-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရင္းအႏွီးမရွိဘဲနဲ႔ လုပ္ငန္းတစ္ခု ဘယ္လိုေအာင္ျမင္ႏိုင္မလဲ???

အရင္းအႏွီးမရွိဘဲနဲ႔ လုပ္ငန္းတစ္ခု ဘယ္လိုေအာင္ျမင္ႏိုင္မလဲ??? google.com

လူတိုင္းက လုပ္ငန္းတစ္ခုလုပ္ဖို႔အတြက္ ေအာင္ျမင္ဖို႔အတြက္ဆိုရင္ အရင္းအႏွီးၾကီးၾကီးမားမား ရွိဖို႔လိုတယ္လို႔ ထင္ၾကတယ္။ မွန္ပါတယ္။ ဒါေပမယ့္ ေငြမဟုတ္ဘူး ေအာင္ျမင္ေအာင္ လုပ္နိုင္တယ္ဆိုတဲ့ ယံုၾကည္ခ်က္နဲ႕

ၾကိဳးစားမယ္ဆိုတဲ့ ဇြဲ အခ်ိန္ေတြ ဒီအရင္းအႏွီးေတြ လုိအပ္ပါတယ္။

ေငြေရာ မလိုဘူးလားလို႔ ေမးရင္ လိုတာေပါ့။ ေငြရွိမွာ ရင္းနွီးျမွဳပ္နွံနိုင္မယ္။ လုပ္ငန္းတိုးခ်ဲ႕နိုင္မယ္။ ဒါေပမယ့္ သင့္မွာ ေငြမရွိဘူးလား အေရးမၾကီးပါဘူး ။ ငါေအာင္ျမင္နို္င္တယ္ ငါလုပ္နုိင္တယ္ ၾကိဳးစားမယ္ ဆိုတဲ့ ျပတ္သားတဲ့ သိႏၷိ႒ာန္ရွိတယ္ဆိုရင္ နည္းလမ္းကို ရွာေတြ႕နိုင္ပါတယ္။

အရင္းအနွီးမရွိဘူးလား ရတယ္ နည္းလမး္ကို ရွာနိုင္ဖို႔လိုတယ္ လက္ေတြ႔ကို ျမင္တတ္ဖို႔လိုတယ္ အေျပာင္းအလဲကို လက္ခံနိုင္ရမယ္ လူေတြရဲ႕ လိုအပ္ခ်က္ကို ေဖာ္ထုတ္နိုင္မယ္ ဒါေတြက အေျခခံ လိုအပ္ခ်က္ပါ။

လူငယ္ေတာ္ေတာ္မ်ားမ်ားက စီးပြါးေရးလုပ္ခ်င္တယ္ ဒါေပမယ့္ အရင္းအႏွီး မရွိဘူး ဘယ္လိုလုပ္ရမလဲ ဆိုတဲ့သူေတြအတြက္ I Myanmar House.com ရဲ႕ ပဲ့ကိုင္ရွင္ ဦးေနမင္းသူက သူ႔ရဲ႕ဘဝအေတြ႕ အၾကံဳနဲ႕ ယွဥ္ျပီး ေျပာျပေပးခဲ့ပါတယ္။

ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ လူအေတာ္ေတာ္မ်ားမ်ား မွားယြင္းေနတဲ့ အယူအဆရွိပါတယ္။ ဘယ္လိုမ်ိဳး မွားယြင္းေနတဲ့ အယူအဆလဲဆုိေတာ့ စီးပြားေရး လုပ္ငန္းတစ္ခုေအာင္္ျမင္ဖို႔ ဘဝမွာ ေအာင္ျမင္ဖို႔ ဆိုတာ  ေငြေၾကးအမ်ားႀကီးလိုမွ ဘဝမွာ ေအာင္ျမင္တယ္လို႔ ထင္တဲ့သူေတြ အမ်ားႀကီးရွိပါတယ္။

ၿပီးေတာ့ ကိုယ့္ဘဝမွာ အဆက္အသြယ္ရွိရမယ္။ ေဆြမ်ိဳး အသိုင္းဝိုင္းေတြ ရွိရမယ္။ အဲလိုမ်ိဳးေတြ ရွိမွ ေအာင္ျမင္မယ္ လို႔ ထင္တဲ့ သူေတြ အမ်ားႀကီး ရွိပါတယ္။ အဲအခ်က္ေတြက လံုးဝမွားယြင္းတဲ့ အခ်က္ေတြပါ။

ဘဝမွာ ေဆြမ်ိဳး အသိုင္းဝိုင္းေတြ လံုးဝမရွိဘူး။ ေငြေၾကးအရင္းအႏွီး အမ်ားႀကီး မရွိပဲနဲ႔ ဘဝကို သုညကေန စၿပီးေအာင္ျမင္တဲ့ သူေတြ အမ်ားၾကီး ရွိပါတယ္။ ကၽြန္ေတာ့္ဘဝဆိုလည္း နမူနာ ယူလို႔ရတယ္။ ကၽြန္ေတာ္ တို႔ ျမန္မာႏိုင္ငံမွာလည္း နမူနာျပစရာေတြ အမ်ားႀကီး ရွိတယ္။ ဥပမာဆိုရင္ ေတာ္ဝင္စင္တာ ဦးကိုကိုေထြးတို႔ ဘဝကို သုညကေန စခဲ့တာ။ ၿပီးေတာ့ ေအာင္သမာဓိ ေရႊဆိုင္က ဦးေအာင္ဆန္းဝင္းတို႔ ဘဝကို သုညကေန စခဲ့တာ သူတုိ႔ ဦးေအာင္ဆန္းဝင္းတို႔ ဆိုရင္ ကၽြန္ေတာ္ဖတ္မိသေလာက္ေပါ့ေနာ္။

ကြမ္းယာဆိုင္ကေန ၿပီးေတာ့ သူ႔ဘဝကို ႐ုန္းကုန္လႈပ္ရွားခဲ့ရတာ။ ကြမ္းယာသည္ အရင္းအႏွီး ဘယ္ေလာက္မွ မရွိဘူး။ သူရွိတဲ့ ပိုက္ဆံေလးနဲ႔ပဲ ကြမ္းယာ ေရာင္းတယ္။ အထမ္းကြမ္းယာေလး လိုက္ၿပီး ေရာင္းခဲ့တဲ့ ပံုစံေလးက စခဲ့တာ။ အဲက စတင္ၿပီးေတာ့ တေျဖးေျဖး လုပ္ငန္းေတြ ခ်ဲ႕ထြင္ၿပီးေတာ့ လုပ္ကိုင္သြားတယ္။ အဲကေန စုတယ္။ ၿပီးေတာ့ သူေကာင္းမြန္ရာ လုပ္ငန္းေလးေတြ လိုက္ၿပီးေတာ့ ၾကည့္တယ္။ ဘာလုပ္ငန္း ဆက္ၿပီးေတာ့ လုပ္သြားလို႔ ရမလဲ။ ဘာလုပ္ငန္းေတြက အက်ိဳးအျမတ္ရွိမလဲ အဲလိုမ်ိဳး လုပ္ငန္းေတြက ေျပာင္းၿပီးေတာ့ လုပ္တယ္။

လူတစ္ေယာက္ဟာ အရင္းအႏွီးမရွိဘူးဆိုရင္ ေရႊဆိုင္လုပ္ငန္းႀကီးကို စၿပီးေတာ့ လုပ္လို႔မရဘူး။ ဘယ္လိုမွ မလြယ္ဘူး။ ဒါေပမယ့္ သူလုပ္ခဲ့တဲ့ ပံုစံက ကြမ္းယာဆိုင္လုပ္တယ္။ ကြမ္းယာဆိုင္ကေနၿပီးေတာ့ အရင္းအႏွီး စစုတယ္။ အရင္းအႏွီးရလာေတာ့ သူေရႊအ႐ိုင္းတုန္းေတြ ဝယ္ၿပီးေတာ့ မႏၱေလးၿမိဳ႕မွာလာၿပီး ေတာ့ ေရႊသန္႔စင္လုပ္ၿပီးေတာ့ လာေရာင္းတယ္။ အဲလိုမ်ိဳး ေရႊကုန္သည္ပံုစံမ်ိဳးေလး ေသးေသးေလး စၿပီးေတာ့ လုပ္ခဲ့တယ္။ ၿပီးေတာ့မွ တေျဖးေျဖး ပိုက္ဆံစုၿပီးေတာ့ ေရႊဆိုင္ေသးေသးေလး စဖြင့္တယ္။ ေအာင္ျမင္ေတာ့မွ ေရႊဆိုင္အႀကီးႀကီး ကူးေျပာင္းသြားတယ္။ ေရႊဆိုင္ေအာင္ျမင္ေတာ့ ေနာက္ထပ္တစ္ဆိုင္ ဆက္ၿပီးေတာ့ ဖြင့္တယ္ေပါ့ေနာ္။

အဲေတာ့ လူတစ္ေယာက္ဟာ ကၽြန္ေတာ္တို႔ ၅၅၀ ဇာတ္နိပါတ္ထဲမွာလည္း ရွိပါတယ္။ ဘာလဲဆိုေတာ့ ၾကြက္ေသတစ္ခုကို အရင္းျပဳၿပီးေတာ့ ႀကီးပြားခ်မ္းသာသြားတဲ့ သူေ႒းေပါ့ေနာ္။ အဲလိုမ်ိဳး ပံုစံမ်ိဳးေတြ ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာတင္ မဟုတ္ပါဘူး။

ကမၻာမွာလည္း သာဓကေတြ အမ်ားႀကီး ရွိပါတယ္။  အဲေတာ့ သူတို႔လို လူေတြကို စံနမူနာ ထားၿပီးေတာ့ ကၽြန္ေတာ္တို႔ ႀကိဳးစားမယ္ဆိုရင္ လူငယ္ေတြကလည္း ဘဝမွာ အရင္းအႏွီး အမ်ားႀကီး မရွိပဲနဲ႔ ငါ့ဘဝမွာ ေအာင္ျမင္ႏိုင္ပါလားဆိုရင္ အခ်က္ေတြ စိတ္ဓာတ္ေတြ ေမြးျမဴထား မွသာလွ်င္ ဘဝမွာ ေအာင္ျမင္မႈေတြ ရရွိမွာ ျဖစ္ပါတယ္။

Source: mizzima

Unicode Version

လူတိုင်းက လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် အောင်မြင်ဖို့အတွက်ဆိုရင် အရင်းအနှီးကြီးကြီးမားမား ရှိဖို့လိုတယ်လို့ ထင်ကြတယ်။ မှန်ပါတယ်။ ဒါပေမယ့် ငွေမဟုတ်ဘူး အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကြိုးစားမယ်ဆိုတဲ့ ဇွဲ အချိန်တွေ ဒီအရင်းအနှီးတွေ လိုအပ်ပါတယ်။

ငွေရော မလိုဘူးလားလို့ မေးရင် လိုတာပေါ့။ ငွေရှိမှာ ရင်းနှီးမြှုပ်နှံနိုင်မယ်။ လုပ်ငန်းတိုးချဲ့နိုင်မယ်။ ဒါပေမယ့် သင့်မှာ ငွေမရှိဘူးလား အရေးမကြီးပါဘူး ။ ငါအောင်မြင်နို်င်တယ် ငါလုပ်နိုင်တယ် ကြိုးစားမယ် ဆိုတဲ့ ပြတ်သားတဲ့ သိန္နိဋ္ဌာန်ရှိတယ်ဆိုရင် နည်းလမ်းကို ရှာတွေ့နိုင်ပါတယ်။
အရင်းအနှီးမရှိဘူးလား ရတယ် နည်းလမး်ကို ရှာနိုင်ဖို့လိုတယ် လက်တွေ့ကို မြင်တတ်ဖို့လိုတယ် အပြောင်းအလဲကို လက်ခံနိုင်ရမယ် လူတွေရဲ့ လိုအပ်ချက်ကို ဖော်ထုတ်နိုင်မယ် ဒါတွေက အခြေခံ လိုအပ်ချက်ပါ။

လူငယ်တော်တော်များများက စီးပွါးရေးလုပ်ချင်တယ် ဒါပေမယ့် အရင်းအနှီး မရှိဘူး ဘယ်လိုလုပ်ရမလဲ ဆိုတဲ့သူတွေအတွက် I Myanmar House.com ရဲ့ ပဲ့ကိုင်ရှင် ဦးနေမင်းသူက သူ့ရဲ့ဘဝအတွေ့ အကြုံနဲ့ ယှဉ်ပြီး ပြောပြပေးခဲ့ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူအတော်တော်များများ မှားယွင်းနေတဲ့ အယူအဆရှိပါတယ်။ ဘယ်လိုမျိုး မှားယွင်းနေတဲ့ အယူအဆလဲဆိုတော့ စီးပွားရေး လုပ်ငန်းတစ်ခုအောင််မြင်ဖို့ ဘဝမှာ အောင်မြင်ဖို့ ဆိုတာ ငွေကြေးအများကြီးလိုမှ ဘဝမှာ အောင်မြင်တယ်လို့ ထင်တဲ့သူတွေ အများကြီးရှိပါတယ်။
ပြီးတော့ ကိုယ့်ဘဝမှာ အဆက်အသွယ်ရှိရမယ်။ ဆွေမျိုး အသိုင်းဝိုင်းတွေ ရှိရမယ်။ အဲလိုမျိုးတွေ ရှိမှ အောင်မြင်မယ် လို့ ထင်တဲ့ သူတွေ အများကြီး ရှိပါတယ်။ အဲအချက်တွေက လုံးဝမှားယွင်းတဲ့ အချက်တွေပါ။

ဘဝမှာ ဆွေမျိုး အသိုင်းဝိုင်းတွေ လုံးဝမရှိဘူး။ ငွေကြေးအရင်းအနှီး အများကြီး မရှိပဲနဲ့ ဘဝကို သုညကနေ စပြီးအောင်မြင်တဲ့ သူတွေ အများကြီး ရှိပါတယ်။ ကျွန်တော့်ဘဝဆိုလည်း နမူနာ ယူလို့ရတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံမှာလည်း နမူနာပြစရာတွေ အများကြီး ရှိတယ်။ ဥပမာဆိုရင် တော်ဝင်စင်တာ ဦးကိုကိုထွေးတို့ ဘဝကို သုညကနေ စခဲ့တာ။ ပြီးတော့ အောင်သမာဓိ ရွှေဆိုင်က ဦးအောင်ဆန်းဝင်းတို့ ဘဝကို သုညကနေ စခဲ့တာ သူတို့ ဦးအောင်ဆန်းဝင်းတို့ ဆိုရင် ကျွန်တော်ဖတ်မိသလောက်ပေါ့နော်။

ကွမ်းယာဆိုင်ကနေ ပြီးတော့ သူ့ဘဝကို ရုန်းကုန်လှုပ်ရှားခဲ့ရတာ။ ကွမ်းယာသည် အရင်းအနှီး ဘယ်လောက်မှ မရှိဘူး။ သူရှိတဲ့ ပိုက်ဆံလေးနဲ့ပဲ ကွမ်းယာ ရောင်းတယ်။ အထမ်းကွမ်းယာလေး လိုက်ပြီး ရောင်းခဲ့တဲ့ ပုံစံလေးက စခဲ့တာ။ အဲက စတင်ပြီးတော့ တဖြေးဖြေး လုပ်ငန်းတွေ ချဲ့ထွင်ပြီးတော့ လုပ်ကိုင်သွားတယ်။ အဲကနေ စုတယ်။ ပြီးတော့ သူကောင်းမွန်ရာ လုပ်ငန်းလေးတွေ လိုက်ပြီးတော့ ကြည့်တယ်။ ဘာလုပ်ငန်း ဆက်ပြီးတော့ လုပ်သွားလို့ ရမလဲ။ ဘာလုပ်ငန်းတွေက အကျိုးအမြတ်ရှိမလဲ အဲလိုမျိုး လုပ်ငန်းတွေက ပြောင်းပြီးတော့ လုပ်တယ်။
လူတစ်ယောက်ဟာ အရင်းအနှီးမရှိဘူးဆိုရင် ရွှေဆိုင်လုပ်ငန်းကြီးကို စပြီးတော့ လုပ်လို့မရဘူး။ ဘယ်လိုမှ မလွယ်ဘူး။ ဒါပေမယ့် သူလုပ်ခဲ့တဲ့ ပုံစံက ကွမ်းယာဆိုင်လုပ်တယ်။ ကွမ်းယာဆိုင်ကနေပြီးတော့ အရင်းအနှီး စစုတယ်။ အရင်းအနှီးရလာတော့ သူရွှေအရိုင်းတုန်းတွေ ဝယ်ပြီးတော့ မန္တလေးမြို့မှာလာပြီး တော့ ရွှေသန့်စင်လုပ်ပြီးတော့ လာရောင်းတယ်။ အဲလိုမျိုး ရွှေကုန်သည်ပုံစံမျိုးလေး သေးသေးလေး စပြီးတော့ လုပ်ခဲ့တယ်။ ပြီးတော့မှ တဖြေးဖြေး ပိုက်ဆံစုပြီးတော့ ရွှေဆိုင်သေးသေးလေး စဖွင့်တယ်။ အောင်မြင်တော့မှ ရွှေဆိုင်အကြီးကြီး ကူးပြောင်းသွားတယ်။ ရွှေဆိုင်အောင်မြင်တော့ နောက်ထပ်တစ်ဆိုင် ဆက်ပြီးတော့ ဖွင့်တယ်ပေါ့နော်။

အဲတော့ လူတစ်ယောက်ဟာ ကျွန်တော်တို့ ၅၅၀ ဇာတ်နိပါတ်ထဲမှာလည်း ရှိပါတယ်။ ဘာလဲဆိုတော့ ကြွက်သေတစ်ခုကို အရင်းပြုပြီးတော့ ကြီးပွားချမ်းသာသွားတဲ့ သူဋ္ဌေးပေါ့နော်။ အဲလိုမျိုး ပုံစံမျိုးတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတင် မဟုတ်ပါဘူး။
ကမ္ဘာမှာလည်း သာဓကတွေ အများကြီး ရှိပါတယ်။ အဲတော့ သူတို့လို လူတွေကို စံနမူနာ ထားပြီးတော့ ကျွန်တော်တို့ ကြိုးစားမယ်ဆိုရင် လူငယ်တွေကလည်း ဘဝမှာ အရင်းအနှီး အများကြီး မရှိပဲနဲ့ ငါ့ဘဝမှာ အောင်မြင်နိုင်ပါလားဆိုရင် အချက်တွေ စိတ်ဓာတ်တွေ မွေးမြူထား မှသာလျှင် ဘဝမှာ အောင်မြင်မှုတွေ ရရှိမှာ ဖြစ်ပါတယ်။

Source: mizzima

Read times
Rate this item
(1 Vote)