-->
×

Warning

JUser: :_load: Unable to load user with ID: 29


Social Media နဲ႔ ပတ္သက္ၿပီး သင့္လုပ္ငန္းတိုးတက္ေအာင္ လုပ္ေဆာင္သင့္တဲ့ အခ်က္ (၅) ခ်က္

Social Media နဲ႔ ပတ္သက္ၿပီး သင့္လုပ္ငန္းတိုးတက္ေအာင္ လုပ္ေဆာင္သင့္တဲ့ အခ်က္ (၅) ခ်က္ google.com

Social Media ေတြဟာကြ်န္ေတာ္တို႔ရဲ႕ ေန႔စဥ္ဘဝမွာပိုပိုၿပီး ေနရာရယူလာၿပီျဖစ္ပါတယ္။ မနက္မိုးလင္း ကေန မိုးခ်ဳပ္ထိ Facebook သံုးေနသူေတြ၊ ဘယ္ေနရာေရာက္ေရာက္ ဘာပံုပဲရိုက္ရိုက္ Facebook နဲ႔ Instagram မွာ ပံုမွန္တင္ေနသူေတြ၊ အလုပ္သစ္ရွာေဖြဖို႔ LinkedIn ကို အသံုးျပဳလာသူေတြ တစ္ေန႔ထက္တစ္ေန႔ ပိုမိုမ်ားျပားလာေနၿပီျဖစ္တဲ့ အခ်ိန္မွာ Social Media ေတြဟာ သံုးတတ္မယ္ဆိုရင္ စီးပြားေရးလုပ္ငန္းေတြအတြက္ အလြန္ထိေရာက္တဲ့ Marketing Tool ေတြ ျဖစ္လာေနၿပီျဖစ္ပါတယ္။ ဒီေတာ့ အခု ကေနစၿပီး Social Media ကိုအသံုးျပဳၿပီး လုပ္ငန္း တိုးတက္လာေအာင္ လုပ္ေဆာင္ ႏိုင္မယ့္ အခ်က္ (၅) ခ်က္ကို ေရးသားေပးလိုက္ပါတယ္။

(၁) Social Media ဟာ သိပ္ေကာင္းတဲ့ Customer Service Tool တစ္ခုပါ။

Brand တစ္ခုခုနဲ႔ ပတ္သက္လို႔ပဲျဖစ္ျဖစ္၊ မရွင္းလင္းတာတစ္ခုခုရွိလုိ႔ပဲျဖစ္ျဖစ္၊ လူေတြဟာ Social Media ကို အသံုးျပဳၿပီး Brand ေတြနဲ႔ ဆက္သြယ္ဖို႔ ႀကိဳးစားလာေနၿပီျဖစ္ပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Social Media ေတြဟာ Brand ေတြအတြက္ အေကာင္းဆံုး CRM Tool ေတြ ျဖစ္လာေနတာျဖစ္ပါတယ္။ Social Media မွတဆင့္ ကိုယ့္ေဖာက္သည္ေတြနဲ႔ ထိေတြ႕ဆက္ဆံေပးမယ္၊ ျပႆနာေတြကို ေျဖရွင္းေပးမယ္၊ သိသင့္သိထုိက္တဲ့ သတင္းထုတ္ျပန္မႈေတြကို အခ်ိန္နဲ႔တေျပးညီလုပ္ေဆာင္ေပးမယ္ဆိုရင္ ေဖာက္သည္ေတြအေနနဲ႔ Brand အေပၚမွာ ယံုၾကည္မႈ၊ ရင္းႏွီးမႈေတြ တိုးတက္လာမွာျဖစ္သလို အေရာင္းအဝယ္ေတြလဲ ပိုမိုေကာင္းမြန္လာမွာျဖစ္ပါတယ္။ ဥပမာအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ KFC Facebook Page ဟာဆိုရင္ Customer ေတြနဲ႔ ရင္းႏွီးမႈ တည္ေဆာက္ၿပီး Brand ရဲ႕ ပံုရိပ္တိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္ေနတဲ့ သာဓကတစ္ခုျဖစ္ပါတယ္။

Advice: Social Media ကို အသံုးျပဳၿပီး Customer Service ကို အေကာင္းဆံုး နဲ႔ အျမန္ဆံုး ျဖစ္ေအာင္ ႀကိဳးပမ္းပါ။

(၂) Content ဟာ ဘုရင္ျဖစ္ေနဆဲပါ။

ကြ်န္ေတာ္တို႔ေတြ Social Media သံုးရတဲ့ ရည္ရြယ္ခ်က္ဟာ အဓိကအားျဖင့္ Content ေၾကာင့္ပါ။ ကားအေၾကာင္း စိတ္ဝင္စားသူေတြက ကားနဲ႔ပတ္သက္တဲ့ Facebook page ေတြကို Like လုပ္မယ္၊ ကားနဲ႔ ပတ္သက္တဲ့ Group ေတြထဲကို ဝင္ထားမယ္၊ ရုပ္ရွင္အေၾကာင္း စိတ္ဝင္စားသူေတြက ရုပ္ရွင္အေၾကာင္း ေဆြးေႏြးတာေတြကိုဖတ္မယ္၊ သူငယ္ခ်င္းေတြရဲ႕ ရုပ္ရွင္အေၾကာင္းေျပာတာေတြကို ဝင္ေဆြးေႏြးမယ္၊ အစားအေသာက္စိတ္ဝင္စားသူေတြက ဟင္းခ်က္နည္း စာမ်က္ႏွာေတြ၊ ဆိုင္ေတြကို လိုက္ရွာမယ္၊ အဓိက ရည္ရြယ္ခ်က္ကို စဥ္းစားၾကည့္မယ္ဆိုရင္ Content ပါပဲ။ ဒါေၾကာင့္ Brand ေတြဟာ ကိုယ့္ရဲ႕ Customer ေတြကို သူတို႔စိတ္ဝင္စားမယ့္ Content ေတြနဲ႔ ဆြဲေဆာင္ဖို႔ တစ္စထက္တစ္စ ပိုၿပီးႀကိဳးပမ္းလာၾကတာျဖစ္ပါတယ္။

ဒီေနရာမွာ သတိထားသင့္တာကေတာ့ 80:20 Rule လို႔ေခၚတဲ့ Rule ေလးတစ္ခုပါ။ Brand ေတြအေနနဲ႔ Content ေတြဖန္တီးတဲ့ေနရာမွာ 80% ေသာ Content ေတြက စိတ္ဝင္စားဖြယ္၊ ျပန္လည္မွ်ေဝႏိုင္ဖြယ္ရွိတဲ့ Content ေတြကို ဖန္တီးသင့္ၿပီး က်န္တဲ့ 20% ကသာ Promotion နဲ႔ Product ေတြအေၾကာင္း ျဖစ္သင့္ပါတယ္။ Product ေတြအေၾကာင္းပဲ အၿမဲတမ္း ေျပာေနၿပီး အတင္းထိုးေရာင္းေနတဲ့သေဘာမ်ိဳးျဖစ္ေနမယ္ဆိုရင္ေတာ့ သင့္ရဲ႕ Customer ေတြကို အေဝးကို သင္ကိုယ္တိုင္ ေမာင္းထုတ္ေနသလိုျဖစ္ေနပါလိမ့္မယ္။

Advice: သင့္ရဲ႕ Target Audience နဲ႔ ကိုက္ညီေသာ စိတ္ဝင္စားစရာ၊ မွတ္သားစရာ၊ ျပန္လည္မွ်ေဝစရာ Content ေတြကို အမ်ားစုဖန္တီးပါ။ ဒီထဲမွာမွ သင့္ရဲ႕ Product နဲ႔ Promotion ေတြကို အခ်ိဳးက်က် ထည့္သြင္းပါ။

(၃) Content က ဘုရင္ဆိုရင္ Emotion က ဘုရင္မပါ။

လူေတြဘာေၾကာင့္ Social Media ေပၚက Content ေတြကို ျပန္လည္မွ်ေဝပါသလဲ။ ဘာေၾကာင့္ Like လုပ္ပါသလဲ။ ဘာေၾကာင့္ သူတို႔ရဲ႕ မွတ္ခ်က္ေတြကို ဝင္ေရးသားပါသလဲ။ စိတ္ခံစားမႈ (Emotion) ေၾကာင့္ပါ။ ေၾကာင္ေလးတစ္ေကာင္ရဲ႕ ပံုကို Like နဲ႔ Share လုပ္လိုက္တယ္ဆုိတာ ခ်စ္ဖို႔ေကာင္းလို႔ပါ။ ပ်င္းလို႔မဟုတ္ပါဘူး။ တစ္ေနရာရာကို ခရီးသြားတဲ့ Post ေလးကို Share ၿပီး “သြားခ်င္လိုက္တာ” လို႔ ေရးလိုက္တယ္ဆိုတာ တကယ္သြားခ်င္လုိ႔ပါ။ ေဒါသထြက္စရာ Status တစ္ခုေအာက္မွာ ဝင္ၿပီး အျပန္အလွန္ ေရးသားၾကတာ ေဒါသထြက္လို႔ပါ။ ဆိုလိုတဲ့သေဘာက Social Media ေပၚက Action ေတြဟာ စိတ္ခံစားမႈတစ္ခုခုကို အေျခခံတာမ်ားပါတယ္။ ဒီအခ်က္ဟာ သံုးတတ္မယ္ဆိုရင္ Brand ေတြအတြက္ေရႊပါပဲ။

Advice: သင့္ရဲ႕ Customer ေတြကို သင့္ Content မွတဆင့္ တစ္ခုခု ခံစားမိပါေစ။ သင့္ရဲ႕ Content ေနရာအႏွံ႔ပ်ံ႕ႏွံ႔သြားဖို႔ ကြ်န္ေတာ္အာမခံပါတယ္။

(၄) သင့္ရဲ႕ Content အတြက္လိုအပ္တဲ့ အာဟာရေတြ အကုန္တိုက္ေကြ်းပါ။

အေပၚကေျပာခဲ့တဲ့အခ်က္ေတြအတိုင္းလုပ္မယ္ဆိုရင္ သင့္ရဲ႕ Brand ဟာ တကယ္မိုက္တဲ့ Content  ေတြကို ဖန္တီးေနႏိုင္ပါလိမ့္မယ္၊ Customer ေတြကလဲ Social Media မွတဆင့္ သင္နဲ႔ ဆက္သြယ္ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ ဒါေပမယ့္ သင့္ Facebook Page မွာ Like 100 ပဲရွိတယ္။ သင့္ Twitter အေကာင့္မွာ Follower 2 ေယာက္ပဲရွိတယ္။ Instagram မွာဆုိ တစ္ေယာက္မွေတာင္မရွိဘူး။ ကဲ ဘယ္လိုလုပ္ၾကမလဲ.. “80% of the business is showing up” ဆိုတဲ့စကားရွိပါတယ္။

ကြ်န္ေတာ္တို႔မွာ လံုေလာက္တဲ့ Audience မရွိဘဲ ကြ်န္ေတာ္တို႔ သိပ္ေဝးေဝးေရာက္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ သင့္ရဲ႕ Content အတြက္လုိအပ္တဲ့ အျခားအေထာက္အကူျပဳအခ်က္ေတြ အားလံုးရွိေနဖို႔လိုပါတယ္။ Facebook page မွာ လံုေလာက္တဲ့ Like အေရအတြက္ရွိရမယ္၊ ကိုယ့္ Brand နဲ႔ ကိုက္ညီတဲ့ Hushtag ေတြ သံုးရမယ္၊ Boost လုပ္သင့္တာေတြကို လုပ္ရမယ္၊ Social Media Specific Campaign ေတြလုပ္သင့္ရင္လုပ္ရပါလိမ့္မယ္။ ဒါမွသာ သင့္ရဲ႕ Content ရဲ႕ စြမ္းေဆာင္ရည္တိုးတက္လာမွာျဖစ္ၿပီး သင္လုိခ်င္တဲ့ Target ကိုေရာက္မွာျဖစ္ပါတယ္။

www.myanmaradvertisingdirectory.com 

Advice: လိုအပ္တဲ့ Audience အေရအတြက္ ရရွိေအာင္ ေၾကာ္ျငာထည့္သြင္းျခင္း၊ ၿပိဳင္ပြဲက်င္းပျခင္း၊ လတ္တေလာျဖစ္ပ်က္ေနတဲ့အေၾကာင္းရင္းကို သိေအာင္လုပ္ၿပီး လိုက္ေလ်ာညီေထြျဖစ္မယ့္ Content မ်ိဳးဖန္တီးျခင္း၊ Hushtag ထည့္သြင္းျခင္း အစရွိတဲ့ အခ်က္ေတြနဲ႔ သင့္ရဲ႕ Content ကို ေဝးႏိုင္သမွ် အေဝးဆံုးေရာက္ေအာင္ ပို႔ေပးပါ။

(၅) သင့္ေလ်ာ္ရာလက္နက္ကို ေရြးခ်ယ္သံုးစြဲပါ။

ဒီေန႔ေခတ္ဟာ အခ်ိန္ရွားပါးတဲ့ကာလဆိုတာ ဟုတ္ပါတယ္။ ဒါေၾကာင့္လဲ Social Media ေပၚမွာ Brand ေတြဟာ Post အတိုေလးေတြကို ပိုပိုၿပီး သံုးလာၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ တိုတိုင္းလဲမေကာင္းပါဘူး။ တစ္ခါတစ္ရံမွာ အေၾကာင္းအရာတစ္ခုကို ရွင္းျပဖို႔အတြက္ အခုသင္ဖတ္ေနရတဲ့ Post လို Content ရွည္ရွည္ေတြက ပိုၿပီးသင့္ေလ်ာ္ေနတတ္ပါတယ္။ ဥပမာေျပာရရင္ ဒီေဆာင္းပါးရဲ႕ ထိပ္စီးေခါင္းစဥ္ေလး (၅) ခုကိုပဲ အစဥ္လိုက္လိုက္ဖတ္ၾကည့္ပါ။ သင္ဘာမွအဓိပၸာယ္ေပါက္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သင့္ရဲ႕ Audience ကို ပ်င္းမသြားရေလေအာင္ သင့္ေတာ္တဲ့ Content Type ေတြကို အလဲအလွယ္နဲ႔ ေျပာင္းလဲသံုးစြဲသင့္ပါတယ္။


Advice: သင့္ရဲ႕ Audience ကိုဆြဲေဆာင္ႏိုင္ဖို႔ လိုအပ္မယ္ထင္တဲ့ Content အမ်ိဳးအစားေတြကို စာရင္းျပဳစုၿပီး အလွည့္က် ဖန္တီးပါ။ Video, Audio, Image, Blog post, GIF အစရွိသျဖင့္ အမ်ိဳးမ်ိဳး စမ္းသပ္သံုးစြဲႏိုင္ပါတယ္။

Credit; AungMonChan

(Unicode Version)

Social Media တွေဟာကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာပိုပိုပြီး နေရာရယူလာပြီဖြစ်ပါတယ်။ မနက်မိုးလင်း ကနေ မိုးချုပ်ထိ Facebook သုံးနေသူတွေ၊ ဘယ်နေရာရောက်ရောက် ဘာပုံပဲရိုက်ရိုက် Facebook နဲ့ Instagram မှာ ပုံမှန်တင်နေသူတွေ၊ အလုပ်သစ်ရှာဖွေဖို့ LinkedIn ကို အသုံးပြုလာသူတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေပြီဖြစ်တဲ့ အချိန်မှာ Social Media တွေဟာ သုံးတတ်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေအတွက် အလွန်ထိရောက်တဲ့ Marketing Tool တွေ ဖြစ်လာနေပြီဖြစ်ပါတယ်။ ဒီတော့ အခု ကနေစပြီး Social Media ကိုအသုံးပြုပြီး လုပ်ငန်း တိုးတက်လာအောင် လုပ်ဆောင် နိုင်မယ့် အချက် (၅) ချက်ကို ရေးသားပေးလိုက်ပါတယ်။

(၁) Social Media ဟာ သိပ်ကောင်းတဲ့ Customer Service Tool တစ်ခုပါ။
Brand တစ်ခုခုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ မရှင်းလင်းတာတစ်ခုခုရှိလို့ပဲဖြစ်ဖြစ်၊ လူတွေဟာ Social Media ကို အသုံးပြုပြီး Brand တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားလာနေပြီဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ Social Media တွေဟာ Brand တွေအတွက် အကောင်းဆုံး CRM Tool တွေ ဖြစ်လာနေတာဖြစ်ပါတယ်။ Social Media မှတဆင့် ကိုယ့်ဖောက်သည်တွေနဲ့ ထိတွေ့ဆက်ဆံပေးမယ်၊ ပြဿနာတွေကို ဖြေရှင်းပေးမယ်၊ သိသင့်သိထိုက်တဲ့ သတင်းထုတ်ပြန်မှုတွေကို အချိန်နဲ့တပြေးညီလုပ်ဆောင်ပေးမယ်ဆိုရင် ဖောက်သည်တွေအနေနဲ့ Brand အပေါ်မှာ ယုံကြည်မှု၊ ရင်းနှီးမှုတွေ တိုးတက်လာမှာဖြစ်သလို အရောင်းအဝယ်တွေလဲ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံရဲ့ KFC Facebook Page ဟာဆိုရင် Customer တွေနဲ့ ရင်းနှီးမှု တည်ဆောက်ပြီး Brand ရဲ့ ပုံရိပ်တိုးတက်အောင် လုပ်ဆောင်နိုင်နေတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။

Advice: Social Media ကို အသုံးပြုပြီး Customer Service ကို အကောင်းဆုံး နဲ့ အမြန်ဆုံး ဖြစ်အောင် ကြိုးပမ်းပါ။

(၂) Content ဟာ ဘုရင်ဖြစ်နေဆဲပါ။
ကျွန်တော်တို့တွေ Social Media သုံးရတဲ့ ရည်ရွယ်ချက်ဟာ အဓိကအားဖြင့် Content ကြောင့်ပါ။ ကားအကြောင်း စိတ်ဝင်စားသူတွေက ကားနဲ့ပတ်သက်တဲ့ Facebook page တွေကို Like လုပ်မယ်၊ ကားနဲ့ ပတ်သက်တဲ့ Group တွေထဲကို ဝင်ထားမယ်၊ ရုပ်ရှင်အကြောင်း စိတ်ဝင်စားသူတွေက ရုပ်ရှင်အကြောင်း ဆွေးနွေးတာတွေကိုဖတ်မယ်၊ သူငယ်ချင်းတွေရဲ့ ရုပ်ရှင်အကြောင်းပြောတာတွေကို ဝင်ဆွေးနွေးမယ်၊ အစားအသောက်စိတ်ဝင်စားသူတွေက ဟင်းချက်နည်း စာမျက်နှာတွေ၊ ဆိုင်တွေကို လိုက်ရှာမယ်၊ အဓိက ရည်ရွယ်ချက်ကို စဉ်းစားကြည့်မယ်ဆိုရင် Content ပါပဲ။ ဒါကြောင့် Brand တွေဟာ ကိုယ့်ရဲ့ Customer တွေကို သူတို့စိတ်ဝင်စားမယ့် Content တွေနဲ့ ဆွဲဆောင်ဖို့ တစ်စထက်တစ်စ ပိုပြီးကြိုးပမ်းလာကြတာဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားသင့်တာကတော့ 80:20 Rule လို့ခေါ်တဲ့ Rule လေးတစ်ခုပါ။ Brand တွေအနေနဲ့ Content တွေဖန်တီးတဲ့နေရာမှာ 80% သော Content တွေက စိတ်ဝင်စားဖွယ်၊ ပြန်လည်မျှဝေနိုင်ဖွယ်ရှိတဲ့ Content တွေကို ဖန်တီးသင့်ပြီး ကျန်တဲ့ 20% ကသာ Promotion နဲ့ Product တွေအကြောင်း ဖြစ်သင့်ပါတယ်။ Product တွေအကြောင်းပဲ အမြဲတမ်း ပြောနေပြီး အတင်းထိုးရောင်းနေတဲ့သဘောမျိုးဖြစ်နေမယ်ဆိုရင်တော့ သင့်ရဲ့ Customer တွေကို အဝေးကို သင်ကိုယ်တိုင် မောင်းထုတ်နေသလိုဖြစ်နေပါလိမ့်မယ်။

Advice: သင့်ရဲ့ Target Audience နဲ့ ကိုက်ညီသော စိတ်ဝင်စားစရာ၊ မှတ်သားစရာ၊ ပြန်လည်မျှဝေစရာ Content တွေကို အများစုဖန်တီးပါ။ ဒီထဲမှာမှ သင့်ရဲ့ Product နဲ့ Promotion တွေကို အချိုးကျကျ ထည့်သွင်းပါ။

(၃) Content က ဘုရင်ဆိုရင် Emotion က ဘုရင်မပါ။
လူတွေဘာကြောင့် Social Media ပေါ်က Content တွေကို ပြန်လည်မျှဝေပါသလဲ။ ဘာကြောင့် Like လုပ်ပါသလဲ။ ဘာကြောင့် သူတို့ရဲ့ မှတ်ချက်တွေကို ဝင်ရေးသားပါသလဲ။ စိတ်ခံစားမှု (Emotion) ကြောင့်ပါ။ ကြောင်လေးတစ်ကောင်ရဲ့ ပုံကို Like နဲ့ Share လုပ်လိုက်တယ်ဆိုတာ ချစ်ဖို့ကောင်းလို့ပါ။ ပျင်းလို့မဟုတ်ပါဘူး။ တစ်နေရာရာကို ခရီးသွားတဲ့ Post လေးကို Share ပြီး “သွားချင်လိုက်တာ” လို့ ရေးလိုက်တယ်ဆိုတာ တကယ်သွားချင်လို့ပါ။ ဒေါသထွက်စရာ Status တစ်ခုအောက်မှာ ဝင်ပြီး အပြန်အလှန် ရေးသားကြတာ ဒေါသထွက်လို့ပါ။ ဆိုလိုတဲ့သဘောက Social Media ပေါ်က Action တွေဟာ စိတ်ခံစားမှုတစ်ခုခုကို အခြေခံတာများပါတယ်။ ဒီအချက်ဟာ သုံးတတ်မယ်ဆိုရင် Brand တွေအတွက်ရွှေပါပဲ။

Advice: သင့်ရဲ့ Customer တွေကို သင့် Content မှတဆင့် တစ်ခုခု ခံစားမိပါစေ။ သင့်ရဲ့ Content နေရာအနှံ့ပျံ့နှံ့သွားဖို့ ကျွန်တော်အာမခံပါတယ်။

(၄) သင့်ရဲ့ Content အတွက်လိုအပ်တဲ့ အာဟာရတွေ အကုန်တိုက်ကျွေးပါ။
အပေါ်ကပြောခဲ့တဲ့အချက်တွေအတိုင်းလုပ်မယ်ဆိုရင် သင့်ရဲ့ Brand ဟာ တကယ်မိုက်တဲ့ Content တွေကို ဖန်တီးနေနိုင်ပါလိမ့်မယ်၊ Customer တွေကလဲ Social Media မှတဆင့် သင်နဲ့ ဆက်သွယ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် သင့် Facebook Page မှာ Like 100 ပဲရှိတယ်။ သင့် Twitter အကောင့်မှာ Follower 2 ယောက်ပဲရှိတယ်။ Instagram မှာဆို တစ်ယောက်မှတောင်မရှိဘူး။ ကဲ ဘယ်လိုလုပ်ကြမလဲ.. “80% of the business is showing up” ဆိုတဲ့စကားရှိပါတယ်။ ကျွန်တော်တို့မှာ လုံလောက်တဲ့ Audience မရှိဘဲ ကျွန်တော်တို့ သိပ်ဝေးဝေးရောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်ရဲ့ Content အတွက်လိုအပ်တဲ့ အခြားအထောက်အကူပြုအချက်တွေ အားလုံးရှိနေဖို့လိုပါတယ်။ Facebook page မှာ လုံလောက်တဲ့ Like အရေအတွက်ရှိရမယ်၊ ကိုယ့် Brand နဲ့ ကိုက်ညီတဲ့ Hushtag တွေ သုံးရမယ်၊ Boost လုပ်သင့်တာတွေကို လုပ်ရမယ်၊ Social Media Specific Campaign တွေလုပ်သင့်ရင်လုပ်ရပါလိမ့်မယ်။ ဒါမှသာ သင့်ရဲ့ Content ရဲ့ စွမ်းဆောင်ရည်တိုးတက်လာမှာဖြစ်ပြီး သင်လိုချင်တဲ့ Target ကိုရောက်မှာဖြစ်ပါတယ်။

Advice: လိုအပ်တဲ့ Audience အရေအတွက် ရရှိအောင် ကြော်ငြာထည့်သွင်းခြင်း၊ ပြိုင်ပွဲကျင်းပခြင်း၊ လတ်တလောဖြစ်ပျက်နေတဲ့အကြောင်းရင်းကို သိအောင်လုပ်ပြီး လိုက်လျောညီထွေဖြစ်မယ့် Content မျိုးဖန်တီးခြင်း၊ Hushtag ထည့်သွင်းခြင်း အစရှိတဲ့ အချက်တွေနဲ့ သင့်ရဲ့ Content ကို ဝေးနိုင်သမျှ အဝေးဆုံးရောက်အောင် ပို့ပေးပါ။

(၅) သင့်လျော်ရာလက်နက်ကို ရွေးချယ်သုံးစွဲပါ။
ဒီနေ့ခေတ်ဟာ အချိန်ရှားပါးတဲ့ကာလဆိုတာ ဟုတ်ပါတယ်။ ဒါကြောင့်လဲ Social Media ပေါ်မှာ Brand တွေဟာ Post အတိုလေးတွေကို ပိုပိုပြီး သုံးလာကြတာဖြစ်ပါတယ်။ ဒါပေမယ့် တိုတိုင်းလဲမကောင်းပါဘူး။ တစ်ခါတစ်ရံမှာ အကြောင်းအရာတစ်ခုကို ရှင်းပြဖို့အတွက် အခုသင်ဖတ်နေရတဲ့ Post လို Content ရှည်ရှည်တွေက ပိုပြီးသင့်လျော်နေတတ်ပါတယ်။ ဥပမာပြောရရင် ဒီဆောင်းပါးရဲ့ ထိပ်စီးခေါင်းစဉ်လေး (၅) ခုကိုပဲ အစဉ်လိုက်လိုက်ဖတ်ကြည့်ပါ။ သင်ဘာမှအဓိပ္ပာယ်ပေါက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ရဲ့ Audience ကို ပျင်းမသွားရလေအောင် သင့်တော်တဲ့ Content Type တွေကို အလဲအလှယ်နဲ့ ပြောင်းလဲသုံးစွဲသင့်ပါတယ်။

Advice: သင့်ရဲ့ Audience ကိုဆွဲဆောင်နိုင်ဖို့ လိုအပ်မယ်ထင်တဲ့ Content အမျိုးအစားတွေကို စာရင်းပြုစုပြီး အလှည့်ကျ ဖန်တီးပါ။ Video, Audio, Image, Blog post, GIF အစရှိသဖြင့် အမျိုးမျိုး စမ်းသပ်သုံးစွဲနိုင်ပါတယ်။
Credit; AungMonChan

Read times
Rate this item
(2 votes)