-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကုန္အမွတ္တံဆိပ္ အားသစ္ေလာင္းျခင္းနည္းနာမ်ား

ကုန္အမွတ္တံဆိပ္ အားသစ္ေလာင္းျခင္းနည္းနာမ်ား google.com

ကုန္အမွတ္တံဆိပ္ကို ေနရာျပန္ခ်ျခင္း(repositioning) လုပ္ရမယ္။ အဲ့သလို လုပ္ရာမွာ အထူးတလည္ အေရးႀကီးတာက ယင္းကုန္အမွတ္တံဆိပ္ကို  ေနရာျပန္ခ်ဖို႔ရာမွာ ကုန္အမွတ္တံဆိပ္ရဲ႕ အေရးပါတဲ႔ ဆက္စပ္မွဳေတြနဲ႔ ဘယ္ေလာက္အတုိင္းအတာအထိ ယွဥ္လို႔ရေနတဲ႔ အခ်က္မ်ားအျဖစ္ရွိေနလဲဆုိတာ သိဖို႔လုိပါတယ္။

ေစ်းကြက္မွာ မူလရထားတဲ႔ အေနအထားကိုပဲ ဆက္ယူမလား၊ အေနအထားအသစ္တစ္ခုကို ဖန္တီးမလား ဆုိတာ ဆံုးျဖတ္ရမယ္။ အသစ္ကို ဖန္တီးမလားဆိုတာ ဆံုးျဖတ္ရမယ္။ အသစ္ကို ဖန္တီးမယ္ဆိုလွ်င္ ဘယ္လိုဟာကုိ လက္ခံမလဲေပါ႔။ ေနရာခ်ျခင္းအတြက္ စဥ္စားဆင္ျခင္ျခင္းက ျဖစ္ႏုိင္ေခ်ရွိတဲ႔ အေနအထား အမ်ိဳးမ်ိဳးနဲ႔ ပတ္သက္တဲ႔ လုိအပ္မွဳ (desirability) နဲ႔ ေပးအပ္ႏုိင္မွဳကို နက္နက္ရွိဳင္းရွိဳငး္ သိျမင္ေစႏုိင္ပါတယ္။ ဒါကေတာ့ ကုမၸဏီစားသံုးသူနဲ႔ ယွဥ္ၿပိဳင္မွဳ အေျခအေနအေပၚ မူတည္စဥ္းစားရမွာေပါ့။

ရံဖန္ရံခါ Positioning ကသင့္ေတာ္ေနေသးတယ္။ သို႔ေပမဲ႔ မားကတ္တင္း အစီစဥ္က ျပႆနာရဲ႕ အရင္းဇာတ္ျမစ္ျဖစ္တယ္။ ဒီလိုမ်ိဳး သာဓကေတြ မွာဆို ‘အေျခခံသုိ႔ ျပန္သြားျခင္း’ (back to basic) မဟာဗ်ဴဟာဆိုတာ အဓိပၸာယ္ရွိတယ္။  တျခား အေျခအေနမ်ားမွာ  Positioning အေဟာင္းက ဆက္လက္မရက္တည္ႏိုင္ေတာ့တာေၾကာင့္ reinvention strategy ဆန္းသစ္တီထြင္ျခင္း မဟာဗ်ဴဟာမ်ားက တေရြ႔ေရြ႔တျဖည္းျဖည္း ေျပာင္းလဲမွဳနည္းစဥ္ပဲျဖစ္တယ္။

 တစ္ဖက္မွာ ‘back to basics’ ရွိၿပီး အျခားတစ္ဖက္မွာ reinvention ရွိတယ္။ အာသစ္ေလာင္းျခင္း လုပ္ေဆာင္ခ်က္ အမ်ားအျပားကေတာ့ ယင္းမဟာဗ်ဴဟာ ၂ခုစလံုးမွ အဂၤါရပ္ေတြကို ေပါင္းစပ္လုပ္ေဆာင္တာ ျဖစ္တယ္။

Brand equity အတြက္နည္းလမ္းႏွစ္သြယ္

ေဖာက္သည္က အေျချပဳကုန္အမွတ္တံဆိပ္ရဲ႕ ပုိင္ဆိုင္မွဳရွယ္ယာ (brand equity) မူေဘာင္က ရည္ရြယ္တဲ႔ Positioning ရရွိေရးအတြက္ brands equity အရင္းဇာစ္ျမစ္ အေဟာင္မ်ားကို ဘယ္လုိအေကာင္းဆံုး ဆန္းသစ္ေအာင္ လုပ္မလဲ ဒါမွမဟုတ္ brand equity အရင္းဇာတ္ျမစ္သစ္ကို ဘယ္လုိဖန္တီးမလဲဆိုတာ လမ္းညႊန္ခ်က္ေပးပါတယ္။ ယင္းေမာ္ဒယ္အရ ျဖစ္ႏုိင္တဲ႔ နည္းႏွစ္သြယ္ရွိတယ္။

ဒါေတြကေတာ့

ကုန္အမွတ္တံဆိပ္ အေဟာင္းမ်ားကို အသစ္ျဖစ္ေအာင္လုပ္ေဆာင္ျခင္း

တစ္ခ်ိန္က အားေကာင္းခဲ႔တဲ႔ ကုန္အမွတ္တံဆိပ္အမ်ားအျပားက မထင္မရွားကြယ္ေပ်ာက္သြားၾကတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ယင္းကုန္အမွတ္တံဆိပ္မန္ေနဂ်ာတို႔က ေဖာက္သည္ကို မ်က္ေျချဖတ္ၿပီး ၿပိဳင္ဆုိင္မွဳကုိ  တုိက္ခို္က္ဖို႔ ေရြးခ်ယ္ခဲ့လုိ႔ပါ။  ကုန္အမွတ္တံဆိပ္ မန္ေနဂ်ာတုိ႔က  ေဖာက္သည္မ်ားမွ ကုန္အမွတ္တံဆိပ္ တစ္ခုနဲ႔  တံု႔ျပန္တဲ႔နည္းလမ္း (၃)သြယ္အေပၚ အာရံုစိုက္သင့္တယ္။ အထူးသျဖင့္ ေဖာက္သည္မ်ားက ဘယ္ပံုသိနားလည္တယ္၊ ေရြးခ်ယ္တယ္၊ ဘယ္အမွတ္တံဆိပ္ကုိသံုးတယ္ဆိုတာ နားလည္ဖို႔လုိအပ္တယ္။ 

ဘာေၾကာင့္ဆုိေတာ့ လူအမ်ားစုက ပစၥည္းမ်ား၀ယ္ယူတဲ႔အခါ တစ္ႀကိမ္မွာတစ္ခု၊ ႏွစ္ခုေလာက္သာ ၀ယ္တယ္။ ကိန္းဂဏန္းအေသးေပၚမွာ အာရံုစိုက္တာျဖစ္တယ္။ ေနာက္မွသာ ပုိ၀ယ္ယူမွာျဖစ္တယ္။ အေရာင္းပရိုမိုးရွင္းက အေရအတြက္ မ်ားမ်ား၀ယ္ယူဖို႔ ညႊန္းဆိုမွသူတို႔က ယင္းကိန္းဂဏန္းႀကီးဆီသို႔ ေျပာင္းလဲေရြ႕လ်ားၿပီး ပိုမို၀ယ္သူတာျဖစ္ပါတယ္။

အသက္ႀကီးရင့္လာတဲ႔ ကုန္အမွတ္တံဆိပ္မ်ားအေပၚ အျမတ္အစြန္းပိုမိုရရွိေရး ဖိအားက ကုမၸဏီတခ်ိဳ႕ကို ေဖာက္သည္အဆံုးရွံဳးခံၿပီး ၿပိဳင္ဆုိင္မွဳဘက္အာရံုစူးစိုက္ေစတယ္။ ယင္းလုိမ်ိဳးဖိအားမ်ိဳးနဲ႔ ရင္ဆိုင္ေနရစဥ္မွာ ကုမၸဏီမ်ားက ၿပိဳင္ဆိုင္မွဳကို တိုက္ခိုက္ႏုိင္တယ္။ ဒါမွမဟုတ္ လက္ရွိေဖာက္သည္မ်ားရဲ႕ သစၥာရွိမွဳကို က်ားကန္ေပးႏုိင္ပါတယ္။ ေဖာက္သည္ရဲ႕ သစၥာရွိမွဳကို တုိးျမွင့္ျခင္းက ေရတုိေရရွည္ အက်ိဳးေက်းဇူး နွစ္ရပ္လံုးရွိပါတယ္။ သို႔ေပမယ့္ ကုမၸဏီမ်ားက ေဖာက္သည္နဲ႔ ကုန္အမွတ္တံဆိပ္ၾကားရွိတံု႔ျပန္မွဳ အခ်က္မ်ားကုိ နားလည္ရမယ္။

ကုန္အမွတ္တံဆိပ္အေပၚ စြဲမွတ္သတိျပဳမိျခင္းကုိ တုိးခ်ဲ႕ျခင္း

ေမွးမွိန္လာေနတဲ႔ ကုန္အမွတ္တံဆိပ္ တစ္ခုအတြက္ ကုန္အမွတ္တံဆိပ္အေပၚ စြဲမွတ္သတိျပဳမိျခင္း နက္ရွ်ိဳင္းမွဳ (depth of brand awareness) ကျပႆနာတစ္ခု ျဖစ္ေလ့မရွိပါဘူး။ စားသံုးသူမ်ားက အေျခအေနတစ္ခ်ိဳ႕မွာ ယင္းကုန္အမွတ္တံဆိပ္ ကိုမွတ္မိေနဆဲျဖစ္ႏိုင္ပါတယ္။ ကုန္အမွတ္တံဆိပ္ အေပၚ စြဲမွတ္သတိျပဳမိျခင္း အ၀န္းအက်ယ္( breath of brand awareness) ကမွသာ ခလုတ္ခသင္း ျဖစ္ႏုိင္ပါတယ္။

စားသံုးသူမ်ားက ကုန္အမွတ္တံဆိပ္ကို က်ဥ္းေျမာင္းတဲ႔ အျမင္နဲ႔ ၾကည့္တတ္လို႔ပါ။ ဒါေၾကာင့္ brand equityတည္ေဆာက္ရာမွာ စြမ္းပကားႀကီးမားတဲ႔ နည္းလမ္းတစ္ခုကေတာ့ breath of brand awareness ကိုျမွင့္တင္ေပးဖုိ႔ ျဖစ္တယ္။ စားသံုးသူမ်ားမ်က္စိ သွ်မ္းမသြားေအာင္လို႔ပါ။

Brand awareness မွာအေရာင္အေျပာင္းအလဲ လုပ္ျခင္းက brand equity အရင္းအျမစ္သစ္မ်ား ဖန္တီးရာတြင္ အလြယ္ကူဆံုး နည္းလမ္းေကာင္းျဖစ္ပါတယ္။ သို႔ေပမယ့္ အေျခခံေျပာင္းလဲမွဳမ်ား လုပ္ဖို႔ ပိုလုိအပ္ႏုိင္ပါတယ္။

ကုန္အမွတ္တံဆိပ္ရဲ႕ ပံုရိပ္ျဖစ္ေစတဲ႔ အားေကာင္းမွဳ၊ လူႀကိဳက္မ်ားမွဳ၊ တစ္မူထူးျခားမွဳ ျဖစ္ေစတဲ႔ အခ်က္ေတြကို တုိးတက္ေကာင္းမြန္ဖို႔ မားကတ္တင္း အစီအစဥ္သစ္လိုအပ္ႏုိင္ပါတယ္။ အခ်ိဳ႕ ေနရာေတြမွာ ကုန္အမွတ္တံဆိပ္ repositioning  လိုအပ္မယ္။ သည္႔အတြက္ ပိုၿပီးသိသာတဲ႔ ျခားနားခ်က္မ်ား ထူေထာင္ဖို႔ လုိအပ္မယ္။ ဒါကသူတို႔သံုးစြဲေနခဲ႔တဲ႔ ကုန္အမွတ္တံဆိပ္ရဲ႕ ေကာင္းကြက္မ်ား ကိုစားသံုးသူေတြ သတိရေအာင္ သတိေပးႏွိဳးေဆာ္ ရတာျဖစ္ပါတယ္။

Kellog’s Corn Flakes “ယင္းတို႔ကို ပထမဆံုး အႀကိမ္အျဖစ္ျပန္စမ္းသံုးၾကည့္ပါ” ဆိုတဲ႔ ေၾကြးေၾကာ္ခ်က္ျဖင့္ ေၾကာ္ျငာပုိင္းကို ေအာင္ျမင္စြာ လုပ္ေဆာင္ခဲ႔ဖူးတယ္။

Credit; ဦးလွျမင့္(မားကက္တင္း)
Source ; အခြင့္အလမ္းဂ်ာနယ္

(Unicode Version)

ကုန်အမှတ်တံဆိပ်ကို နေရာပြန်ချခြင်း(repositioning) လုပ်ရမယ်။ အဲ့သလို လုပ်ရာမှာ အထူးတလည် အရေးကြီးတာက ယင်းကုန်အမှတ်တံဆိပ်ကို နေရာပြန်ချဖို့ရာမှာ ကုန်အမှတ်တံဆိပ်ရဲ့ အရေးပါတဲ့ ဆက်စပ်မှုတွေနဲ့ ဘယ်လောက်အတိုင်းအတာအထိ ယှဉ်လို့ရနေတဲ့ အချက်များအဖြစ်ရှိနေလဲဆိုတာ သိဖို့လိုပါတယ်။
စျေးကွက်မှာ မူလရထားတဲ့ အနေအထားကိုပဲ ဆက်ယူမလား၊ အနေအထားအသစ်တစ်ခုကို ဖန်တီးမလား ဆိုတာ ဆုံးဖြတ်ရမယ်။ အသစ်ကို ဖန်တီးမလားဆိုတာ ဆုံးဖြတ်ရမယ်။ အသစ်ကို ဖန်တီးမယ်ဆိုလျှင် ဘယ်လိုဟာကို လက်ခံမလဲပေါ့။ နေရာချခြင်းအတွက် စဉ်စားဆင်ခြင်ခြင်းက ဖြစ်နိုင်ချေရှိတဲ့ အနေအထား အမျိုးမျိုးနဲ့ ပတ်သက်တဲ့ လိုအပ်မှု (desirability) နဲ့ ပေးအပ်နိုင်မှုကို နက်နက်ရှိုင်းရှိုငး် သိမြင်စေနိုင်ပါတယ်။ ဒါကတော့ ကုမ္ပဏီစားသုံးသူနဲ့ ယှဉ်ပြိုင်မှု အခြေအနေအပေါ် မူတည်စဉ်းစားရမှာပေါ့။
ရံဖန်ရံခါ Positioning ကသင့်တော်နေသေးတယ်။ သို့ပေမဲ့ မားကတ်တင်း အစီစဉ်က ပြဿနာရဲ့ အရင်းဇာတ်မြစ်ဖြစ်တယ်။ ဒီလိုမျိုး သာဓကတွေ မှာဆို ‘အခြေခံသို့ ပြန်သွားခြင်း’ (back to basic) မဟာဗျူဟာဆိုတာ အဓိပ္ပာယ်ရှိတယ်။ တခြား အခြေအနေများမှာ Positioning အဟောင်းက ဆက်လက်မရက်တည်နိုင်တော့တာကြောင့် reinvention strategy ဆန်းသစ်တီထွင်ခြင်း မဟာဗျူဟာများက တရွေ့ရွေ့တဖြည်းဖြည်း ပြောင်းလဲမှုနည်းစဉ်ပဲဖြစ်တယ်။
တစ်ဖက်မှာ ‘back to basics’ ရှိပြီး အခြားတစ်ဖက်မှာ reinvention ရှိတယ်။ အာသစ်လောင်းခြင်း လုပ်ဆောင်ချက် အများအပြားကတော့ ယင်းမဟာဗျူဟာ ၂ခုစလုံးမှ အင်္ဂါရပ်တွေကို ပေါင်းစပ်လုပ်ဆောင်တာ ဖြစ်တယ်။
Brand equity အတွက်နည်းလမ်းနှစ်သွယ်
ဖောက်သည်က အခြေပြုကုန်အမှတ်တံဆိပ်ရဲ့ ပိုင်ဆိုင်မှုရှယ်ယာ (brand equity) မူဘောင်က ရည်ရွယ်တဲ့ Positioning ရရှိရေးအတွက် brands equity အရင်းဇာစ်မြစ် အဟောင်များကို ဘယ်လိုအကောင်းဆုံး ဆန်းသစ်အောင် လုပ်မလဲ ဒါမှမဟုတ် brand equity အရင်းဇာတ်မြစ်သစ်ကို ဘယ်လိုဖန်တီးမလဲဆိုတာ လမ်းညွှန်ချက်ပေးပါတယ်။ ယင်းမော်ဒယ်အရ ဖြစ်နိုင်တဲ့ နည်းနှစ်သွယ်ရှိတယ်။
ဒါတွေကတော့
ကုန်အမှတ်တံဆိပ် အဟောင်းများကို အသစ်ဖြစ်အောင်လုပ်ဆောင်ခြင်း
တစ်ချိန်က အားကောင်းခဲ့တဲ့ ကုန်အမှတ်တံဆိပ်အများအပြားက မထင်မရှားကွယ်ပျောက်သွားကြတယ်။ ဘာကြောင့်လဲဆိုတော့ ယင်းကုန်အမှတ်တံဆိပ်မန်နေဂျာတို့က ဖောက်သည်ကို မျက်ခြေဖြတ်ပြီး ပြိုင်ဆိုင်မှုကို တိုက်ခို်က်ဖို့ ရွေးချယ်ခဲ့လို့ပါ။ ကုန်အမှတ်တံဆိပ် မန်နေဂျာတို့က ဖောက်သည်များမှ ကုန်အမှတ်တံဆိပ် တစ်ခုနဲ့ တုံ့ပြန်တဲ့နည်းလမ်း (၃)သွယ်အပေါ် အာရုံစိုက်သင့်တယ်။ အထူးသဖြင့် ဖောက်သည်များက ဘယ်ပုံသိနားလည်တယ်၊ ရွေးချယ်တယ်၊ ဘယ်အမှတ်တံဆိပ်ကိုသုံးတယ်ဆိုတာ နားလည်ဖို့လိုအပ်တယ်။ ဘာကြောင့်ဆိုတော့ လူအများစုက ပစ္စည်းများဝယ်ယူတဲ့အခါ တစ်ကြိမ်မှာတစ်ခု၊ နှစ်ခုလောက်သာ ၀ယ်တယ်။ ကိန်းဂဏန်းအသေးပေါ်မှာ အာရုံစိုက်တာဖြစ်တယ်။ နောက်မှသာ ပို၀ယ်ယူမှာဖြစ်တယ်။ အရောင်းပရိုမိုးရှင်းက အရေအတွက် များများဝယ်ယူဖို့ ညွှန်းဆိုမှသူတို့က ယင်းကိန်းဂဏန်းကြီးဆီသို့ ပြောင်းလဲရွေ့လျားပြီး ပိုမိုဝယ်သူတာဖြစ်ပါတယ်။
အသက်ကြီးရင့်လာတဲ့ ကုန်အမှတ်တံဆိပ်များအပေါ် အမြတ်အစွန်းပိုမိုရရှိရေး ဖိအားက ကုမ္ပဏီတချို့ကို ဖောက်သည်အဆုံးရှုံးခံပြီး ပြိုင်ဆိုင်မှုဘက်အာရုံစူးစိုက်စေတယ်။ ယင်းလိုမျိုးဖိအားမျိုးနဲ့ ရင်ဆိုင်နေရစဉ်မှာ ကုမ္ပဏီများက ပြိုင်ဆိုင်မှုကို တိုက်ခိုက်နိုင်တယ်။ ဒါမှမဟုတ် လက်ရှိဖောက်သည်များရဲ့ သစ္စာရှိမှုကို ကျားကန်ပေးနိုင်ပါတယ်။ ဖောက်သည်ရဲ့ သစ္စာရှိမှုကို တိုးမြှင့်ခြင်းက ရေတိုရေရှည် အကျိုးကျေးဇူး နှစ်ရပ်လုံးရှိပါတယ်။ သို့ပေမယ့် ကုမ္ပဏီများက ဖောက်သည်နဲ့ ကုန်အမှတ်တံဆိပ်ကြားရှိတုံ့ပြန်မှု အချက်များကို နားလည်ရမယ်။
ကုန်အမှတ်တံဆိပ်အပေါ် စွဲမှတ်သတိပြုမိခြင်းကို တိုးချဲ့ခြင်း
မှေးမှိန်လာနေတဲ့ ကုန်အမှတ်တံဆိပ် တစ်ခုအတွက် ကုန်အမှတ်တံဆိပ်အပေါ် စွဲမှတ်သတိပြုမိခြင်း နက်ရျှိုင်းမှု (depth of brand awareness) ကပြဿနာတစ်ခု ဖြစ်လေ့မရှိပါဘူး။ စားသုံးသူများက အခြေအနေတစ်ချို့မှာ ယင်းကုန်အမှတ်တံဆိပ် ကိုမှတ်မိနေဆဲဖြစ်နိုင်ပါတယ်။ ကုန်အမှတ်တံဆိပ် အပေါ် စွဲမှတ်သတိပြုမိခြင်း အဝန်းအကျယ်( breath of brand awareness) ကမှသာ ခလုတ်ခသင်း ဖြစ်နိုင်ပါတယ်။
စားသုံးသူများက ကုန်အမှတ်တံဆိပ်ကို ကျဉ်းမြောင်းတဲ့ အမြင်နဲ့ ကြည့်တတ်လို့ပါ။ ဒါကြောင့် brand equityတည်ဆောက်ရာမှာ စွမ်းပကားကြီးမားတဲ့ နည်းလမ်းတစ်ခုကတော့ breath of brand awareness ကိုမြှင့်တင်ပေးဖို့ ဖြစ်တယ်။ စားသုံးသူများမျက်စိ သျှမ်းမသွားအောင်လို့ပါ။
Brand awareness မှာအရောင်အပြောင်းအလဲ လုပ်ခြင်းက brand equity အရင်းအမြစ်သစ်များ ဖန်တီးရာတွင် အလွယ်ကူဆုံး နည်းလမ်းကောင်းဖြစ်ပါတယ်။ သို့ပေမယ့် အခြေခံပြောင်းလဲမှုများ လုပ်ဖို့ ပိုလိုအပ်နိုင်ပါတယ်။
ကုန်အမှတ်တံဆိပ်ရဲ့ ပုံရိပ်ဖြစ်စေတဲ့ အားကောင်းမှု၊ လူကြိုက်များမှု၊ တစ်မူထူးခြားမှု ဖြစ်စေတဲ့ အချက်တွေကို တိုးတက်ကောင်းမွန်ဖို့ မားကတ်တင်း အစီအစဉ်သစ်လိုအပ်နိုင်ပါတယ်။ အချို့ နေရာတွေမှာ ကုန်အမှတ်တံဆိပ် repositioning လိုအပ်မယ်။ သည့်အတွက် ပိုပြီးသိသာတဲ့ ခြားနားချက်များ ထူထောင်ဖို့ လိုအပ်မယ်။ ဒါကသူတို့သုံးစွဲနေခဲ့တဲ့ ကုန်အမှတ်တံဆိပ်ရဲ့ ကောင်းကွက်များ ကိုစားသုံးသူတွေ သတိရအောင် သတိပေးနှိုးဆော် ရတာဖြစ်ပါတယ်။

Kellog’s Corn Flakes “ယင်းတို့ကို ပထမဆုံး အကြိမ်အဖြစ်ပြန်စမ်းသုံးကြည့်ပါ” ဆိုတဲ့ ကြွေးကြော်ချက်ဖြင့် ကြော်ငြာပိုင်းကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ဖူးတယ်။
Credit; ဦးလှမြင့်(မားကက်တင်း)
Source ; အခွင့်အလမ်းဂျာနယ်

Read times
Rate this item
(0 votes)