-->
×
Warning
JUser: :_load: Unable to load user with ID: 29
သူဋ္ဌေးလား ၀န်ထမ်းလား
သူဋ္ဌေးလား ၀န်ထမ်းလား google.com
Read-ဘီလျံနာဆိုတာ ဂဏန်းပေါင်းစက်နဲ့ တွက်ချက်မှု သက်သက်ပါဆိုတဲ့ ဂျွန်ကော်လစ်ဆင်
Source; Chelmo Team
(Unicode Version)
ချမ်းသာသောသူနဲ့ ဆင်းရဲသူက လောကကြီးမှာ ဒွန်တွဲနေပေမဲ့လည်း ပြောင်းလဲအောင် လုပ်ယူနိုင်တယ်လို့ ထင်ပါတယ်။ သူတို့ နှစ်ယောက်မှာ အဓိက ကွာခြားချက်တွေရှိတယ်ဆိုတာကိ မမေ့ပါနဲ့နော်။ ဒီကွာခြားချက် တွေကို ပြင်နိုင်ရင် ပြောင်းလဲပါလိမ့်မယ်။
♦ လွယ်သောလမ်းကို လိုက်မလား၊ ခက်သောလမ်းကို လိုက်မလား
ခိုင်မြဲသော အလုပ်ကိုလုပ်နေခြင်း၊ တစ်ယောက်ယောက်ရဲ့ အမိန့်ကိုနာခံနေတာက ကိုယ်ပိုင်အလုပ်ထက် သက်သာကောင်းသက်သာပါလိမ့်မယ်။ သူဋ္ဌေးတွေကတော့ ရည်ရွယ်ချက်ရှိရှိ ခက်သောအလုပ်ကို ရွေးပြီးလုပ်လေ့ရှိပါတယ်။ သူများမလုပ်တဲ့ အလုပ်ကိုလုပ်နိုင်မှသာလျှင် အောင်မြင်ရန်လမ်းနဲ့ နည်းစပ်လာမှာ ဖြစ်ပါတယ်။ သူဋ္ဌေး ဖြစ်ချင်ရင်တော့ အခက်အခဲတွေ၊ ပြဿနာတွေကို ရင်ဆိုင်ရဲသော သတ္တိရှိရန်လိုပါတယ်။ ကိုယ်ကဘာဖြစ်ချင်သလဲ ဆိုတာကို စဉ်းစားပါ။
♦ လိုသည်ထက်ပိုပြီ သုံးနေသလား
သူဋ္ဌေးတွေက အိမ်တွေ၊ ကားတွေ ၀ယ်ပြီးပြီးချင်းရှုံးသွားနိုင်သော အရာဝတ္ထုကို မဝယ်ပါ။ ကိုယ့်အတွက် လိုအပ်မယ်လို့ ထင်သော အရာကိုသာ ၀ယ်လေ့၊ သုံးလေ့ရှိပါတယ်။ အချို့သူဋ္ဌေးတွေဆိုရင ် ကားတောင် အသစ်ဝယ် မစီးပါ။ ၀င်ငွေနီးပါး ငွေကို သုံးနေပြီဆိုရင်တော့ သတိထားပါ။
♦ဘယ်သူ့အတွက ်အလုပ်လုပ်နေတာလဲ။ ကိုယ့်အတွက်လား။ သူတပါးအတွက်လား
ဆင်းရဲသောသူဆိုသည်မှာ အမြဲတမ်း သူတပါးရဲ့ အမိန့်ကို နာခံလိုသူပါ။ သူဋ္ဌေးဖြစ်ချင်သူကတော့ ကိုယ်ပိုင်အလုပ် ကိုလုပ်နိုင်အောင်ကြိုးစားပါ။ သူ့လုပ်ငန်းကို ကြီးပွားလာအောင် အမြဲကြိုးစားနေသူပါ။ နောက်ပြီး သူ့လုပ်ငန်း အောင်မြင်ပြီး သင်ငွေပိုမိုရရှိအောင် ၀န်ထမ်းတွေကို လိုအပ်တယ်လို့ တွေးနေပါတယ်။
♦ ဘယ်သူမဆို ပေါင်းမှာလား၊ တော်သောသူကို ပေါင်းမှာလား။
အောင်မြင်အောင် ကြိုးစားနေသူဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာလည်း အောင်မြင်နေသူများပါလိမ့်မယ်။ အောင်မြင်ချင်ရင်တော့ ကိုယ်နဲ့ခံယူချက်တွေ တူညီသောသူနဲ့ ပေါင်းသင်းဆက်ဆံရန် လိုအပ်ပါတယ်။ အောင်မြင်နေသောသူက ဘယ်လိုစဉ်းစားပြီး သူတို့လို အောင်မြင်အောင် ကိုယ်လည်း ဘယ်လိုတွေးခေါ်ရမလဲ ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။
♦ ဘယ်သူ့အတွက် အလုပ်လုပ်မှာလဲ
မအောင်မြင်သောသူဟာ လခသာကောင်းရင် အလုပ်ကိုလွယ်လွယ်နဲ့ ပြောင်းတတ်ပါတယ်။ သူဋ္ဌေးတွေက အလုပ်လုပ်နေတာဟာ ပိုက်ဆံအတွက် အဓိကမဟုတ်တာကို သိနေပါတယ်။ အနာဂါတ်မှာ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်ရန်အတွက် ငယ်စဉ်အချိန်ထဲက သတိထားပြီး လေ့လာသင်ကြားရမှာပါ။ အရောင်းအဝယ်ကို စိတ်ဝင်စားသူက အရောင်းအဝယ်ကို ကြိုးစားပြီး လေ့လာရမှာဖြစ်သလို၊ ငွေရေးကြေးရေးကို စိတ်ဝင်စားသူကတော့ ဘဏ်မှာ အလုပ်လုပ် ငွေလည်ပတ်မှုကို သင်ယူရမှာ ဖြစ်ပါတယ်။ အောင်မြင်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့စွမ်းရည်၊ အတွေ့ အကြံုကို တိုးတက်အောင် လုပ်ရမှာပါ။
♦ အားလုံးကို တစ်ယောက်တည်းလုပ်မှာလား၊ အကူအညီတောင်းမှာလား။
အောင်မြင်ရန်အတွက် ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှရန်လိုပေမယ့်လညး် တစ်ယောက်တည်း လုပ်နေရင်လည်း အောင်မြင်ရန် မလွယ်ကူပါ။ ကဏ္ဍအသီးသီးမှာ ကျွမ်းကျင်သော သူတွေရဲ့ ကူညီမှုက လိုအပ်ပါတယ်။ ဒါဆိုရင်တော့ သူဋ္ဌေးဖြစ်ချင်သောသူက ဒီစာလေးကို ဖတ်ပြီး အထောက်အကူ ဖြစ်နိုင်ရင် အကောင်းဆုံးပါ။
Source; Chelmo Team
Read times
Rate this item
(2 votes)