-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆင္းရဲဒုကၡေတြၾကားထဲမွာ သင့္ကိုေရွ႔ဆက္တိုးေစႏိုင္တဲ႔အရာ

ဆင္းရဲဒုကၡေတြၾကားထဲမွာ သင့္ကိုေရွ႔ဆက္တိုးေစႏိုင္တဲ႔အရာ google.com

ရည္ရြယ္ခ်က္တစ္ခု ထားရွိျခင္းဟာ အရာအားလံုးထက္ ဆင္းရဲဒုကၡေတြၾကားထဲမွာ လူတစ္ေယာက္ကို ေရွ႕ဆက္သြားေစႏိုင္တဲ႔ ခြန္အားတစ္မ်ိဳးပါ။

စီးပြားေရးဆုိင္ရာ အႀကံေပးစတုိးလ္ရဲ႕ အဆုိအရ မဆုတ္မနစ္ ဇြဲရွိရွိလုပ္ႏိုင္ဖို႔အတြက္ အေရးအႀကီးဆံုး ပါ၀င္တဲ႔အရာက  ကိုယ္တက္ခ်င္တဲ႔ေတာင္၊ ကိုယ္ရဲ႕ရည္ရြယ္ခ်က္က ဘယ္လုိမ်ိဳးလဲဆိုတာ သတ္မွတ္ျခင္း ျဖစ္တယ္။

အဲသလုိသတ္မွတ္လုိက္ျခင္းဟာ ကိုယ့္ဘ၀မွာ လုပ္ရတဲ႔ အလုပ္ေတြကို ပုိၿပိးအဓိပၸာယ္ ရွိလာေစပါတယ္။ သို႔ေသာ္ေန႔တုိင္း ေတာင္မွားတက္မိတဲ႔သူေတြနဲ႔ ေတြ႔တယ္။ ဘ၀မွာ အႏွစ္၂၀ ဒါမွမဟုတ္ ဒီထက္မ်ားၿပီး တစ္ခုခုကို နက္ရွိဳင္းတဲ႔ ရည္ရြယ္ခ်က္မရွိဘဲ လုပ္ခဲ႔ၾကတယ္။ ၿပီးေတာ့မွ သူတို႔က ရုတ္တရက္ႀကီး ေနာက္ျပန္လွည့္ၾကည္ေျပာၾကတယ္။ “ငါဘာေတြ လုပ္ခဲ႔မိပါလိမ္႔” တဲ႔။

ကုိယ့္က သဘာ၀အရကို ရည္ရြယ္ခ်က္နဲ႔ ေမာင္းႏွင္အလုပ္လုပ္ေနသူဆိုရင္ ဆင္းရဲဒုကၡေတြကုိ ေက်ာ္လႊားႏိုင္ေအာင္ အေထာက္အကူေပးႏုိင္မယ့္ လားရာတစ္ခုကို  ကိုယ္ကိုယ္တုိင္က အလုိလုိ သိေနလိမ့္မယ္။

တကယ္လုိ႔ အဲ႔သလုိ မဟုတ္ဘူးဆုိရင္ ကိုယ့္မွာ အကူအညီလုိေကာင္းလုိေနၿပီျဖစ္တယ္။ ဒါေၾကာင့္ ကုိယ့္ရဲ႕လုိအင္ေတြကို ဖြ႔ံၿဖိဳးေအာင္လုပ္ဖုိ႔  ေအာက္မွာ ေဖာ္ျပထားတဲ႔ အဆင့္ေတြက အကူအညီျဖစ္ေစမွာပါ။

Read-ေအာင္ျမင္လိုသူေတြ မလုပ္သင့္တဲ့ အမူအက်င့္ ငါးခု

♦ရည္မွန္းခ်က္ႀကီးမ်ား၊ လုိအင္ဆႏၵေတြ အႀကီးအက်ယ္ပိုင္ဆုိင္ထားတဲ႔ လူရဲ႕ေဘးမွာေနပါ။

♦ပိုေနၿမဲ က်ားေနၿမဲဆုိတဲ႔  စိတ္ဓါတ္ရွိသူမျဖစ္ပါေစနဲ႔။

♦ကိုယ့္ကုိ စိန္ေခၚမွဳေတြ၊ စိတ္လွဳပ္ရွားမွဳေတြ ျဖစ္ေပၚေစမယ့္ ရည္မွန္းခ်က္ေတြကုိ ရွာေဖြပါ။

♦ကိုယ့့္ဆီမွာရွိေနတဲ႔ အရည္အခ်င္းေကာင္းေတြ၊ လုပ္ႏိုင္စြမ္းအားေတြကို ရည္မွန္းခ်က္ထဲသို႔ ထည့္သြင္း အေကာင္အထည္ေဖာ္ပါ။

ရည္မွန္းခ်က္ေတြရဲ႕ အသီးအပြင့္ေတြအေပၚ ေက်နပ္ေပ်ာ္ရႊင္ေနတာကို ျမင္ေယာင္ၾကည့္ပါ။

အဲဒီ မဟာဗ်ဴဟာကို ကုိယ္ကလုိက္မယ္ဆိုရင္ ကိုယ့္ရဲ႔ အဆံုးစြန္ရည္မွန္းခ်က္ကို ေတြ႔ခ်င္မွေတြ႔မယ္။ ဒါေပမယ့္ အနည္းဆံုး အဲဒီလားရာအတိုင္း ကိုယ္က စေရြ႕ေနမွာပဲျဖစ္တယ္။

အီဗရာလင္ကြန္းေျပာသလုိ “ကိုယ့္ေအာင္ျမင္မွဳအတြက္ ကိုယ္႔ရဲ႕ သနၷိ႒ာန္ကုိ စိတ္ထဲမွာ သယ္ေဆာင္ထားျခင္းဟာ အျခားအရာေတြထက္ ပုိအေရးႀကီးပါတယ္။”

Source; Democracy Today

(Unicode Version)

ရည်ရွယ်ချက်တစ်ခု ထားရှိခြင်းဟာ အရာအားလုံးထက် ဆင်းရဲဒုက္ခတွေကြားထဲမှာ လူတစ်ယောက်ကို ရှေ့ဆက်သွားစေနိုင်တဲ့ ခွန်အားတစ်မျိုးပါ။
စီးပွားရေးဆိုင်ရာ အကြံပေးစတိုးလ်ရဲ့ အဆိုအရ မဆုတ်မနစ် ဇွဲရှိရှိလုပ်နိုင်ဖို့အတွက် အရေးအကြီးဆုံး ပါ၀င်တဲ့အရာက ကိုယ်တက်ချင်တဲ့တောင်၊ ကိုယ်ရဲ့ရည်ရွယ်ချက်က ဘယ်လိုမျိုးလဲဆိုတာ သတ်မှတ်ခြင်း ဖြစ်တယ်။
အဲသလိုသတ်မှတ်လိုက်ခြင်းဟာ ကိုယ့်ဘဝမှာ လုပ်ရတဲ့ အလုပ်တွေကို ပိုပြိးအဓိပ္ပာယ် ရှိလာစေပါတယ်။ သို့သော်နေ့တိုင်း တောင်မှားတက်မိတဲ့သူတွေနဲ့ တွေ့တယ်။ ဘဝမှာ အနှစ်၂၀ ဒါမှမဟုတ် ဒီထက်များပြီး တစ်ခုခုကို နက်ရှိုင်းတဲ့ ရည်ရွယ်ချက်မရှိဘဲ လုပ်ခဲ့ကြတယ်။ ပြီးတော့မှ သူတို့က ရုတ်တရက်ကြီး နောက်ပြန်လှည့်ကြည်ပြောကြတယ်။ “ငါဘာတွေ လုပ်ခဲ့မိပါလိမ့်” တဲ့။
ကိုယ့်က သဘာဝအရကို ရည်ရွယ်ချက်နဲ့ မောင်းနှင်အလုပ်လုပ်နေသူဆိုရင် ဆင်းရဲဒုက္ခတွေကို ကျော်လွှားနိုင်အောင် အထောက်အကူပေးနိုင်မယ့် လားရာတစ်ခုကို ကိုယ်ကိုယ်တိုင်က အလိုလို သိနေလိမ့်မယ်။
တကယ်လို့ အဲ့သလို မဟုတ်ဘူးဆိုရင် ကိုယ့်မှာ အကူအညီလိုကောင်းလိုနေပြီဖြစ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့လိုအင်တွေကို ဖွ့ံဖြိုးအောင်လုပ်ဖို့ အောက်မှာ ဖော်ပြထားတဲ့ အဆင့်တွေက အကူအညီဖြစ်စေမှာပါ။
♦ရည်မှန်းချက်ကြီးများ၊ လိုအင်ဆန္ဒတွေ အကြီးအကျယ်ပိုင်ဆိုင်ထားတဲ့ လူရဲ့ဘေးမှာနေပါ။
♦ပိုနေမြဲ ကျားနေမြဲဆိုတဲ့ စိတ်ဓါတ်ရှိသူမဖြစ်ပါစေနဲ့။
♦ကိုယ့်ကို စိန်ခေါ်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေမယ့် ရည်မှန်းချက်တွေကို ရှာဖွေပါ။
♦ကိုယ့့်ဆီမှာရှိနေတဲ့ အရည်အချင်းကောင်းတွေ၊ လုပ်နိုင်စွမ်းအားတွေကို ရည်မှန်းချက်ထဲသို့ ထည့်သွင်း အကောင်အထည်ဖော်ပါ။
ရည်မှန်းချက်တွေရဲ့ အသီးအပွင့်တွေအပေါ် ကျေနပ်ပျော်ရွှင်နေတာကို မြင်ယောင်ကြည့်ပါ။
အဲဒီ မဟာဗျူဟာကို ကိုယ်ကလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ အဆုံးစွန်ရည်မှန်းချက်ကို တွေ့ချင်မှတွေ့မယ်။ ဒါပေမယ့် အနည်းဆုံး အဲဒီလားရာအတိုင်း ကိုယ်က စရွေ့နေမှာပဲဖြစ်တယ်။
အီဗရာလင်ကွန်းပြောသလို “ကိုယ့်အောင်မြင်မှုအတွက် ကိုယ့်ရဲ့ သန္နိဋ္ဌာန်ကို စိတ်ထဲမှာ သယ်ဆောင်ထားခြင်းဟာ အခြားအရာတွေထက် ပိုအရေးကြီးပါတယ်။”
Source; Democracy Today

Read times
Rate this item
(1 Vote)