-->
×

Warning

JUser: :_load: Unable to load user with ID: 29


Need နဲ႔ Want ကိုေသခ်ာခြဲျခားသံုးစြဲတတ္ၿပီလား

Need နဲ႔ Want ကိုေသခ်ာခြဲျခားသံုးစြဲတတ္ၿပီလား google.com

တကယ့္သူေဌးေတြဟာ ေငြကုိရွာၿပီး ပရမ္းပတာ သုံးစြဲေနတယ္လုိ႔ သင္မထင္ပါနဲ႔။ သူတုိ႔ဟာ ေငြရွာနည္းကုိ ကြ်မ္းက်င္သလုိ ေငြသုံးစြဲနည္းကုိလည္း ကြ်မ္းက်င္ႀကတာ အေသအခ်ာပါပဲ။ အခုေဖာ္ၿပေပးမွာေတာ့ သင့္အတြက္အသုံး၀င္ေစႏုိင္မယ့္ ခ်မ္းသာသူေတြရဲ႕ ေငြသုံးစြဲနည္းလွ်ဳိ႕၀ွက္ခ်က္ေတြပဲ ၿဖစ္ပါတယ္။

၁။ကယ္မလုိအပ္တဲ့ အရာေတြကုိ မ၀ယ္ယူမိပါေစနဲ႔
တကယ့္သူေဌးေတြဟာ လူအထင္ႀကီးေစဖုိ႔အတြက္ သူတုိ႔အတြက္တကယ္ မလုိအပ္တဲ့အရာေတြကုိ ၀ယ္ယူေလ့မရွိႀကပါဘူး။

၂။အနာဂါတ္အတြက္ေငြႀကဳိစုထားပါ
ငယ္ရြယ္စဥ္မွာေငြမရွိပဲနဲ႔ ေနႏုိင္ေပမယ့္ အသက္ႀကီးတဲ့အခါမွာေတာ့ ေငြမရွိပဲနဲ႔ေနလုိ႔ မရပါဘူး။ဒီအတုိင္းပဲ သူေဌးေတြဟာ အနာဂါတ္အတြက္ ေငြႀကဳိစုထားေလ့ရွိပါတယ္။

၃။ထြက္ေငြနဲ႔၀င္ေငြကုိ စာရင္းၿပဳစုထားပါ
သူေဌးေတြဟာ ထြက္ေငြ၊၀င္ေငြစာရင္းကုိ ၿပဳစုထားေလ့ရွိႀကပါတယ္။ ဒါမွသာ သုံးစြဲမႈ႕ေတြဟာ လုိအပ္လား၊မလုိအပ္လား ခ်င့္ခ်ိန္ႏုိင္မွာၿဖစ္ပါတယ္။

၄။အလုပ္ႀကဳိးစားပါ
သူေဌးမုိ႔လုိ႔ အလုပ္သမားေတြေလာက္ အလုပ္မလုပ္ဘူးလုိ႔သင္ထင္ႏုိင္ပါတယ္။ ဒါေပမယ့္ တကယ့္ ကုိယ္ထူးကုိယ္ခြ်န္ သူေဌးေတြကေတာ့ သူ႔၀န္ထမ္းေတြထက္ ၂ဆေလာက္ အလုပ္ပုိလုပ္ေလ့ရွိပါတယ္။ ဒီလုိလုပ္တဲ့အတြက္ အလုပ္ပိုတြင္က်ယ္သလုိ ေငြကုန္သက္သာေစမွာ အမွန္ပါပဲ။

၅။ေစ်းဆစ္ပါ
သူေဌးေတြမုိ႔လုိ႔ ပစၥည္းေတြကုိ ေစ်းမဆစ္ပဲ ၀ယ္ယူမွာပဲ လုိ႔သင္ထင္ေနရင္ေတာ့ မွားသြားပါၿပီ။ တကယ္ေတာ့ သူေဌးေတြဟာ သာမန္လူထက္ ပုိၿပီးေတာင္ ေစ်းဆစ္တတ္ႀကေသးပါတယ္။

For Your Jobs-click here

၆။သန္းႀကြယ္သူေဌးေဖာ္ၿမဳလာကုိသုံးပါ
ရလာတဲ့၀င္ေငြထဲကေန အက်ဳိးၿပဳလုပ္ငန္းေတြအတြက္ တိက်တဲ့ရာခိုင္ႏႈန္းကုိဖယ္ပါ။ သင့္လုပ္ငန္းေတြအတြက္လာည္း တိက်တဲ့ရာခုိင္ႏႈန္းကုိဖယ္ပါ ။က်န္တာကုိသုံးစြဲပါ။

၇။ေငြယုိစိမ့္မႈ႕ေတြကုိ ပိတ္ပစ္ပါ
ေသးငယ္တဲ့ယုိေပါက္ကေလးတစ္ခုဟာ ႀကီးမားတဲ့သေဘၤာကုိ ၿမဳပ္ပစ္ႏုိင္တယ္လုိ႔ ဘင္ဂ်မင္ဖရန္ကလင္း ကေတာ့ ဆုိေလရဲ႕။ဒီစကား အတုိင္းပါပဲ ခ်မ္းသာသူေတြဟာ မလုိအပ္ရင္ ေငြေႀကးအနည္းငယ္ကုိေတာင္ မသုံးႀကပါဘူး။

အထက္က အခ်က္ေတြဟာ လုိက္လံလုပ္ေဆာင္ဖုိ႔ ရုိးရွင္းလြယ္ကူ လွပါတယ္။ တတ္ႏုိင္သေလာက္ လုပ္ေဆာင္ႀကည့္မယ္ဆုိရင္ သင့္အတြက္အက်ဳိးရွိလာမွာ ဧကန္ပါပဲ။

Source; Thutazone

(Unicode Version)

တကယ့်သူဌေးတွေဟာ ငွေကိုရှာပြီး ပရမ်းပတာ သုံးစွဲနေတယ်လို့ သင်မထင်ပါနဲ့။ သူတို့ဟာ ငွေရှာနည်းကို ကျွမ်းကျင်သလို ငွေသုံးစွဲနည်းကိုလည်း ကျွမ်းကျင်ကြတာ အသေအချာပါပဲ။ အခုဖော်ပြပေးမှာတော့ သင့်အတွက်အသုံးဝင်စေနိုင်မယ့် ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်းလျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။
၁။ကယ်မလိုအပ်တဲ့ အရာတွေကို မဝယ်ယူမိပါစေနဲ့
တကယ့်သူဌေးတွေဟာ လူအထင်ကြီးစေဖို့အတွက် သူတို့အတွက်တကယ် မလိုအပ်တဲ့အရာတွေကို ၀ယ်ယူလေ့မရှိကြပါဘူး။
၂။အနာဂါတ်အတွက်ငွေကြိုစုထားပါ
ငယ်ရွယ်စဉ်မှာငွေမရှိပဲနဲ့ နေနိုင်ပေမယ့် အသက်ကြီးတဲ့အခါမှာတော့ ငွေမရှိပဲနဲ့နေလို့ မရပါဘူး။ဒီအတိုင်းပဲ သူဌေးတွေဟာ အနာဂါတ်အတွက် ငွေကြိုစုထားလေ့ရှိပါတယ်။
၃။ထွက်ငွေနဲ့ဝင်ငွေကို စာရင်းပြုစုထားပါ
သူဌေးတွေဟာ ထွက်ငွေ၊၀င်ငွေစာရင်းကို ပြုစုထားလေ့ရှိကြပါတယ်။ ဒါမှသာ သုံးစွဲမှု့တွေဟာ လိုအပ်လား၊မလိုအပ်လား ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။
၄။အလုပ်ကြိုးစားပါ
သူဌေးမို့လို့ အလုပ်သမားတွေလောက် အလုပ်မလုပ်ဘူးလို့သင်ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ့် ကိုယ်ထူးကိုယ်ချွန် သူဌေးတွေကတော့ သူ့ဝန်ထမ်းတွေထက် ၂ဆလောက် အလုပ်ပိုလုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်တဲ့အတွက် အလုပ်ပိုတွင်ကျယ်သလို ငွေကုန်သက်သာစေမှာ အမှန်ပါပဲ။
၅။စျေးဆစ်ပါ
သူဌေးတွေမို့လို့ ပစ္စည်းတွေကို စျေးမဆစ်ပဲ ၀ယ်ယူမှာပဲ လို့သင်ထင်နေရင်တော့ မှားသွားပါပြီ။ တကယ်တော့ သူဌေးတွေဟာ သာမန်လူထက် ပိုပြီးတောင် စျေးဆစ်တတ်ကြသေးပါတယ်။
၆။သန်းကြွယ်သူဌေးဖော်မြုလာကိုသုံးပါ
ရလာတဲ့ဝင်ငွေထဲကနေ အကျိုးပြုလုပ်ငန်းတွေအတွက် တိကျတဲ့ရာခိုင်နှုန်းကိုဖယ်ပါ။ သင့်လုပ်ငန်းတွေအတွက်လာည်း တိကျတဲ့ရာခိုင်နှုန်းကိုဖယ်ပါ ။ကျန်တာကိုသုံးစွဲပါ။
၇။ငွေယိုစိမ့်မှု့တွေကို ပိတ်ပစ်ပါ
သေးငယ်တဲ့ယိုပေါက်ကလေးတစ်ခုဟာ ကြီးမားတဲ့သင်္ဘောကို မြုပ်ပစ်နိုင်တယ်လို့ ဘင်ဂျမင်ဖရန်ကလင်း ကတော့ ဆိုလေရဲ့။ဒီစကား အတိုင်းပါပဲ ချမ်းသာသူတွေဟာ မလိုအပ်ရင် ငွေကြေးအနည်းငယ်ကိုတောင် မသုံးကြပါဘူး။
အထက်က အချက်တွေဟာ လိုက်လံလုပ်ဆောင်ဖို့ ရိုးရှင်းလွယ်ကူ လှပါတယ်။ တတ်နိုင်သလောက် လုပ်ဆောင်ကြည့်မယ်ဆိုရင် သင့်အတွက်အကျိုးရှိလာမှာ ဧကန်ပါပဲ။
Source; Thutazone

Read times
Rate this item
(3 votes)