-->
×

Warning

JUser: :_load: Unable to load user with ID: 29


Digital Marketing ေခတ္မွာ မသိမျဖစ္သိထားသင့္ေသာ စကားလံုးမ်ား

Digital Marketing ေခတ္မွာ မသိမျဖစ္သိထားသင့္ေသာ စကားလံုးမ်ား google.com

ယေန႔ေခတ္မွာ Digital Marketingဟာ လုပ္ငန္းတိုင္းအတြက္ အေရးပါေနပါၿပီ။ လုပ္ငန္းတုိင္းဟာ digital marketing ကိုလုပ္ကိုင္လာတာနဲ႔အမ်ွ ဒါနဲ႔ပတ္သက္တဲ႔ အလုပ္အကုိင္အခြင့္အလမ္းေတြလည္း ေပါမ်ားလာ ပါတယ္။ ေနာက္တစ္ခ်က္က Digital Marketing နယ္ပယ္က ၀င္ေငြေကာင္းတဲ့အလုပ္အကိုင္ပါ။

ဒါေၾကာင့္လည္း အခုေနာက္ပုိင္း ေတာ္ေတာ္မ်ားမ်ား မ်က္စိက်ေနတဲ့နယ္ပယ္တစ္ခုလုိ႔ ေျပာမယ္ဆိုရင္လည္း မမွားပါဘူး။ ဒါနဲ႔ပတ္သက္တဲ႔ သင္ခန္းစာေတြ၊ က်ဴတုိရီရယ္ေတြကလည္း အြန္လိုင္းေပၚမွာ အမ်ားႀကီးပါ။ ဒီလုိမ်ိဳးစတင္ေလ့လာခ်င္တဲ႔သူေတြ အခက္အခဲမႀကံဳရေအာင္ အေျခခံအျဖစ္ သိထားသင့္တဲ႔ စကားအသံုးအႏွဳန္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္

1.CTR- Click Through Rate

ေႀကာ္ျငာကို Clickႏွိပ္တဲ႔ အႀကိမ္အေရအတြက္ ကိုယ္ေၾကာ္ျငာတဲ႔ Adsေတြရဲ႕ စြမ္းေဆာင္ရည္ ဘယ္ေလာက္ရွိလဲဆိုတာ တုိင္းဖို႔သံုးေလ႔ရွိတယ္။

CTR=(clicks÷impressions)*100% ေၾကာ္ျငာကုိ အေခါက္ တစ္ေထာင္ျမင္ရတဲ့အခ်ိန္မွာ Click ႏွိပ္တာ၅ခါပဲရွိမယ္ဆိုရင္ သူ႕ရဲ႕CTRက 0.5ပဲရွိမယ္။ သေဘာက ေၾကာ္ျငာျမင္ရတဲ႔ လူအေယာက္ တစ္ေသာင္းမွာ လူငါးေယာက္ပဲ Click ႏွိပ္တယ္လုိ႔ ဆုိလိုတာပါ။

2.CPA- Cost Per Acquisitiion

လိုအပ္တဲ႔ Leads, Sales, Conversionကုိ ရတဲ့အေပၚမူတည္ၿပီး ေၾကာ္ျငာပလက္ေဖာင္းေတြက ပုိက္ဆံေကာက္တဲ႔ ပံုစံျဖစ္ပါတယ္။ ၂၀၁၃ခုႏွစ္အေစာပုိင္းနဲ႔ ေႏွာင္းပုိင္းကာလေတြမွာ အမ်ားဆံုးသံုးခဲ႔တဲ႔ ေၾကာ္ျငာခ ေကာက္တဲ့ပံုစံတစ္ခုပါ။ CPA နဲ႔ဆုိရင္ ကိုယ္လိုခ်င္တဲ႔ ရလဒ္တစ္ခု ရမွာသာ ပုိက္ဆံေပးရမွာ ျဖစ္ပါတယ္။

3.CPC- Cost Per Click

Cost Per Clickက ကိုယ္႔ရဲ႕ ေၾကာ္ျငာကို Clickႏွိပ္သြားတဲ႔ အေရအတြက္ေပၚမူတည္ၿပီးေတာ့ ပုိက္ဆံေပးရမွာပါ။

For Your Jobs-click here

4.CPM- Cost Per Thousand

ေၾကာ္ျငာကို အႀကိမ္တစ္ေထာင္ ျပေပးရင္(Impression တစ္ေထာင္ရရင္) ဘယ္ေလာက္ဆိုၿပီး ပိုက္ဆံေကာက္ခံတဲ႔ ပံုစံျဖစ္ပါတယ္။ အြန္လိုင္းေပၚက မီဒီယာနဲ႔ Publisher ေတာ္ေတာ္မ်ားမ်ား ႀကိဳက္ႏွစ္သက္ၾကတဲ႔ ပိုက္ဆံေကာက္ခံတဲ႔ပံုစံပါ။ Brand Awarness တိုးခ်င္တဲ့အခါမ်ိဳးမွာလည္း ဒီလုိမ်ိဳး ေၾကညာေလ့ရွိပါတယ္။

တကယ္လုိ႔ Website Publisher တစ္ေယာက္ေယာက္က $2.00CPM ေၾကာ္ျငာကို သူ႔ရဲ႕ Webpage တစ္ခုမွာ အႀကိမ္ တစ္ေထာင္ျပေပးရတုိင္း $2.00 ေပးရမယ္လုိ႔ ဆုိလုိပါတယ္။ Cost Per Thousand ဆုိေပမယ့္ အတုိေကာက္ကို CPMလို႔သံုးတာက ေရာမလုိ တစ္ေထာင္ဆိုရင္ Mလို႔သံုးလုိ႔ပါ။

က်န္သည့္အခ်က္မ်ားကို ဆက္လက္ေဖာ္ျပေပးပါမယ္။

Source; free4readers 

(Unicode  Version)

ယနေ့ခေတ်မှာ Digital Marketingဟာ လုပ်ငန်းတိုင်းအတွက် အရေးပါနေပါပြီ။ လုပ်ငန်းတိုင်းဟာ digital marketing ကိုလုပ်ကိုင်လာတာနဲ့အမျှ ဒါနဲ့ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပေါများလာ ပါတယ်။ နောက်တစ်ချက်က Digital Marketing နယ်ပယ်က ၀င်ငွေကောင်းတဲ့အလုပ်အကိုင်ပါ။ ဒါကြောင့်လည်း အခုနောက်ပိုင်း တော်တော်များများ မျက်စိကျနေတဲ့နယ်ပယ်တစ်ခုလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ ဒါနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ၊ ကျူတိုရီရယ်တွေကလည်း အွန်လိုင်းပေါ်မှာ အများကြီးပါ။ ဒီလိုမျိုးစတင်လေ့လာချင်တဲ့သူတွေ အခက်အခဲမကြုံရအောင် အခြေခံအဖြစ် သိထားသင့်တဲ့ စကားအသုံးအနှုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
1.CTR- Click Through Rate
ကြော်ငြာကို Clickနှိပ်တဲ့ အကြိမ်အရေအတွက် ကိုယ်ကြော်ငြာတဲ့ Adsတွေရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ရှိလဲဆိုတာ တိုင်းဖို့သုံးလေ့ရှိတယ်။
CTR=(clicks÷impressions)*100% ကြော်ငြာကို အခေါက် တစ်ထောင်မြင်ရတဲ့အချိန်မှာ Click နှိပ်တာ၅ခါပဲရှိမယ်ဆိုရင် သူ့ရဲ့CTRက 0.5ပဲရှိမယ်။ သဘောက ကြော်ငြာမြင်ရတဲ့ လူအယောက် တစ်သောင်းမှာ လူငါးယောက်ပဲ Click နှိပ်တယ်လို့ ဆိုလိုတာပါ။
2.CPA- Cost Per Acquisitiion
လိုအပ်တဲ့ Leads, Sales, Conversionကို ရတဲ့အပေါ်မူတည်ပြီး ကြော်ငြာပလက်ဖောင်းတွေက ပိုက်ဆံကောက်တဲ့ ပုံစံဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်အစောပိုင်းနဲ့ နှောင်းပိုင်းကာလတွေမှာ အများဆုံးသုံးခဲ့တဲ့ ကြော်ငြာခ ကောက်တဲ့ပုံစံတစ်ခုပါ။ CPA နဲ့ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ်တစ်ခု ရမှာသာ ပိုက်ဆံပေးရမှာ ဖြစ်ပါတယ်။
3.CPC- Cost Per Click
Cost Per Clickက ကိုယ့်ရဲ့ ကြော်ငြာကို Clickနှိပ်သွားတဲ့ အရေအတွက်ပေါ်မူတည်ပြီးတော့ ပိုက်ဆံပေးရမှာပါ။
4.CPM- Cost Per Thousand
ကြော်ငြာကို အကြိမ်တစ်ထောင် ပြပေးရင်(Impression တစ်ထောင်ရရင်) ဘယ်လောက်ဆိုပြီး ပိုက်ဆံကောက်ခံတဲ့ ပုံစံဖြစ်ပါတယ်။ အွန်လိုင်းပေါ်က မီဒီယာနဲ့ Publisher တော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ပိုက်ဆံကောက်ခံတဲ့ပုံစံပါ။ Brand Awarness တိုးချင်တဲ့အခါမျိုးမှာလည်း ဒီလိုမျိုး ကြေညာလေ့ရှိပါတယ်။
တကယ်လို့ Website Publisher တစ်ယောက်ယောက်က $2.00CPM ကြော်ငြာကို သူ့ရဲ့ Webpage တစ်ခုမှာ အကြိမ် တစ်ထောင်ပြပေးရတိုင်း $2.00 ပေးရမယ်လို့ ဆိုလိုပါတယ်။ Cost Per Thousand ဆိုပေမယ့် အတိုကောက်ကို CPMလို့သုံးတာက ရောမလို တစ်ထောင်ဆိုရင် Mလို့သုံးလို့ပါ။
ကျန်သည့်အချက်များကို ဆက်လက်ဖော်ပြပေးပါမယ်။
Source; free4readers

Read times
Rate this item
(2 votes)