-->
×

Warning

JUser: :_load: Unable to load user with ID: 29


NEWS FEED ေပၚမွာ ႀကီးမားတဲ့အေျပာင္းအလဲေတြ ျပဳလုပ္လိုက္တဲ့ FACEBOOK

NEWS FEED ေပၚမွာ ႀကီးမားတဲ့အေျပာင္းအလဲေတြ ျပဳလုပ္လိုက္တဲ့ FACEBOOK google.com

နာမည္ေက်ာ္လူမႈကြန္ရက္ Facebook ဟာ စီးပြားေရးလုပ္ငန္းေတြ၊ အမွတ္တံဆိပ္ေတြနဲ႔ မီဒီယာက content ေတြရဲ႕ ဦးစားေပးေဖာ္ျပမႈကို ေလွ်ာ့ခ်ၿပီး သူငယ္ခ်င္းေတြအၾကား ေလးနက္တဲ့ စကားေျပာဆိုမႈေတြပါဝင္တဲ့

content ေတြကို ဦးစားေပးေဖာ္ျပဖို႔အတြက္ ႀကီးမားတဲ့ အေျပာင္းအလဲေတြ ျပဳလုပ္လိုက္ပါတယ္။ ဒီအေျပာင္းအလဲဟာ Facebook ရဲ႕ traffic ကို မွီခိုအားထားတဲ့ publisher ေတြကို အထိနာေစႏိုင္ပါတယ္။

ဒီအေျပာင္းအလဲေတြဟာ လူေတြကို Facebook ေပၚမွာ ေပ်ာ္ရႊင္စြာနဲ႔ အခ်ိန္ကုန္ဆံုးေစဖို႔အတြက္ ရည္ရြယ္ျပဳလုပ္ထားတာျဖစ္တယ္လို႔ Facebook အမႈေဆာင္အရာရိွခ်ဳပ္ Zuckerberg က ေျပာပါတယ္။

“ေလးနက္တဲ့ လူမႈေရးဆိုင္ရာ အျပန္အလွန္ေျပာဆိုမႈေတြကို ပိုမိုျပဳလုပ္ႏိုင္ေစဖို႔အတြက္ သက္ဆိုင္ရာ content ေတြကို ရွာေဖြရာမွာ အေထာက္အကူျဖစ္ေစဖို႔ ကၽြန္ေတာ္တို႔ရဲ႕ အဖြဲ႕ေတြက အာ႐ံုစိုက္ေဆာင္ရြက္ေနပါတယ္” လို႔ Zuckerberg က ရွင္းျပခဲ့ပါတယ္။

Read-ကမာၻၾကီးကုိ ေျပာင္းလဲေတာ့မည္႕ တီထြင္ဖန္းတီးမူ နည္းပညာသစ္မ်ား

Facebook ဟာ ၂၀၁၆ ခုႏွစ္ အေမရိကန္သမၼတေရြးေကာက္ပြဲတုန္းက သတင္းအတုေတြ၊ သေဘာထား ကြဲေစတဲ့ content ေတြေၾကာင့္ ျပႆနာေတြနဲ႔ ႀကံဳေတြ႕ခဲ့တဲ့အတြက္ အခုလိုအေျပာင္းအလဲေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ကုမၸဏီရဲ႕ platform ေပၚမွာ အဲ့ဒီလို content ေတြကို မတားဆီးႏိုင္ခဲ့တာေၾကာင့္ Facebook က ျပင္းထန္တဲ့ စြပ္စြဲေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ဒီအေျပာင္းအလဲေတြေၾကာင့္ Facebook ရဲ႕ အဓိက တိုင္းတာစနစ္ေတြကို တစ္နည္းတစ္ဖံု ထိခိုက္ေစႏိုင္တယ္ လို႔ Zuckerberg က ဝန္ခံခဲ့ပါတယ္။

“ဒီေျပာင္းလဲမႈေတြေၾကာင့္ Facebook သံုးစြဲတဲ့ အခ်ိန္နဲ႔ engagement အခ်ိဳ႕ က်ဆင္းသြားႏိုင္ပါတယ္။ ဒါေပမဲ့ Facebook ေပၚမွာ ကုန္ဆံုးမယ့္အခ်ိန္က ပိုၿပီး တန္ဖိုးရိွလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ Zuckerberg က ေျပာၾကားခဲ့ပါတယ္။

Source; Internet Journal

(Unicode Version)

နာမည်ကျော်လူမှုကွန်ရက် Facebook ဟာ စီးပွားရေးလုပ်ငန်းတွေ၊ အမှတ်တံဆိပ်တွေနဲ့ မီဒီယာက content တွေရဲ့ ဦးစားပေးဖော်ပြမှုကို လျှော့ချပြီး သူငယ်ချင်းတွေအကြား လေးနက်တဲ့ စကားပြောဆိုမှုတွေပါဝင်တဲ့ content တွေကို ဦးစားပေးဖော်ပြဖို့အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်လိုက်ပါတယ်။ ဒီအပြောင်းအလဲဟာ Facebook ရဲ့ traffic ကို မှီခိုအားထားတဲ့ publisher တွေကို အထိနာစေနိုင်ပါတယ်။
ဒီအပြောင်းအလဲတွေဟာ လူတွေကို Facebook ပေါ်မှာ ပျော်ရွှင်စွာနဲ့ အချိန်ကုန်ဆုံးစေဖို့အတွက် ရည်ရွယ်ပြုလုပ်ထားတာဖြစ်တယ်လို့ Facebook အမှုဆောင်အရာရှိချုပ် Zuckerberg က ပြောပါတယ်။
“လေးနက်တဲ့ လူမှုရေးဆိုင်ရာ အပြန်အလှန်ပြောဆိုမှုတွေကို ပိုမိုပြုလုပ်နိုင်စေဖို့အတွက် သက်ဆိုင်ရာ content တွေကို ရှာဖွေရာမှာ အထောက်အကူဖြစ်စေဖို့ ကျွန်တော်တို့ရဲ့ အဖွဲ့တွေက အာရုံစိုက်ဆောင်ရွက်နေပါတယ်” လို့ Zuckerberg က ရှင်းပြခဲ့ပါတယ်။
Facebook ဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတုန်းက သတင်းအတုတွေ၊ သဘောထား ကွဲစေတဲ့ content တွေကြောင့် ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့တဲ့အတွက် အခုလိုအပြောင်းအလဲတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ platform ပေါ်မှာ အဲ့ဒီလို content တွေကို မတားဆီးနိုင်ခဲ့တာကြောင့် Facebook က ပြင်းထန်တဲ့ စွပ်စွဲဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒီအပြောင်းအလဲတွေကြောင့် Facebook ရဲ့ အဓိက တိုင်းတာစနစ်တွေကို တစ်နည်းတစ်ဖုံ ထိခိုက်စေနိုင်တယ် လို့ Zuckerberg က ဝန်ခံခဲ့ပါတယ်။
“ဒီပြောင်းလဲမှုတွေကြောင့် Facebook သုံးစွဲတဲ့ အချိန်နဲ့ engagement အချို့ ကျဆင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ Facebook ပေါ်မှာ ကုန်ဆုံးမယ့်အချိန်က ပိုပြီး တန်ဖိုးရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ Zuckerberg က ပြောကြားခဲ့ပါတယ်။
Source; Internet Journal

Read times
Rate this item
(2 votes)