-->
×

Warning

JUser: :_load: Unable to load user with ID: 29


မက်ရွံုးဖူးဘဲနဲ႔ ေအာင္ျမင္မွဳဆိုတာ ျဖစ္ေပၚလာပါ့မလား

မက်ရွံုးဖူးဘဲနဲ႔ ေအာင္ျမင္မွဳဆိုတာ ျဖစ္ေပၚလာပါ့မလား google.com

ေအာင္ျမင္မွဳတစ္ခုမွာ ရွံုးနိမ့္မွဳ ၉၉ရာခိုင္ႏွုန္းပါပါတယ္။ ဘ၀မွာေအာင္ျမင္ႏုိင္တဲ့ ေသာ့တစ္ေခ်ာင္းကို အတင္း ရွာေဖြစရာမလိုပါဘူး။ အမွားေတြကို ၾကည့္ပါ။ အရွံုးေတြကုိ ပုိင္ဆုိင္ႏုိင္ေအာင္လုပ္ပါ။ ဒီအမွားေတြ၊ အရွံဳးေတြက သင့္အတြက္ ေအာင္ျမင္ႏုိင္တဲ႔ ေသာ့တစ္ေခ်ာင္းပါ။

သင္အမွားေတြ မ်ားမ်ားလုပ္မိျခင္းက အမွန္မ်ားစြာကို ပုိင္ဆုိင္ႏုိင္ျခင္းပါ။ ဘယ္သူ တစ္ဦးတစ္ေယာက္မွ ေမြးထဲက အလံုးစံုျပည့္စံုမွန္ကန္စြာ လုပ္ေဆာင္ႏုိင္ျခင္းမရွိပါဘူး။ ေအာင္ျမင္ႏုိင္တဲ႔ အခြင့္အေရးေတြကို လက္လြတ္မခံပါနဲ႔။ ႀကိဳးစားလုပ္ေဆာင္ၾကည့္ပါ။

အမွားေတြျဖစ္ခဲ့မယ္ဆိုရင္ေတာင္ ဒီအမွားေတြက သင့္အတြက္ အခြင့္အေရးတစ္ခုျဖစ္လာမွာပါ။

အမွားေတြျဖစ္ေပၚျခင္းဟာ သင္တစ္ခုခု လုပ္ေဆာင္ေနတယ္ဆုိတာကို သက္ေသျပတာပါ။ လက္ရွိကမၻာမွာ ေအာင္ျမင္ေက်ာ္ၾကားေနသူေတြေတာင္ အမွားနဲ႔မကင္းႏုိင္ခဲ့ၾကပါဘူး။ သင္ဟာလည္း လူသားေတြထဲက လူသားတစ္ေယာက္ပါပဲ အမွားျဖစ္သြားတာက ဘာမွမျဖစ္ပါဘူး။

ငါဒီအလုပ္ကုိ လုပ္လိုက္လို႔ မွားသြားရင္ေတာ့ ဒုကၡပါပဲ။ ငါအလုပ္ျပဳတ္မွာလား၊ အဆူခံရမွာလား စသျဖင့္ ဒီလုိပူပန္မွဳမ်ိဳးေတြရွိတတ္ၾကပါတယ္။ ဘာမွမလုပ္ရင္ ဘာမွတတ္ေျမာက္လာမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အမွားလုပ္ရမွာကို လည္းမေၾကာက္ပါနဲ႔။ အမွားလုပ္မိလို႔ လူေတြရဲ႕ ကဲ႕ရဲ႕ေလွာင္ေျပာင္ခံရမွာကိုလည္း ရွက္ရြံ႕မေနပါနဲ႔။ သူတို႔ေတြက သင့္ဘ၀ကို အဆံုးအျဖတ္ေပးမယ့္သူေတြ မဟုတ္ပါဘူး။

လူသားတစ္ေယာက္ျဖစ္တဲ့အတြက္ အမွားျဖစ္သြားတာ မဆန္းေပမယ့္ သင္ဟာ သင္ျပဳလုပ္လုိက္တဲ့ အမွားေတြကို ျပဳျပင္ျခင္းမရွိ၊ ေအာင္ျမင္မွုအတြက္ ေထာက္တုိင္တစ္ခုျဖစ္လာေအာင္ ေျပာင္းလဲႏုိင္စြမ္း မရွိရင္ေတာ့ ေအာင္ျမင္မွဳရရွိႏိုင္မယ့္ အခြင့္အေရးေတြက သင့္ကိုေရွာင္ဖယ္ေနဦးမွာပါ။

ေအာင္ျမင္မွဳဆိုတာ အသင့္ဖန္တီးထားတဲ့ အရာတစ္ခုမဟုတ္ပါဘူး။ ကိုယ့္ရဲ႕လုပ္ေဆာင္ခ်က္ေတြေပၚ မူတည္ၿပီးျဖစ္ေပၚလာတာပါ။

http://www.myanmaradvertisingdirectory.com/categories.html

(Unicode Version)

အောင်မြင်မှုတစ်ခုမှာ ရှုံးနိမ့်မှု ၉၉ရာခိုင်နှုန်းပါပါတယ်။ ဘဝမှာအောင်မြင်နိုင်တဲ့ သော့တစ်ချောင်းကို အတင်း ရှာဖွေစရာမလိုပါဘူး။ အမှားတွေကို ကြည့်ပါ။ အရှံုးတွေကို ပိုင်ဆိုင်နိုင်အောင်လုပ်ပါ။ ဒီအမှားတွေ၊ အရှံုးတွေက သင့်အတွက် အောင်မြင်နိုင်တဲ့ သော့တစ်ချောင်းပါ။
သင်အမှားတွေ များများလုပ်မိခြင်းက အမှန်များစွာကို ပိုင်ဆိုင်နိုင်ခြင်းပါ။ ဘယ်သူ တစ်ဦးတစ်ယောက်မှ မွေးထဲက အလုံးစုံပြည့်စုံမှန်ကန်စွာ လုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။ အောင်မြင်နိုင်တဲ့ အခွင့်အရေးတွေကို လက်လွတ်မခံပါနဲ့။ ကြိုးစားလုပ်ဆောင်ကြည့်ပါ။ အမှားတွေဖြစ်ခဲ့မယ်ဆိုရင်တောင် ဒီအမှားတွေက သင့်အတွက် အခွင့်အရေးတစ်ခုဖြစ်လာမှာပါ။
အမှားတွေဖြစ်ပေါ်ခြင်းဟာ သင်တစ်ခုခု လုပ်ဆောင်နေတယ်ဆိုတာကို သက်သေပြတာပါ။ လက်ရှိကမ္ဘာမှာ အောင်မြင်ကျော်ကြားနေသူတွေတောင် အမှားနဲ့မကင်းနိုင်ခဲ့ကြပါဘူး။ သင်ဟာလည်း လူသားတွေထဲက လူသားတစ်ယောက်ပါပဲ အမှားဖြစ်သွားတာက ဘာမှမဖြစ်ပါဘူး။
ငါဒီအလုပ်ကို လုပ်လိုက်လို့ မှားသွားရင်တော့ ဒုက္ခပါပဲ။ ငါအလုပ်ပြုတ်မှာလား၊ အဆူခံရမှာလား စသဖြင့် ဒီလိုပူပန်မှုမျိုးတွေရှိတတ်ကြပါတယ်။ ဘာမှမလုပ်ရင် ဘာမှတတ်မြောက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အမှားလုပ်ရမှာကို လည်းမကြောက်ပါနဲ့။ အမှားလုပ်မိလို့ လူတွေရဲ့ ကဲ့ရဲ့လှောင်ပြောင်ခံရမှာကိုလည်း ရှက်ရွံ့မနေပါနဲ့။ သူတို့တွေက သင့်ဘဝကို အဆုံးအဖြတ်ပေးမယ့်သူတွေ မဟုတ်ပါဘူး။
လူသားတစ်ယောက်ဖြစ်တဲ့အတွက် အမှားဖြစ်သွားတာ မဆန်းပေမယ့် သင်ဟာ သင်ပြုလုပ်လိုက်တဲ့ အမှားတွေကို ပြုပြင်ခြင်းမရှိ၊ အောင်မြင်မှုအတွက် ထောက်တိုင်တစ်ခုဖြစ်လာအောင် ပြောင်းလဲနိုင်စွမ်း မရှိရင်တော့ အောင်မြင်မှုရရှိနိုင်မယ့် အခွင့်အရေးတွေက သင့်ကိုရှောင်ဖယ်နေဦးမှာပါ။
အောင်မြင်မှုဆိုတာ အသင့်ဖန်တီးထားတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေပေါ် မူတည်ပြီးဖြစ်ပေါ်လာတာပါ။

Read times
Rate this item
(1 Vote)