-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ့္ေၾကာင့္ သူတစ္ပါးရင္ထဲ အမာရြတ္ျဖစ္ေစခဲ့ဘူးလား

ကိုယ့္ေၾကာင့္ သူတစ္ပါးရင္ထဲ အမာရြတ္ျဖစ္ေစခဲ့ဘူးလား google.com

တစ္ခါတစ္ေလ ရည္ရြယ္ၿပီးေတာ့ျဖစ္ျဖစ္၊ မရည္ရြယ္ဘဲနဲ႕ ပဲျဖစ္ျဖစ္  အမွတ္တမဲ႔ က်ြန္ေတာ္တို႔ လုပ္လုိက္တဲ႔ အျပဳအမူေသးေသးေလးေတြက တစ္ဖက္လူရဲ႕ ရင္ထဲအမာ၇ြတ္ျဖစ္သြားေစတဲ့ ကိစၥမ်ိဳးေတြကို လုပ္ဖူးၾကလား။

ေမြးထဲကေန ခုခ်ိန္ထိ တစ္ခါမွသူတစ္ပါး စိတ္အားငယ္၀မ္းနည္းသြားေအာင္ မလုပ္ဘူးတဲ့ လူကေတာ့ အေတာ္ရွားလိမ့္မယ္ထင္တယ္ေနာ္။ က်ြန္ေတာ္ အခုေဖာ္ျပမယ့္ အျပဳအမူေလးေတြကိုေတာ့ လုပ္ဖူးၾကမွာပါ။ က်ြန္ေတာ္ကိုယ္တုိင္လည္း လုပ္မိခဲ့ပါတယ္ဗ်ာ။

ဆရာတစ္ေယာက္က အတန္းေရွ႕မွာ ေက်ာင္းသားအားလံုးကုိ စာရေစခ်င္ေဇာနဲ႔ အားႀကိဳးမာန္တက္ စာသင္ေနခ်ိန္မွာ ၀ါးခနဲသမ္းလုိက္တဲ႔ ေက်ာင္းသားတစ္ေယာက္ေၾကာင့္ သင္ေနတဲ႔ ဆရာ႔ရင္ထဲမွာ ဘယ္လိုခံစားသြားရမလဲ။ သူ႔ေနရာ႔မွာ ကိုယ္ဆိုၿပီးေတာ့ ကိုယ္ခ်င္းစာၾကည္႔ပါ။

 

လူဆိုတဲ႔အတြက္ ပင္ပန္းတဲ့အခ်ိန္၊ အိပ္ခ်င္တဲ့အခ်ိန္လည္းရွိမွာပါ။ သို႔ေသာ္ ဆရာ႔ရင္ထဲဆို႕မသြားေအာင္ တိတ္တိတ္ေလးမသမ္းသင့္ဘူးလားခင္ဗ်ာ။

အလားတူပါပဲ စင္ေပၚမွာ ပညာရွင္တစ္ေယာက္က ေဟာေျပာေနတုန္းမွာ အလာကားပါကြာ ဘာေတြေျပာေနလဲမသိဘူးဆိုၿပီး  မ်က္နွာမ်ိဳးနဲ႔ ၀ုန္း၀ုန္းဒိုင္းဒိုင္းထြက္သြားတဲ့အခါ သူ႔စိတ္ထဲ ဘယ္လိုခဲစားသြား၇မလဲ။ သူ႔ေနရာမွာ ကိုယ္ ကုိယ္တိုင္ျဖစ္ေနခဲ႔ရင္ေရာ။

ေဟာေျပာေနသူ ပညာရွင္ရင္ထဲေအာင့္မသြားေအာင္ ခပ္လ်ွိဳလွ်ိဳေလးမထြက္သြားသင့္ဘူးလားခင္ဗ်ာ။

စင္ျမင့္ေပၚမွာ အဆိုေတာ္တစ္ေယာက္ သူ႔ရွိသမ်ွအစြမ္းအစနဲ႔ ခ်စ္တဲ့ပရိတ္သက္ေတြကို ေဖ်ာ္ေျဖေနတုန္း ေတာ္ပါေတာ့ စင္ေပၚကဆင္းေတာ့ဆုိၿပီး ေအာ္ထြက္သင့္ပါသလား။

ကိုယ္ကသူဆိုတာကို မႀကိဳက္သည့္တိုင္ေအာင္ တစ္ဖက္အဆိုေတာ္ရင္ထဲ ရွက္စိတ္၊ အားငယ္စိတ္ေတြ ျဖစ္မသြားေအာင္ အသာကေလးမထသြားသင့္ဘူးလား။

က်ြန္ေတာ္တို႔ ကိုယ့္မိသားစုအခ်င္းခ်င္းကိုေတာင္ အမွတ္မထင္ေျပာဆုိမိတာေလး ေတြရွိပါေသးတယ္။

www.myanmaradvertisingdirectory.com

ဒီေန႔လို နည္းပညာတုိးတက္ေနခ်ိန္မွာ က်ြန္ေတာ္တို႔လူငယ္ေတြသာမက အေဖ၊ အေမ၊ ဦးေလး၊ အေဒၚတို႔ကလည္း ဒီနည္းပညာႀကီးကို ထိေတြ႔ခ်င္ၾကမွာပါ။

Facebook မွာသတင္းေလးဖတ္ခ်င္လို႔ ဘယ္လုိလုပ္ရမလဲသားရယ္လို႔ ေျပာလာတဲ့အခါ အေဖရယ္ အသက္ႀကီးၿပီ သတင္းစာပဲ ဖတ္ပါ၊ အေဖတို႔ဒါေတြသင္လို႔လည္းရမွာ မဟုတ္ပါဘူးလို႔ ေျပာသင့္ပါသလား။ အေဖ႔ရင္ထဲ ဘယ္လုိခံစားသြားရမလဲ။

ျပန္ေျပာင္းၿပီးစဥ္းစားၾကည့္ရေအာင္။ က်ြန္ေတာ္တို႔ ငယ္ငယ္တုန္းက သိခ်င္တာရွိရင္ အေဖ၊အေမတို႔ကို မရမက နားၿငီးေအာင္ေမးခဲ့တဲ့ အခ်ိန္ေတြကိုေပါ႕။

ေလာကမွာရွင္သန္ေနထိုင္တဲ့အခါ သူ႔ေနရာမွာငါသာဆိုရင္ ဆိုတဲ႔ကိုယ္ခ်င္းစာစိတ္ေလးတစ္ခုသာ ထားမယ္ဆိုရင္ လူအခ်င္းခ်င္းေပါင္းသက္ဆက္ဆံတဲ့အခါမွ အဆင္ေျပေခ်ာေမြ႕ၿပီး ေပ်ာ္ရႊင္ေအာင္ျမင္တဲ႔ လူမွဳ၀န္းက်င္တစ္ခုကို တည္ေဆာက္ႏုိင္မွာပါ။

ဆရာေကာင္းသန္႔စာအုပ္မွ ေကာက္ႏွဳတ္ေဖာ္ျပသည္။

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

(Unicode Version)

တစ်ခါတစ်လေ ရည်ရွယ်ပြီးတော့ဖြစ်ဖြစ်၊ မရည်ရွယ်ဘဲနဲ့ ပဲဖြစ်ဖြစ် အမှတ်တမဲ့ ကျွန်တော်တို့ လုပ်လိုက်တဲ့ အပြုအမူသေးသေးလေးတွေက တစ်ဖက်လူရဲ့ ရင်ထဲအမာရွတ်ဖြစ်သွားစေတဲ့ ကိစ္စမျိုးတွေကို လုပ်ဖူးကြလား။
မွေးထဲကနေ ခုချိန်ထိ တစ်ခါမှသူတစ်ပါး စိတ်အားငယ်ဝမ်းနည်းသွားအောင် မလုပ်ဘူးတဲ့ လူကတော့ အတော်ရှားလိမ့်မယ်ထင်တယ်နော်။ ကျွန်တော် အခုဖော်ပြမယ့် အပြုအမူလေးတွေကိုတော့ လုပ်ဖူးကြမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်မိခဲ့ပါတယ်ဗျာ။
ဆရာတစ်ယောက်က အတန်းရှေ့မှာ ကျောင်းသားအားလုံးကို စာရစေချင်ဇောနဲ့ အားကြိုးမာန်တက် စာသင်နေချိန်မှာ ၀ါးခနဲသမ်းလိုက်တဲ့ ကျောင်းသားတစ်ယောက်ကြောင့် သင်နေတဲ့ ဆရာ့ရင်ထဲမှာ ဘယ်လိုခံစားသွားရမလဲ။ သူ့နေရာ့မှာ ကိုယ်ဆိုပြီးတော့ ကိုယ်ချင်းစာကြည့်ပါ။
လူဆိုတဲ့အတွက် ပင်ပန်းတဲ့အချိန်၊ အိပ်ချင်တဲ့အချိန်လည်းရှိမှာပါ။ သို့သော် ဆရာ့ရင်ထဲဆို့မသွားအောင် တိတ်တိတ်လေးမသမ်းသင့်ဘူးလားခင်ဗျာ။
အလားတူပါပဲ စင်ပေါ်မှာ ပညာရှင်တစ်ယောက်က ဟောပြောနေတုန်းမှာ အလာကားပါကွာ ဘာတွေပြောနေလဲမသိဘူးဆိုပြီး မျက်နှာမျိုးနဲ့ ၀ုန်းဝုန်းဒိုင်းဒိုင်းထွက်သွားတဲ့အခါ သူ့စိတ်ထဲ ဘယ်လိုခဲစားသွားရမလဲ။ သူ့နေရာမှာ ကိုယ် ကိုယ်တိုင်ဖြစ်နေခဲ့ရင်ရော။
ဟောပြောနေသူ ပညာရှင်ရင်ထဲအောင့်မသွားအောင် ခပ်လျှိုလျှိုလေးမထွက်သွားသင့်ဘူးလားခင်ဗျာ။
စင်မြင့်ပေါ်မှာ အဆိုတော်တစ်ယောက် သူ့ရှိသမျှအစွမ်းအစနဲ့ ချစ်တဲ့ပရိတ်သက်တွေကို ဖျော်ဖြေနေတုန်း တော်ပါတော့ စင်ပေါ်ကဆင်းတော့ဆိုပြီး အော်ထွက်သင့်ပါသလား။
ကိုယ်ကသူဆိုတာကို မကြိုက်သည့်တိုင်အောင် တစ်ဖက်အဆိုတော်ရင်ထဲ ရှက်စိတ်၊ အားငယ်စိတ်တွေ ဖြစ်မသွားအောင် အသာကလေးမထသွားသင့်ဘူးလား။
ကျွန်တော်တို့ ကိုယ့်မိသားစုအချင်းချင်းကိုတောင် အမှတ်မထင်ပြောဆိုမိတာလေး တွေရှိပါသေးတယ်။
ဒီနေ့လို နည်းပညာတိုးတက်နေချိန်မှာ ကျွန်တော်တို့လူငယ်တွေသာမက အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တို့ကလည်း ဒီနည်းပညာကြီးကို ထိတွေ့ချင်ကြမှာပါ။
Facebook မှာသတင်းလေးဖတ်ချင်လို့ ဘယ်လိုလုပ်ရမလဲသားရယ်လို့ ပြောလာတဲ့အခါ အဖေရယ် အသက်ကြီးပြီ သတင်းစာပဲ ဖတ်ပါ၊ အဖေတို့ဒါတွေသင်လို့လည်းရမှာ မဟုတ်ပါဘူးလို့ ပြောသင့်ပါသလား။ အဖေ့ရင်ထဲ ဘယ်လိုခံစားသွားရမလဲ။
ပြန်ပြောင်းပြီးစဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက သိချင်တာရှိရင် အဖေ၊အမေတို့ကို မရမက နားငြီးအောင်မေးခဲ့တဲ့ အချိန်တွေကိုပေါ့။
လောကမှာရှင်သန်နေထိုင်တဲ့အခါ သူ့နေရာမှာငါသာဆိုရင် ဆိုတဲ့ကိုယ်ချင်းစာစိတ်လေးတစ်ခုသာ ထားမယ်ဆိုရင် လူအချင်းချင်းပေါင်းသက်ဆက်ဆံတဲ့အခါမှ အဆင်ပြေချောမွေ့ပြီး ပျော်ရွှင်အောင်မြင်တဲ့ လူမှုဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်မှာပါ။
ဆရာကောင်းသန့်စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။

Read times
Rate this item
(0 votes)