-->
×

Warning

JUser: :_load: Unable to load user with ID: 29


အိမ္မက္ေတြကို လုပ္ေဆာင္ခ်က္တစ္ခု အေနနဲ႔ ေျပာင္းလဲႏိုင္ၿပီလား

အိမ္မက္ေတြကို လုပ္ေဆာင္ခ်က္တစ္ခု အေနနဲ႔ ေျပာင္းလဲႏိုင္ၿပီလား google.com

“ အိမ္မက္နဲ႕ အိပ္မက္ ” ကြ်န္ေတာ္တို႔ သတိမထားမိဘဲ သံုးမိၾကတယ္။ ဘာကြာသလဲ…။ အိပ္မက္ဆိုတာ အိပ္ေနရင္းမက္တာပါ။  စိတ္စြဲျပီးမက္တာလည္း ျဖစ္ခ်င္ျဖစ္မယ္ သူ႔ဘာသာ မက္ခ်င္တဲ့အေၾကာင္းအရာကို မက္တာလဲ ျဖစ္ခ်င္ျဖစ္မယ္ ကေယာင္ေခ်ာက္ခ်ားအိပ္မက္ေတြလည္း ျဖစ္ခ်င္ျဖစ္မယ္။

မိုးလင္းရင္ ေရေငြ႔ ရိုက္ထားတဲ့မ်က္မွန္နဲ႕ ၾကည့္ေနသလို အရာရာ မွဳန္ဝါးဝါးနဲ႕ မွတ္ဥာဏ္ထဲမွာ ဟိုတစ္ကြက္ ဒီတစ္ကြက္ မေသခ်ာမေရရာတဲ့ ျဖစ္စဥ္တစ္ခုအျဖစ္ေျပာင္းလဲသြားတဲ့အရာပါ။

အိမ္မက္ဆိုတာကေတာ့ ကိုယ္ျဖစ္ခ်င္တဲ့ဆႏၵ ကိုယ္ရည္ရြယ္ရာပန္းတိုင္ ကိုယ္လိုခ်င္တဲ့ဘဝ ကိုယ္စိတ္ၾကိဳက္ ဖန္တီးမယ့္ အနာဂတ္တစ္ခုကို မက္မက္ေမာေမာနဲ႕ စိတ္ကူးတည္ေဆာက္ထားတဲ့အိမ္ပါ။

လူတိုင္းမွာေတာ့ အိမ္မက္ကိုယ္စီ ရွိၾကမွာပါ။ ကိုယ့္အိမ္မက္ကို ရင္ဝယ္ပိုက္ျပီး တစ္ေန႔ေတာ့ ျဖစ္ရမယ္ ဆိုတဲ့ ယံုၾကည္ခ်က္နဲ႕…။  အေရးၾကီးတာက ကိုယ္မက္ေနတဲ့ အိမ္မက္က အိပ္မက္ ျဖစ္မသြားဖုိ႔ပါ။ ကုိယ့္အိမ္မက္ကို တန္ဖိုးထားပါ။ မိုးလင္းလာရင္ ေပ်ာက္သြားမယ့္ အိပ္မက္အျဖစ္ မေျပာင္းသြားပါေစနဲ႕။

အိမ္မက္ကို အေကာင္အထည္ေဖာ္ပါ။ တစ္ေန႔ေတာ့ ျဖစ္လာမွာေပါ့ဆိုျပီး ေမွ်ာ္လင့္ရံုတင္ ေမွ်ာ္လင့္ေနတာ ဆိုရင္ေတာ့ အိမ္မက္အဆင့္နဲ႕ပဲ ရပ္တန္႔ေနမွာပါ။ ေလာကၾကီးမွာ ဘယ္အရာမွာ ဒီတိုင္းမရပါဘူး ေပးဆပ္မွဳ ၾကိဳးစားမွဳ တစ္ခုခုရင္းမွ ရမွာပါ။

Read-ကိုယ့္ကိုယ္ကိုယ္ ဆံုးရွံဳးသြားတဲ႔သူဟာ အရာအားလံုးဆံုးရွံဳးသြားတဲ႔ သူပါ

ကုိယ္တည္ေဆာက္မယ့္ အိမ္မက္ၾကီးရင္ သံုးရမယ့္ ပစၥည္းေတြ လည္းမ်ားသလို အိမ္ျပီးေအာင္ေဆာက္ဖို႔ ရင္းနွီးရမယ့္အခ်ိန္ ေတြလည္း ၾကာပါတယ္။ ဇြဲ လံု႔လကိုလည္း ပိုစိုက္ထုတ္ရမွာပါ။ ကိုယ္႔အိမ္မျပီးေသးခင္ မိုးကရြာလုိက္ ေနကပူလိုက္ ေလကတုိက္လိုက္နဲ႕ အေနွာင့္အယွက္မ်ိဳးစံုၾကံဳနိုင္မွာပါ။ မမွဳပါနဲ႕ ဒါေတြက အခ်ိန္အတိုင္းအတာတစ္ခုပါ တစ္သက္လံုးတိုက္ခတ္ေနတဲ့ မုန္တိုင္းဆိုတာ မရွိပါဘူး။

ျပႆနာေတြ အခက္အခဲေတြဆိုတာက ရင္ဆိုင္ေျဖရွင္းမွ ျပီးသြားမွာပါ။ သင္အခက္အခဲေတြကုိ ကိုင္တြယ္ေျဖရွင္းနိုင္သေလာက္ သင္က ၾကံ႕ခိုင္တဲ့ လူတစ္ေယာက္ျဖစ္လာမွာပါ။

ဘဝမွာ အိပ္မက္ေတြလိုမ်ိဳး ဝါးတားတားကိစၥေတြ မေသခ်ာတဲ့ကိစၥေတြ အခ်ိန္တန္ရင္ သူ႔ဘာသာ ေပ်ာက္သြားမယ့္ ကိစၥေတြကို ဧည့္ခန္းမွာ ေနရာမေပးမိပါေစနဲ႕၊ ဧည့္ခန္းဆိုတာက အိမ္ထဲဝင္တာနဲ႕ အရင္ဆံုးျမင္ရမယ့္ ေနရာျဖစ္ျပီး သင့္အိမ္ရဲ႕ က်က္သေရေဆာင္လည္း ျဖစ္တယ္။ သူ႔ေနရာနဲ႕သူ အစီစဥ္တက် ျဖစ္ေနဖို႔လိုပါတယ္။

အေရးမပါတဲ့အရာေတြကို သင့္ဧည့္ခန္းထဲမွာ အလွဆင္ျပီး အခ်ိန္ေတြကို မျဖဳန္းတီးလိုက္ပါနဲ႕ အိပ္မက္ေတြနဲ႕ အလုပ္ရွဳပ္ေနရင္း သင့္အိမ္မက္ေတြကို လ်စ္လ်ဴမရွဳလိုက္ပါနဲ႕။

Credit; Scorpion

(Unicode Version)

“ အိမ်မက်နဲ့ အိပ်မက် ” ကျွန်တော်တို့ သတိမထားမိဘဲ သုံးမိကြတယ်။ ဘာကွာသလဲ…။ အိပ်မက်ဆိုတာ အိပ်နေရင်းမက်တာပါ။ စိတ်စွဲပြီးမက်တာလည်း ဖြစ်ချင်ဖြစ်မယ် သူ့ဘာသာ မက်ချင်တဲ့အကြောင်းအရာကို မက်တာလဲ ဖြစ်ချင်ဖြစ်မယ် ကယောင်ချောက်ချားအိပ်မက်တွေလည်း ဖြစ်ချင်ဖြစ်မယ်။

မိုးလင်းရင် ရေငွေ့ ရိုက်ထားတဲ့မျက်မှန်နဲ့ ကြည့်နေသလို အရာရာ မှုန်ဝါးဝါးနဲ့ မှတ်ဉာဏ်ထဲမှာ ဟိုတစ်ကွက် ဒီတစ်ကွက် မသေချာမရေရာတဲ့ ဖြစ်စဉ်တစ်ခုအဖြစ်ပြောင်းလဲသွားတဲ့အရာပါ။

အိမ်မက်ဆိုတာကတော့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ ကိုယ်ရည်ရွယ်ရာပန်းတိုင် ကိုယ်လိုချင်တဲ့ဘဝ ကိုယ်စိတ်ကြိုက် ဖန်တီးမယ့် အနာဂတ်တစ်ခုကို မက်မက်မောမောနဲ့ စိတ်ကူးတည်ဆောက်ထားတဲ့အိမ်ပါ။

လူတိုင်းမှာတော့ အိမ်မက်ကိုယ်စီ ရှိကြမှာပါ။ ကိုယ့်အိမ်မက်ကို ရင်ဝယ်ပိုက်ပြီး တစ်နေ့တော့ ဖြစ်ရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့…။ အရေးကြီးတာက ကိုယ်မက်နေတဲ့ အိမ်မက်က အိပ်မက် ဖြစ်မသွားဖို့ပါ။ ကိုယ့်အိမ်မက်ကို တန်ဖိုးထားပါ။ မိုးလင်းလာရင် ပျောက်သွားမယ့် အိပ်မက်အဖြစ် မပြောင်းသွားပါစေနဲ့။

အိမ်မက်ကို အကောင်အထည်ဖော်ပါ။ တစ်နေ့တော့ ဖြစ်လာမှာပေါ့ဆိုပြီး မျှော်လင့်ရုံတင် မျှော်လင့်နေတာ ဆိုရင်တော့ အိမ်မက်အဆင့်နဲ့ပဲ ရပ်တန့်နေမှာပါ။ လောကကြီးမှာ ဘယ်အရာမှာ ဒီတိုင်းမရပါဘူး ပေးဆပ်မှု ကြိုးစားမှု တစ်ခုခုရင်းမှ ရမှာပါ။

ကိုယ်တည်ဆောက်မယ့် အိမ်မက်ကြီးရင် သုံးရမယ့် ပစ္စည်းတွေ လည်းများသလို အိမ်ပြီးအောင်ဆောက်ဖို့ ရင်းနှီးရမယ့်အချိန် တွေလည်း ကြာပါတယ်။ ဇွဲ လုံ့လကိုလည်း ပိုစိုက်ထုတ်ရမှာပါ။ ကိုယ့်အိမ်မပြီးသေးခင် မိုးကရွာလိုက် နေကပူလိုက် လေကတိုက်လိုက်နဲ့ အနှောင့်အယှက်မျိုးစုံကြုံနိုင်မှာပါ။ မမှုပါနဲ့ ဒါတွေက အချိန်အတိုင်းအတာတစ်ခုပါ တစ်သက်လုံးတိုက်ခတ်နေတဲ့ မုန်တိုင်းဆိုတာ မရှိပါဘူး။

ပြဿနာတွေ အခက်အခဲတွေဆိုတာက ရင်ဆိုင်ဖြေရှင်းမှ ပြီးသွားမှာပါ။ သင်အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်သလောက် သင်က ကြံ့ခိုင်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

ဘဝမှာ အိပ်မက်တွေလိုမျိုး ဝါးတားတားကိစ္စတွေ မသေချာတဲ့ကိစ္စတွေ အချိန်တန်ရင် သူ့ဘာသာ ပျောက်သွားမယ့် ကိစ္စတွေကို ဧည့်ခန်းမှာ နေရာမပေးမိပါစေနဲ့၊ ဧည့်ခန်းဆိုတာက အိမ်ထဲဝင်တာနဲ့ အရင်ဆုံးမြင်ရမယ့် နေရာဖြစ်ပြီး သင့်အိမ်ရဲ့ ကျက်သရေဆောင်လည်း ဖြစ်တယ်။ သူ့နေရာနဲ့သူ အစီစဉ်တကျ ဖြစ်နေဖို့လိုပါတယ်။
အရေးမပါတဲ့အရာတွေကို သင့်ဧည့်ခန်းထဲမှာ အလှဆင်ပြီး အချိန်တွေကို မဖြုန်းတီးလိုက်ပါနဲ့ အိပ်မက်တွေနဲ့ အလုပ်ရှုပ်နေရင်း သင့်အိမ်မက်တွေကို လျစ်လျူမရှုလိုက်ပါနဲ့။

Credit; Scorpion

 

Read times
Rate this item
(1 Vote)