-->
×

Warning

JUser: :_load: Unable to load user with ID: 29


တစ္ဦးတည္း အထီးက်န္စြာရပ္တည္ပါ

တစ္ဦးတည္း အထီးက်န္စြာရပ္တည္ပါ google.com

ရက္သတၱတစ္ပတ္လွ်င္ အနည္းဆံုးတစ္ႀကိမ္(သို႔မဟုတ္)ႏွစ္ႀကိမ္ အခ်ိန္၁နာရီခန္႔ယူၿပီး တိတ္ဆိတ္ ၿငိမ္သက္ေသာ ေနရာတစ္ခုမွာ တစ္ဦးတည္း အထီးက်န္စြာ သြားေရာက္အခ်ိန္ျဖဳန္းေပးပါ။

တစ္ဦးတည္းသီးျခားေနတဲ႔အခ်ိန္ကို တန္ဖိုးထားေပးပါ။ သင္တစ္ဦးတည္းရွိေနေသာေနရာတြင္ ေဘးပေယာဂ အေႏွာင့္အယွက္မ်ား ကင္းရွင္းစြာနဲ႔ သင့္ရဲ႕အတိတ္၊ ပစၥဳပၸဳန္၊ အနာဂါတ္ဆိုတဲ႔ ကာလသံုးပါး အတြက္ အဓိပၸာယ္ အႏွစ္သာရျပည့္၀စြာနဲ႔ စဥ္းစားေတြးေခၚ ႏုိင္ပါလိမ့္မယ္။

သင္တစ္ဦးတည္း အထီးက်န္စြာရွိေနတဲ႔အခါ သင္ေရာက္ေနတဲ႔ေနရာက ေရလွဳိင္းေတြ သဘာ၀ရွဴခင္းေတြ၊ လတ္ဆက္တဲ့ေလ၊ ေႏြးေထြးတဲ႔ ေနေရာက္ျခည္ တို႔ကို ထိေတြ႔ခံစားခြင့္ရွိသလို သစ္ရြက္ကေလးေတြရဲ႕ ေၾကြက်သံ၊ မိုးစက္က်သံေတြကိုလည္း တစ္ဦးတည္း ခံစားႏိုင္ၿပီး သင့္ရဲ႕တည္ၿငိမ္ေနတဲ႔ စိတ္ေၾကာင့္ ၀င္သက္နဲ႔ထြက္သက္ကိုလည္း ပံုမွန္အတိုင္း ရွဴသြင္းရွဴ ထုတ္လုပ္ႏုိင္မွာ ျဖစ္ပါတယ္။

သင္တစ္ဦးတည္းရွိေနတဲ႔ အခ်ိန္ေတြမွာ ေကာင္းတဲ႔စဥ္းစားေတြးေခၚမွဳေတြကို သင့္ဦးေႏွာက္ထဲမွာေရာ၊ စိတ္ထဲမွာပါ ထည့္ထားႏုိင္ၿပီး သင့္ေအာင္ျမင္ေရးခရီးစဥ္အတြက္ အစီအစဥ္ေကာင္းေတြကို ေသခ်ာစြာေရးဆြဲ ႏုိင္မွာျဖစ္ပါတယ္။

ဒီလိုအခ်ိန္ေတြမွာ သင့္ေရွ႕အနာဂါတ္ေအာင္ျမင္ႏုိင္ေရးအတြက္ အစီအစဥ္ေတြ ခ်မွတ္ႏုိင္ရန္ ကိုယ့္ကိုယ္ေမးခြန္းေတြ ေမးၿပီး ျပန္လည္သံုးသပ္ၾကည့္ပါ။

ဘ၀မွာ ဘာအရာေတြကို အဓိကထားလုပ္ေဆာင္သင့္လဲ။

ဘယ္အရာေတြကုိ လုပ္ဖုိ႔ေမ႔ေနလဲ။

အနာဂါတ္မွာ ႀကံဳေတြလာရမယ့္ ေလာဂဓံေတြကို ဘယ္လုိစိတ္ဓါတ္မ်ိဳးနဲ႔ ရင္ဆုိင္မလဲ စသျဖင့္ သင့္ကိုယ္သင္ေမးခြန္းေတြထုတ္ၾကည့္ပါ။

http://www.myanmaradvertisingdirectory.com/jobs-board.html

ေနာက္ဆုတ္ၿပီးမွေရွ႕ဆက္ပါစာအုပ္မွ ေကာက္ႏွုတ္ေဖာ္ျပသည္။

(Unicode Version)

ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်(သို့မဟုတ်)နှစ်ကြိမ် အချိန်၁နာရီခန့်ယူပြီး တိတ်ဆိတ် ငြိမ်သက်သော နေရာတစ်ခုမှာ တစ်ဦးတည်း အထီးကျန်စွာ သွားရောက်အချိန်ဖြုန်းပေးပါ။
တစ်ဦးတည်းသီးခြားနေတဲ့အချိန်ကို တန်ဖိုးထားပေးပါ။ သင်တစ်ဦးတည်းရှိနေသောနေရာတွင် ဘေးပယောဂ အနှောင့်အယှက်များ ကင်းရှင်းစွာနဲ့ သင့်ရဲ့အတိတ်၊ ပစ္စုပ္ပုန်၊ အနာဂါတ်ဆိုတဲ့ ကာလသုံးပါး အတွက် အဓိပ္ပာယ် အနှစ်သာရပြည့်ဝစွာနဲ့ စဉ်းစားတွေးခေါ် နိုင်ပါလိမ့်မယ်။
သင်တစ်ဦးတည်း အထီးကျန်စွာရှိနေတဲ့အခါ သင်ရောက်နေတဲ့နေရာက ရေလှိုင်းတွေ သဘာဝရှူခင်းတွေ၊ လတ်ဆက်တဲ့လေ၊ နွေးထွေးတဲ့ နေရောက်ခြည် တို့ကို ထိတွေ့ခံစားခွင့်ရှိသလို သစ်ရွက်ကလေးတွေရဲ့ ကြွေကျသံ၊ မိုးစက်ကျသံတွေကိုလည်း တစ်ဦးတည်း ခံစားနိုင်ပြီး သင့်ရဲ့တည်ငြိမ်နေတဲ့ စိတ်ကြောင့် ၀င်သက်နဲ့ထွက်သက်ကိုလည်း ပုံမှန်အတိုင်း ရှူသွင်းရှူ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
သင်တစ်ဦးတည်းရှိနေတဲ့ အချိန်တွေမှာ ကောင်းတဲ့စဉ်းစားတွေးခေါ်မှုတွေကို သင့်ဦးနှောက်ထဲမှာရော၊ စိတ်ထဲမှာပါ ထည့်ထားနိုင်ပြီး သင့်အောင်မြင်ရေးခရီးစဉ်အတွက် အစီအစဉ်ကောင်းတွေကို သေချာစွာရေးဆွဲ နိုင်မှာဖြစ်ပါတယ်။
ဒီလိုအချိန်တွေမှာ သင့်ရှေ့အနာဂါတ်အောင်မြင်နိုင်ရေးအတွက် အစီအစဉ်တွေ ချမှတ်နိုင်ရန် ကိုယ့်ကိုယ်မေးခွန်းတွေ မေးပြီး ပြန်လည်သုံးသပ်ကြည့်ပါ။
ဘဝမှာ ဘာအရာတွေကို အဓိကထားလုပ်ဆောင်သင့်လဲ။
ဘယ်အရာတွေကို လုပ်ဖို့မေ့နေလဲ။
အနာဂါတ်မှာ ကြုံတွေလာရမယ့် လောဂဓံတွေကို ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ရင်ဆိုင်မလဲ စသဖြင့် သင့်ကိုယ်သင်မေးခွန်းတွေထုတ်ကြည့်ပါ။
နောက်ဆုတ်ပြီးမှရှေ့ဆက်ပါစာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။

Read times
Rate this item
(0 votes)