-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလုပ္ခ်ိန္ႀကိဳးစားလြန္းၿပီး အလုပ္ခ်ိန္ထက္ ပိုလုပ္တဲ႔သူမ်ားကို ေခတ္မီနည္းစနစ္နဲ႔ ႏွင္ထုတ္ေတာ့မယ့္ ဂ်ပန္

အလုပ္ခ်ိန္ႀကိဳးစားလြန္းၿပီး အလုပ္ခ်ိန္ထက္ ပိုလုပ္တဲ႔သူမ်ားကို ေခတ္မီနည္းစနစ္နဲ႔ ႏွင္ထုတ္ေတာ့မယ့္ ဂ်ပန္ google.com

ကမၻာေပၚမွာ ဂ်ပန္ႏိုင္ငံဟာ အလုပ္လုပ္ဆံုးႏုိင္ငံဆုိတာကို အားလံုးသိၿပီးသားပါ။ ဒီလိုသတ္မွတ္ခံထားျခင္း အေၾကာင္းကလည္း ဂ်ပန္ႏိုင္ငံသားေတြဟာ အလုပ္ေတြကုိ ရိုးရာယဥ္ေက်းမွဳတစ္ခုလို ေလာဘတႀကီး နင္းကန္လုပ္တတ္လို႔ပဲျဖစ္ပါတယ္။ အလုပ္ခ်ိန္ၿပီးတဲ႔ အခါ အလုပ္ရွင္ေတြက ျပန္ခိုင္းေပမယ့္ ဂ်ပန္ႏိုင္ငံသားေတြဟာ ျပန္ေလ့မရွိဘဲ သတ္မွတ္ထားတဲ႔ အခ်ိန္ထက္ အေတာ္ေနာက္က်ၿပီးမွ ျပန္ေလ့ရွိၾကပါတယ္။

ဒါေၾကာင့္ ၀န္ထမ္းေတြကို အခ်ိန္ပုိမဆင္းႏိုင္ေအာင္ ေႏွာင့္ယွက္ဖို႔ နည္းစနစ္တစ္ခုကို ဂ်ပန္အစိုးရနဲ႔ ကုမၸဏီမ်ားက ေခတ္မီအစီအစဥ္တစ္ခုကို ဖန္တီးလိုက္ၾကပါတယ္။အဲဒီနည္းကေတာ့ ကုမၸဏီရံုးခန္းေတြမွာ အဆင့္ျမင့္ဒရုန္းေတြ ပ်ံသန္းေစမယ့္နည္းျဖစ္ပါတယ္။ အဆိုပါ ဒရုန္းေတြမွာ က်ယ္ေလာင္စြာ ဖြင့္ထားမယ့္ သီခ်င္းေတြပါမွာျဖစ္ၿပီး ဒီသီခ်င္းကေတာ့ “အလုပ္ခ်ိန္ၿပီးပါၿပီ အိမ္ျပန္ပါ” ဆိုတဲ႔စာသားကုိ ထပ္ကာထပ္ကာ ထည့္သြင္းထားတဲ႔ သီခ်င္းျဖစ္ပါတယ္။ ဒီဒရုန္းေတြဟာ  ၀န္ထမ္းေတြရဲ႕ ေခါင္းေပၚမွာ အႀကိမ္ႀကိမ္ပ်ံသန္းၿပီး ၀န္ထမ္းေတြကို အလုပ္ဆက္မလုပ္ေတာ့ပဲ အိမ္ျပန္ခ်င္သြားေအာင္ အေႏွာင့္အယွက္ ေပးမွာျဖစ္ပါတယ္။

အဆင့့္ျမင့္ ဒရုန္းေတြျဖစ္တာေၾကာင့္ အတားအဆီးေတြ၊ နံရံေတြကို အလြယ္တကူေရွာင္ႏုိင္မွာျဖစ္ၿပီး သတ္မွတ္ထားတဲ႔ အျမင့္တစ္ခုကေန အႏၱရာယ္မရွိေစဘဲ ပ်ံသန္းမွာ ျဖစ္ပါတယ္။ ဆူညံတဲ႔ သီခ်င္းသံေတြ သာမက ေစာင့္ၾကည့္ေရးကင္မရာေတြလည္း ပါ၀င္မွာျဖစ္ပါတယ္။ ေနာက္ႏွစ္ေဖေဖာ္၀ါရီေလာက္ကစလုိ႔ သံုးစြဲမွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ မ်က္ႏွာကို scanဖတ္ႏိုင္တဲ႔ ေဆာ့၀ဲေတြ ထည့္သြင္းႏိုင္ေအာင္ ႀကိဳးပမ္းလွ်က္ရွိပါတယ္။

ဒရုန္းေတြရဲ႕ တန္ဖိုးကေတာ့ ေဒၚလာ၄၅၀၀ ၀န္းက်င္ရွိၿပီး ေသာၾကာေန႔ေတြမွာ ထိုအစီအစဥ္ကို ျပလုပ္မွာပါ။ ၀န္ထမ္းေတြကေတာ့ ထိုအစီအစဥ္ကုိ ကန့္ကြက္လာႏိုင္ပါတယ္။ အေၾကာင္းကေတာ့ ေသာၾကာေန႔ဟာ သူတို႔အတြက္ အလုပ္အရွဳပ္ဆံုးအခ်ိန္ေတြျဖစ္ၿပီး ဒီလုိေန႔မ်ိဳးမွာ အလုပ္ေလ်ွာ့လုပ္ဖို႔ မျဖစ္ႏုိင္လို႔ပါ။

ဂ်ပန္အစိုးရကလည္း ၀န္ထမ္းေတြကို သင့္ေတာ္သလုိ အလုပ္လုပ္ေစခ်င္ပါတယ္။ ဒီလုိအလုပ္ႀကိဳးစားတာ တုိင္းျပည္ကို တိုးတက္ေစႏိုင္ေသာ္လညး္ တစ္ဖက္မွာ ဆံုးရွံဳးမွဳေတြရွိေနပါတယ္။ ၀န္ထမ္းအမ်ားစုဟာ ကုိယ္ပုိင္အခ်ိန္မရွိသေလာက္ျဖစ္ၿပီး စိတ္ဖိအားမ်ားလာကာ ကုိယ္႔ကုိယ္ကိုယ္ သတ္ေသမွဳေတြ မ်ားလာၾကသလုိ strokeလို၊ Heart Attackလုိ ေရာဂါျဖစ္ပြားမွဳေတြကလညး္ တစ္ႏွစ္နဲ႔ တစ္နွစ္ မ်ားျပားလာေနတာျဖစ္ပါတယ္။

Read-ေအာင္ျမင္သူနဲ႔ မေအာင္ျမင္သူရယ္လုိ႔ ကြဲျပားသြားေစတာ ဒီႏွစ္ခုေၾကာင့္ပါ

ဒီလုိအခ်ိန္ပိုေတြ လုပ္ၾကတာကလည္း အစိုးရနဲ႔ ကုမၸဏီပုိင္ရွင္ေတြ ဖိအားေပးမွဳေၾကာင့္ မဟုတ္ဘဲ ကိုယ္ပုိင္အသိစိတ္နဲ႔ ႀကိဳးစားပမ္းစား လုပ္ေနၾကတာျဖစ္ပါတယ္။ ဂ်ပန္ႏုိင္ငံဟာ အားလံုးၿပိဳကြဲသြားေပမယ့္ အခ်ိန္တိုတြင္း ကမၻာ႔ထိပ္ဆံုးကို ျပန္ေရာက္ခဲ့တာ ဒီလို အလုပ္ႀကိဳးစားတဲ့သူေတြ မ်ားျပားလြန္းတာေၾကာင့္ပဲ ျဖစ္ပါတယ္။ အျခားႏုိင္ငံအသီးသီးက မိမိတို႔ႏုိင္ငံသားေတြကို အလုပ္ေတြပုိလုပ္ၾကဖုိ႔  တုိက္တြန္းေနခ်ိန္မွာ ဂ်ပန္ႏိုင္ငံကေတာ့  ေလ်ွာ့လုပ္ၾကဖုိ႔ တုိက္တြန္းရတဲ႔ အဆင့္ထိျဖစ္ေနပါၿပီ။

Source; Thutazone

(Unicode Version)

ကမ္ဘာပေါ်မှာ ဂျပန်နိုင်ငံဟာ အလုပ်လုပ်ဆုံးနိုင်ငံဆိုတာကို အားလုံးသိပြီးသားပါ။ ဒီလိုသတ်မှတ်ခံထားခြင်း အကြောင်းကလည်း ဂျပန်နိုင်ငံသားတွေဟာ အလုပ်တွေကို ရိုးရာယဉ်ကျေးမှုတစ်ခုလို လောဘတကြီး နင်းကန်လုပ်တတ်လို့ပဲဖြစ်ပါတယ်။ အလုပ်ချိန်ပြီးတဲ့ အခါ အလုပ်ရှင်တွေက ပြန်ခိုင်းပေမယ့် ဂျပန်နိုင်ငံသားတွေဟာ ပြန်လေ့မရှိဘဲ သတ်မှတ်ထားတဲ့ အချိန်ထက် အတော်နောက်ကျပြီးမှ ပြန်လေ့ရှိကြပါတယ်။ ဒါကြောင့် ၀န်ထမ်းတွေကို အချိန်ပိုမဆင်းနိုင်အောင် နှောင့်ယှက်ဖို့ နည်းစနစ်တစ်ခုကို ဂျပန်အစိုးရနဲ့ ကုမ္ပဏီများက ခေတ်မီအစီအစဉ်တစ်ခုကို ဖန်တီးလိုက်ကြပါတယ်။
အဲဒီနည်းကတော့ ကုမ္ပဏီရုံးခန်းတွေမှာ အဆင့်မြင့်ဒရုန်းတွေ ပျံသန်းစေမယ့်နည်းဖြစ်ပါတယ်။ အဆိုပါ ဒရုန်းတွေမှာ ကျယ်လောင်စွာ ဖွင့်ထားမယ့် သီချင်းတွေပါမှာဖြစ်ပြီး ဒီသီချင်းကတော့ “အလုပ်ချိန်ပြီးပါပြီ အိမ်ပြန်ပါ” ဆိုတဲ့စာသားကို ထပ်ကာထပ်ကာ ထည့်သွင်းထားတဲ့ သီချင်းဖြစ်ပါတယ်။ ဒီဒရုန်းတွေဟာ ၀န်ထမ်းတွေရဲ့ ခေါင်းပေါ်မှာ အကြိမ်ကြိမ်ပျံသန်းပြီး ၀န်ထမ်းတွေကို အလုပ်ဆက်မလုပ်တော့ပဲ အိမ်ပြန်ချင်သွားအောင် အနှောင့်အယှက် ပေးမှာဖြစ်ပါတယ်။
အဆင့့်မြင့် ဒရုန်းတွေဖြစ်တာကြောင့် အတားအဆီးတွေ၊ နံရံတွေကို အလွယ်တကူရှောင်နိုင်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ အမြင့်တစ်ခုကနေ အန္တရာယ်မရှိစေဘဲ ပျံသန်းမှာ ဖြစ်ပါတယ်။ ဆူညံတဲ့ သီချင်းသံတွေ သာမက စောင့်ကြည့်ရေးကင်မရာတွေလည်း ပါ၀င်မှာဖြစ်ပါတယ်။ နောက်နှစ်ဖေဖော်ဝါရီလောက်ကစလို့ သုံးစွဲမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မျက်နှာကို scanဖတ်နိုင်တဲ့ ဆော့ဝဲတွေ ထည့်သွင်းနိုင်အောင် ကြိုးပမ်းလျှက်ရှိပါတယ်။ ဒရုန်းတွေရဲ့ တန်ဖိုးကတော့ ဒေါ်လာ၄၅၀၀ ၀န်းကျင်ရှိပြီး သောကြာနေ့တွေမှာ ထိုအစီအစဉ်ကို ပြလုပ်မှာပါ။ ၀န်ထမ်းတွေကတော့ ထိုအစီအစဉ်ကို ကန့်ကွက်လာနိုင်ပါတယ်။ အကြောင်းကတော့ သောကြာနေ့ဟာ သူတို့အတွက် အလုပ်အရှုပ်ဆုံးအချိန်တွေဖြစ်ပြီး ဒီလိုနေ့မျိုးမှာ အလုပ်လျှော့လုပ်ဖို့ မဖြစ်နိုင်လို့ပါ။
ဂျပန်အစိုးရကလည်း ၀န်ထမ်းတွေကို သင့်တော်သလို အလုပ်လုပ်စေချင်ပါတယ်။ ဒီလိုအလုပ်ကြိုးစားတာ တိုင်းပြည်ကို တိုးတက်စေနိုင်သော်လညး် တစ်ဖက်မှာ ဆုံးရှုံးမှုတွေရှိနေပါတယ်။ ၀န်ထမ်းအများစုဟာ ကိုယ်ပိုင်အချိန်မရှိသလောက်ဖြစ်ပြီး စိတ်ဖိအားများလာကာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ များလာကြသလို strokeလို၊ Heart Attackလို ရောဂါဖြစ်ပွားမှုတွေကလညး် တစ်နှစ်နဲ့ တစ်နှစ် များပြားလာနေတာဖြစ်ပါတယ်။
ဒီလိုအချိန်ပိုတွေ လုပ်ကြတာကလည်း အစိုးရနဲ့ ကုမ္ပဏီပိုင်ရှင်တွေ ဖိအားပေးမှုကြောင့် မဟုတ်ဘဲ ကိုယ်ပိုင်အသိစိတ်နဲ့ ကြိုးစားပမ်းစား လုပ်နေကြတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ အားလုံးပြိုကွဲသွားပေမယ့် အချိန်တိုတွင်း ကမ္ဘာ့ထိပ်ဆုံးကို ပြန်ရောက်ခဲ့တာ ဒီလို အလုပ်ကြိုးစားတဲ့သူတွေ များပြားလွန်းတာကြောင့်ပဲ ဖြစ်ပါတယ်။ အခြားနိုင်ငံအသီးသီးက မိမိတို့နိုင်ငံသားတွေကို အလုပ်တွေပိုလုပ်ကြဖို့ တိုက်တွန်းနေချိန်မှာ ဂျပန်နိုင်ငံကတော့ လျှော့လုပ်ကြဖို့ တိုက်တွန်းရတဲ့ အဆင့်ထိဖြစ်နေပါပြီ။
Source; Thutazone

 

Read times
Rate this item
(1 Vote)