-->
×

Warning

JUser: :_load: Unable to load user with ID: 29


ျမန္မာရဲ႕ တစ္နာရီလုပ္အားခကို ကမၻာနဲ႔ ယွဥ္လုိက္ေသာအခါ

ျမန္မာရဲ႕ တစ္နာရီလုပ္အားခကို ကမၻာနဲ႔ ယွဥ္လုိက္ေသာအခါ google.com

ကိုယ့္ရဲ႕တစ္နာရီ ဝင္ေငြ ဘယ္ေလာက္ရွိလဲဆိုတာကို တြက္ၾကည့္ဖူးရဲ႕လား။ တစ္လကို ၂ သိိိန္းေလာက္ ရတဲ့သူဆိုရင္ေတာ့ စေန၊ တနဂၤေႏြ ကိုဖယ္လုိက္ရင္ တစ္လကိုရက္ႏွစ္ဆယ္ အလုပ္လုပ္ရပါမယ္။ အဲ့ဒါဆို တစ္ရက္လုပ္ခ ၁ ေသာင္းေပါ့။

တစ္ေန႔ကို အလုပ္ခ်ိန္ က ရွစ္နာရီ ဆိုေတာ့ တစ္နာရီကို ၁၂၅၀ က်ပ္ရပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ အေျခခံအလုပ္သမားေတြအတြက္ အနည္းဆံုး လုပ္အားခ ကို တစ္ရက္ ကို ၃၆၀၀ က်ပ္ဆုိၿပီး သတ္မွတ္ေပးထားပါတယ္။ တစ္နာရီ ကို ၄၅၀ ေပါ့ေလ။ အခု ကမၻာမွာ တစ္နာရီ လုပ္ခ နွဳန္းထား ေတြ ဘယ္လိုရွိလဲဆိုတာကို ေျပာျပပါမယ္။

ဒီစာရင္း ကိုေတာ့ Economic Cooperation and Development (OECD) က ႏိုင္ငံေပါင္း ၃၄ ႏိုင္ငံမွာ ေလ့လာမႈလုပ္ၿပီး ထုတ္ျပန္ထားတာပါ။ ဒီ စာရင္း မွာေတာ့ ၾသစေတးလ် နဲ႔ လူဇင္ဘတ္တို႔က ဦးေဆာင္ေနၿပီး တစ္နာရီကို ၉ ေဒၚလာေက်ာ္ (၁၂၁၅၀ – က်ပ္နီးပါး) ရပါတယ္။ မကၠဆီကို နဲ႔ လတ္ဗီးယားကေတာ့ တစ္နာရီကို ႏွစ္ေဒၚလာ (၂၇၀၀ – က်ပ္) ေအာက္သာ ရပါတယ္။

Read-ခ်မ္းသာေအာင္ အခ်ိန္တိုင္းႀကိဳးစားေနေပမယ့္ ဘာလို႔မခ်မ္းသာေသးတာလဲ?


အေမရိကန္ မွာ ဖက္ဒရယ္ အစိုးရ သတ္မွတ္ေပးထားတာကေတာ့ တစ္နာရီ ကို ၇.၂၅ ေဒၚလာပါ။ အခြန္္အခကို ႏုတ္လိုက္မယ္ဆိုရင္ေတာ့ ၆.၂၆ ေဒၚလာ ( ၈၄၅၁ က်ပ္) ရမွာ ျဖစ္ပါတယ္။ OECD ရဲ႕ဇယားမွာေတာ့ အေမရိကန္က အဆင့္(၁၁) ေနရာမွာ ရွိေနပါတယ္။

ဒါေပမယ့္အနည္းဆံုးလုပ္ခသတ္မွတ္ခ်က္က ျပည္နယ္ တစ္ခုနဲ႔တစ္ခုတူညီမႈမရွိပါဘူး။ ဝါရွင္တန္လိုၿမိဳ႕ မ်ိဳးမွာဆိုရင္ တစ္နာရီကို ၉.၀၅ ေဒၚလာ ( ၁၂၂၁၇.၅ က်ပ္) ရႏိုင္ၿပီး ေဂ်ာ္ဂ်ီယာ လိုျပည္နယ္မွာဆိုရင္ေတာ့ ၅.၁၅ ေဒၚလာ ( ၆၉၅၂.၅ က်ပ္) ပဲရမွာပါ။ ဒါေပမယ့္ စိတ္ပူစရာမရွိပါဘူး။ အေမရိကန္ အစိုးရက ဝင္ေငြနည္းပါးတဲ့ အလုပ္သမားေတြအတြက္ တစ္ႏွစ္ကို လူမႈဖူလံုေရးေထာက္ပံ့ေငြ ၁၅၂.၈ ဘီလီ ေဒၚလာ ကိုသံုးစြဲ ေနပါတယ္။

စာရင္းထဲမွာအာရွႏိုင္ငံေတြအေနနဲ႔ေတာ့ ဂ်ပန္ နဲ႔ ကိုရီးယား တို႔ပဲပါဝင္လာၿပီး ဂ်ပန္ က တစ္နာရီ ကို ၅.၅၂ ေဒၚလာ ( ၇၄၅၂ က်ပ္) နဲ႔ ကိုရီးယား ကေတာ့ ၅.၈၅ ေဒၚလာ ( ၇၈၉၇.၅ က်ပ္) ပါ။ တြက္ရလြယ္ကူေအာင္ ေဒၚလာ တန္ဖိုး ကိုေတာ့ တစ္ေဒၚလာကို ၁၃၅၀ က်ပ္နဲ႔တြက္ျပထားပါတယ္။

Source; အခရာ

Unicode Version

ကိုယ့်ရဲ့တစ်နာရီ ဝင်ငွေ ဘယ်လောက်ရှိလဲဆိုတာကို တွက်ကြည့်ဖူးရဲ့လား။ တစ်လကို ၂ သိိိန်းလောက် ရတဲ့သူဆိုရင်တော့ စနေ၊ တနင်္ဂနွေ ကိုဖယ်လိုက်ရင် တစ်လကိုရက်နှစ်ဆယ် အလုပ်လုပ်ရပါမယ်။ အဲ့ဒါဆို တစ်ရက်လုပ်ခ ၁ သောင်းပေါ့။ တစ်နေ့ကို အလုပ်ချိန် က ရှစ်နာရီ ဆိုတော့ တစ်နာရီကို ၁၂၅၀ ကျပ်ရပါတယ်။ မြန်မာနိုင်ငံမှာတော့ အခြေခံအလုပ်သမားတွေအတွက် အနည်းဆုံး လုပ်အားခ ကို တစ်ရက် ကို ၃၆၀၀ ကျပ်ဆိုပြီး သတ်မှတ်ပေးထားပါတယ်။ တစ်နာရီ ကို ၄၅၀ ပေါ့လေ။ အခု ကမ္ဘာမှာ တစ်နာရီ လုပ်ခ နှုန်းထား တွေ ဘယ်လိုရှိလဲဆိုတာကို ပြောပြပါမယ်။

ဒီစာရင်း ကိုတော့ Economic Cooperation and Development (OECD) က နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ လေ့လာမှုလုပ်ပြီး ထုတ်ပြန်ထားတာပါ။ ဒီ စာရင်း မှာတော့ သြစတေးလျ နဲ့ လူဇင်ဘတ်တို့က ဦးဆောင်နေပြီး တစ်နာရီကို ၉ ဒေါ်လာကျော် (၁၂၁၅၀ – ကျပ်နီးပါး) ရပါတယ်။ မက္ကဆီကို နဲ့ လတ်ဗီးယားကတော့ တစ်နာရီကို နှစ်ဒေါ်လာ (၂၇၀၀ – ကျပ်) အောက်သာ ရပါတယ်။

အမေရိကန် မှာ ဖက်ဒရယ် အစိုးရ သတ်မှတ်ပေးထားတာကတော့ တစ်နာရီ ကို ရ.၂၅ ဒေါ်လာပါ။ အခွန််အခကို နုတ်လိုက်မယ်ဆိုရင်တော့ ၆.၂၆ ဒေါ်လာ ( ၈၄၅၁ ကျပ်) ရမှာ ဖြစ်ပါတယ်။ OECD ရဲ့ဇယားမှာတော့ အမေရိကန်က အဆင့်(၁၁) နေရာမှာ ရှိနေပါတယ်။
ဒါပေမယ့်အနည်းဆုံးလုပ်ခသတ်မှတ်ချက်က ပြည်နယ် တစ်ခုနဲ့တစ်ခုတူညီမှုမရှိပါဘူး။ ဝါရှင်တန်လိုမြို့ မျိုးမှာဆိုရင် တစ်နာရီကို ၉.၀၅ ဒေါ်လာ ( ၁၂၂၁၇.၅ ကျပ်) ရနိုင်ပြီး ဂျော်ဂျီယာ လိုပြည်နယ်မှာဆိုရင်တော့ ၅.၁၅ ဒေါ်လာ ( ၆၉၅၂.၅ ကျပ်) ပဲရမှာပါ။ ဒါပေမယ့် စိတ်ပူစရာမရှိပါဘူး။ အမေရိကန် အစိုးရက ဝင်ငွေနည်းပါးတဲ့ အလုပ်သမားတွေအတွက် တစ်နှစ်ကို လူမှုဖူလုံရေးထောက်ပံ့ငွေ ၁၅၂.၈ ဘီလီ ဒေါ်လာ ကိုသုံးစွဲ နေပါတယ်။

စာရင်းထဲမှာအာရှနိုင်ငံတွေအနေနဲ့တော့ ဂျပန် နဲ့ ကိုရီးယား တို့ပဲပါဝင်လာပြီး ဂျပန် က တစ်နာရီ ကို ၅.၅၂ ဒေါ်လာ ( ရ၄၅၂ ကျပ်) နဲ့ ကိုရီးယား ကတော့ ၅.၈၅ ဒေါ်လာ ( ရ၈၉၇.၅ ကျပ်) ပါ။ တွက်ရလွယ်ကူအောင် ဒေါ်လာ တန်ဖိုး ကိုတော့ တစ်ဒေါ်လာကို ၁၃၅၀ ကျပ်နဲ့တွက်ပြထားပါတယ်။
Source; အခရာ

Read times
Rate this item
(1 Vote)