-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်ဘာကို သက်သေပြချင်နေတာလဲ

သင်ဘာကို သက်သေပြချင်နေတာလဲ google.com

အချို့ သူများဟာ သူများထက်လှတာကို အခွင့်ကြုံတိုင်း သက်သေပြချင်ကြသလို


အချို့ လည်း ကိုယ့်သားသမီးက ပိုတော်ကြောင်း သက်သေပြချင်ကြသလို

စည်းစိမ်ချမ်းသာ၊ ရာထူး၊ ဂုဏ် စသည်တို့ကို ပြချင်တဲ့သူတွေလည်း အများကြီးရှိကြပါတယ်။

သင်ကော ဘာကို သက်သေပြချင်နေတာလဲ။

Read-သူများအိပ်မက်အတွက် သင်အလုပ်လုပ်ပေးမှာလား

စိတ်ပညာရှင်များရဲ့ အဆိုအရ...


အဲဒီ ပြချင်တဲ့ စိတ်ကိုက စိတ်ဓါတ်အားနည်းချက်လို့ ဆိုပါတယ်။

သူများထက်လှတယ်လို့ သက်သေပြချင်တဲ့သူဟာ စပြတဲ့အချိန်ကစလို့ စတင်ရုပ်ဆိုးနေပါပြီ။

ဘာကြောင့်လည်းဆိုတော့ ပြင်ဆင်ခြင်းအလှ တောက်ပပြီး ကျက်သရေ အလှ ပျောက်ဆုံးသွားလို့ပါပဲ။

ပိုထူးချွန်ကြောင်း ပိုချမ်းသာကြောင်း၊ ဂုဏ်ပိုရှိကြောင်း၊ ဒါတွေဟာလည်း တူတူပါပဲ


www.myanmaradvertisingdirectory.com 

ဘာကြောင်လည်းဆိုတော့ ဘယ်သူကမှ ကိုယ်ထက်သာကြောင်း၊ ကိုယ်ထက်ထူးချွန်ကြောင်း

မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ်၊ ရိုးပြနေတဲ့လူကို မနှစ်သက်ကြပါဘူး။

သက်သေပြတယ်ဆိုတာ ပညာသားပါတဲ့ ကြွားဝါခြင်းတစ်မျိုးပါ။

လူဆိုတာ ကိုယ့်အားနည်းချက် ( သို့ ) ယုံကြည်ချက်မရှိတဲ့ အကြောင်းအရာတွေကို ပိုမိုကြွားလိုကြပါတယ်။

ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ပိုက်ဆံကိုခဏခဏ ကြွားတဲ့လူများဟာ ပိုက်ဆံအရာမှာ မလုံခြုံသေးလို့ပါ။

ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ ထူးချွန်တာကို ထုတ်ကြွားနေသေးရင်

ကိုယ့်ကိုယ်ကို ယုံကြည်မူ မရှိသေးလို့ ဖြစ်ပါတယ်။

လူတိုင်းလူတိုင်း ဟာ သူ့အရည်အချင်းနဲ့သူ၊ သူ့အလှနဲ့သူ ပိုင်ဆိုင်ကြပါတယ်။

ကိုယ့်ကိုယ်ကို လုံးဝ သက်သေပြစရာ မလိုတဲ့ တစ်နေ့

သဘာဝအလှနဲ့ ယုံကြည်ခြင်း အလှ သင်စတင်ပိုင်ဆိုင်နေပါပြီ။

အားလုံး ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လှပနိုင်ကြပါစေ။


 

(Unicode Version)

အချို့ သူများဟာ သူများထက်လှတာကိုု အခွင့်ကြုံတိုုင်း သက်သေပြချင်ကြသလိုု
အချို့ ကျတော့ သူများထက် ထူးချွန်ကြောင်း သက်သေပြချင်ကြတယ်။
အချို့ လည်း ကိုုယ့်သားသမီးက ပိုုတော်ကြောင်း သက်သေပြချင်ကြသလိုု
စည်းစိမ်ချမ်းသာ၊ ရာထူး၊ ဂုုဏ် စသည်တိုု့ကိုု ပြချင်တဲ့သူတွေလည်း အများကြီးရှိကြပါတယ်။
သင်ကော ဘာကိုု သက်သေပြချင်နေတာလဲ။
စိတ်ပညာရှင်များရဲ့ အဆိုုအရ...
ဘာပဲ သက်သေပြချင် ပြချင်……
အဲဒီ ပြချင်တဲ့ စိတ်ကိုုက စိတ်ဓါတ်အားနည်းချက်လိုု့ ဆိုုပါတယ်။
သူများထက်လှတယ်လိုု့ သက်သေပြချင်တဲ့သူဟာ စပြတဲ့အချိန်ကစလိုု့ စတင်ရုုပ်ဆိုုးနေပါပြီ။
ဘာကြောင့်လည်းဆိုုတော့ ပြင်ဆင်ခြင်းအလှ တောက်ပပြီး ကျက်သရေ အလှ ပျောက်ဆုံုးသွားလိုု့ပါပဲ။
ပိုုထူးချွန်ကြောင်း ပိုုချမ်းသာကြောင်း၊ ဂုုဏ်ပိုုရှိကြောင်း၊ ဒါတွေဟာလည်း တူတူပါပဲ
စတင်သက်သေပြတဲ့ နေ့ကစပြီး အကျဉ်းတန် စိတ်ဆင်းရဲ ရပါပြီ။
ဘာကြောင်လည်းဆိုုတော့ ဘယ်သူကမှ ကိုုယ်ထက်သာကြောင်း၊ ကိုုယ်ထက်ထူးချွန်ကြောင်း
မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ်၊ ရိူးပြနေတဲ့လူကိုု မနှစ်သက်ကြပါဘူး။
သက်သေပြတယ်ဆိုုတာ ပညာသားပါတဲ့ ကြွားဝါခြင်းတစ်မျိုးပါ။
လူဆိုုတာ ကိုုယ့်အားနည်းချက် ( သိုု့ ) ယုံုကြည်ချက်မရှိတဲ့ အကြောင်းအရာတွေကိုု ပိုုမိုုကြွားလိုုကြပါတယ်။
ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ပိုုက်ဆံကိုုခဏခဏ ကြွားတဲ့လူများဟာ ပိုုက်ဆံအရာမှာ မလုံုခြံုသေးလိုု့ပါ။
ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ ထူးချွန်တာကိုု ထုုတ်ကြွားနေသေးရင်
ကိုုယ့်ကိုုယ်ကိုု ယုံုကြည်မူ မရှိသေးလိုု့ ဖြစ်ပါတယ်။
လူတိုုင်းလူတိုုင်း ဟာ သူ့အရည်အချင်းနဲ့သူ၊ သူ့အလှနဲ့သူ ပိုုင်ဆိုုင်ကြပါတယ်။
ကိုုယ့်ကိုုယ်ကိုု လုံုးဝ သက်သေပြစရာ မလိုုတဲ့ တစ်နေ့
သဘာဝအလှနဲ့ ယုံုကြည်ခြင်း အလှ သင်စတင်ပိုုင်ဆိုုင်နေပါပြီ။
အားလုံုး ကိုုယ့်ယုံုကြည်ချက်နဲ့ကိုုယ် လှပနိုုင်ကြပါစေ။

Credit; Sayar Aung Ko Latt

Read times
Rate this item
(0 votes)