-->
×

Warning

JUser: :_load: Unable to load user with ID: 29


၂၀၁၇ ခုႏွစ္မွာ သင္အေျခအေနေကာင္းခဲ႔ပါတယ္

၂၀၁၇ ခုႏွစ္မွာ သင္အေျခအေနေကာင္းခဲ႔ပါတယ္ google.com

ခုခ်ိန္မွာ ၂၀၁၇ခုႏွစ္ရဲ ဒီဇင္ဘာလကိုရာက္ေနၿပီျဖစ္သည့္အျပင္ ႏွစ္ကုန္ဖို႔ကလည္း နာရီပုိင္းေလာက္ သာက်န္ပါေတာ့တယ္။ ၂၀၁၇ ခုႏွစ္အတြင္းမွာ သင့္ ဘ၀အေျခအေန ဘယ္လိုရွိခဲ့လဲ ဆိုတာကို ဆန္းစစ္ခ်င္တယ္ဆိုလွ်င္ ေအာက္ပါအခ်က္ေလးေတြကို ဖတ္ရွဳျပီး ဆန္းစစ္ႏိုင္ပါတယ္။

၁။ သင္ သက္ရွိထင္ရွားရွိေနေသးျခင္း

ဒီထက္ေကာင္းတဲ ့အခ်က္မရွိေတာ့ပါဘူး။ သင္အခု ဒီေဆာင္းပါးကို ဖတ္ေနတဲ ့အခ်ိန္ဟာ ၂၀၁၇ ခုႏွစ္ကုန္ဆံုးကာနီးျဖစ္တဲ ့အတြက္ သင့္အေနနဲ ့၂၀၁၇ ခုႏွစ္ကို အသက္ရွင္လ်က္နဲ ့ေက်ာ္ျဖတ္ခဲ့ပါျပီ။ ဒါဟာ ၂၀၁၇ ႏွစ္ထဲမွာ သင္အေျခအေနေကာင္းခဲ့တယ္လို ့ဆိုႏိုင္ပါတယ္။

 

၂။ သင့္ေခါင္းထက္မွာ အမိုးအကာေလးတစ္ခုရွိေနေသးျခင္း

ငွားထားတဲ ့၆ ေပပတ္လည္ အခန္းက်ဥ္းေလးပဲ ျဖစ္ျဖစ္၊ ျခံအက်ယ္ၾကီးပဲ ျဖစ္ျဖစ္၊ကြန္ဒိုၾကီးမွာပဲေနေန သင့္ေခါင္းေပၚမွာ သင့္ကို အကာအကြယ္ေပးႏိုင္တဲ ့အမိုးအကာေလးရွိေနေသးတယ္ဆိုလွ်င္ သင္ဟာ လမ္းေဘးမွာ အိပ္ရတဲ ့လူတစ္ေယာက္ထက္ေတာ့ အေျခအေနေကာင္းပါေသးတယ္။ ဘယ္လိုေနရာေလးပဲ ျဖစ္ျဖစ္ သင့္အတြက္ အိမ္လို ့သတ္မွတ္လို ့ရျပီး အနားယူအိပ္စက္ဖို ့အတြက္ ညတိုင္းျပန္လာႏိုင္တဲ႔  ေနရာေလးတစ္ခုရွိတယ္ဆိုလွ်င္ကို ေက်နပ္ႏိုင္ပါျပီ။


၃။ သင္ကို ခ်စ္ခင္သူမ်ား ရွိေနေသးျခင္း

မိဘ ေတြဆီကို ဖုန္းေခၚလိုက္တာနဲ ့သူတို ့ဟာ သင့္အတြက္အျမဲ အဆင္သင့္ျဖစ္ေနမယ္၊ သင့္ရဲ ႔  အတြင္းေရးအေၾကာင္းအရာေတြကို ဂရုတစ္ိုက္နားေထာင္ေပးႏိုင္မယ့္ သူငယ္ခ်င္းမိတ္ေဆြေတြ ရွိေနမယ္ဆိုလွ်င္ သင္ဟာ ၂၀၁၇ မွာ အေျခအေန ေကာင္းခဲ့ပါျပီ။


၄။ အစားအေသာက္လံုေလာက္ျခင္း

ေနာက္တစ္ၾကိမ္ စားေသာက္ဖို ့အတြက္ သင္ဟာ မပူပန္ရဘူးဆို္လွ်င္ သင့္ အေျခအေနေကာင္းခဲ့ပါျပီ။ ထမင္းတလုပ္စားဖို ့အတြက္ ေတာင္းရမ္းရျခင္း၊ ခိုးႏွုိက္ရျခင္းမ်ား သင္မလုပ္ရဘူးဆိုလွ်င္ ေက်နပ္လိုက္ပါ။


၅။ တိုးတတ္ဖို ့အတြက္ ၾကိဳးစားခဲ့ျခင္း

သင့္ကိုယ္သင္ အေကာင္းဆံုးအေျခအေနမွာမရွိေသးဘူးဆိုတာကို သိရွိထားပါမယ္။ ဒါေပမယ့္ ၂၀၁၇ အတြင္းမွာ အေကာင္းဆံုးၾကိဳးစားႏိုင္ခဲ့တယ္ဆိုလွ်င္ေတာ့ သင္ဟာ အေျခအေနေကာင္းခဲ့သူ တစ္ေယာက္ျဖစ္ေနပါျပီ။


၆။ က်ဆံုးေသာ္လည္း ဆက္လက္ၾကိဳးစားေနျခင္း

အျမဲတမ္း မေအာင္ျမင္ႏိုင္ပါ။ ၂၀၁၇ အတြင္းမွဳ က်ရွံဳးမွုေတြရွိခဲ့ေပမယ့္ စိတ္ဓါတ္မက်ပဲ ဆက္လက္ၾကိဳးစားေနေသးတယ္ဆိုလွ်င္ေတာ့ ၂၀၁၇ အတြက္ သင္တာ၀န္ေက်ခဲ့ပါျပီ။

၇။ ခြင့္လႊတ္ခဲ့ျခင္း

၂၀၁၇ အတြင္းမွာ သင့္အေပၚမေကာင္းခဲ့တဲ့သူေတြရွိေကာင္းရွိႏိုင္ပါတယ္။ အဆိုပါ သူေတြကို သင့္အေနနဲ ့ခြင့္လႊတ္ျပီးေမတၱာနဲ ့သာတံု ့ျပန္ခဲ့တယ္ဆိုလွ်င္ သင္ အေျခအေန ေကာင္းခဲ့ပါတယ္။


၈။ ကိုယ့္ကိုကိုယ္ ခြင့္လႊတ္ခဲ့ျခင္း

လူေတာ္ေတာ္မ်ားမ်ားဟာ သူတစ္ပါးကို ခြင့္လႊတ္တတ္ၾကေပမယ့္ ကိုယ့္ကိုကိုယ္ေတာ့ ခြင့္မလႊတ္တတ္ၾကပါဘူး။ ကိုယ္ဘာေၾကာင့္အမွားေတြျပဳခဲ့မိတယ္ဆိုတာကို နားလည္ျပီး ခြင့္လႊတ္ေပးျခင္းရွိခဲ့ပါက သင္ ၂၀၁၇ ကိုေအာင္ျမင္ခဲ့ပါျပီ၊


၉။ အိမ္မက္ၾကီးမ်ား မက္ခဲ့ျခင္း

လူေနျခံုၾကား၊ စိတ္ေနဘံုဖ်ားဆိုသလိုပဲ ၂၀၁၇ အတြင္းမွာ သင္ အိမ္မက္အၾကီးၾကီးေတြ မက္ခဲ့ဖို ့လိုပါတယ္။ ဒါမွသာ ၂၀၁၈ မွာသင့္ကို အိမ္မက္ေတြနဲ ့အသက္ရွင္ေနေစျပီး ၾကိဳးစားခ်င္စိတ္ေတြ ရွိေနမွာပါ။ ဒါမွသာ ၂၀၁၈ကို ေအာင္ေအာင္ျမင္ျမင္နဲ ့၂၀၁၇ လိုပဲ ျဖတ္ေက်ာ္ႏိုင္မွာပါ။

Credit; Ko Hein (Prospect Myanmar)

(Unicode Version)

ခုချိန်မှာ ၂၀၁၇ခုနှစ်ရဲ ဒီဇင်ဘာလကိုရာက်နေပြီဖြစ်သည့်အပြင် နှစ်ကုန်ဖို့ကလည်း နာရီပိုင်းလောက် သာကျန်ပါတော့တယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ သင့် ဘဝအခြေအနေ ဘယ်လိုရှိခဲ့လဲ ဆိုတာကို ဆန်းစစ်ချင်တယ်ဆိုလျှင် အောက်ပါအချက်လေးတွေကို ဖတ်ရှုပြီး ဆန်းစစ်နိုင်ပါတယ်။

၁။ သင် သက်ရှိထင်ရှားရှိနေသေးခြင်း
ဒီထက်ကောင်းတဲ ့အချက်မရှိတော့ပါဘူး။ သင်အခု ဒီဆောင်းပါးကို ဖတ်နေတဲ ့အချိန်ဟာ ၂၀၁၇ ခုနှစ်ကုန်ဆုံးကာနီးဖြစ်တဲ ့အတွက် သင့်အနေနဲ ့၂၀၁၇ ခုနှစ်ကို အသက်ရှင်လျက်နဲ ့ကျော်ဖြတ်ခဲ့ပါပြီ။ ဒါဟာ ၂၀၁၇ နှစ်ထဲမှာ သင်အခြေအနေကောင်းခဲ့တယ်လို ့ဆိုနိုင်ပါတယ်။

၂။ သင့်ခေါင်းထက်မှာ အမိုးအကာလေးတစ်ခုရှိနေသေးခြင်း
ငှားထားတဲ ့၆ ပေပတ်လည် အခန်းကျဉ်းလေးပဲ ဖြစ်ဖြစ်၊ ခြံအကျယ်ကြီးပဲ ဖြစ်ဖြစ်၊ကွန်ဒိုကြီးမှာပဲနေနေ သင့်ခေါင်းပေါ်မှာ သင့်ကို အကာအကွယ်ပေးနိုင်တဲ ့အမိုးအကာလေးရှိနေသေးတယ်ဆိုလျှင် သင်ဟာ လမ်းဘေးမှာ အိပ်ရတဲ ့လူတစ်ယောက်ထက်တော့ အခြေအနေကောင်းပါသေးတယ်။ ဘယ်လိုနေရာလေးပဲ ဖြစ်ဖြစ် သင့်အတွက် အိမ်လို ့သတ်မှတ်လို ့ရပြီး အနားယူအိပ်စက်ဖို ့အတွက် ညတိုင်းပြန်လာနိုင်တဲ့ နေရာလေးတစ်ခုရှိတယ်ဆိုလျှင်ကို ကျေနပ်နိုင်ပါပြီ။

၃။ သင်ကို ချစ်ခင်သူများ ရှိနေသေးခြင်း
မိဘ တွေဆီကို ဖုန်းခေါ်လိုက်တာနဲ ့သူတို ့ဟာ သင့်အတွက်အမြဲ အဆင်သင့်ဖြစ်နေမယ်၊ သင့်ရဲ ့ အတွင်းရေးအကြောင်းအရာတွေကို ဂရုတစ်ိုက်နားထောင်ပေးနိုင်မယ့် သူငယ်ချင်းမိတ်ဆွေတွေ ရှိနေမယ်ဆိုလျှင် သင်ဟာ ၂၀၁၇ မှာ အခြေအနေ ကောင်းခဲ့ပါပြီ။

၄။ အစားအသောက်လုံလောက်ခြင်း
နောက်တစ်ကြိမ် စားသောက်ဖို ့အတွက် သင်ဟာ မပူပန်ရဘူးဆို်လျှင် သင့် အခြေအနေကောင်းခဲ့ပါပြီ။ ထမင်းတလုပ်စားဖို ့အတွက် တောင်းရမ်းရခြင်း၊ ခိုးနှိုက်ရခြင်းများ သင်မလုပ်ရဘူးဆိုလျှင် ကျေနပ်လိုက်ပါ။

၅။ တိုးတတ်ဖို ့အတွက် ကြိုးစားခဲ့ခြင်း
သင့်ကိုယ်သင် အကောင်းဆုံးအခြေအနေမှာမရှိသေးဘူးဆိုတာကို သိရှိထားပါမယ်။ ဒါပေမယ့် ၂၀၁၇ အတွင်းမှာ အကောင်းဆုံးကြိုးစားနိုင်ခဲ့တယ်ဆိုလျှင်တော့ သင်ဟာ အခြေအနေကောင်းခဲ့သူ တစ်ယောက်ဖြစ်နေပါပြီ။

၆။ ကျဆုံးသော်လည်း ဆက်လက်ကြိုးစားနေခြင်း
အမြဲတမ်း မအောင်မြင်နိုင်ပါ။ ၂၀၁၇ အတွင်းမှု ကျရှုံးမှုတွေရှိခဲ့ပေမယ့် စိတ်ဓါတ်မကျပဲ ဆက်လက်ကြိုးစားနေသေးတယ်ဆိုလျှင်တော့ ၂၀၁၇ အတွက် သင်တာဝန်ကျေခဲ့ပါပြီ။

၇။ ခွင့်လွှတ်ခဲ့ခြင်း
၂၀၁၇ အတွင်းမှာ သင့်အပေါ်မကောင်းခဲ့တဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်။ အဆိုပါ သူတွေကို သင့်အနေနဲ ့ခွင့်လွှတ်ပြီးမေတ္တာနဲ ့သာတုံ ့ပြန်ခဲ့တယ်ဆိုလျှင် သင် အခြေအနေ ကောင်းခဲ့ပါတယ်။

၈။ ကိုယ့်ကိုကိုယ် ခွင့်လွှတ်ခဲ့ခြင်း
လူတော်တော်များများဟာ သူတစ်ပါးကို ခွင့်လွှတ်တတ်ကြပေမယ့် ကိုယ့်ကိုကိုယ်တော့ ခွင့်မလွှတ်တတ်ကြပါဘူး။ ကိုယ်ဘာကြောင့်အမှားတွေပြုခဲ့မိတယ်ဆိုတာကို နားလည်ပြီး ခွင့်လွှတ်ပေးခြင်းရှိခဲ့ပါက သင် ၂၀၁၇ ကိုအောင်မြင်ခဲ့ပါပြီ၊

၉။ အိမ်မက်ကြီးများ မက်ခဲ့ခြင်း
လူနေခြံုကြား၊ စိတ်နေဘုံဖျားဆိုသလိုပဲ ၂၀၁၇ အတွင်းမှာ သင် အိမ်မက်အကြီးကြီးတွေ မက်ခဲ့ဖို ့လိုပါတယ်။ ဒါမှသာ ၂၀၁၈ မှာသင့်ကို အိမ်မက်တွေနဲ ့အသက်ရှင်နေစေပြီး ကြိုးစားချင်စိတ်တွေ ရှိနေမှာပါ။ ဒါမှသာ ၂၀၁၈ကို အောင်အောင်မြင်မြင်နဲ ့၂၀၁၇ လိုပဲ ဖြတ်ကျော်နိုင်မှာပါ။


Credit; Ko Hein (Prospect Myanmar)

Read times
Rate this item
(0 votes)