-->
×

Warning

JUser: :_load: Unable to load user with ID: 29


ႀကိဳးစားမွဳမရွိျခင္းက အသက္ေပးလုိက္ရျခင္းပါ

အခ်ိန္သည္သာ အသက္၊ အခ်ိန္သည္သာ ဘ၀၊ အခ်ိန္သည္သာ ပုိက္ဆံ၊ အခ်ိန္သည္သာ အံၾသဆန္းၾကယ္မွဳ ေတြနဲ႔ ျပည့္ႏွက္ေနတဲ႔ အရာပါ။ က်ြန္ေတာ္တို႔ လူသားေတြရဲ႕ ဘ၀အားလံုးကို အခ်ိန္ေတြနဲ႔ တုိင္းတာထား ၾကတာပါ။

 

တကယ္ေလးနက္စြာ စဥ္းစားၾကည့္ပါ။ က်ြန္ေတာ္တို႔ လက္ရွိအခ်ိန္ထိ ပုိင္ဆိုင္ခဲ႔ေသာ အခ်ိန္ေတြကို ေကာင္းမြန္စြာ အသံုးခ်ခဲ႔ၿပီလား။ ဘယ္ေလာက္အခ်ိန္မ်ားမ်ားကို ေလလြင့္ဆံုးရွံဳးၿပီး အသက္ေတြကို ဆံုးရွံဳးေစခဲ႔ၿပီလဲဆိုတာ။

ငယ္ရြယ္စဥ္မွာ ရရွိတဲ႔အခ်ိန္နဲ႔ အသက္ႀကီးခ်ိန္မွာ ရရွိတဲ႔ အခ်ိန္(၂၄)နာရီ တူညီေကာင္းတူညီႏုိင္ပါတယ္။ သို႔ေသာ္ အရည္အေသြးေတြေတာ့ ကြာျခားသြားတယ္ဆိုတာ ေမ႔ထားလို႔မရေတာ့ပါဘူ။ သင့္အသက္ ၂၀အရြယ္မွာ ရရွိတဲ႔ အခ်ိန္ရဲ႕ အရည္အေသြးကို  လက္နက္သဖြယ္အေကာင္းဆံုး အသံုးခ်ႏုိင္ခဲ့မယ္ဆုိရင္ ဘ၀တစ္ခုလံုးကို ေအာင္ျမင္ေအာင္ပံပိုးေပးႏုိင္မွာပါ။

မ်ားေသာအားျဖင့္ က်ြန္ေတာ္တို႔ လူငယ္ေတြျဖစ္ေလ့ျဖစ္ထရွိတဲ႔ အခ်ိန္နဲ႔ပတ္သက္ၿပီး ေကာင္းမြန္စြာ အသံုးမခ်ႏိုင္မွဳေလးကို သာဓကျပခ်င္ပါတယ္။ ကိုယ္စိတ္ပါ၀င္စားတဲ႔ သင္တန္းတစ္ခု တက္တယ္ဆိုၾကပါဆို႔။ သင္တန္းကာလက ၅လၾကာျမင့္တယ္ ။ဒီ၅လ အတြင္းမွာ လံုေလာက္တဲ႔ ႀကိဳးစားအားထုတ္မွဳမရွိခဲ႔ဘူး၊ အခ်ိန္ေေတြကို ဆံုးရွံဳးေစခဲ့တယ္။ မႀကိဳးစားႏုိင္ခဲ့တာကိုလည္း  အေၾကာင္းျပခ်က္မ်ိဳးစံုေပးရင္းနဲ႔ေပါ့။

Read-ေအာင္ျမင္သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္အပိုင္းအစ

ဒီလိုနဲ႔ သင္တန္းသာ ၿပီးသြားတယ္။ ကိုယ့္မွာ ၅လနဲ႔ညီတဲ႔ အရည္အခ်ည္းတစ္ခု မရရွိလာခဲ႔ဘူးဆိုရင္ သင္ျပန္ရလိုက္တဲ႔ အရာကဘာလဲ။ သင့္ရဲ႕အသက္သာ ၅လေပးလိုက္ရတာပဲ ရွိမွာေပါ့။ ႀကိဳးစားမွဳမရွိျခင္းက အသက္ေပးလိုက္ရျခင္းပါ။ အသက္တစ္ရက္ ႀကီးလာတာနဲ႔အမ်ွ ေသဖို႔တစ္ရက္ နီးကပ္လာေနတာေၾကာင့္ပါ။

ဒါ႔ေၾကာင့္ တစ္စကၠန္႔ေတာင္ အၿပိဳင္မရတဲ႔ အခ်ိန္ကိုဘာေၾကာင့္ က်ြန္ေတာ္တို႔ အဆံုးရွံဳးခံၾကမွာလဲဗ်ာ။

Unicode Version

အချိန်သည်သာ အသက်၊ အချိန်သည်သာ ဘဝ၊ အချိန်သည်သာ ပိုက်ဆံ၊ အချိန်သည်သာ အံသြဆန်းကြယ်မှု တွေနဲ့ ပြည့်နှက်နေတဲ့ အရာပါ။ ကျွန်တော်တို့ လူသားတွေရဲ့ ဘဝအားလုံးကို အချိန်တွေနဲ့ တိုင်းတာထား ကြတာပါ။ တကယ်လေးနက်စွာ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ လက်ရှိအချိန်ထိ ပိုင်ဆိုင်ခဲ့သော အချိန်တွေကို ကောင်းမွန်စွာ အသုံးချခဲ့ပြီလား။ ဘယ်လောက်အချိန်များများကို လေလွင့်ဆုံးရှုံးပြီး အသက်တွေကို ဆုံးရှံုးစေခဲ့ပြီလဲဆိုတာ။
ငယ်ရွယ်စဉ်မှာ ရရှိတဲ့အချိန်နဲ့ အသက်ကြီးချိန်မှာ ရရှိတဲ့ အချိန်(၂၄)နာရီ တူညီကောင်းတူညီနိုင်ပါတယ်။ သို့သော် အရည်အသွေးတွေတော့ ကွာခြားသွားတယ်ဆိုတာ မေ့ထားလို့မရတော့ပါဘူ။ သင့်အသက် ၂၀အရွယ်မှာ ရရှိတဲ့ အချိန်ရဲ့ အရည်အသွေးကို လက်နက်သဖွယ်အကောင်းဆုံး အသုံးချနိုင်ခဲ့မယ်ဆိုရင် ဘဝတစ်ခုလုံးကို အောင်မြင်အောင်ပံပိုးပေးနိုင်မှာပါ။
များသောအားဖြင့် ကျွန်တော်တို့ လူငယ်တွေဖြစ်လေ့ဖြစ်ထရှိတဲ့ အချိန်နဲ့ပတ်သက်ပြီး ကောင်းမွန်စွာ အသုံးမချနိုင်မှုလေးကို သာဓကပြချင်ပါတယ်။ ကိုယ်စိတ်ပါ၀င်စားတဲ့ သင်တန်းတစ်ခု တက်တယ်ဆိုကြပါဆို့။ သင်တန်းကာလက ၅လကြာမြင့်တယ် ။ဒီ၅လ အတွင်းမှာ လုံလောက်တဲ့ ကြိုးစားအားထုတ်မှုမရှိခဲ့ဘူး၊ အချိန်ေတွေကို ဆုံးရှံုးစေခဲ့တယ်။ မကြိုးစားနိုင်ခဲ့တာကိုလည်း အကြောင်းပြချက်မျိုးစုံပေးရင်းနဲ့ပေါ့။
ဒီလိုနဲ့ သင်တန်းသာ ပြီးသွားတယ်။ ကိုယ့်မှာ ၅လနဲ့ညီတဲ့ အရည်အချည်းတစ်ခု မရရှိလာခဲ့ဘူးဆိုရင် သင်ပြန်ရလိုက်တဲ့ အရာကဘာလဲ။ သင့်ရဲ့အသက်သာ ၅လပေးလိုက်ရတာပဲ ရှိမှာပေါ့။ ကြိုးစားမှုမရှိခြင်းက အသက်ပေးလိုက်ရခြင်းပါ။ အသက်တစ်ရက် ကြီးလာတာနဲ့အမျှ သေဖို့တစ်ရက် နီးကပ်လာနေတာကြောင့်ပါ။
ဒါ့ကြောင့် တစ်စက္ကန့်တောင် အပြိုင်မရတဲ့ အချိန်ကိုဘာကြောင့် ကျွန်တော်တို့ အဆုံးရှံုးခံကြမှာလဲဗျာ။

 

Read times
Rate this item
(1 Vote)