-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေဖေဖာ္ဝါရီ ၁၅ ရက္မွစတင္ၿပီး ေၾကာ္ျငာေတြကို CHROME BROWSER ပိတ္ပင္သြားမည္

ေဖေဖာ္ဝါရီ ၁၅ ရက္မွစတင္ၿပီး ေၾကာ္ျငာေတြကို CHROME BROWSER ပိတ္ပင္သြားမည္ google.com

Google ပိုင္ဆိုင္တဲ့ Chrome browser ဟာ ဇြန္လအတြင္းက ေၾကာ္ျငာေတြ စတင္ပိတ္ပင္မယ့္ အစီအစဥ္တစ္ခုကုိ ထုတ္ျပန္ခဲ့ပါတယ္။ ဒီထုတ္ျပန္ခ်က္ေၾကာင့္ Chrome ရဲ႕ ad blocker extension သုံးစြဲမႈ ျမင့္တက္ႏႈန္းက ဆက္လက္ ျမင့္တက္ႏိုင္ပါတယ္။

Google ဟာ ေၾကာ္ျငာကေန ဝင္ေငြအမ်ားဆုံး ရရွိေနတာေၾကာင့္ အင္တာနက္သံုးစြဲသူေတြက ေၾကာ္ျငာေၾကာင့္ စိတ္အေႏွာင့္အယွက္ မျဖစ္ေစေအာင္ ျပဳလုပ္ဖို႔ ဆႏၵရိွေနပါတယ္။

Google အေနနဲ႔ ေဖေဖာ္ဝါရီ ၁၅ ရက္မွ စတင္ၿပီး Chrome browser အတြင္း ကုမၸဏီရဲ႕ကုိယ္ပုိင္ ေၾကာ္ျငာေတြနဲ႔ ဝက္ဘ္ဆိုက္ေတြက ေၾကာ္ျငာေတြအားလုံးကို စတင္ပိတ္သြားေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ Google က သတ္မွတ္ထားတဲ့ “Better Ads Standards” မျပည့္မီတဲ့ ဝက္ဘ္ဆိုက္က ေၾကာ္ျငာေတြကုိပဲ ပိတ္သြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ စိတ္ညစ္ဖြယ္ရာ ေၾကာ္ျငာေတြျပသတဲ့ ဝက္ဘ္ဆိုက္ေတြက ဘယ္ေၾကာ္ျငာကုိမဆို Chrome သုံးစြဲသူေတြ ျမင္ရေတာ့မွာ မဟုတ္ပါဘူး။

Read-ၾကည့္ရွဴ႕သူေတြကို ဖမ္းစားႏိုင္တဲ႔ အလန္းစားေၾကာ္ျငာမ်ား

အဲဒီလိုေၾကာ္ျငာေတြက full page ေၾကာ္ျငာေတြ၊ flash ေၾကာ္ျငာေတြ ဒါမွမဟုတ္ မထင္မွတ္ဘဲ အသံ ထြက္လာတာ ဒါမွမဟုတ္ ဗီဒီယို ထြက္ေပၚလာတဲ့ေၾကာ္ျငာမ်ိဳးေတြ ျဖစ္ၿပီး အင္တာနက္အသုံးျပဳသူေတြကို စိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ သုံးစြဲသူေတြက အဲလိုမ်ိဳး ေၾကာ္ျငာေတြကို အသုံးျပဳလာတဲ့အခါ ဝက္ဘ္ဆိုက္ေတြအေနနဲ႔ စိတ္အေႏွာင့္အယွက္ေပးတဲ့ ေၾကာ္ျငာေတြကို ဖယ္ရွားပစ္ဖို႔ ဖိအားရွိလာပါတယ္။

ဝက္ဘ္ဆိုက္ admin ေတြအေနနဲ႔ Google ရဲ႕ Ad Experience Report ကုိအသုံးျပဳၿပီး Better Ads Standards နဲ႔မကုိက္ညီတဲ့ ေၾကာ္ျငာေတြကို သိႏိုင္ပါတယ္။ ဝက္ဘ္ဆိုက္တစ္ခုဟာ စံသတ္မွတ္ခ်က္သစ္နဲ႔ ကိုက္ညီ ေအာင္ျမင္ၿပီးေနာက္ ရက္ ၃၀ နဲ႔အထက္ လုိက္နာမႈပ်က္ကြက္သြားရင္ Chrome အေနနဲ႔ အဲဒီဝက္ဘ္ဆိုက္က ေၾကာ္ျငာေတြကို ျပသေပးေတာ့မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ ဝက္ဘ္ဆိုက္ေတြက Chrome မွာ ေၾကာ္ျငာေတြ စတင္ ျပသႏိုင္ဖုိ႔ Ad Experience Report သုံးၿပီး ျပန္လည္သုံးသပ္ဖုိ႔အတြက္ ေတာင္းဆိုႏိုင္တယ္လို႔ သိရပါတယ္။

Source; Internet Journal

(Unicode Version)

Google ပိုင်ဆိုင်တဲ့ Chrome browser ဟာ ဇွန်လအတွင်းက ကြော်ငြာတွေ စတင်ပိတ်ပင်မယ့် အစီအစဉ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကြောင့် Chrome ရဲ့ ad blocker extension သုံးစွဲမှု မြင့်တက်နှုန်းက ဆက်လက် မြင့်တက်နိုင်ပါတယ်။ Google ဟာ ကြော်ငြာကနေ ဝင်ငွေအများဆုံး ရရှိနေတာကြောင့် အင်တာနက်သုံးစွဲသူတွေက ကြော်ငြာကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေအောင် ပြုလုပ်ဖို့ ဆန္ဒရှိနေပါတယ်။
Google အနေနဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ပြီး Chrome browser အတွင်း ကုမ္ပဏီရဲ့ကိုယ်ပိုင် ကြော်ငြာတွေနဲ့ ဝက်ဘ်ဆိုက်တွေက ကြော်ငြာတွေအားလုံးကို စတင်ပိတ်သွားတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Google က သတ်မှတ်ထားတဲ့ “Better Ads Standards” မပြည့်မီတဲ့ ဝက်ဘ်ဆိုက်က ကြော်ငြာတွေကိုပဲ ပိတ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ညစ်ဖွယ်ရာ ကြော်ငြာတွေပြသတဲ့ ဝက်ဘ်ဆိုက်တွေက ဘယ်ကြော်ငြာကိုမဆို Chrome သုံးစွဲသူတွေ မြင်ရတော့မှာ မဟုတ်ပါဘူး။
အဲဒီလိုကြော်ငြာတွေက full page ကြော်ငြာတွေ၊ flash ကြော်ငြာတွေ ဒါမှမဟုတ် မထင်မှတ်ဘဲ အသံ ထွက်လာတာ ဒါမှမဟုတ် ဗီဒီယို ထွက်ပေါ်လာတဲ့ကြော်ငြာမျိုးတွေ ဖြစ်ပြီး အင်တာနက်အသုံးပြုသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ သုံးစွဲသူတွေက အဲလိုမျိုး ကြော်ငြာတွေကို အသုံးပြုလာတဲ့အခါ ဝက်ဘ်ဆိုက်တွေအနေနဲ့ စိတ်အနှောင့်အယှက်ပေးတဲ့ ကြော်ငြာတွေကို ဖယ်ရှားပစ်ဖို့ ဖိအားရှိလာပါတယ်။
ဝက်ဘ်ဆိုက် admin တွေအနေနဲ့ Google ရဲ့ Ad Experience Report ကိုအသုံးပြုပြီး Better Ads Standards နဲ့မကိုက်ညီတဲ့ ကြော်ငြာတွေကို သိနိုင်ပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုဟာ စံသတ်မှတ်ချက်သစ်နဲ့ ကိုက်ညီ အောင်မြင်ပြီးနောက် ရက် ၃၀ နဲ့အထက် လိုက်နာမှုပျက်ကွက်သွားရင် Chrome အနေနဲ့ အဲဒီဝက်ဘ်ဆိုက်က ကြော်ငြာတွေကို ပြသပေးတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဝက်ဘ်ဆိုက်တွေက Chrome မှာ ကြော်ငြာတွေ စတင် ပြသနိုင်ဖို့ Ad Experience Report သုံးပြီး ပြန်လည်သုံးသပ်ဖို့အတွက် တောင်းဆိုနိုင်တယ်လို့ သိရပါတယ်။
Source; Internet Journal

Read times
Rate this item
(1 Vote)