-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမၻာေက်ာ္ကုမၸဏီႀကီးလားဆုိတာထက္ ၀ယ္ယူသူေတြ စိတ္၀င္စားတာက

ကမၻာေက်ာ္ကုမၸဏီႀကီးလားဆုိတာထက္ ၀ယ္ယူသူေတြ စိတ္၀င္စားတာက google.com

ၿမိဳ႕တစ္ၿမိဳ႕ရဲ႕လမ္းတစ္လမ္းမွာ အပ္ခ်ဳပ္ဆိုင္ ၃ခုရွိၾကတယ္။ သူတို႔ဟာ တစ္ဆိုင္နဲ႔တစ္ဆိုင္ အၿပိဳင္အဆုိင္ ရွိၾကတယ္။

တစ္ေန႔မွာ ပထမဆံုးအပ္ခ်ဳပ္ဆိုင္က  သူ႔ဆိုင္ေရွ႕မ်က္ႏွာစာမွာ ဆိုင္းဘုတ္တစ္ခုု တင္လုိက္တယ္။ ဆိုင္းဘုတ္မွာ ေရးထားတာက “ဒီၿမိဳ႕မွာ အေကာင္းဆံုး အပ္ခ်ဳပ္ဆိုင္”တဲ႔။

ဒုတိယ အပ္ခ်ဳပ္ဆိုင္က လူက စဥ္းစားတယ္။ သူ႔ထက္သာတဲ႔ ဆိုင္းဘုတ္တစ္ခုနဲ႔ ေၾကာ္ျငာမယ္ဆိုၿပီး ေနာက္တစ္ေန႔မွာ ပိုၿပီးႀကီးတဲ႔ ဆိုင္းဘုတ္ႀကီးတစ္ခုကို  တင္လုိက္ျပန္တယ္။ ဆိုင္းဘုတ္မွာ ေရးထားတာက “တစ္ႏုိင္ငံလံုးမွာ အေကာင္းဆံုး အပ္ခ်ဳပ္ဆုိင္တဲ႔”။

တတိယ အပ္ခ်ဳပ္ဆုိင္ကလည္း ဆုိင္းဘုတ္တစ္ခု တင္လုိက္တယ္။ သူ႔ဆုိင္းဘုတ္ဟာ ပထမလူနဲ႔ ဒုတိယလူတုိ႔ရဲ႕ ဆုိင္းဘုတ္ေတြထက္ ေသးငယ္ပါတယ္။ သို႔ေသာ္ သူ႔ဆုိင္းဘုတ္တင္ၿပီး ေနာက္ေန႔ကစလုိ႔ သူ႔ဆုိင္မွာ အ၀တ္ခ်ဳပ္ဖုိ႔ လာအပ္သူေတြ အရမ္းမ်ားသြားတယ္။ သူ႔ဆုိင္းဘုတ္မွာ ဘာေတြေရးထားလို႔ လူေတြ အမ်ားႀကီး လာၿပီး အားေပးၾကတာလဲ။ သူ႔ဆိုင္းဘုတ္မွာ ေရးထားတာက “ဒီလမ္းထဲမွာ အေကာင္းဆံုး အပ္ခ်ဳပ္ဆုိင္တဲ႔”

တစ္ႏိုင္ငံလံုးမွာ ေက်ာ္ၾကားေနတဲ႔ ကုမၸဏီလား၊ ကမၻာေက်ာ္ကုမၸဏီႀကီးလားဆုိတာထက္ ၀ယ္ယူသူေတြ စိတ္၀င္စားတာက သူတို႔ကုိ အေလးထားဂရုစိုက္တဲ႔ ကုမၸဏီပါပဲ။

“ebay” နဲ႔ “Yahoo” တရုတ္ႏုိင္ငံမွာ “က်ရွံဳးသြားျခင္း” ဆိုတဲ႔ ပို႔စ္တစ္ခု တင္ခဲ႔ပါတယ္။ အခုေရးျပတဲ႔ သေဘာအတုိင္းပါပဲ။

Read-စီးပြားေရးလုပ္ဖို႔ ေရြးခ်ယ္တဲ့အခါ သတိထားပါ

ကမၻာမွာ အႀကီးဆံုး အင္တာနက္လုပ္ငန္းလုပ္ကိုင္ေနၾကတဲ႔ ေဒၚလာဘီလီယံခ်ီ ခ်မ္းသာတဲ႔ အေမရိကန္ ကုမၸဏီႀကီးေတြ ebay နဲ႔ Yahooတို႔ဟာ တရုတ္ကုမၸဏီအေသးေလး ဂ်က္မားရဲ႕ အလီဘာဘာ ကုမၸဏီကို မယွဥ္ၿပိဳင္ႏုိင္လို႔  တရုတ္ႏုိင္ငံက ထြက္သြားခဲ႔ၾကရတယ္။

Ebay နဲ႔ Yahoo ဘာေၾကာင့္တရုတ္ႏိုင္ငံမွာ က်ရွံုးသြားတယ္ဆိုတာ ဂ်က္မားက အခုလုိရွင္းျပခဲ႔ပါတယ္။

“တရုတ္ႏုိင္ငံမွာ ရွိတဲ႔ eBay နဲ႔ Yahoo တို႔ဟာ အေမရိကန္ႏိုင္ငံက သူတို႔အထက္အရာရွိႀကီးေတြနဲ႔ အစုရွယ္ယာ၀င္ေတြ သေဘာက်ေအာင္ အစြမ္းကုန္ႀကိဳပမ္းၾကတယ္။ က်ြန္ေတာ္တို႔ အလီဘာဘာကေတာ့ ၀ယ္သူသံုးစြဲသူ တရုတ္လူမ်ိဳးေတြ ေက်နပ္သေဘာက်ေအာင္ အစြမ္းကုန္ ႀကိဳးပမ္းၾကတယ္။ က်ေနာ္တို႔ အလီဘာဘာကေတာ့ ၀ယ္သူသံုးစြဲသူ တရုတ္လူမ်ိဳးေတြ ေက်နပ္သေဘာက်ေအာင္ အစြမ္းကုန္ ႀကိဳးစား ၾကတယ္။ သူတို႔က သံုးစြဲသူေတြကို ဂရုမစိုက္ၾကဘူး။ ဒီေတာ့ သံုးစြဲသူေတြကလည္း  သူတို႔ကိုမေက်နပ္ၾကလုိ႔ သူတို႔ ကုန္ပစၥည္းကို မသံုးၾကေတာ့ဘူး။ မ၀ယ္ၾကေတာ့ဘူး။ ၀ယ္သူမရွိေတာ့ရင္ အဲဒီကုမၸဏီမွာ ၀င္ေငြမရွိေတာ့ဘူး။  ၀င္ေငြမရွိတဲ႔ ကုမၸဏီဟာ ဘယ္ေလာက္ၾကာၾကာ အရွံဳးခံ ရပ္တည္ေနႏိုင့္ပါ႔မလဲ။ ဒီေတာ့ ကုမၸဏီ ပိတ္သိမ္းေျပးရၿပီေပါ႔တဲ႔။

ဆရာ ဗန္းေမာ္သိန္းေဖ ၏ မွ်ေ၀လိုေသာ အေတြးမ်ား(၂) မွ ေကာက္ႏွုတ္ေဖာ္ျပသည္။

(Unicode Version)

မြို့တစ်မြို့ရဲ့လမ်းတစ်လမ်းမှာ အပ်ချုပ်ဆိုင် ၃ခုရှိကြတယ်။ သူတို့ဟာ တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင်အဆိုင် ရှိကြတယ်။
တစ်နေ့မှာ ပထမဆုံးအပ်ချုပ်ဆိုင်က သူ့ဆိုင်ရှေ့မျက်နှာစာမှာ ဆိုင်းဘုတ်တစ်ခုု တင်လိုက်တယ်။ ဆိုင်းဘုတ်မှာ ရေးထားတာက “ဒီမြို့မှာ အကောင်းဆုံး အပ်ချုပ်ဆိုင်”တဲ့။
ဒုတိယ အပ်ချုပ်ဆိုင်က လူက စဉ်းစားတယ်။ သူ့ထက်သာတဲ့ ဆိုင်းဘုတ်တစ်ခုနဲ့ ကြော်ငြာမယ်ဆိုပြီး နောက်တစ်နေ့မှာ ပိုပြီးကြီးတဲ့ ဆိုင်းဘုတ်ကြီးတစ်ခုကို တင်လိုက်ပြန်တယ်။ ဆိုင်းဘုတ်မှာ ရေးထားတာက “တစ်နိုင်ငံလုံးမှာ အကောင်းဆုံး အပ်ချုပ်ဆိုင်တဲ့”။
တတိယ အပ်ချုပ်ဆိုင်ကလည်း ဆိုင်းဘုတ်တစ်ခု တင်လိုက်တယ်။ သူ့ဆိုင်းဘုတ်ဟာ ပထမလူနဲ့ ဒုတိယလူတို့ရဲ့ ဆိုင်းဘုတ်တွေထက် သေးငယ်ပါတယ်။ သို့သော် သူ့ဆိုင်းဘုတ်တင်ပြီး နောက်နေ့ကစလို့ သူ့ဆိုင်မှာ အဝတ်ချုပ်ဖို့ လာအပ်သူတွေ အရမ်းများသွားတယ်။ သူ့ဆိုင်းဘုတ်မှာ ဘာတွေရေးထားလို့ လူတွေ အများကြီး လာပြီး အားပေးကြတာလဲ။ သူ့ဆိုင်းဘုတ်မှာ ရေးထားတာက “ဒီလမ်းထဲမှာ အကောင်းဆုံး အပ်ချုပ်ဆိုင်တဲ့”
တစ်နိုင်ငံလုံးမှာ ကျော်ကြားနေတဲ့ ကုမ္ပဏီလား၊ ကမ္ဘာကျော်ကုမ္ပဏီကြီးလားဆိုတာထက် ၀ယ်ယူသူတွေ စိတ်ဝင်စားတာက သူတို့ကို အလေးထားဂရုစိုက်တဲ့ ကုမ္ပဏီပါပဲ။
“ebay” နဲ့ “Yahoo” တရုတ်နိုင်ငံမှာ “ကျရှုံးသွားခြင်း” ဆိုတဲ့ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အခုရေးပြတဲ့ သဘောအတိုင်းပါပဲ။
ကမ္ဘာမှာ အကြီးဆုံး အင်တာနက်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ဒေါ်လာဘီလီယံချီ ချမ်းသာတဲ့ အမေရိကန် ကုမ္ပဏီကြီးတွေ ebay နဲ့ Yahooတို့ဟာ တရုတ်ကုမ္ပဏီအသေးလေး ဂျက်မားရဲ့ အလီဘာဘာ ကုမ္ပဏီကို မယှဉ်ပြိုင်နိုင်လို့ တရုတ်နိုင်ငံက ထွက်သွားခဲ့ကြရတယ်။
Ebay နဲ့ Yahoo ဘာကြောင့်တရုတ်နိုင်ငံမှာ ကျရှံုးသွားတယ်ဆိုတာ ဂျက်မားက အခုလိုရှင်းပြခဲ့ပါတယ်။
“တရုတ်နိုင်ငံမှာ ရှိတဲ့ eBay နဲ့ Yahoo တို့ဟာ အမေရိကန်နိုင်ငံက သူတို့အထက်အရာရှိကြီးတွေနဲ့ အစုရှယ်ယာဝင်တွေ သဘောကျအောင် အစွမ်းကုန်ကြိုပမ်းကြတယ်။ ကျွန်တော်တို့ အလီဘာဘာကတော့ ၀ယ်သူသုံးစွဲသူ တရုတ်လူမျိုးတွေ ကျေနပ်သဘောကျအောင် အစွမ်းကုန် ကြိုးပမ်းကြတယ်။ ကျနော်တို့ အလီဘာဘာကတော့ ၀ယ်သူသုံးစွဲသူ တရုတ်လူမျိုးတွေ ကျေနပ်သဘောကျအောင် အစွမ်းကုန် ကြိုးစား ကြတယ်။ သူတို့က သုံးစွဲသူတွေကို ဂရုမစိုက်ကြဘူး။ ဒီတော့ သုံးစွဲသူတွေကလည်း သူတို့ကိုမကျေနပ်ကြလို့ သူတို့ ကုန်ပစ္စည်းကို မသုံးကြတော့ဘူး။ မဝယ်ကြတော့ဘူး။ ၀ယ်သူမရှိတော့ရင် အဲဒီကုမ္ပဏီမှာ ၀င်ငွေမရှိတော့ဘူး။ ၀င်ငွေမရှိတဲ့ ကုမ္ပဏီဟာ ဘယ်လောက်ကြာကြာ အရှံုးခံ ရပ်တည်နေနိုင့်ပါ့မလဲ။ ဒီတော့ ကုမ္ပဏီ ပိတ်သိမ်းပြေးရပြီပေါ့တဲ့။
ဆရာ ဗန်းမော်သိန်းဖေ ၏ မျှဝေလိုသော အတွေးများ(၂) မှ ကောက်နှုတ်ဖော်ပြသည်။

 

Read times
Rate this item
(1 Vote)