-->
×
Warning
JUser: :_load: Unable to load user with ID: 29
ကြိုးစားနေသမျှတော့ ကံတရားကကိုယ့်ဘက်မှာပါ
ကြိုးစားနေသမျှတော့ ကံတရားကကိုယ့်ဘက်မှာပါ google.com
Find Your Job-click here
(Unicode Version)
ကျွန်တော် အလုပ်မနားရဲဘူး ။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့မှာစုထားတဲ့ငွေမရှိလို့ပဲ ။
ကျွန်တော်ပင်ပန်းတယ်လို့ မပြောရဲဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လုပ်လက်စ အလုပ်တွေမပြီးသေးလို့ပဲ ။
ကျွန်တော ်အပျင်းမကြီးရဲဘူး ။
ဘကြောင့်လဲဆိုတော့ ကျွန်တော် ထက်သာတဲ့သူတွေတောင် ကြိုးစားနေကြဆဲမို့ပါ ။
ကျွန်တော်မှာ ရွေးစရာလမ်းတွေ အများကြီး
ဒါပေမဲ့ ရွေးပြီး သားလမ်းကိုတော့ ဘယ်တော့မှ မပစ်ဘူး ။
ဘယ်သူဘယ်လောက်ပဲ ကိုယ့်ကိုမကောင်းဘူးပြောပြော အချိန်တန်တော့ သူ့ဖာသာသူ နားလည််သွားပါလိမ့်မယ်။ စိတ်ထဲမှာ လာထည့်ထား နေစရာမလိုပါဘူး။ ကိုယ်ဘယ်သူ့အပေါ်မှာမှ အကြွေးမတင်ရင်တော်ပါ ပြီ ။
စိတ်အေးအေး ထားတက်အောင်ကြိုးစားပါ ။
လူ့ဘဝဆိုတာ အတက်ရှိသလို အဆင်းလဲရှိ တတ်ပါတယ် ။
သူများတွေကို လိုက်ပြီး ကဲ့ရဲ့နေစရာလဲ မလိုပါဘူး ။
ဘဝကပေးတဲ့သင်္ခန်းစာတွေကို ကြေညှက်လေလေ ကိုယ်က ကံကောင်းလေလေပါပဲ။
လူ့လောကကြီးမှာ ဘယ်အလုပ်မှ မပင်ပန်းဘူးဆိုတာ မရှိပါဘူး။ မရှုပ်ထွေးတဲ့ မိသားစု အသိုင်းဝိုင်း ဆိုတာလဲ မရှိပါဘူူ။ ကျွန်တော်ရွေးချယ်တဲ့လမ်းကတော့ လုံးလ ဝိရိယ ဇွဲ ဆိုတဲ့ လမး်ကိုပါပဲ။ ဘယ်သူကိုမှ မနာလို ဖြစ်ပါဘူး။ ဒီအခြေအနေထိရောက်ဖို့ဘယ်လောက်ထိ နေ့မနားညမနားလုပ်ခဲ့လဲ ဆိုတာပဲ မေးကြည့် လိုက်ပါ ။
လူတိုင်း လူတိုင်း လည်းလွတ်လပ်မှု့ကိုလိုချင်ကြ မှာပါပဲ။ အလုပ်မလုပ်ပဲ အိမ်မှာထိုင်စားနေတဲ့သူ ကို တောင်မေးကြည့် လိုက်ပါ ။သူတို့လည်း သူတို့အပူနဲသူတို့ပါ ။
ပစ္စည်းဥစ္စာ ကိုယ်ပိုင် လုပ်ငန်းနဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ် ဘယ်အရာမဆို တန်ဖိုးရှိအောင်သုံးပါ။
ဒါကြောင့်ဘယ်သူ့ကိုမှ မနာလိုစရာအကြောင်းမရှိဘူး ။
လူဘဝက တိုတိုလေးပါ ဘာမှပြိုင်စရာမရှိပါဘူး ။ကိုယ်ဘယ်လောက် ကုသိုလ်တွေလုပ်ပြီးပြီလဲ ?
ဆိုတာပြန်ဆန်းစစ်ကြည့် လိုက်ပါ ။လူတိုင်းဟာ သူလိုကိုယ့်လိုပဲ ဒါကြောင့် တယောက်နဲ့ တယောက်သဘောထားကြီးကြီးထားပါ။ မောင်နှမလိုဆက်ဆံပါ။ အားပေးအပြုံးလေးတွေပေးပါ။
ဒီလို ဆိုရင်တော့ လောကကြီးက ပျော်စရာကြီးပါ။
Change your brain ,Change your life.
Credit: မင်္ဂလာပါ သူဌေးမင်းကြီး
Read times
Rate this item
(2 votes)