-->


ဝါသနာပါတာလား၊ စိတ္ဝင္စားတာလား ?

ဝါသနာပါတာလား၊ စိတ္ဝင္စားတာလား ? google.com

HR လူသစ္တစ္ေယာက္ကို အင္တာဗ်ဴးမွာ " HR အလုပ္ကို ဘာေၾကာင့္ လုပ္ခ်င္တာလဲ " လို႔ ေမးခြန္းေမးလိုက္တယ္။ ျပန္ေျဖတာကေတာ့ " ဝါသနာ ပါလို႔ပါ " တဲ့။ အေျဖဟာ သာမန္ၾကည့္လွ်င္ ဟုတ္သလိုလိုနဲ႔ သူ႔ကို ေရြးခ်ယ္မႈ မျပဳခဲ့ပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ ဝါသနာပဲပါၿပီး စိတ္ဝင္စားမႈကို မျပသႏိုင္လို႔ပါ။ ဝါသနာပါတာနဲ႔ စိတ္ဝင္စားတာရဲ႕ အဓိပၸါယ္ႏွင့္ ရည္ရြယ္ခ်က္ ေတာ္ေတာ္ကြဲလြဲလို႔ပါ။

အလြယ္ေျပာရလွ်င္ေတာ့ ဝါသနာပါတယ္ဆိုတာ ကိုယ္ဝါသနာပါတဲ့ ကိစၥတစ္ခုကို ကိုယ့္ရဲ့ အားလပ္ခ်ိန္ေတြမွာ ရံဖန္ရံခါ လုပ္ေလ့လုပ္ထရွိတဲ့ သေဘာပါ။ စိတ္ဝင္စားတယ္ဆိုတာက ကိုယ္စိတ္ဝင္စားရာ ကိစၥရပ္တစ္ခုကို အခ်ိန္တိုင္းနီးပါး ရူးသြပ္စြာ လုပ္ကိုင္ေလ့ရွိတယ္။ ဒီလိုရည္ရြယ္ခ်က္ေတြကြဲလြဲမႈ ရွိေနၾကတာေၾကာင့္ ရလာႏိုင္တဲ့ ရလာဒ္ကလည္း ကြာျခားပါတယ္။

HR အလုပ္တြင္မကပါဘူး အျခားအသက္ေမြးဝမ္းေက်ာင္း အလုပ္ေတြမွာပါ ဝါသနာႏွင့္ မတည္ေဆာက္ပဲ စိတ္ဝင္စားမႈႏွင့္တည္ေဆာက္ဖို႔ လိုပါတယ္။ ဒါမွသာ တစ္ခ်ိန္မွာ Professional ဆိုတဲ့ ကၽြမ္းက်င္ အတတ္ပညာရွင္ တစ္ေယာက္ ျဖစ္လာမွာပါ။ ဒီေတာ့ ကၽြမ္းက်င္အတတ္ပညာရွင္တစ္ေယာက္ ျဖစ္လာဖို႔ ဆိုတာလည္း အေျခခံလိုအပ္ခ်က္ေလးေတြ ရွိလာျပန္ေရာ။ ဒါေတြကေတာ့

- Interests(စိတ္ဝင္စားမႈ)

- Vision(အနာဂတ္အျမင္)

- Goal(ပန္းတိုင္)

- Education(ပညာေရး)

- Skills(ကၽြမ္းက်င္မႈ) တို႔ပဲ ျဖစ္တယ္။

ဒါေတြေၾကာင့္ အသက္ေမြးဝမ္းေက်ာင္း အလုပ္တစ္ခုကို ေရြးခ်ယ္တဲ့ေနရာမွာ ေရြးခ်ယ္သူဟာ အနာဂတ္မွာ ဘယ္ေလာက္အထိ ႀကိဳးစားျဖစ္ထြန္းခ်င္သလဲ ဆိုတာကို စိတ္ဝင္စားမႈေပၚမွာ ၾကည့္ၿပီး ဆံုးျဖတ္ရတာပါ။ ၿပီးေတာ့မွ က်န္တဲ့အေျခခံအခ်က္ေတြေပၚမွာေရာ စိတ္ပိုင္းဆိုင္ရာႏွင့္ ရုပ္ဝတၳဳပိုင္းဆိုင္ရာ ခိုင္မာမႈ ရွိေနသလား ဆိုတာ ဆက္လက္ အကဲျဖတ္ျဖစ္ပါတယ္။

အသက္ေမြးဝမ္းေက်ာင္းတစ္ခုကို ေျခခ်ခ်င္သူေတြမွာ အဓိကေတြ႔ရတဲ့ ျပႆနာကေတာ့ What are your values? ဆိုတဲ့ ကိုယ့္ကိုကိုယ္တန္ဖိုးျဖတ္တာ လြန္က်ဴးျခင္းကိစၥရပ္ပါပဲ။ လူတိုင္းကေတာ့ ကိုယ့္ကိုကိုယ္ အေတာ္ဆံုး၊ အတတ္ဆံုးလို႔ ယူဆတတ္ၾကတယ္။

တစ္ဦးတစ္ေယာက္ထဲ ရွိေနလွ်င္ေတာ့ မွန္ေကာင္း မွန္ႏိုင္ပါတယ္။ ဒါေပမယ့္ လူအမ်ားစုရွိေနတဲ့ လူအသိုက္အဝန္းထဲကို ေရာက္လာလွ်င္ေတာ့ အျခားသူေတြႏွင့္ ႏိႈင္းယွဥ္စရာေတြ ရွိလာတာမို႔လို႔ ကိုယ့္ရဲ့ တန္ဖိုးဆိုတာ အဆင့္တစ္ခုကို ေရာက္သြား ႏိုင္ပါတယ္။ ကိုယ့္ကိုကိုယ္တန္ဖိုးျဖတ္တာနဲ႔ အမ်ားကကိုယ့္ကို တန္ဖိုးျဖတ္တာနဲ႔ ကြဲလြဲမႈေတြ ရွိစၿမဲပါ။ အမ်ားကတန္ဖိုးျဖတ္တာကို လက္ခံႏိုင္ရမယ္။ ဒီလို ကိုယ့္ရဲ့တန္ဖိုးကို သိေနမွ ဘယ္ေနရာမွာ လစာဘယ္ေလာက္နဲ႔ ဘယ္ရာထူးကို အလုပ္ေလွ်ာက္မယ္၊ အလုပ္လုပ္မယ္ဆိုတာ ဆံုးျဖတ္လို႔ ရႏိုင္မွာပါ။

ဒီတန္ဖိုးေတြဆိုတာကလည္း အသက္ေမြးဝမ္းေက်ာင္းတစ္ခုအတြက္ ကိုယ့္တိုင္ စိတ္ဝင္စားစြာ တည္ေဆာက္ခဲ့တဲ့ အေျခခံလိုအပ္ခ်က္ေတြေပၚမွာ အမ်ားႀကီးမူတည္သြားပါတယ္။ ဒီေတာ့ အလုပ္(Job) ပဲျဖစ္ျဖစ္၊ အသက္ေမြးဝမ္းေက်ာင္း(Career) ပဲျဖစ္ျဖစ္ ဝါသနာပါရံုေလးနဲ႔ေတာ့ အဆင္မေျပႏိုင္ပါဘူး။ ဘာမဆို စိတ္ဝင္တစားနဲ႔ ႀကိဳတင္ျပင္ဆင္ဖို႔လိုမယ္၊ စိတ္ဝင္တစားနဲ႔ ႀကိဳးစားလုပ္ကိုင္ဖို႔လိုမယ္၊ စိတ္ဝင္တစားနဲ႔ လုပ္ေဆာင္မႈရလာဒ္ေတြကို ျပန္လည္ေစာင့္ၾကည့္ဖို႔လိုမယ္၊ စိတ္ဝင္တစားနဲ႔ လိုအပ္ခ်က္ေတြကို ျပန္လည္ျဖည့္ဆည္းေနဖို႔ လိုပါမယ္။ ဒါမွ ကၽြမ္းက်င္အတတ္ပညာရွင္(Professional) တစ္ေယာက္ ျဖစ္လာမွာ အေသအခ်ာပါပဲ။

Credit; လွဘုန္းေအာင္(HR Practitioner)

Source; 24jobs.com.mm

(Unicode Version)

HR လူသစ်တစ်ယောက်ကို အင်တာဗျူးမှာ " HR အလုပ်ကို ဘာကြောင့် လုပ်ချင်တာလဲ " လို့ မေးခွန်းမေးလိုက်တယ်။ ပြန်ဖြေတာကတော့ " ဝါသနာ ပါလို့ပါ " တဲ့။ အဖြေဟာ သာမန်ကြည့်လျှင် ဟုတ်သလိုလိုနဲ့ သူ့ကို ရွေးချယ်မှု မပြုခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဝါသနာပဲပါပြီး စိတ်ဝင်စားမှုကို မပြသနိုင်လို့ပါ။ ဝါသနာပါတာနဲ့ စိတ်ဝင်စားတာရဲ့ အဓိပ္ပါယ်နှင့် ရည်ရွယ်ချက် တော်တော်ကွဲလွဲလို့ပါ။
အလွယ်ပြောရလျှင်တော့ ဝါသနာပါတယ်ဆိုတာ ကိုယ်ဝါသနာပါတဲ့ ကိစ္စတစ်ခုကို ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ ရံဖန်ရံခါ လုပ်လေ့လုပ်ထရှိတဲ့ သဘောပါ။ စိတ်ဝင်စားတယ်ဆိုတာက ကိုယ်စိတ်ဝင်စားရာ ကိစ္စရပ်တစ်ခုကို အချိန်တိုင်းနီးပါး ရူးသွပ်စွာ လုပ်ကိုင်လေ့ရှိတယ်။ ဒီလိုရည်ရွယ်ချက်တွေကွဲလွဲမှု ရှိနေကြတာကြောင့် ရလာနိုင်တဲ့ ရလာဒ်ကလည်း ကွာခြားပါတယ်။
HR အလုပ်တွင်မကပါဘူး အခြားအသက်မွေးဝမ်းကျောင်း အလုပ်တွေမှာပါ ဝါသနာနှင့် မတည်ဆောက်ပဲ စိတ်ဝင်စားမှုနှင့်တည်ဆောက်ဖို့ လိုပါတယ်။ ဒါမှသာ တစ်ချိန်မှာ Professional ဆိုတဲ့ ကျွမ်းကျင် အတတ်ပညာရှင် တစ်ယောက် ဖြစ်လာမှာပါ။ ဒီတော့ ကျွမ်းကျင်အတတ်ပညာရှင်တစ်ယောက် ဖြစ်လာဖို့ ဆိုတာလည်း အခြေခံလိုအပ်ချက်လေးတွေ ရှိလာပြန်ရော။ ဒါတွေကတော့
- Interests(စိတ်ဝင်စားမှု)
- Vision(အနာဂတ်အမြင်)
- Goal(ပန်းတိုင်)
- Education(ပညာရေး)
- Skills(ကျွမ်းကျင်မှု) တို့ပဲ ဖြစ်တယ်။
ဒါတွေကြောင့် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို ရွေးချယ်တဲ့နေရာမှာ ရွေးချယ်သူဟာ အနာဂတ်မှာ ဘယ်လောက်အထိ ကြိုးစားဖြစ်ထွန်းချင်သလဲ ဆိုတာကို စိတ်ဝင်စားမှုပေါ်မှာ ကြည့်ပြီး ဆုံးဖြတ်ရတာပါ။ ပြီးတော့မှ ကျန်တဲ့အခြေခံအချက်တွေပေါ်မှာရော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ခိုင်မာမှု ရှိနေသလား ဆိုတာ ဆက်လက် အကဲဖြတ်ဖြစ်ပါတယ်။
အသက်မွေးဝမ်းကျောင်းတစ်ခုကို ခြေချချင်သူတွေမှာ အဓိကတွေ့ရတဲ့ ပြဿနာကတော့ What are your values? ဆိုတဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးဖြတ်တာ လွန်ကျူးခြင်းကိစ္စရပ်ပါပဲ။ လူတိုင်းကတော့ ကိုယ့်ကိုကိုယ် အတော်ဆုံး၊ အတတ်ဆုံးလို့ ယူဆတတ်ကြတယ်။
တစ်ဦးတစ်ယောက်ထဲ ရှိနေလျှင်တော့ မှန်ကောင်း မှန်နိုင်ပါတယ်။ ဒါပေမယ့် လူအများစုရှိနေတဲ့ လူအသိုက်အဝန်းထဲကို ရောက်လာလျှင်တော့ အခြားသူတွေနှင့် နှိုင်းယှဉ်စရာတွေ ရှိလာတာမို့လို့ ကိုယ့်ရဲ့ တန်ဖိုးဆိုတာ အဆင့်တစ်ခုကို ရောက်သွား နိုင်ပါတယ်။ ကိုယ့်ကိုကိုယ်တန်ဖိုးဖြတ်တာနဲ့ အများကကိုယ့်ကို တန်ဖိုးဖြတ်တာနဲ့ ကွဲလွဲမှုတွေ ရှိစမြဲပါ။ အများကတန်ဖိုးဖြတ်တာကို လက်ခံနိုင်ရမယ်။ ဒီလို ကိုယ့်ရဲ့တန်ဖိုးကို သိနေမှ ဘယ်နေရာမှာ လစာဘယ်လောက်နဲ့ ဘယ်ရာထူးကို အလုပ်လျှောက်မယ်၊ အလုပ်လုပ်မယ်ဆိုတာ ဆုံးဖြတ်လို့ ရနိုင်မှာပါ။
ဒီတန်ဖိုးတွေဆိုတာကလည်း အသက်မွေးဝမ်းကျောင်းတစ်ခုအတွက် ကိုယ့်တိုင် စိတ်ဝင်စားစွာ တည်ဆောက်ခဲ့တဲ့ အခြေခံလိုအပ်ချက်တွေပေါ်မှာ အများကြီးမူတည်သွားပါတယ်။ ဒီတော့ အလုပ်(Job) ပဲဖြစ်ဖြစ်၊ အသက်မွေးဝမ်းကျောင်း(Career) ပဲဖြစ်ဖြစ် ဝါသနာပါရုံလေးနဲ့တော့ အဆင်မပြေနိုင်ပါဘူး။ ဘာမဆို စိတ်ဝင်တစားနဲ့ ကြိုတင်ပြင်ဆင်ဖို့လိုမယ်၊ စိတ်ဝင်တစားနဲ့ ကြိုးစားလုပ်ကိုင်ဖို့လိုမယ်၊ စိတ်ဝင်တစားနဲ့ လုပ်ဆောင်မှုရလာဒ်တွေကို ပြန်လည်စောင့်ကြည့်ဖို့လိုမယ်၊ စိတ်ဝင်တစားနဲ့ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်ဆည်းနေဖို့ လိုပါမယ်။ ဒါမှ ကျွမ်းကျင်အတတ်ပညာရှင်(Professional) တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။
Credit; လှဘုန်းအောင်(HR Practitioner)
Source; 24jobs.com.mm

Read 405 times
Rate this item
(1 Vote)