-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေစ်းကြက္ရွာေဖြျခင္းတြင္ အေရးႀကီးဆံုးလုပ္ငန္းစဥ္တစ္ရပ္ျဖစ္သည့္ ေၾကာ္ျငာျခင္း

ေစ်းကြက္ရွာေဖြျခင္းတြင္ အေရးႀကီးဆံုးလုပ္ငန္းစဥ္တစ္ရပ္ျဖစ္သည့္ ေၾကာ္ျငာျခင္း google.com

မိမိတုိ႔ လုပ္ငန္းကုမၸဏီ အဖြဲ႕အစည္းမွ ေရာင္းခ်ေသာ ကုန္ပစၥည္းမ်ား အေၾကာင္းကို သိရွိေစရန္ ျဖစ္ေစ၊ ဝန္ေဆာင္မႈ လုပ္ငန္းဆုိင္ရာမ်ားကို သိရွိေစရန္ ျဖစ္ေစ ေၾကာ္ျငာေပးရသည္။ ေၾကာ္ျငာရာတြင္ အသံပိုင္းဆုိင္ရာ (Audio) အေထာက္အကူျပဳ ပစၥည္းမ်ားကို အသံုးျပဳၾကေလ့ ရွိၾကသကဲ့သုိ႔ အျမင္ပိုင္းဆုိင္ရာ (Visual) အေထာက္အကူျပဳ ပစၥည္းမ်ားကို အသံုးခ်ရသည္မ်ားလည္းရွိသည္။

လူထုဆက္ဆံေရး နည္းဗ်ဴဟာမ်ားအနက္ အႏုစိပ္ႀကံဆကာေၾကာ္ျငာမ်ား ျပဳလုပ္ျခင္းသည္ ဝယ္ယူ အသံုးျပဳမည့္ သူမ်ားအား ဆြဲေဆာင္မႈေပးႏုိင္ျခင္းႏွင့္ ဝန္ေဆာင္မႈ တစ္ရပ္ရပ္ကိုလုိလား ေတာင့္တသူမ်ားအား စိတ္ပါဝင္စားမႈ ရွိလာႏုိင္ေစျခင္းမ်ားကဲ့သုိ႔ေသာ အက်ိဳးဆက္မ်ား ရရွိေစပါသည္။

မ်ားေသာအားျဖင့္ မီဒီယာမ်ားကို ၾကားခံအျဖစ္ အသံုးခ်ၾကသည္။ ေခတ္ေဟာင္းပံုစံျပဳ မီဒီယာမ်ားအေနျဖင့္ သတင္းစာ၊ မဂၢဇင္း၊ ႐ုပ္ျမင္သံၾကား၊ ေရဒီယို Billboard ကဲ့သုိ႔ေသာ Outdoor advertising ႏွင့္  ေၾကာ္ျငာသစ္ပံုစံျပဳ မီဒီယာမ်ားတြင္မူ အင္တာနက္ အေျချပဳလုပ္ကိုင္ထားသည့္ Websites မ်ား၊ Search results မ်ား၊ Blogs မ်ား၊ Social Media မ်ားႏွင့္ Text messages မ်ားကို အသံုးျပဳၾကသည္။

ပစၥည္းထုတ္လုပ္ ေရာင္းခ်ျခင္း လုပ္ငန္းမ်ားကို ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက လုပ္ကိုင္ၾကေသာေၾကာင့္ ေၾကာ္ျငာျခင္း လုပ္ေဆာင္ခ်က္မ်ားကိုလည္း ေရွးေခတ္ကတည္းက ရွိခဲ့သည္ဟု မွတ္ယူႏုိင္ပါလိမ့္မည္။ တ႐ုတ္ႏုိင္ငံ၏ ေရွးအက်ဆံုး ေၾကာ္ျငာ တစ္ခုျဖစ္သည္။ အပ္မ်ိဳးစံု ထုတ္လုပ္ေရးေၾကာ္ျငာကို ျပတုိက္တြင္ မွတ္တမ္းတင္ထားခဲ့ၾကသည္။ စကၠဴစာရြက္ႏွင့္ ပံုႏွိပ္ထုတ္လုပ္ကာ ေၾကာ္ျငာျခင္းမ်ားကိုမူ ၁၈ ရာစုႏွစ္ အဂၤလန္ႏုိင္ငံထုတ္ သတင္းစာမ်ားႏွင့္ မွတ္တမ္းတင္ထားၾကသည္။ ၂၀ ရာစုႏွစ္ ေရာက္သည့္ အခ်ိန္ကစ၍ မည္သည့္ လုပ္ငန္းဌာနျဖစ္ေစ၊ ေၾကာ္ျငာျခင္း လုပ္ငန္းကို မျဖစ္မေန ေဆာင္ရြက္ရသည့္ လုပ္ငန္းတစ္ရပ္ ျဖစ္လာခဲ့ေတာ့သည္။

Address for Advertising Agencies

ယေန႔ေခတ္ ပညာရပ္မ်ား ဆည္းပူးေလ့လာၾကရာတြင္ ေၾကာ္ျငာအဓိက ဘာသာရပ္ျဖင့္ ဝိဇၨာ သိပၸံဘြဲ႕မ်ား ရယူၾကသည့္ အစဥ္အလာမ်ား ရွိလာၿပီျဖစ္သည္။ ေၾကာ္ျငာဘာသာရပ္အတြက္ ေအာက္ပါပ႐ိုဂရမ္ ပါဝင္မည္ ျဖစ္သည္။

၁။ ေၾကာ္ျငာလုပ္ငန္း အေျခခံ သေဘာတရား

၂။ အမွတ္တံဆိပ္ ေၾကာ္ျငာ နည္းဗ်ဴဟာ

၃။ ပရိသတ္ပိုင္းဆုိင္ရာ စစ္ေဆးေလ့လာမႈ

၄။ အေၾကာင္းအရာ ဖန္တီးမႈ

၅။ လူမႈေဗဒႏွင့္စိတၱေဗဒ

၆။ ေစ်းကြက္ဆုိင္ရာ အေျခခံသေဘာတရား

၇။ ဝယ္ယူအသံုးျပဳသူမ်ား အျပဳအမူ

၈။ စာရင္းဇယားပညာႏွင့္ စီးပြားေရးပညာ

အေကာင္းဆံုးေၾကာ္ျငာျခင္း ဆုိင္ရာနည္းဗ်ဴဟာမ်ားအျဖစ္ ေအာက္ပါအခ်က္မ်ားကို မွတ္ယူႏိုင္ပါသည္။

၁။ ပရိသတ္ပိုင္းဆုိင္ရာကို ပစ္မွတ္ထားျခင္း

၂။ မိမိေၾကာ္ျငာခ်က္အေပၚ ေလ့လာသံုးသပ္ျခင္း

၃။ မည္သည့္အခ်ိန္တြင္ ေၾကာ္ျငာရမည္ကို သိရွိျခင္း

၄။ အမွတ္တံဆိပ္ကို ခ်ီးေျမႇာက္ျခင္း

၅။ ေၾကာ္ျငာမူ အရင္းအျမစ္ ေကာင္းေကာင္း အသံုးခ်ျခင္း

၆။ မွန္ကန္ေသာ ေနရာမ်ားတြင္ ျပသေပးျခင္း

ေၾကာ္ျငာရာတြင္ ထိေရာက္စြာ လႈပ္ခါသြားေစသည့္ စကားလုံးေဝါဟာရမ်ားကို အသံုးျပဳၾကသည္။

ထုိ႔အျပင္ ေၾကာ္ျငာႏိုင္မယ့္နည္းလမ္းမ်ားမွာ ေအာက္ပါအတုိင္းျဖစ္ပါသည္။

ပံုႏွိပ္ေၾကာ္ျငာမ်ား

လက္ကမ္းေၾကာ္ျငာ (စာအုပ္ငယ္)

လက္လမ္းစာေစာင္

ပစၥည္းစာရင္း ျပေၾကာ္ျငာ

လက္ကမ္းေၾကာ္ျငာ (စာရြက္)

ေၾကာ္ျငာထည့္သြင္းခ်က္

စာနယ္ဇင္း

သတင္းစာမ်ား

မဂၢဇင္းမ်ား

႐ုပ္သံႏွင့္ အသံထုတ္လႊတ္ ျခင္း

႐ုပ္ျမင္သံၾကား

႐ုပ္ရွင္႐ံု

ေရဒီယို

အီလက္ထရြန္နစ္

အင္တာနက္ (ဝက္ဘ္ဆုိက္-အီး ေမးလ္)

လူမႈကြန္ရက္

ခင္းက်င္းျပသမႈ

နံရံကပ္ေၾကာ္ျငာ

လမ္းေဘး ေၾကာ္ျငာ ဆုိင္းဘုတ္မ်ား

ခရီးသြား ျပည္သူ ခရီးသြားလာေရးယာဥ္မ်ား

ေစ်းေရာင္းပြဲ

အျခားနည္းလမ္းမ်ား

ကုန္စည္ျပပြဲ

ကမကထျပဳ က်င္းပပြဲ

ႏႈတ္ျဖင့္ ေၾကာ္ျငာျခင္း

ေစ်းကြက္ရွာေဖြျခင္း လုပ္ငန္းစဥ္အတြက္ ေၾကာ္ျငာျခင္းလုပ္ငန္းကို ပါဝင္လာေစျခင္းအားျဖင့္ ကုန္ပစၥည္းမ်ား ေရာင္းအားတက္လာေစျခင္း သုိ႔မဟုတ္ အလုပ္အပ္ႏွံသူ ပိုမုိတုိးတက္လာေစျခင္းမ်ား ျဖစ္ေစႏုိင္ပါသည္။

ကုန္ပစၥည္းေရာင္းခ် ျဖန္႔ျဖဴးသူမ်ားအေနျဖင့္ ေစ်းကြက္ရွာျခင္းႏွင့္ ေၾကာ္ျငာျခင္းတုိ႔၏ ေပါင္းစပ္မႈသည္ ေရာင္းအားတိုးတက္ ျဖစ္ထြန္းမႈကို ဧကန္မလြဲ ရရွိႏုိင္ၾကေစမည္ ျဖစ္သည္။

Credit; ေရႊပုလဲအိမ္

Source; Internet Journal

(Unicode Version)

စျေးကွက်ရှာဖွေခြင်း လုပ်ငန်းစဉ်၏ ခေါင်းစဉ်အောက်တွင်ပါရှိသော အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ရပ်မှာ ကြော်ငြာခြင်း လုပ်ငန်းဖြစ်သည်။
မိမိတို့ လုပ်ငန်းကုမ္ပဏီ အဖွဲ့အစည်းမှ ရောင်းချသော ကုန်ပစ္စည်းများ အကြောင်းကို သိရှိစေရန် ဖြစ်စေ၊ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာများကို သိရှိစေရန် ဖြစ်စေ ကြော်ငြာပေးရသည်။ ကြော်ငြာရာတွင် အသံပိုင်းဆိုင်ရာ (Audio) အထောက်အကူပြု ပစ္စည်းများကို အသုံးပြုကြလေ့ ရှိကြသကဲ့သို့ အမြင်ပိုင်းဆိုင်ရာ (Visual) အထောက်အကူပြု ပစ္စည်းများကို အသုံးချရသည်များလည်းရှိသည်။
လူထုဆက်ဆံရေး နည်းဗျူဟာများအနက် အနုစိပ်ကြံဆကာကြော်ငြာများ ပြုလုပ်ခြင်းသည် ဝယ်ယူ အသုံးပြုမည့် သူများအား ဆွဲဆောင်မှုပေးနိုင်ခြင်းနှင့် ဝန်ဆောင်မှု တစ်ရပ်ရပ်ကိုလိုလား တောင့်တသူများအား စိတ်ပါဝင်စားမှု ရှိလာနိုင်စေခြင်းများကဲ့သို့သော အကျိုးဆက်များ ရရှိစေပါသည်။
များသောအားဖြင့် မီဒီယာများကို ကြားခံအဖြစ် အသုံးချကြသည်။ ခေတ်ဟောင်းပုံစံပြု မီဒီယာများအနေဖြင့် သတင်းစာ၊ မဂ္ဂဇင်း၊ ရုပ်မြင်သံကြား၊ ရေဒီယို Billboard ကဲ့သို့သော Outdoor advertising နှင့် စာတိုက်မှ ကြော်ငြာသစ်ပုံစံပြု မီဒီယာများတွင်မူ အင်တာနက် အခြေပြုလုပ်ကိုင်ထားသည့် Websites များ၊ Search results များ၊ Blogs များ၊ Social Media များနှင့် Text messages များကို အသုံးပြုကြသည်။
ပစ္စည်းထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းများကို ရှေးနှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်ကြသောကြောင့် ကြော်ငြာခြင်း လုပ်ဆောင်ချက်များကိုလည်း ရှေးခေတ်ကတည်းက ရှိခဲ့သည်ဟု မှတ်ယူနိုင်ပါလိမ့်မည်။ တရုတ်နိုင်ငံ၏ ရှေးအကျဆုံး ကြော်ငြာ တစ်ခုဖြစ်သည်။ အပ်မျိုးစုံ ထုတ်လုပ်ရေးကြော်ငြာကို ပြတိုက်တွင် မှတ်တမ်းတင်ထားခဲ့ကြသည်။ စက္ကူစာရွက်နှင့် ပုံနှိပ်ထုတ်လုပ်ကာ ကြော်ငြာခြင်းများကိုမူ ၁၈ ရာစုနှစ် အင်္ဂလန်နိုင်ငံထုတ် သတင်းစာများနှင့် မှတ်တမ်းတင်ထားကြသည်။ ၂၀ ရာစုနှစ် ရောက်သည့် အချိန်ကစ၍ မည်သည့် လုပ်ငန်းဌာနဖြစ်စေ၊ ကြော်ငြာခြင်း လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ် ဖြစ်လာခဲ့တော့သည်။
ယနေ့ခေတ် ပညာရပ်များ ဆည်းပူးလေ့လာကြရာတွင် ကြော်ငြာအဓိက ဘာသာရပ်ဖြင့် ဝိဇ္ဇာ သိပ္ပံဘွဲ့များ ရယူကြသည့် အစဉ်အလာများ ရှိလာပြီဖြစ်သည်။ ကြော်ငြာဘာသာရပ်အတွက် အောက်ပါပရိုဂရမ် ပါဝင်မည် ဖြစ်သည်။
၁။ ကြော်ငြာလုပ်ငန်း အခြေခံ သဘောတရား
၂။ အမှတ်တံဆိပ် ကြော်ငြာ နည်းဗျူဟာ
၃။ ပရိသတ်ပိုင်းဆိုင်ရာ စစ်ဆေးလေ့လာမှု
၄။ အကြောင်းအရာ ဖန်တီးမှု
၅။ လူမှုဗေဒနှင့်စိတ္တဗေဒ
၆။ စျေးကွက်ဆိုင်ရာ အခြေခံသဘောတရား
၇။ ဝယ်ယူအသုံးပြုသူများ အပြုအမူ
၈။ စာရင်းဇယားပညာနှင့် စီးပွားရေးပညာ
အကောင်းဆုံးကြော်ငြာခြင်း ဆိုင်ရာနည်းဗျူဟာများအဖြစ် အောက်ပါအချက်များကို မှတ်ယူနိုင်ပါသည်။
၁။ ပရိသတ်ပိုင်းဆိုင်ရာကို ပစ်မှတ်ထားခြင်း
၂။ မိမိကြော်ငြာချက်အပေါ် လေ့လာသုံးသပ်ခြင်း
၃။ မည်သည့်အချိန်တွင် ကြော်ငြာရမည်ကို သိရှိခြင်း
၄။ အမှတ်တံဆိပ်ကို ချီးမြှောက်ခြင်း
၅။ ကြော်ငြာမူ အရင်းအမြစ် ကောင်းကောင်း အသုံးချခြင်း
၆။ မှန်ကန်သော နေရာများတွင် ပြသပေးခြင်း
ကြော်ငြာရာတွင် ထိရောက်စွာ လှုပ်ခါသွားစေသည့် စကားလုံးဝေါဟာရများကို အသုံးပြုကြသည်။
ထို့အပြင် ကြော်ငြာနိုင်မယ့်နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပုံနှိပ်ကြော်ငြာများ
လက်ကမ်းကြော်ငြာ (စာအုပ်ငယ်)
လက်လမ်းစာစောင်
ပစ္စည်းစာရင်း ပြကြော်ငြာ
လက်ကမ်းကြော်ငြာ (စာရွက်)
ကြော်ငြာထည့်သွင်းချက်
စာနယ်ဇင်း
သတင်းစာများ
မဂ္ဂဇင်းများ
ရုပ်သံနှင့် အသံထုတ်လွှတ် ခြင်း
ရုပ်မြင်သံကြား
ရုပ်ရှင်ရုံ
ရေဒီယို
အီလက်ထရွန်နစ်
အင်တာနက် (ဝက်ဘ်ဆိုက်-အီး မေးလ်)
လူမှုကွန်ရက်
ခင်းကျင်းပြသမှု
နံရံကပ်ကြော်ငြာ
လမ်းဘေး ကြော်ငြာ ဆိုင်းဘုတ်များ
ခရီးသွား ပြည်သူ ခရီးသွားလာရေးယာဉ်များ
စျေးရောင်းပွဲ
အခြားနည်းလမ်းများ
ကုန်စည်ပြပွဲ
ကမကထပြု ကျင်းပပွဲ
နှုတ်ဖြင့် ကြော်ငြာခြင်း
စျေးကွက်ရှာဖွေခြင်း လုပ်ငန်းစဉ်အတွက် ကြော်ငြာခြင်းလုပ်ငန်းကို ပါဝင်လာစေခြင်းအားဖြင့် ကုန်ပစ္စည်းများ ရောင်းအားတက်လာစေခြင်း သို့မဟုတ် အလုပ်အပ်နှံသူ ပိုမိုတိုးတက်လာစေခြင်းများ ဖြစ်စေနိုင်ပါသည်။
ကုန်ပစ္စည်းရောင်းချ ဖြန့်ဖြူးသူများအနေဖြင့် စျေးကွက်ရှာခြင်းနှင့် ကြော်ငြာခြင်းတို့၏ ပေါင်းစပ်မှုသည် ရောင်းအားတိုးတက် ဖြစ်ထွန်းမှုကို ဧကန်မလွဲ ရရှိနိုင်ကြစေမည် ဖြစ်သည်။

Credit; ရွှေပုလဲအိမ်
Source; Internet Journal

Read times
Rate this item
(1 Vote)