-->
×
Warning
JUser: :_load: Unable to load user with ID: 29
အရာအားလုံးအစကနေ ပြန်စရလို့ စိတ်ဓါတ်ကျစရာမလိုပါဘူး
အရာအားလုံးအစကနေ ပြန်စရလို့ စိတ်ဓါတ်ကျစရာမလိုပါဘူး google.com
ဆေးဝါးတွေက ခန္ဓာကိုယ်ကျန်းမာသန်စွမ်းအောင် လုပ်ပေးနိုင်တဲ့အစွမ်းရှိသလို အခက်အခဲ၊ ကျရှုံးခြင်းတွေကလည်း ကျွန်တော်တို့ စိတ်ဓါတ်တွေ ခိုင်မာပြတ်သားလာအောင်လုပ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိနေပါတယ်။
ကျွန်တော်တို့တွေဟာ အသစ်ကနေပြန်လည်စတင်ဖို့အတွက် ကြောက်ရွံ့တတ်ကြပါတယ်။ကြောက်ရွံ့ခြင်းဟာ မရင်ဆိုင်နိုင်ခြင်း၊ အရှုံးပေးခြင်းတစ်မျိုးပါ။  ဒီလိုသာကြောက်လန့်နေမယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ အရာတစ်ခုကို ပြန်လည် တည်ဆောက်နိုင်မယ့် အခွင့်အရေးကောင်း တွေကို လက်လွှတ်ဆုံးရှုံးရနိုင်ပါတယ်။ အရာအားလုံးကိုသာ အရှုံးမပေးဘူးဆိုတဲ့ စိတ်ဓါတ်သာရှိနေမယ်ဆိုရင် နေ့သစ်တိုင်းဟာ ကျွန်တော်တို့ အသစ်ပြန်လည်စတင်နိုင်မယ့်  နေ့ရက်တွေပါ။
စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါ လစ်လျူရှူထားလို့မရသည့် ကြော်ငြာလုပ်ငန်းနဲ့ ပတ်သက်သော လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးသည့် ဆိုင်လိပ်စာများ၊ ကုမ္ပဏီလိပ်စာများကို ကျွန်တော်တို့ Myanmar Advertising Directory pageတွင် အလွယ်တကူဝင်ရောက်ရှာဖွေနိုင်ပါသည်။
Link-Myanmar Advertising Directory
(Unicode Version)
အရာအားလုံးကို အစကနေပြန်စရမယ့် အခြေအနေတစ်ခုကို ရောက်ခဲ့ပြီလား။ အရာအားလုံးကို အစကနေပြန်စရပေမယ့်လည်း စိတ်ဓါတ်ကျ၊ အားငယ်၊ ရှက်ရွ့ံစရာမလိုပါဘူး။ ကျွန်တော်တို့ မွေးလာကတည်းက အောင်မြင်မှုနဲ့ အတူ မွေးဖွားလာခဲ့ကြတာ မဟုတ်ပါဘူး။
အစာတွေအဆက်မပြတ်ရှာဖွေ စုဆောင်းနေရခြင်းဟာ ပုရွတ်ဆိတ်တစ်ကောင်ရဲ့ ဘဝဖြစ်သလို အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနေရခြင်းဟာလည်း ကျွန်တော်တို့ လူသားတွေရဲ့ဘဝပါ။ အရာအားလုံး ဆုံးရှုံးရပေမယ့်လည်း ပိုက်ဆံနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ဓါတ်တစ်ခု မကျရှံုးဘူးဆိုရင် ရာခိုင်နှုန်းပြည့် ပြန်လည်အောင်မြင်နိုင်ပါတယ်။
ဆေးဝါးတွေက ခန္ဓာကိုယ်ကျန်းမာသန်စွမ်းအောင် လုပ်ပေးနိုင်တဲ့အစွမ်းရှိသလိုု အခက်အခဲ၊ ကျရှံုးခြင်းတွေကလည်း ကျွန်တော်တို့ စိတ်ဓါတ်တွေ ခိုင်မာပြတ်သားလာအောင်လုပ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိနေပါတယ်။
ပျော်ရွင်ဖို့အတွက် နောက်ကျတဲ့အချိန်ဆိုတာမရှိသလို၊ အသစ်ပြန်လည်စတင်နိုင်ဖို့အတွက် နောက်ကျနေတယ် ဆိုတာလည်းမရှိပါဘူး။ အဓိကကတော့ ပြန်လည်စတင်နိုင်ပြီး အောင်မြင်ပျော်ရွှင်ဖို့ပဲလိုတာပါ။
ကျွန်တော်တို့တွေဟာ အသစ်ကနေပြန်လည်စတင်ဖို့အတွက် ကြောက်ရွ့ံတတ်ကြပါတယ်။ကြောက်ရွ့ံခြင်းဟာ မရင်ဆိုင်နိုင်ခြင်း၊ အရှံုးပေးခြင်းတစ်မျိုးပါ။ ဒီလိုသာကြောက်လန့်နေမယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ အရာတစ်ခုကို ပြန်လည် တည်ဆောက်နိုင်မယ့် အခွင့်အရေးကောင်း တွေကို လက်လွှတ်ဆုံးရှံုးရနိုင်ပါတယ်။ အရာအားလုံးကိုသာ အရှံုးမပေးဘူးဆိုတဲ့ စိတ်ဓါတ်သာရှိနေမယ်ဆိုရင် နေ့သစ်တိုင်းဟာ ကျွန်တော်တို့ အသစ်ပြန်လည်စတင်နိုင်မယ့် နေ့ရက်တွေပါ။
Don’t be afraid to start over. It’s a new chance to rebuild what you want.
Read times
Rate this item
(1 Vote)