-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေစ်းကြက္၏ ပိုင္းျခားသတ္မွတ္ ျခားနားခ်က္မ်ား

ေစ်းကြက္၏ ပိုင္းျခားသတ္မွတ္ ျခားနားခ်က္မ်ား google.com

ေစ်းကြက္တစ္ခုလံုးကို ပစ္မွတ္ထားမည့္အစား တိက်ေသာေစ်းကြက္ အစိတ္အပိုင္းကို ဦးတည္ျခင္း

လူေနမႈပံုစံက လူမႈအဖြဲ႔အစည္းတစ္ရပ္လံုးကို ကြဲျပားျခားနားတဲ့ လကၡဏာေတြနဲ႔ ပိုင္းျခားထားျပီး သူ႔ေစ်းကြက္နဲ႔သူ ေရာင္းဝယ္လည္ပတ္ၾကတယ္ဆိုတဲ့ အဓိပၸာယ္ကို ေဖာ္ထုတ္တာျဖစ္ပါတယ္။

နည္းပညာေခတ္ရဲ႕ ဆက္သြယ္မႈအားေတြေၾကာင့္ Mass Market ကြယ္ေပ်ာက္ေတာ့မယ္လို႔ Website ေတြေပၚမွာ ေျပာလာၾကေပမယ့္ ဒီေန႔အထိေတာ့ ကြယ္ေပ်ာက္ဖို႔မနီးေသးတာကို ေတြ႔ရပါတယ္။

Mass Media ေတာင္မွအားလံုးဆီေရာက္ဖို႔ TV ေတြ၊ ေရဒီယိုေတြသံုးတဲ့ပံုစံကေန Media အသစ္အဆန္းေတြနဲ႔ ပံုစံအမ်ိဳးမ်ိဳးသံုးလာၾကတာေတြ ေတြ႔ေနရပါတယ္။ မိမိလိုတာကုိမွ အနီးကပ္ဆြဲျပီး ပံုၾကီးခ်ဲ႕ႏုိင္တဲ့ Zoom မီဒီယာနည္းပညာေတြကို သံုးႏုိင္တယ္။ Mass Market ပံုစံကေန စားသံုးသူစိတ္ၾကိဳက္ လုိရာကိုၾကည့္လုိ႔ရတဲ့ Spy Satellite လုိ အသံုးျပဳမႈေတြဟာ Market Segmentation ျဖစ္ေပၚဖို႔နဲ႔ ဆက္စပ္ေနတယ္လို႔ ေျပာရမွာပါ။

Mass Media နဲ႔ Mass Marketing ကို TV နဲ႔ က်ယ္ျပန္႔ေစခဲ့တာကေတာ့ US မွာပါ။ ပစၥည္းတစ္မ်ိဳးကို Mass Marketing လုပ္တဲ့အခါမွာ လူတိုင္းရဲ႕ လုိအပ္ခ်က္ေတြ၊ ႏွစ္သက္မႈေတြ မတူသလုိ ရည္မွန္းတမ္းတတာေတြ လည္း ကြာပါတယ္။ ေစ်းကြက္မွာကြဲျပားတဲ့ အစိတ္အပိုင္းေတြရွိသလုိ ဝယ္လုိအားေတြကလည္း မတူဘူးဆိုတာ သတိျပဳမိတဲ့သူေတြ ရွိလာတယ္။ ပထမဦးဆံုးျဖစ္တဲ့ ကားကုမၸဏီ General Motors က Market Segmentation သေဘာကို အေကာင္အထည္ေဖာ္တဲ့အေနနဲ႔ မတူတဲ့ဝယ္လုိအားနဲ႔ ျခားနားတဲ့ လုိအပ္ခ်က္ေတြကိုက္ညီမယ့္ ကားေတြအမ်ိဳးမ်ိဳးထုတ္လုပ္ေရာင္းခ်တဲ့ အေရာင္းဗ်ဴဟာကို စတင္ခဲ့ပါတယ္။

အၾကိဳက္ခ်င္းမတူတဲ့ ဝယ္သူေတြရွိတယ္ဆိုတဲ့သေဘာကို အေျခခံျပီး Market Segmentation နဲ႔ဆက္ျပီး ထုတ္ကုန္ပစၥည္းေတြကိုပါ ကြဲျပားေအာင္ ခြဲျခားထုတ္တဲ့ Product Differentiation ကို Mr Wendell Smith က ေဆာင္းပါးတစ္ခုမွာ အေရာင္းဗ်ဴဟာအေနနဲ႔ အဆိုျပဳေရးသားထားပါတယ္။ စားသံုးသူေတြအေနနဲ႔ လူေနမႈပံုစံ၊ သေဘာထား၊ စိတ္ဝင္စားမႈ၊ တန္ဖိုးထားမႈနဲ႔ ကိုယ္ပိုင္အျမင္ေတြ ရွိၾကတယ္။

For Your Jobs-click here

စားသံုးသူေစ်းကြက္ကို ကြဲျပားတဲ့အခ်က္အလက္ေတြကို အၾကမ္းအားျဖင့္ ေလးပိုင္းခဲြျမင္ႏုိင္ပါတယ္။

၁။ Demographics - လူဦးေရဆိုင္ရာ အေျခအေနအရပ္ရပ္ရႈေထာင့္ကၾကည့္ရင္ အသက္အရြယ္၊ က်ား၊ မ၊ အိမ္ေထာင္စုအရြယ္အစား၊ ဘဝအပိုင္းအျခား၊ လူမႈေရးအဆင့္၊ ပညာေရး၊ ယင္ေငြ၊ အလုပ္အကိုင္၊ ကုိးကြယ္သည့္ဘာသာ။

၂။ Geography - ပထဝီေဒသ၊ တိုင္းျပည္၊ ျမိဳ႕ျပ/ေက်းလက္၊ ရာသီဥတု၊ ေတာင္ေပၚ/ေျမျပန္႔။

၃။ Psychographics - စိတ္ပိုင္းဆိုင္ရာအေျခအေန၊ လူေနမႈပံုစံ၊ တန္ဖိုးထားမႈ၊ ထင္ျမင္ခ်က္၊ စိတ္သေဘာထား။

၄။ Behaviour - အျပဳအမူ-လုိအပ္ေသာ အက်ိဳးေက်းဇူး၊ အမွတ္တံဆိပ္ စြဲစြဲျမဲျမဲသံုးစဲြမႈ၊ မည္သူ႔အဆံုးအျဖတ္ျဖင့္ ဝယ္ယူသည္။

အထက္မွာေဖာ္ျပခဲ့တဲ့ အေျခခံအစိတ္အပိုင္းေတြကေန မိမိ၏ ကုန္ပစၥည္းဝယ္သူေတြရဲ႕ အခ်င္းလကၡဏာကို သတ္မွတ္ႏုိင္မယ္ဆိုရင္ မိမိဦးတည္ရမယ့္ Market Segment ကို အၾကမ္းဖ်င္းသိရွိျပီး Marketing Strategy ခ်ႏုိင္မွာ ျဖစ္ပါတယ္။

Source; Myanmar Online Entrepreneur

(Unicode Version)

စျေးကွက်တစ်ခုလုံးကို ပစ်မှတ်ထားမည့်အစား တိကျသောစျေးကွက် အစိတ်အပိုင်းကို ဦးတည်ခြင်း
လူနေမှုပုံစံက လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကို ကွဲပြားခြားနားတဲ့ လက္ခဏာတွေနဲ့ ပိုင်းခြားထားပြီး သူ့စျေးကွက်နဲ့သူ ရောင်းဝယ်လည်ပတ်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ထုတ်တာဖြစ်ပါတယ်။
နည်းပညာခေတ်ရဲ့ ဆက်သွယ်မှုအားတွေကြောင့် Mass Market ကွယ်ပျောက်တော့မယ်လို့ Website တွေပေါ်မှာ ပြောလာကြပေမယ့် ဒီနေ့အထိတော့ ကွယ်ပျောက်ဖို့မနီးသေးတာကို တွေ့ရပါတယ်။
Mass Media တောင်မှအားလုံးဆီရောက်ဖို့ TV တွေ၊ ရေဒီယိုတွေသုံးတဲ့ပုံစံကနေ Media အသစ်အဆန်းတွေနဲ့ ပုံစံအမျိုးမျိုးသုံးလာကြတာတွေ တွေ့နေရပါတယ်။ မိမိလိုတာကိုမှ အနီးကပ်ဆွဲပြီး ပုံကြီးချဲ့နိုင်တဲ့ Zoom မီဒီယာနည်းပညာတွေကို သုံးနိုင်တယ်။ Mass Market ပုံစံကနေ စားသုံးသူစိတ်ကြိုက် လိုရာကိုကြည့်လို့ရတဲ့ Spy Satellite လို အသုံးပြုမှုတွေဟာ Market Segmentation ဖြစ်ပေါ်ဖို့နဲ့ ဆက်စပ်နေတယ်လို့ ပြောရမှာပါ။
Mass Media နဲ့ Mass Marketing ကို TV နဲ့ ကျယ်ပြန့်စေခဲ့တာကတော့ US မှာပါ။ ပစ္စည်းတစ်မျိုးကို Mass Marketing လုပ်တဲ့အခါမှာ လူတိုင်းရဲ့ လိုအပ်ချက်တွေ၊ နှစ်သက်မှုတွေ မတူသလို ရည်မှန်းတမ်းတတာတွေ လည်း ကွာပါတယ်။ စျေးကွက်မှာကွဲပြားတဲ့ အစိတ်အပိုင်းတွေရှိသလို ဝယ်လိုအားတွေကလည်း မတူဘူးဆိုတာ သတိပြုမိတဲ့သူတွေ ရှိလာတယ်။ ပထမဦးဆုံးဖြစ်တဲ့ ကားကုမ္ပဏီ General Motors က Market Segmentation သဘောကို အကောင်အထည်ဖော်တဲ့အနေနဲ့ မတူတဲ့ဝယ်လိုအားနဲ့ ခြားနားတဲ့ လိုအပ်ချက်တွေကိုက်ညီမယ့် ကားတွေအမျိုးမျိုးထုတ်လုပ်ရောင်းချတဲ့ အရောင်းဗျူဟာကို စတင်ခဲ့ပါတယ်။
အကြိုက်ချင်းမတူတဲ့ ဝယ်သူတွေရှိတယ်ဆိုတဲ့သဘောကို အခြေခံပြီး Market Segmentation နဲ့ဆက်ပြီး ထုတ်ကုန်ပစ္စည်းတွေကိုပါ ကွဲပြားအောင် ခွဲခြားထုတ်တဲ့ Product Differentiation ကို Mr Wendell Smith က ဆောင်းပါးတစ်ခုမှာ အရောင်းဗျူဟာအနေနဲ့ အဆိုပြုရေးသားထားပါတယ်။ စားသုံးသူတွေအနေနဲ့ လူနေမှုပုံစံ၊ သဘောထား၊ စိတ်ဝင်စားမှု၊ တန်ဖိုးထားမှုနဲ့ ကိုယ်ပိုင်အမြင်တွေ ရှိကြတယ်။
စားသုံးသူစျေးကွက်ကို ကွဲပြားတဲ့အချက်အလက်တွေကို အကြမ်းအားဖြင့် လေးပိုင်းခွဲမြင်နိုင်ပါတယ်။
၁။ Demographics - လူဦးရေဆိုင်ရာ အခြေအနေအရပ်ရပ်ရှုထောင့်ကကြည့်ရင် အသက်အရွယ်၊ ကျား၊ မ၊ အိမ်ထောင်စုအရွယ်အစား၊ ဘဝအပိုင်းအခြား၊ လူမှုရေးအဆင့်၊ ပညာရေး၊ ယင်ငွေ၊ အလုပ်အကိုင်၊ ကိုးကွယ်သည့်ဘာသာ။
၂။ Geography - ပထဝီဒေသ၊ တိုင်းပြည်၊ မြို့ပြ/ကျေးလက်၊ ရာသီဥတု၊ တောင်ပေါ်/မြေပြန့်။
၃။ Psychographics - စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ လူနေမှုပုံစံ၊ တန်ဖိုးထားမှု၊ ထင်မြင်ချက်၊ စိတ်သဘောထား။
၄။ Behaviour - အပြုအမူ-လိုအပ်သော အကျိုးကျေးဇူး၊ အမှတ်တံဆိပ် စွဲစွဲမြဲမြဲသုံးစွဲမှု၊ မည်သူ့အဆုံးအဖြတ်ဖြင့် ဝယ်ယူသည်။
အထက်မှာဖော်ပြခဲ့တဲ့ အခြေခံအစိတ်အပိုင်းတွေကနေ မိမိ၏ ကုန်ပစ္စည်းဝယ်သူတွေရဲ့ အချင်းလက္ခဏာကို သတ်မှတ်နိုင်မယ်ဆိုရင် မိမိဦးတည်ရမယ့် Market Segment ကို အကြမ်းဖျင်းသိရှိပြီး Marketing Strategy ချနိုင်မှာ ဖြစ်ပါတယ်။
Source; Myanmar Online Entrepreneur

 

Read times
Rate this item
(1 Vote)