-->
×

Warning

JUser: :_load: Unable to load user with ID: 29


ႀကိဳးစားရင္ေအာင္ျမင္မယ္ဆိုတာ သိရက္နဲ႔ ဘာေၾကာင့္မႀကိဳးစားၾကတာလဲ

ႀကိဳးစားရင္ေအာင္ျမင္မယ္ဆိုတာ သိရက္နဲ႔ ဘာေၾကာင့္မႀကိဳးစားၾကတာလဲ google.com

ႀကိဳးစားရင္ေအာင္ျမင္မယ္ဆုိတာ ကမၻာေပၚမွာရွိသမ်ွ လူအားလံုးသိတယ္။သို႔ေသာ္ ႀကိဳးစားရမယ္ဆိုတာသိတဲ႔ လူအားလံုးမေအာင္ျမင္ၾကပါဘူး။ တစ္ခါတစ္ေလ ကိုယ္ကေတာ့ ဒီအတုိင္းေနရင္းနဲ႔ ကိုယ့္ေဘးမွာရွိတဲ႔ သက္တူရြယ္တူေတြက ကိုယ့္ထက္ ေျခတစ္လွမ္းသာၿပီး တစ္ဆင့္ျမင့္တဲ႔ ရာထူးတစ္ခု၊ တိုးတက္ေနတဲ႔ အရည္အခ်င္းေတြနဲ႔ ျဖစ္သြားပါၿပီ။

ဒါဆို သူတို႔ေတာင္ ဒီလုိအရည္အခ်င္းေတြနဲ႔ ျပည္စံုေနခ်ိန္မွာ ကိုယ္ကဘာလုပ္ေနခဲ့လဲ။ တစ္ရက္မွာ ၂၄နာရီရတာခ်င္းတူတူကုိ ကိုယ္ဟာဘာေၾကာင့္ သူတို႔ထက္ေနာက္က်ေနတာလဲ။ အေၾကာင္းအရင္း မ်ားစြာရွိပါတယ္။

ဘာလုပ္ခ်င္လဲ၊ ဘာျဖစ္ခ်င္လဲဆိုတာကိုေတာင္ ကိုယ့္ကိုယ္ကိုယ္ မသိျခင္း။ သိခဲ့ရင္လည္း ဘယ္အရာေတြကုိ လုပ္ေဆာင္ရမလဲဆိုတာကို ႀကိဳးစားရွာေဖြမွဳမရွိျခင္းေတြပါ။ တစ္ခါတစ္ေလ ကိုယ္တုိင္ကဘာမွန္းမသိ သူမ်ားအဆင္ေျပေနတာေတြ႔ရင္ လုိက္လုပ္ခ်င္တတ္တဲ႔ စိတ္မ်ိဳးေတြရွိေနျပန္ေရာ။ သူမ်ားရည္မွန္းခ်က္နဲ႔ ကုိယ္႔ဘ၀ကို တည္ေဆာက္တာမ်ိဳးေတြကို မလုပ္ပါနဲ႔။

ကိုယ္႔ကိုယ္ကိုယ္ ယံုၾကည္ခ်က္ထားပါ။ ငါ့ရဲ႕ရည္မွန္းခ်က္၊ ခံယူခ်က္ေတြက ငါ့ကိုေအာင္ျမင္ႏုိင္ေအာင္ ပုိ႔ေဆာင္ေပးႏိုင္တယ္ဆိုတဲ႔ စိတ္ဓါတ္မ်ိဳးေတြနဲ႔ ႀကိဳးစားပါ။

အခ်ိန္ကို တန္ဖိုးထားပါ။ တစ္စကၠန္႔ကိုေတာင္မွ အခ်ည္းအႏွီးမျဖစ္ပါေစနဲ႔။ internet ကိုအက်ိဳးရွိေအာင္သံုးပါ။ internet သံုးတာခ်င္းတူတူ ကိုယ္ကေတာ့ဘာမွမရလုိက္ဘူး ပုိက္ဆံပဲေပးလိုက္ရတာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႔။ internet ဆိုတာသံုးတတ္ရင္ ကိုယ့္အတြက္ဆရာတစ္ပါးပါပဲ။ ေဆးျဖစ္ေအာင္သံုးပါ။ ေဘးျဖစ္ေအာင္မသံုးပါနဲ႔။

For your success-သုိးေက်ာင္းသမအျဖစ္ကေန ႏွစ္ေပါင္း ၂၀ၾကာၿပီးေနာက္ ႏုိင္ငံရဲ႕ပညာေရး၀န္ႀကီးျဖစ္လာသူ

ႀကိဳးစားေနခ်ိန္မွာ ငယ္တယ္ႀကီးတယ္ဆုိတာေတြကို ေမ့ထားပါ။ အိပ္ခ်င္တယ္၊ ေစာေသးတယ္၊ ပင္ပန္းတယ္၊ နားလိုက္ေတာ့မယ္၊ ေနာက္ေန႔မွ လုပ္မယ္၊ ဒီေန႔အတြက္ ဘာမွမေလ့လာေတာ့ဘူး စသျဖင့္ ဒီလုိစကားမ်ိဳး ေတြကို ကိုယ့္ရဲ႕ ဦးေႏွာက္မွတ္ဥာဏ္ထဲ ၀င္မလာေအာင္ အၿပီးတုိင္ျဖတ္ထားပါ။ ဒါေတြဟာသင့္အတြက္ ဗိုင္းရပ္စ္ေတြပါ။

လူေတြထဲက သာမာန္လူတစ္ေယာက္ထက္ပိုေအာင္ ႀကိဳးစားလိုက္ၾကပါစုိ႔။

(Unicode Version)

ကြိုးစားရင်အောင်မြင်မယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ လူအားလုံးသိတယ်။သို့သော် ကြိုးစားရမယ်ဆိုတာသိတဲ့ လူအားလုံးမအောင်မြင်ကြပါဘူး။ တစ်ခါတစ်လေ ကိုယ်ကတော့ ဒီအတိုင်းနေရင်းနဲ့ ကိုယ့်ဘေးမှာရှိတဲ့ သက်တူရွယ်တူတွေက ကိုယ့်ထက် ခြေတစ်လှမ်းသာပြီး တစ်ဆင့်မြင့်တဲ့ ရာထူးတစ်ခု၊ တိုးတက်နေတဲ့ အရည်အချင်းတွေနဲ့ ဖြစ်သွားပါပြီ။
ဒါဆို သူတို့တောင် ဒီလိုအရည်အချင်းတွေနဲ့ ပြည်စုံနေချိန်မှာ ကိုယ်ကဘာလုပ်နေခဲ့လဲ။ တစ်ရက်မှာ ၂၄နာရီရတာချင်းတူတူကို ကိုယ်ဟာဘာကြောင့် သူတို့ထက်နောက်ကျနေတာလဲ။ အကြောင်းအရင်း များစွာရှိပါတယ်။
ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲဆိုတာကိုတောင် ကိုယ့်ကိုယ်ကိုယ် မသိခြင်း။ သိခဲ့ရင်လည်း ဘယ်အရာတွေကို လုပ်ဆောင်ရမလဲဆိုတာကို ကြိုးစားရှာဖွေမှုမရှိခြင်းတွေပါ။ တစ်ခါတစ်လေ ကိုယ်တိုင်ကဘာမှန်းမသိ သူများအဆင်ပြေနေတာတွေ့ရင် လိုက်လုပ်ချင်တတ်တဲ့ စိတ်မျိုးတွေရှိနေပြန်ရော။ သူများရည်မှန်းချက်နဲ့ ကိုယ့်ဘဝကို တည်ဆောက်တာမျိုးတွေကို မလုပ်ပါနဲ့။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ထားပါ။ ငါ့ရဲ့ရည်မှန်းချက်၊ ခံယူချက်တွေက ငါ့ကိုအောင်မြင်နိုင်အောင် ပို့ဆောင်ပေးနိုင်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုးတွေနဲ့ ကြိုးစားပါ။
အချိန်ကို တန်ဖိုးထားပါ။ တစ်စက္ကန့်ကိုတောင်မှ အချည်းအနှီးမဖြစ်ပါစေနဲ့။ internet ကိုအကျိုးရှိအောင်သုံးပါ။ internet သုံးတာချင်းတူတူ ကိုယ်ကတော့ဘာမှမရလိုက်ဘူး ပိုက်ဆံပဲပေးလိုက်ရတာမျိုးတော့ မဖြစ်ပါစေနဲ့။ internet ဆိုတာသုံးတတ်ရင် ကိုယ့်အတွက်ဆရာတစ်ပါးပါပဲ။ ဆေးဖြစ်အောင်သုံးပါ။ ဘေးဖြစ်အောင်မသုံးပါနဲ့။
ကြိုးစားနေချိန်မှာ ငယ်တယ်ကြီးတယ်ဆိုတာတွေကို မေ့ထားပါ။ အိပ်ချင်တယ်၊ စောသေးတယ်၊ ပင်ပန်းတယ်၊ နားလိုက်တော့မယ်၊ နောက်နေ့မှ လုပ်မယ်၊ ဒီနေ့အတွက် ဘာမှမလေ့လာတော့ဘူး စသဖြင့် ဒီလိုစကားမျိုး တွေကို ကိုယ့်ရဲ့ ဦးနှောက်မှတ်ဉာဏ်ထဲ ၀င်မလာအောင် အပြီးတိုင်ဖြတ်ထားပါ။ ဒါတွေဟာသင့်အတွက် ဗိုင်းရပ်စ်တွေပါ။
လူတွေထဲက သာမာန်လူတစ်ယောက်ထက်ပိုအောင် ကြိုးစားလိုက်ကြပါစို့။

Read times
Rate this item
(1 Vote)