-->
×
Warning
JUser: :_load: Unable to load user with ID: 29
နာမည်တစ်ခုရဲ့ တန်ဖိုးကို အသိအမှတ်ပြုပါ
နာမည်တစ်ခုရဲ့ တန်ဖိုးကို အသိအမှတ်ပြုပါ google.com
www.myanmaradvertisingdirectory.com 
(Unicode Version)
တစ်ယောက်ယောက်က ကိုယ့်နာမည်မှားခေါ်လိုက်တဲ့အခါ ကိုယ်ဘယ်လိုခံစားရသလဲ။ ကိုယ်က လူတစ်ယောက်ကို ပြုပြင်ပေးနေပြီး သူနဲ့အချိန်ဖြုန်းပေးနေတယ်။ ဒါပေမဲ့ အဲဒီသူက ကိုယ့်နာမည် မှားခေါ်နေတုန်းပဲဆိုရင် ကိုယ်ဘယ်လိုနေမလဲ။ လူတွေက ကိုယ်နဲ့မတွေ့တာ အတော်ကြာပြီ၊ ဒါပေမဲ့ ကိုယ့်နာမည် သူတို့မှတ်မိနေတုန်းပဲဆိုရင် ကိုယ်ဘယ်လိုနေမလဲ။ ကိုယ့်စိတ်ထဲ ကျေနပ်မသွားဘူးလား။ (ပြီးတော့ ကိုယ့်အတွက် သဘောမကျသွားစေဘူးလား)။ လူတွေက ကိုယ့်နာမည်ကို ဂရုတစိုက်သိနေတဲ့အခါ သူတို့က ကိုယ့်ကိုတန်ဖိုးထားလိုက်တယ်လို့ ကိုယ်ကခံစားနေရမှာပါ။
ကျွန့်တော့်သူငယ်ချငး် ဂျယ်ရီလူးကပ်စ်ကို ဒေါက်တာမှတ်ဉာဏ်လို့ခေါ်ကြတယ်။ သူဟာ အင်န်ဘီအေ ဘတ်စကတ်ဘောမှာ အောင်မြင်မှုကြီးကြီးမားမားရယူပြီးနောက် ကျောင်းသူကျောင်းသား ကလေးတွေနဲ့ အရွယ်ရောက်လာသူတွေ မှတ်ဉာဏ်ကောင်းလာအောင်အတွက် တီထွင်ဖန်တီးတဲ့ နည်းမျိုးစုံသုံးပြီး နှစ်ပေါင်းများစွာကူညီပေးခဲ့ပါတယ်။ သူသင်ပေးတဲ့ နည်းတစ်ခုကတော့ SAVE လို့ခေါ်တဲ့နည်းဖြစ်ပါတယ်။ ဘယ်လိုသုံးသလဲ ကြည့်ရအောင်ပါ။
S-Say စကားပြောရင် နာမည်ကို သုံးကြိမ်သုံးခါထည့်ပြောပါ။
A-Ask နာမည်တစ်ခု ဒါမဟုတ် လူတစ်ယောက်အကြောင်း မေးခွန်းတစ်ခုမေးပါ။
V-Visualize လူတစ်ယောက်ရဲ့ သိသာထင်ရှားတဲ့ ရုပ်ဆင်းသွင်ပြင်ကို ဖမ်းကြည့်ပါ။
E-End စကားပြောဆိုတာကို နာမည်နဲ့အဆုံးသတ်ပါ။
ဒီနည်းက ဘယ်လောက်အသုံးတည့်တယ်ဆိုတာကို နှစ်အနည်းငယ်တုန်းက ယနေ့ညရှိုးဆိုတဲ့ ရုပ်မြင်အစီအစဉ်မှာ သူက ပရိတ်သတ်အားလုံးရဲ့နာမည်တွေ သူမှတ်မိနေတာကို ပြသခဲ့ပါတယ်။ ကိုယ်တွေ့ခဲ့တဲ့ လူတွေရဲ့ ပထမနဲ့နောက်ဆုံးအမည်တွေကို ကိုယ်မှတ်မိနေအောင် အခုနည်းက ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကို ကိုယ်ကလုပ်ကြည့်လိုက်ရင် လူတွေ့ရဲ့နာမည်ကို မှတ်မိတဲ့နေရာမှာ ကိုယ်ကပိုကောင်းလာပါလိမ့်မယ်။
လူတွေရဲ့နာမည်ကို မှတ်မိစေဖို့ ဘယ်နည်းလမ်းကို မဆိုသုံးပါ။
Source- Democracy Today
Read times
Rate this item
(1 Vote)