-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြ်န္ုပ္တို႔ မသိေသာ ကြ်န္ုပ္တို႔ အေၾကာင္းမ်ား

ကြ်န္ုပ္တို႔ မသိေသာ ကြ်န္ုပ္တို႔ အေၾကာင္းမ်ား google.com

ဒီေနာက္ပိုင္း နွစ္ေတြမွာ သိပၸံပညာရွင္ၾကီးေတြက လူသားေတြရဲ႕ ဦးေနွာက္နဲ႔ သူ႔ရဲ႕ အလုပ္လုပ္ပုံအေၾကာင္းကုိ အမ်ားၾကီး ေလ့လာသိရွိခဲ့ၾကပါတယ္။ သူတို႔ရဲ႕ ေက်းဇူးေၾကာင့္ ကြ်န္ေတာ္တို႔ေတြလည္း

စာဖတ္သူေတြထံကို ျပန္လည္မွ်ေ၀နို္င္လာခဲ့ၾကရပါတယ္ဗ်။ကဲဗ်ာ… ကြ်န္ေတာ္တို႔ အေၾကာင္း ကြ်န္ေတာ္တို႔ ဘယ္ေလာက္သိသလဲကို စမ္းၾကည့္လိုက္ရေအာင္…

၁။ လူသားေတြရဲ႕ မွတ္ဥာဏ္ေတြဟာ အျမဲတေစ ေျပာင္းလဲေနျခင္း

ကြ်န္ေတာ္တို႔ေတြက တခုခုကို ျပန္လည္စဥ္းစားတဲ့အခါ ပုံရိပ္လိုမ်ိဳး ၊ ဗီဒီယိုလုိမ်ိဳး ျပန္လည္ပုံေဖာ္ျပီး ၾကည့္တတ္ၾကပါတယ္။ အဲ့လို ျပန္လည္ပုံေဖာ္လိုက္တဲ့အခါတို္င္း ပါ၀င္တဲ့ အခ်က္လက္ေတြဟာ အနည္းငယ္ဆီ ေျပာင္းလဲ သြားတတ္ၾကပါတယ္တဲ့ဗ်ား…..။

၂။ မိတ္ေဆြအေပါင္းသင္းထားရာမွာလည္း အကန္႔အသတ္တခုအေနနွင့္သာ ထားနုိင္ျခင္း

ကြ်န္ေတာ္တို႔ ေဖ့ဘုတ္မွာ သူငယ္ခ်င္းေတြ ေထာင္နဲ႔ခ်ီျပီးရွိေနဦးေတာ့ လူတေယာက္အေနနဲ႔ ေသခ်ာေပါင္းသင္းနိုင္တဲ့ လူပမာဏဟာ ၅၀ ကေန ၂၀၀ ၾကားသာရွိပါတယ္။

၃။ အလုပ္မ်ားေနလွ်င္ ပိုမိုေပ်ာ္ရႊင္တတ္ျခင္း

ဆုိၾကပါစုိ႔… ကြ်န္ေတာ္တို႔အေနနဲ႔ ကားဂိတ္မွာ ပစၥည္းသြားယူတယ္ပဲထား… အဲ့အတြက္ ကိစၥေတြ တခုျပီး တခု လုပ္ေနရရင္ ကြ်န္ေတာ္တို႔ အခ်ိန္ေတြကုန္ေနမွန္း သတိမထားမိတဲ့အတြက္ စိတ္ဖိစီးရမွန္း မသိၾကပါဘူး။ ဒါေပမယ့္ ဘာမွ လုပ္စရာမရွိပဲ ၅ မိနစ္ေလာက္ ထုိင္ေစာင့္ေနရရင္ေတာ့ တခုုခုကို စိတ္တိုသလိုလို ၊ စိတ္ညစ္လာသလိုိလုိ ျဖစ္လာတတ္ပါတယ္။

၄။ အခ်ိန္အခါ တခုမွာ ၃ ခုကေန ၄ ခု အတြင္းပဲ မွတ္သားနုိ္င္ျခင္း

ေလ့လာခ်က္ေတြအရ ကြ်န္ေတာ္တို႔ရဲ႕ ဦးေနွာက္ဟာ သတင္းအခ်က္လက္ ၃ ခုကေန ၄ ခုအထိပဲ မွတ္သားလုပ္ေဆာင္နိုင္စြမ္းရွိပါတယ္တဲ့ဗ်ား…။ အဲ့ဒီ အတြက္ေၾကာင့္မို႔လို႔ ကားေမာင္းေနရင္း ဖုန္းမသုံးခိုင္းတာလဲ ျဖစ္ပါတယ္။

၅။ တေန႔တာရဲ႕ ၃၀% ကုိ စိတ္ကူးယဥ္ျခင္းျဖင့္ ကုန္ဆုံးတတ္ၾကျခင္း

ဒါဟာမေကာင္းတဲ့ အခ်က္မဟုတ္ပါဘူး။ အလုပ္ရွင္အမ်ားစုက ဒါကို မေကာင္းဘူးလုိ႔ ျမင္တတ္ၾကပါတယ္။ အထူးသျဖင့္ ဖြံ႔ျဖိဳးမႈေနွးေကြးတဲ့ တုိင္းျပည္ေတြမွာ ပိုသိသာပါတယ္။ ဒီလိုမ်ိဳး စိတ္ကူးယဥ္ျခင္းဟာ တကယ္ေတာ့ ပိုမိုေကာင္းမြန္တဲ့ ဖန္တီးနိုင္စြမ္းရည္ကို ရေစပါတယ္။ စိတ္ကူးမယဥ္တတ္မွသာ အႏၱရာယ္မ်ားတာပါ။

Read-အလုပ္ထဲမွာ ကိုယ့္ရဲ႕ကိုယ္ပိုင္ Brand ကို ဘယ္လိုဖန္တီးယူမလဲ?

၆။ ဘ၀မွာ အစားအစာ ၊ လိင္ဆက္ဆံျခင္း နွင့္ အႏၱရာယ္ ဆိုတဲ့ ၃ ခုကို လစ္လ်ဴမရွဳနုိ္င္ျခင္း

ဒီလုိ စိတ္သုံးခုဟာ ယခင္ ကြ်န္ေတာ္တို႔ရဲ႕ ဘိုးေဘးေတြဆီကေန ဆင့္ကဲဆင္းသက္လာရတဲ့ အေျခခံ စိတ္ထားေတြပဲျဖစ္ပါတယ္။ ဒါဟာ ရွင္သန္ျခင္းအတြက္ အေရးပါတဲ့ စိတ္ ၃ ခုဆိုလဲမမွားပါဘူး။ “ငါစားလို႔ျဖစ္ပါ့မလား? ငါသူနဲ႔ လိင္ဆက္ဆံလို႔ ျဖစ္ပါ့မလား? ငါအသက္မ်ား ေသသြားနို္င္မလား?” ဆိုတဲ့ ေမးခြန္း ၃ ခုကို လူတိုင္းဟာ ေန႔တုိ္င္းေမးတတ္ၾကပါတယ္။

၇။ ေရြးခ်ုယ္စရာမ်ားမ်ားစားစားကို လိုအပ္တတ္ျခင္း

စမ္းသပ္မႈ တခုမွာ ပညာရွင္ေတြဟာ စားပြဲ ၂ ခုထားထားပါတယ္။ ၁ ခုမွာ ယို အမ်ိဳးကြဲ ၆ ခုထားျပီး ေနာက္ထပ္ ၁ ခုမွာ ၂၄ ခုထားထားပါတယ္။ ရလဒ္ေတြကေတာ့ ၆၀% ေသာ လူေတြဟာ ပထမ စားပြဲကို သြားျပီး ျမည္းစမ္းၾကျပီးေတာ့ တကယ္တမ္း ၀ယ္ရမယ္လဲဆိုေကာ ၂၄ မ်ိဳးပါတဲ့ စားပြဲဆီကေန အမ်ားၾကီး၀ယ္သြား ၾကပါတယ္။

ဘာလို႔ ဒီလိုျဖစ္ရသလဲဆိုေတာ့ ကြ်န္ေတာ္တို႔ရဲ႕ ဦးေနွာက္ဟာ တခ်ိန္ထဲမွာ ၃-၄ ခုကိုပဲ အာရုံစိုက္ျပီး မွတ္သားလုပ္ေဆာင္နုိ္င္လို႔ပါ။ ဒါ့ေၾကာင့္ ျမည္းစမ္းဖို႔အတြက္ ၆ မ်ိဳးွရွိတဲ့ ပထမ စားပြဲကို သြားၾကတာျဖစ္ပါတယ္။

ဒါဆိုဘာေၾကာင့္ ၂၄ မ်ိဳးပါတဲ့ စားပြဲဆီကေန ၀ယ္ယူတာပိုမ်ားရတာလဲ? ဒီေမးခြန္းဟာ ေမးကို ေမးရမယ့္ ေမးခြန္းပါ။ အေျဖကေတာ့ လူသားေတြဟာ အမ်ိဳးစားမ်ားမ်ားပါတဲ့ အရာေတြကို ပိုျပီး ေတာင့္တၾကလို႔ပါတဲ့ဗ်ား…။ တနည္းအားျဖင့္ ေလာဘေပါ့။

Credit; RayDaniel_IV

Source; lunge.media

(Unicode Version)

ဒီနောက်ပိုင်း နှစ်တွေမှာ သိပ္ပံပညာရှင်ကြီးတွေက လူသားတွေရဲ့ ဦးနှောက်နဲ့ သူ့ရဲ့ အလုပ်လုပ်ပုံအကြောင်းကို အများကြီး လေ့လာသိရှိခဲ့ကြပါတယ်။ သူတို့ရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့တွေလည်း စာဖတ်သူတွေထံကို ပြန်လည်မျှဝေနို်င်လာခဲ့ကြရပါတယ်ဗျ။
ကဲဗျာ… ကျွန်တော်တို့ အကြောင်း ကျွန်တော်တို့ ဘယ်လောက်သိသလဲကို စမ်းကြည့်လိုက်ရအောင်…
၁။ လူသားတွေရဲ့ မှတ်ဉာဏ်တွေဟာ အမြဲတစေ ပြောင်းလဲနေခြင်း
ကျွန်တော်တို့တွေက တခုခုကို ပြန်လည်စဉ်းစားတဲ့အခါ ပုံရိပ်လိုမျိုး ၊ ဗီဒီယိုလိုမျိုး ပြန်လည်ပုံဖော်ပြီး ကြည့်တတ်ကြပါတယ်။ အဲ့လို ပြန်လည်ပုံဖော်လိုက်တဲ့အခါတို်င်း ပါ၀င်တဲ့ အချက်လက်တွေဟာ အနည်းငယ်ဆီ ပြောင်းလဲ သွားတတ်ကြပါတယ်တဲ့ဗျား…..။
၂။ မိတ်ဆွေအပေါင်းသင်းထားရာမှာလည်း အကန့်အသတ်တခုအနေနှင့်သာ ထားနိုင်ခြင်း
ကျွန်တော်တို့ ဖေ့ဘုတ်မှာ သူငယ်ချင်းတွေ ထောင်နဲ့ချီပြီးရှိနေဦးတော့ လူတယောက်အနေနဲ့ သေချာပေါင်းသင်းနိုင်တဲ့ လူပမာဏဟာ ၅၀ ကနေ ၂၀၀ ကြားသာရှိပါတယ်။
၃။ အလုပ်များနေလျှင် ပိုမိုပျော်ရွှင်တတ်ခြင်း
ဆိုကြပါစို့… ကျွန်တော်တို့အနေနဲ့ ကားဂိတ်မှာ ပစ္စည်းသွားယူတယ်ပဲထား… အဲ့အတွက် ကိစ္စတွေ တခုပြီး တခု လုပ်နေရရင် ကျွန်တော်တို့ အချိန်တွေကုန်နေမှန်း သတိမထားမိတဲ့အတွက် စိတ်ဖိစီးရမှန်း မသိကြပါဘူး။ ဒါပေမယ့် ဘာမှ လုပ်စရာမရှိပဲ ၅ မိနစ်လောက် ထိုင်စောင့်နေရရင်တော့ တခုုခုကို စိတ်တိုသလိုလို ၊ စိတ်ညစ်လာသလိိုလို ဖြစ်လာတတ်ပါတယ်။
၄။ အချိန်အခါ တခုမှာ ၃ ခုကနေ ၄ ခု အတွင်းပဲ မှတ်သားနို်င်ခြင်း
လေ့လာချက်တွေအရ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ သတင်းအချက်လက် ၃ ခုကနေ ၄ ခုအထိပဲ မှတ်သားလုပ်ဆောင်နိုင်စွမ်းရှိပါတယ်တဲ့ဗျား…။ အဲ့ဒီ အတွက်ကြောင့်မို့လို့ ကားမောင်းနေရင်း ဖုန်းမသုံးခိုင်းတာလဲ ဖြစ်ပါတယ်။

၅။ တနေ့တာရဲ့ ၃၀% ကို စိတ်ကူးယဉ်ခြင်းဖြင့် ကုန်ဆုံးတတ်ကြခြင်း
ဒါဟာမကောင်းတဲ့ အချက်မဟုတ်ပါဘူး။ အလုပ်ရှင်အများစုက ဒါကို မကောင်းဘူးလို့ မြင်တတ်ကြပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနှေးကွေးတဲ့ တိုင်းပြည်တွေမှာ ပိုသိသာပါတယ်။ ဒီလိုမျိုး စိတ်ကူးယဉ်ခြင်းဟာ တကယ်တော့ ပိုမိုကောင်းမွန်တဲ့ ဖန်တီးနိုင်စွမ်းရည်ကို ရစေပါတယ်။ စိတ်ကူးမယဉ်တတ်မှသာ အန္တရာယ်များတာပါ။
၆။ ဘဝမှာ အစားအစာ ၊ လိင်ဆက်ဆံခြင်း နှင့် အန္တရာယ် ဆိုတဲ့ ၃ ခုကို လစ်လျူမရှုနို်င်ခြင်း
ဒီလို စိတ်သုံးခုဟာ ယခင် ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဆီကနေ ဆင့်ကဲဆင်းသက်လာရတဲ့ အခြေခံ စိတ်ထားတွေပဲဖြစ်ပါတယ်။ ဒါဟာ ရှင်သန်ခြင်းအတွက် အရေးပါတဲ့ စိတ် ၃ ခုဆိုလဲမမှားပါဘူး။ “ငါစားလို့ဖြစ်ပါ့မလား? ငါသူနဲ့ လိင်ဆက်ဆံလို့ ဖြစ်ပါ့မလား? ငါအသက်များ သေသွားနို်င်မလား?” ဆိုတဲ့ မေးခွန်း ၃ ခုကို လူတိုင်းဟာ နေ့တို်င်းမေးတတ်ကြပါတယ်။
၇။ ရွေးချုယ်စရာများများစားစားကို လိုအပ်တတ်ခြင်း
စမ်းသပ်မှု တခုမှာ ပညာရှင်တွေဟာ စားပွဲ ၂ ခုထားထားပါတယ်။ ၁ ခုမှာ ယို အမျိုးကွဲ ၆ ခုထားပြီး နောက်ထပ် ၁ ခုမှာ ၂၄ ခုထားထားပါတယ်။ ရလဒ်တွေကတော့ ၆၀% သော လူတွေဟာ ပထမ စားပွဲကို သွားပြီး မြည်းစမ်းကြပြီးတော့ တကယ်တမ်း ၀ယ်ရမယ်လဲဆိုကော ၂၄ မျိုးပါတဲ့ စားပွဲဆီကနေ အများကြီးဝယ်သွား ကြပါတယ်။
ဘာလို့ ဒီလိုဖြစ်ရသလဲဆိုတော့ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ တချိန်ထဲမှာ ၃-၄ ခုကိုပဲ အာရုံစိုက်ပြီး မှတ်သားလုပ်ဆောင်နို်င်လို့ပါ။ ဒါ့ကြောင့် မြည်းစမ်းဖို့အတွက် ၆ မျိုးှရှိတဲ့ ပထမ စားပွဲကို သွားကြတာဖြစ်ပါတယ်။
ဒါဆိုဘာကြောင့် ၂၄ မျိုးပါတဲ့ စားပွဲဆီကနေ ၀ယ်ယူတာပိုများရတာလဲ? ဒီမေးခွန်းဟာ မေးကို မေးရမယ့် မေးခွန်းပါ။ အဖြေကတော့ လူသားတွေဟာ အမျိုးစားများများပါတဲ့ အရာတွေကို ပိုပြီး တောင့်တကြလို့ပါတဲ့ဗျား…။ တနည်းအားဖြင့် လောဘပေါ့။
Credit; RayDaniel_IV
Source; lunge.media

Read times
Rate this item
(0 votes)