးသူေတြ၊ လုပ္ငန္းရွင္ေတြစုစုေပါင္း ၂၀၀ေက်ာ္တက္ေရာက္ ခဲ့တာေတြ႔ ရပါတယ္။  အဲဒီပညာရွင္ေတြဟာ အနာဂါတ္ရဲ႕ သတင္းအခ်က္အလက္နဲ႔  နည္းပညာဆိုင္ရာေတြကို ေဆြးေႏြးခဲၾကတာပါျဖစ္ပါတယ္။

အဓိကအေၾကာင္းအရာတစ္ခုအျဖစ္ ဒီဂ်စ္တယ္စီးပြားေရးကို ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာ မိုဘိုင္းဖုန္းကေနတစ္ဆင့္ ေငြေပးေခ်တာမ်ိဳး၊ ကတ္အသံုးျပဳမွဳတြင္က်ယ္လာတာမ်ိဳးေတြ မရွိမျဖစ္လုိအပ္လာၿပီ ျဖစ္ေၾကာင္း အဲဒါေတြကို ႏုိင္ငံတိုင္းလုိလိုမွာ အသံုးျပဳႏိုင္ဖို႔ အေျခခံအေဆာက္အဦးေတြ တိုးခ်ဲ႕ဖို႔လိုေၾကာင္း ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

www.myanmaradvertisingdirectory.com 

“အေျခခံအေဆာက္အဦးသစ္ေတြဟာ အခြင့္အလမ္းသစ္ေတြကို ယူေဆာင္ေပးေလ႔ရွိပါတယ္၊ အခုေနာက္ပိုင္း စိုက္ပ်ိဳးေရးလို က႑ေတြမွာလည္း ဒစ္ဂ်စ္တယ္စီးပြားေရးကုိ သံုးစြဲလာၿပီျဖစ္တယ္”  လို႔Huaweiရဲ႕ Rotating CEO ျဖစ္သူGuo Ping ကေျပာခဲ႔တယ္။

“ဒီဂ်စ္တယ္စီးပြားေရးက တရုတ္ႏုိင္ငံမွာဆုိရင္ အလုပ္အကိုင္ေပါင္း ၂.၈သန္းကိုဖန္တီးေပးႏုိင္တယ္လို႔” Huaweiရဲ႕ အႀကီးတန္းဒုတိယဥကၠ႒ Dr.Amy Lin ကေျပာတယ္။

Huawei Asia-Pacific Innovation Day 2017မွာ စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔ နည္းပညာအေရးပါပံုကုိ ေဆြးေႏြးၾကတဲ့အျပင္ သူ႔ေနာက္မွာ လုိက္လာမယ့္ လံုၿခံဳေရးဆိုင္ရာအတြက္လည္း ျပင္ဆင္ထားဖို႔လုိေၾကာင္း ေျပာၾကားခဲ့တယ္။

“ၿမိဳ႕ရဲ႕ဒီဂ်စ္တယ္ဆိုင္ရာ လံုၿခံဳမွဳအတြက္ရန္ပုံေငြနည္းတာ၊ အေျခခံအေဆာက္အဦးအခက္အခဲ၊ ျပည္သူေတြပါ၀င္မွဳ၊  နည္းပညာဆုိင္ရာ အားနည္းမွဳ၊ လံုၿခံဳေရးစတာေတြကို ရင္ဆိုင္ရမွာျဖစ္ပါတယ္။ အဲဒီအတားအဆီးေတြကို ေက်ာ္လႊားႏုိင္ဖို႔ ေခါင္းေဆာင္ေတြကလညး္ အေရးပါလာတယ္” လို႔ Brookings Insititute ရဲ႕ဒုတိယဥကၠ႒ျဖစ္သူ Darrell West သံုးသပ္ေျပာၾကားခဲ့ပါတယ္။

မေလးရွားႏုိင္ငံရဲ႕ ဒစ္ဂ်စ္တယ္စီးပြားေရး အတြက္ Huawei Technologiesဟာအဲဒီအခမ္းအနားမွာ  သုေတသန ပူးေပါင္းေဆာင္ရြက္မွဳ၊ တီထြင္ဆန္းသစ္မွဳ၊ အရည္အေသြးဆုိင္ရာ ဖြံ႕ၿဖိဳးတိုးတက္မွဳအတြက္ မေလးရွားႏုိင္ငံနဲ႔ နည္းလည္မွဳစာခ်ြန္လႊာ (MOU)ေရးထိုးခဲ႔ၾကသည္။

အဓိကလုိအပ္ေနတဲ႔ အေျခခံ အေဆာက္အဦးေတြ၊ ဦးေဆာင္သူေတြရဲ႕ တြန္းအားေတြနဲ႔ အေရွ႔ေတာင္အာရွ ႏုိင္ငံအသီးသီးက ဒီဂ်စ္တယ္စီးပြားေရးဆီကို ဦးတည္ေနၿပီဆိုတာကိုေတာ့ Huawei Asia-Pacifc Innovation Day 2017က သက္ေသထူခဲ့ၿပီျဖစ္သည္။

Source; Internet Journal

(Unicode Version)

ပစ္စည်းတစ်ခုလိုချင်လို့ ၀ယ်တော့မယ်ဆိုရင် အဲဒီပစ္စညး်ရှိတဲ့နေရာဆီကို တကူးတက သွားရောက်ဝယ်ယူရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ရောက်ရှိတဲ့ နေရာကနေ မိုဘိုင်းဖုန်းကိုဖွင့်ပြီး ကလစ်လေးတစ်နှိပ်လိုက်ရုံနဲ့ အဲဒီပစ္စည်းတွေဟာ သိပ်မကြာခင်မှာပဲ ကိုယ့်ရှေ့ကို အရောက်လာပို့မယ့် အခြေအနေကို ကမ္ဘာကြီးက ရွေ့နေပါပြီ။ အခကြေးငွေ တစ်စုံတစ်ရာပေးစရာရှိလို့ ပေးတော့မယ်ဆိုရင် ပိုက်ဆံအထပ်လိုက်ကြီး ကိုင်ပြီး ပေးစရာမလိုတော့ပါဘူး။ လက်ထဲမှာ ကတ်လေးတစ်ကတ်ရှိရုံနဲ့ ငွေချေနိုင်ပါပြီ။ ကမ္ဘာကြီးဟာ ဒီဂျစ်တယ်စီးပွားရေးကိုု တွင်တွင်ကျယ်ကျယ် မောင်းနှင်နေပါပြီ။
အဲဒီလို မောင်းနှင်ဖို့အတွက် နည်းပညာကုမ္ပဏီတွေက အပြိုင်အဆိုင် ကြိုးစားနေကြသလို ပညာရှင်တွေက လည်း အသည်းအသန်ရုန်းကန်နေကြပြီ ဖြစ်ပါသည်။ ဒီဂျစ်တယ်စီးပွားရေးဟာ နိုင်ငံတိုင်းမှာ အရေးပါ လာတာမို့ အရှေ့တောင်အာရှနိုင်ငံတွေကလည်း နည်းပညာကုမ္ပဏီကြီးတွေ အကူအညီနဲ့ မောင်းနှင် ဆောင်ရွက်လာကြပါပြီ။ အဲဒီဖြစ်ရပ်ရဲ့အားတစ်ရပ်အဖြစ် 2017 Huawei Asia-Pacific Innovation Day အခမ်းအနားကို မလေးရှားနိုင်ငံ ကွမ်လာလမ်ပူမြို့မှာ နိုဝင်ဘာ၉ရက်နေ့က ကျင်းပခဲ့ပါတယ်။
နည်းပညာဆိုင်ရာပညာရှင်တွေ တီထွင်ဖန်တီးသူတွေ၊ လုပ်ငန်းရှင်တွေစုစုပေါင်း ၂၀၀ကျော်တက်ရောက် ခဲ့တာတွေ့ ရပါတယ်။ အဲဒီပညာရှင်တွေဟာ အနာဂါတ်ရဲ့ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာတွေကို ဆွေးနွေးခဲကြတာပါဖြစ်ပါတယ်။
အဓိကအကြောင်းအရာတစ်ခုအဖြစ် ဒီဂျစ်တယ်စီးပွားရေးကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ မိုဘိုင်းဖုန်းကနေတစ်ဆင့် ငွေပေးချေတာမျိုး၊ ကတ်အသုံးပြုမှုတွင်ကျယ်လာတာမျိုးတွေ မရှိမဖြစ်လိုအပ်လာပြီ ဖြစ်ကြောင်း အဲဒါတွေကို နိုင်ငံတိုင်းလိုလိုမှာ အသုံးပြုနိုင်ဖို့ အခြေခံအဆောက်အဦးတွေ တိုးချဲ့ဖို့လိုကြောင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
“အခြေခံအဆောက်အဦးသစ်တွေဟာ အခွင့်အလမ်းသစ်တွေကို ယူဆောင်ပေးလေ့ရှိပါတယ်၊ အခုနောက်ပိုင်း စိုက်ပျိုးရေးလို ကဏ္ဍတွေမှာလည်း ဒစ်ဂျစ်တယ်စီးပွားရေးကို သုံးစွဲလာပြီဖြစ်တယ်” လို့Huaweiရဲ့ Rotating CEO ဖြစ်သူGuo Ping ကပြောခဲ့တယ်။
“ဒီဂျစ်တယ်စီးပွားရေးက တရုတ်နိုင်ငံမှာဆိုရင် အလုပ်အကိုင်ပေါင်း ၂.၈သန်းကိုဖန်တီးပေးနိုင်တယ်လို့” Huaweiရဲ့ အကြီးတန်းဒုတိယဥက္ကဋ္ဌ Dr.Amy Lin ကပြောတယ်။
Huawei Asia-Pacific Innovation Day 2017မှာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နည်းပညာအရေးပါပုံကို ဆွေးနွေးကြတဲ့အပြင် သူ့နောက်မှာ လိုက်လာမယ့် လုံခြုံရေးဆိုင်ရာအတွက်လည်း ပြင်ဆင်ထားဖို့လိုကြောင်း ပြောကြားခဲ့တယ်။
“မြို့ရဲ့ဒီဂျစ်တယ်ဆိုင်ရာ လုံခြံုမှုအတွက်ရန်ပုံငွေနည်းတာ၊ အခြေခံအဆောက်အဦးအခက်အခဲ၊ ပြည်သူတွေပါ၀င်မှု၊ နည်းပညာဆိုင်ရာ အားနည်းမှု၊ လုံခြံုရေးစတာတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီအတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ ခေါင်းဆောင်တွေကလညး် အရေးပါလာတယ်” လို့ Brookings Insititute ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူ Darrell West သုံးသပ်ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေး အတွက် Huawei Technologiesဟာအဲဒီအခမ်းအနားမှာ သုတေသန ပူးပေါင်းဆောင်ရွက်မှု၊ တီထွင်ဆန်းသစ်မှု၊ အရည်အသွေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မလေးရှားနိုင်ငံနဲ့ နည်းလည်မှုစာချွန်လွှာ (MOU)ရေးထိုးခဲ့ကြသည်။
အဓိကလိုအပ်နေတဲ့ အခြေခံ အဆောက်အဦးတွေ၊ ဦးဆောင်သူတွေရဲ့ တွန်းအားတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံအသီးသီးက ဒီဂျစ်တယ်စီးပွားရေးဆီကို ဦးတည်နေပြီဆိုတာကိုတော့ Huawei Asia-Pacifc Innovation Day 2017က သက်သေထူခဲ့ပြီဖြစ်သည်။
Source; Internet Journal

Read times
Rate this item
(0 votes)