-->


ေသြးလွဴလို႔ရတဲ့ ေဒၚလာ ၃၀ နဲ႕ ဘဝကို ခက္ခက္ခဲခဲ ေလွ်ာက္လွမ္းလာခဲ့ရတဲ့ သန္းၾကြယ္သူေဌး တစ္ေယာက္အေၾကာင္း

ေသြးလွဴလို႔ရတဲ့ ေဒၚလာ ၃၀ နဲ႕ ဘဝကို ခက္ခက္ခဲခဲ ေလွ်ာက္လွမ္းလာခဲ့ရတဲ့ သန္းၾကြယ္သူေဌး တစ္ေယာက္အေၾကာင္း google.com

သူကေတာ့ I Myanmar House.com ကုိ စတင္တည္ေထာင္ခဲ့တဲ့ ဦးေနမင္းသူပဲ ျဖစ္ပါတယ္။ ျပည့္ျမိဳ႔မွာ ေနထိုင္ျပီး ေမြးခ်င္းငါးေယာက္ရွိပါတယ္။ ဖခင္က နာရီျပဳျပင္ေရာင္းခ်သူျဖစ္ျပီး ငယ္စဥ္က

ဖခင္ရဲ႕အလုပ္မွာ နာရီဓာတ္ခဲလဲတာ ၾကိဳးလဲတာ ဆိုင္သိမ္းေပးတာ သန္႔ရွင္းေရးလုပ္ေပးတာတို႔ကို ဝိုင္းကူေပးခဲ့ရပါတယ္။

ဆယ္တန္းေအာင္ျပီး ရန္ကုန္မွာ သင္တန္းေတြတက္တယ္။ ၂၀၀၁ မွာ စကၤာပူနိုင္ငံက ေပၚလီတက္ကနစ္ ဆိုတဲ့ေက်ာင္းမွာ banking and finance ကို တက္ေရာက္ဖို႔ အခြင့္အေရး ရခဲ့ပါတယ္။ ေက်ာင္းစတက္ ေတာ့ ဘာသာစကားက အဓိကအခက္အခဲတစ္ခု ျဖစ္ခဲ့ပါတယ္။ ဆရာေျပာတာလည္း နားမလည္ အတန္း ထဲမွာလည္း ကိုယ္တစ္ေယာက္တည္း ျမန္မာဆိုေတာ့ စာေတြကိုလိုက္နိုင္ဖို႔ အရမး္ကို ၾကိဳးစားခဲ့ရပါတယ္။

အိမ္ကလည္း ခ်မ္းသာတဲ့မိသားစုမဟုတ္တဲ့အတြက္ေၾကာင့္ ေနထိုင္စားေသာက္စရိတ္အတြက္ အခ်ိန္ပိုင္း အလုပ္ေတြ အမ်ားၾကီးလုပ္ခဲ့ရပါတယ္။ စားေသာက္ဆိုင္မွာ စားပြဲထိုးလုပ္ခဲ့ရတယ္။ မဂၤလာေဆာင္တဲ့ပြဲ ေတြ ညစာစားပြဲေတြမွာ စားပြဲထိုးလုပ္ခဲ့ရတယ္။ ျပီးေတာ့ မီးဖုိေခ်ာင္မွာ အာလူးေခ်ာင္းေတြ ေၾကာ္တဲ့အလုပ္ ကေလးကစားကြင္းမွာ ကေလးေတြစီးတဲ့ကား ရထား ေမာင္းတဲ့အလုပ္ အဲလိုမ်ိဳး စံုေအာင္ လုပ္ခဲ့ရပါတယ္။

ကြ်န္ေတာ္က အဂၤလိပ္စာအားနည္းတဲ့အတြက္ သတင္းစာ အျမဲတမ္းဖတ္ပါတယ္။ စကၤာပူနိုင္ငံမွာရွိတဲ့ ေဆးဝါးကုမၸဏီေတြမွာ ေသြးလာလွဴမယ္ဆိုရင္ သူတို႔ဘက္က ခရီးစရိတ္ျပန္ေပးတယ္ဆိုတဲ့ ေၾကာ္ျငာ သတင္းစာ မွာပါလာပါတယ္။ ကြ်န္ေတာ္သံုးစရာ ပိုက္ဆံလံုးဝျပတ္သြားတဲ့တစ္ရက္ အဲ့ေၾကာ္ျငာေလးသတိ ရျပီး ေသြးသြားလွဴျဖစ္ခဲ့ပါတယ္။ ကုမၸဏီဘက္ကၾကည္႔ရင္ေတာ့ ေသြးလာျပီးလွဴတယ္ေပါ့ အဲ့အတြက္ ခရီး စရိတ္ ေဒၚလာ ၃၀ ျပန္ေပးတယ္ေပါ့ ကြ်န္ေတာ့္ဘက္က ၾကည့္ေတာ့ ေဒၚလာ ၃၀ လိုခ်င္လို႔ ကိုယ့္ေသြးကုိ ေရာင္းလိုက္တဲ့ သေဘာျဖစ္သြားတာေပါ့ အဲ့လိုအမွတ္ရစရာ အျဖစ္အပ်က္ေလးလဲ ရွိခဲ့ပါတယ္။

ေက်ာင္းျပီးေတာ့ စကၤာပူနိုင္ငံရဲ႕ ဘဏ္တစ္ခုမွာ တစ္နွစ္ေလာက္ အလုပ္လုပ္ခဲ့ျပီးတဲ့အခ်ိန္မွာ ဝန္ထမ္းဘဝ မွာ မေပ်ာ္တဲ့အတြက္ေၾကာင့္ ေနာက္ထပ္ေျခလွမ္းအသစ္တစ္ခုကို ေျပာင္းလဲစတင္ဖို႔ ၾကိဳးစားခဲ့ပါတယ္။ Nanyang Technological University မွာ business ဘာသာရပ္နဲ႔ ေက်ာင္းဆက္တက္ပါတယ္။

ဒုတိယနွစ္ မွာ specialization ဘာသာရပ္ေရြးရတဲ့အခ်ိန္မွာ သတင္းအခ်က္အလက္နဲ႕ နညး္ပညာ ဘာသာရပ္ကုိ ေရြးခ်ယ္လိုက္ပါတယ္။ အဲ့ဒီေရြးခ်ယ္မွဳက ကြ်န္ေတာ့္ဘဝကို တစ္ဆစ္ခ်ိဳးေျပာင္းလဲ ေစခဲ့ပါတယ္။

အဲ့ဘာသာရပ္မွာ computer software ေရးရတဲ့ဘာသာရပ္ကို သင္ၾကားရပါတယ္။ တစ္ေန႔မွာ ဆရာက program အသစ္တစ္ခုေရးဖုိ႔ ရွိတယ္။ ေရးနိုင္တဲ့သူကို ေဒၚလာ ၅၀ ေပးမယ္လို႔ ေၾကာ္ျငာလိုက္တယ္။ ကြ်န္ေတာ္က ပိုက္ဆံအျမဲတမး္လိုေနတဲ့အတြက္ ကြ်န္ေတာ္ေရးေပးမယ္ဆိုျပီး ေရးေပးခဲ့ပါတယ္။ ဆရာက  လုပ္အားခအျဖစ္ ပိုက္ဆံျပန္ေပးတယ္။ အဲ့မွာ ကြ်န္ေတာ္အခ်က္ နွစ္ခ်က္သြားေတြ႔တယ္။

တစ္အခ်က္က ကြ်န္ေတာ္စိတ္ဝင္စားတာက အိုင္တီပါလား။ နံပါတ္နွစ္က ဒီအိုင္တီလုပ္ငန္းကေန ပိုက္ဆံ ရွာလို႔ရပါလားဆိုတဲ့ အခ်က္ပါ။ အဲ့ဒီအခ်က္နွစ္ခ်က္က ကြ်န္ေတာ့္ကုိ စီးပြါးေရးကေန နည္းပညာဘက္ကို ကူးေျပာင္းေစခဲ့တဲ့ အခ်က္ပဲျဖစ္ပါတယ္။

ေနာက္ပိုင္း ေက်ာင္းတက္ရင္းနဲ႕ website ေရးနည္းေတြ ေလ့လာတယ္။ ျပီးေတာ့ လုပ္ငန္းရွင္ေတြအလာ မ်ားတဲ့ေနရာမွာ သူတို႔ကားေပၚမွာ ကြ်န္ေတာ္ website ေတြေရးေပးပါတယ္ဆိုတဲ့ ေၾကာ္ျငာစာရြက္ေလး ေတြ လိုက္ကပ္တယ္။ အဲ့ဒီကေန customer ေတာ္ေတာ္မ်ားမ်ား ရခဲ့ပါတယ္။ website တစ္ခုကုိ ေဒၚလာ ေထာင္ဂဏန္းေလာက္ ရွိတဲ့အခ်ိန္မွာ ကြ်န္ေတာ္က ေက်ာင္းသားတစ္ေယာက္အေနနဲ႕ ရာဂဏန္းေလာက္ပဲ ယူတာျဖစ္လို႔ ကုမၸဏီေတာ္ေတာ္မ်ားမ်ား အလုပ္အပ္ၾကပါတယ္။ ေက်ာင္းက သံုးနွစ္ဆိုေတာ့ ၂၀၀၈ ခုနွစ္မွာ ကြ်န္ေတာ္ေက်ာင္းျပီးခဲ့တယ္။

ေက်ာင္းျပီးတဲ့အခ်ိန္မွာ  ဘယ္ကုမၸဏီမွာမွ အလုပ္ဝင္မလုပ္ဘူးဆိုျပီး သႏၷိဌာန္ ခ်ထားတယ္။ အဲ့တာေၾကာင့္ တျခားကုမၸဏီရဲ႕ website ေရးေပးတဲ့လုပ္ငန္းကို စျပီးေတာ့ ခ်ဲ႕ထြင္သြားမယ္လို႔ ဆံုးျဖတ္ျပီး ရံုးခန္းေသး ေသးေလးတစ္ခုကို ငွားလိုက္တယ္။ စားပြဲတစ္လံုးရယ္ ခံုတစ္လံုးရယ္ ေဘးမွာ လူသြားလမ္းပဲ ရွိတဲ့ရံုးခန္းကို တစ္လ ေဒၚလာ ၃၅၀ ေပးရပါတယ္။ အရင္းအနွီးက စုထားတဲ့ေဒၚလာတစ္ေထာင္ နဲ႕ စခဲ့ပါတယ္။

ပိုက္ဆံအပိုမသံုးနိုင္တဲ့အတြက္ရယ္ ရံုးသြားရံုးျပန္အခ်ိန္ေတြသက္သာေစဖို႔အတြက္ရယ္ ရံုးခန္းမွာပဲ ျဖစ္သလိုေနခဲ့ရပါတယ္။ အိပ္ေတာ့လည္း ၾကမ္း ေပၚမွာ တာလပတ္လိုပံုစံခင္းျပီးေတာ့ အိပ္ခဲ့ရတယ္။ ေရခ်ိဳးခန္းလည္း သီးသန္႔မရွိေတာ့ ေရခ်ိဳးခ်င္ရင္ အိမ္သာထဲမွာ သန္႔စင္ဖို႔ထားထားတဲ့ ေရပိုက္နဲ႕ခ်ိဳးခဲ့ရပါတယ္။ ပိုက္ဆံဝင္တဲ့လလည္း ရွိသလို မဝင္တဲ့လ လည္းရွိပါတယ္။

သံုးလၾကာတဲ့အခ်ိန္မွာ စုထားတဲ့ပိုက္ဆံ တစ္ေထာင္လံုးဝ ျပတ္သြားတယ္။ ရံုးခန္းလခ လည္း မေပးနိုင္ေတာ့ ပိုင္ရွင္ကို ကြ်န္ေတာ့္ကို ဒီမွာ အလကားေနခြင့္ေပးပါ လို႔အကူအညီေတာင္းရတယ္။ သူကနွစ္ထပ္တိုက္ကို အခန္း ေသးေသးေလးေတြဖြဲ႕ျပီး ရံုးခန္းငွားစားတာဆိုေတာ့ ဒီရံုးခန္းေတြအတြက္ သန္႔ွရွင္းေရး အိမ္သာေဆးေပးရတာေတြ လကုန္တယ္ဆိုရင္ အျခားရံုးခန္းက လခေတြအားလံုးလိုက္ ေကာက္ျပီး သူ႔ဆီျပန္အပ္ေပးရတယ့္အလုပ္ေတြကုိ ကြ်န္ေတာ္က လုပ္ေပးရပါတယ္။

ကြ်န္ေတာ္အခက္အခဲေတြအမ်ားၾကီးၾကံဳခဲ့ရတယ္။ လုပ္ငန္းစလုပ္တဲ့အခ်ိန္မွာ ကုမၸဏီၾကီးေတြမွာ သူတို႔ အတြက္ website ေရးမယ္ဆိုျပီး proposal သြားတင္တဲ့အခါ ကုမၸဏီက အၾကီးအကဲေတြက ဒီလူငယ္က တကယ္ေရာလုပ္နိုင္ရဲ႕လားဆိုျပီး ကြ်န္ေတာ့္ကို တေလးတစား မဆက္ဆံၾကဘူး။ တစ္ေယာက္တည္း လည္ပတ္ေနတဲ့ကုမၸဏီ ဘာမွအထင္ၾကီးစရာမရွိဘူးဆိုျပီး နွိမ့္ခ်ဆက္ဆံခံရတဲ့ အေျခအေနေတြ အမ်ားၾကီး ၾကံဳေတြ႕ခဲ့ ရပါတယ္။ ေျမေတာင္ေျမွာက္ေပးခ်င္တဲ့ စိတ္ရွိတဲ့လူေတြနဲ႕လည္း ဆံုခဲ့ရပါတယ္။

အခက္အခဲေတြ စိတ္ဓာတ္က်စရာေတြ ၾကံဳလာတိုင္း ရြတ္ေလ့ရွိတဲ့ ကဗ်ာတစ္ပုဒ္ရွိပါတယ္။ “မေလွ်ာ့အားမာန္ မခ်န္သတၱိ ဇြဲရွိရွိႏွင့္ ဝီရိယထူ လံုးလကူ၍ သူမတူေအာင္ ႀကိဳးစားေပေလာ့။” ဒီကဗ်ာေလးကို အခက္အခဲၾကံဳတိုင္း စိတ္ထဲကသာမက ပါးစပ္ကေနပါ ထုတ္ရြတ္ပါတယ္။ စာဖတ္ရ တာလညး္ ဝါသနာပါတဲ့အတြက္ ထင္ရွားတဲ့သူေတြရဲ႕ အထၱဳပၸတၱိေတြကို ဖတ္တယ္။ ေအာင္ျမင္ေရး တက္က်မ္းေတြဖတ္တယ္ အဲလိုစာဖတ္ျခင္းကေန ဗဟုသုတေတြ စိတ္ဓာတ္ခြန္အားေတြ အမ်ားၾကီးရပါတယ္။ က်ရွံုးတယ္ဆိုလညး္ ျပန္ထနိုင္တဲ့ ခြန္အားေတြရရွိခဲ့ပါတယ္။

၂၀၀၈ ခုႏွစ္မွာ ShweRooms.com ဆိုျပီး စကၤာပူမွာေနတဲ့ ျမန္မာေတြအတြက္ အခန္းရွာေဖြေပးတဲ့ website ကုိလႊင့္တင္ခဲ့ပါတယ္။ ၂၀၁၁မွာ ျမန္မာျပည္ကိုျပန္လာျပီး iMyanmarAds.com, iMyanmarHouse.com, iMyanmarcar.com စသျဖင့္ လုပ္ငန္းေတြတို႔းခ်ဲ႕လာခဲ့ပါတယ္။

အဲ့လို အခက္အခဲေတြအမ်ားၾကီးကို ေက်ာ္ျဖတ္ျပီး ေအာင္ျမင္တဲ့လုပ္ငန္းရွင္တစ္ဦးအျဖစ္ ရပ္တည္နိုင္ ခဲ့ပါတယ္။ကြ်န္ေတာ္တို႔လည္း ၾကိဳးစားရင္ ဘာမဆိုျဖစ္နိုင္ပါတယ္။ နည္းမွန္လမ္းမွန္နဲ႕ ၾကိဳးစားေနဖို႔ပဲ လုိပါတယ္။

Source : mizzima

(Unicode Version)

သူကတော့ I Myanmar House.com ကို စတင်တည်ထောင်ခဲ့တဲ့ ဦးနေမင်းသူပဲ ဖြစ်ပါတယ်။ ပြည့်မြို့မှာ နေထိုင်ပြီး မွေးချင်းငါးယောက်ရှိပါတယ်။ ဖခင်က နာရီပြုပြင်ရောင်းချသူဖြစ်ပြီး ငယ်စဉ်က ဖခင်ရဲ့အလုပ်မှာ နာရီဓာတ်ခဲလဲတာ ကြိုးလဲတာ ဆိုင်သိမ်းပေးတာ သန့်ရှင်းရေးလုပ်ပေးတာတို့ကို ဝိုင်းကူပေးခဲ့ရပါတယ်။

ဆယ်တန်းအောင်ပြီး ရန်ကုန်မှာ သင်တန်းတွေတက်တယ်။ ၂၀၀၁ မှာ စင်္ကာပူနိုင်ငံက ပေါ်လီတက်ကနစ် ဆိုတဲ့ကျောင်းမှာ banking and finance ကို တက်ရောက်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ကျောင်းစတက် တော့ ဘာသာစကားက အဓိကအခက်အခဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ဆရာပြောတာလည်း နားမလည် အတန်း ထဲမှာလည်း ကိုယ်တစ်ယောက်တည်း မြန်မာဆိုတော့ စာတွေကိုလိုက်နိုင်ဖို့ အရမး်ကို ကြိုးစားခဲ့ရပါတယ်။

အိမ်ကလည်း ချမ်းသာတဲ့မိသားစုမဟုတ်တဲ့အတွက်ကြောင့် နေထိုင်စားသောက်စရိတ်အတွက် အချိန်ပိုင်း အလုပ်တွေ အများကြီးလုပ်ခဲ့ရပါတယ်။ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ခဲ့ရတယ်။ မင်္ဂလာဆောင်တဲ့ပွဲ တွေ ညစာစားပွဲတွေမှာ စားပွဲထိုးလုပ်ခဲ့ရတယ်။ ပြီးတော့ မီးဖိုချောင်မှာ အာလူးချောင်းတွေ ကြော်တဲ့အလုပ် ကလေးကစားကွင်းမှာ ကလေးတွေစီးတဲ့ကား ရထား မောင်းတဲ့အလုပ် အဲလိုမျိုး စုံအောင် လုပ်ခဲ့ရပါတယ်။

ကျွန်တော်က အင်္ဂလိပ်စာအားနည်းတဲ့အတွက် သတင်းစာ အမြဲတမ်းဖတ်ပါတယ်။ စင်္ကာပူနိုင်ငံမှာရှိတဲ့ ဆေးဝါးကုမ္ပဏီတွေမှာ သွေးလာလှူမယ်ဆိုရင် သူတို့ဘက်က ခရီးစရိတ်ပြန်ပေးတယ်ဆိုတဲ့ ကြော်ငြာ သတင်းစာ မှာပါလာပါတယ်။ ကျွန်တော်သုံးစရာ ပိုက်ဆံလုံးဝပြတ်သွားတဲ့တစ်ရက် အဲ့ကြော်ငြာလေးသတိ ရပြီး သွေးသွားလှူဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီဘက်ကကြည့်ရင်တော့ သွေးလာပြီးလှူတယ်ပေါ့ အဲ့အတွက် ခရီး စရိတ် ဒေါ်လာ ၃၀ ပြန်ပေးတယ်ပေါ့ ကျွန်တော့်ဘက်က ကြည့်တော့ ဒေါ်လာ ၃၀ လိုချင်လို့ ကိုယ့်သွေးကို ရောင်းလိုက်တဲ့ သဘောဖြစ်သွားတာပေါ့ အဲ့လိုအမှတ်ရစရာ အဖြစ်အပျက်လေးလဲ ရှိခဲ့ပါတယ်။

ကျောင်းပြီးတော့ စင်္ကာပူနိုင်ငံရဲ့ ဘဏ်တစ်ခုမှာ တစ်နှစ်လောက် အလုပ်လုပ်ခဲ့ပြီးတဲ့အချိန်မှာ ဝန်ထမ်းဘဝ မှာ မပျော်တဲ့အတွက်ကြောင့် နောက်ထပ်ခြေလှမ်းအသစ်တစ်ခုကို ပြောင်းလဲစတင်ဖို့ ကြိုးစားခဲ့ပါတယ်။ Nanyang Technological University မှာ business ဘာသာရပ်နဲ့ ကျောင်းဆက်တက်ပါတယ်။

ဒုတိယနှစ် မှာ specialization ဘာသာရပ်ရွေးရတဲ့အချိန်မှာ သတင်းအချက်အလက်နဲ့ နညး်ပညာ ဘာသာရပ်ကို ရွေးချယ်လိုက်ပါတယ်။ အဲ့ဒီရွေးချယ်မှုက ကျွန်တော့်ဘဝကို တစ်ဆစ်ချိုးပြောင်းလဲ စေခဲ့ပါတယ်။

အဲ့ဘာသာရပ်မှာ computer software ရေးရတဲ့ဘာသာရပ်ကို သင်ကြားရပါတယ်။ တစ်နေ့မှာ ဆရာက program အသစ်တစ်ခုရေးဖို့ ရှိတယ်။ ရေးနိုင်တဲ့သူကို ဒေါ်လာ ၅၀ ပေးမယ်လို့ ကြော်ငြာလိုက်တယ်။ ကျွန်တော်က ပိုက်ဆံအမြဲတမး်လိုနေတဲ့အတွက် ကျွန်တော်ရေးပေးမယ်ဆိုပြီး ရေးပေးခဲ့ပါတယ်။ ဆရာက လုပ်အားခအဖြစ် ပိုက်ဆံပြန်ပေးတယ်။ အဲ့မှာ ကျွန်တော်အချက် နှစ်ချက်သွားတွေ့တယ်။
တစ်အချက်က ကျွန်တော်စိတ်ဝင်စားတာက အိုင်တီပါလား။ နံပါတ်နှစ်က ဒီအိုင်တီလုပ်ငန်းကနေ ပိုက်ဆံ ရှာလို့ရပါလားဆိုတဲ့ အချက်ပါ။ အဲ့ဒီအချက်နှစ်ချက်က ကျွန်တော့်ကို စီးပွါးရေးကနေ နည်းပညာဘက်ကို ကူးပြောင်းစေခဲ့တဲ့ အချက်ပဲဖြစ်ပါတယ်။
နောက်ပိုင်း ကျောင်းတက်ရင်းနဲ့ website ရေးနည်းတွေ လေ့လာတယ်။ ပြီးတော့ လုပ်ငန်းရှင်တွေအလာ များတဲ့နေရာမှာ သူတို့ကားပေါ်မှာ ကျွန်တော် website တွေရေးပေးပါတယ်ဆိုတဲ့ ကြော်ငြာစာရွက်လေး တွေ လိုက်ကပ်တယ်။ အဲ့ဒီကနေ customer တော်တော်များများ ရခဲ့ပါတယ်။ website တစ်ခုကို ဒေါ်လာ ထောင်ဂဏန်းလောက် ရှိတဲ့အချိန်မှာ ကျွန်တော်က ကျောင်းသားတစ်ယောက်အနေနဲ့ ရာဂဏန်းလောက်ပဲ ယူတာဖြစ်လို့ ကုမ္ပဏီတော်တော်များများ အလုပ်အပ်ကြပါတယ်။ ကျောင်းက သုံးနှစ်ဆိုတော့ ၂၀၀၈ ခုနှစ်မှာ ကျွန်တော်ကျောင်းပြီးခဲ့တယ်။

ကျောင်းပြီးတဲ့အချိန်မှာ ဘယ်ကုမ္ပဏီမှာမှ အလုပ်ဝင်မလုပ်ဘူးဆိုပြီး သန္နိဌာန် ချထားတယ်။ အဲ့တာကြောင့် တခြားကုမ္ပဏီရဲ့ website ရေးပေးတဲ့လုပ်ငန်းကို စပြီးတော့ ချဲ့ထွင်သွားမယ်လို့ ဆုံးဖြတ်ပြီး ရုံးခန်းသေး သေးလေးတစ်ခုကို ငှားလိုက်တယ်။ စားပွဲတစ်လုံးရယ် ခုံတစ်လုံးရယ် ဘေးမှာ လူသွားလမ်းပဲ ရှိတဲ့ရုံးခန်းကို တစ်လ ဒေါ်လာ ၃၅၀ ပေးရပါတယ်။ အရင်းအနှီးက စုထားတဲ့ဒေါ်လာတစ်ထောင် နဲ့ စခဲ့ပါတယ်။

ပိုက်ဆံအပိုမသုံးနိုင်တဲ့အတွက်ရယ် ရုံးသွားရုံးပြန်အချိန်တွေသက်သာစေဖို့အတွက်ရယ် ရုံးခန်းမှာပဲ ဖြစ်သလိုနေခဲ့ရပါတယ်။ အိပ်တော့လည်း ကြမ်း ပေါ်မှာ တာလပတ်လိုပုံစံခင်းပြီးတော့ အိပ်ခဲ့ရတယ်။ ရေချိုးခန်းလည်း သီးသန့်မရှိတော့ ရေချိုးချင်ရင် အိမ်သာထဲမှာ သန့်စင်ဖို့ထားထားတဲ့ ရေပိုက်နဲ့ချိုးခဲ့ရပါတယ်။ ပိုက်ဆံဝင်တဲ့လလည်း ရှိသလို မဝင်တဲ့လ လည်းရှိပါတယ်။
သုံးလကြာတဲ့အချိန်မှာ စုထားတဲ့ပိုက်ဆံ တစ်ထောင်လုံးဝ ပြတ်သွားတယ်။ ရုံးခန်းလခ လည်း မပေးနိုင်တော့ ပိုင်ရှင်ကို ကျွန်တော့်ကို ဒီမှာ အလကားနေခွင့်ပေးပါ လို့အကူအညီတောင်းရတယ်။ သူကနှစ်ထပ်တိုက်ကို အခန်း သေးသေးလေးတွေဖွဲ့ပြီး ရုံးခန်းငှားစားတာဆိုတော့ ဒီရုံးခန်းတွေအတွက် သန့်ှရှင်းရေး အိမ်သာဆေးပေးရတာတွေ လကုန်တယ်ဆိုရင် အခြားရုံးခန်းက လခတွေအားလုံးလိုက် ကောက်ပြီး သူ့ဆီပြန်အပ်ပေးရတယ့်အလုပ်တွေကို ကျွန်တော်က လုပ်ပေးရပါတယ်။

ကျွန်တော်အခက်အခဲတွေအများကြီးကြုံခဲ့ရတယ်။ လုပ်ငန်းစလုပ်တဲ့အချိန်မှာ ကုမ္ပဏီကြီးတွေမှာ သူတို့ အတွက် website ရေးမယ်ဆိုပြီး proposal သွားတင်တဲ့အခါ ကုမ္ပဏီက အကြီးအကဲတွေက ဒီလူငယ်က တကယ်ရောလုပ်နိုင်ရဲ့လားဆိုပြီး ကျွန်တော့်ကို တလေးတစား မဆက်ဆံကြဘူး။ တစ်ယောက်တည်း လည်ပတ်နေတဲ့ကုမ္ပဏီ ဘာမှအထင်ကြီးစရာမရှိဘူးဆိုပြီး နှိမ့်ချဆက်ဆံခံရတဲ့ အခြေအနေတွေ အများကြီး ကြံုတွေ့ခဲ့ ရပါတယ်။ မြေတောင်မြှောက်ပေးချင်တဲ့ စိတ်ရှိတဲ့လူတွေနဲ့လည်း ဆုံခဲ့ရပါတယ်။

အခက်အခဲတွေ စိတ်ဓာတ်ကျစရာတွေ ကြံုလာတိုင်း ရွတ်လေ့ရှိတဲ့ ကဗျာတစ်ပုဒ်ရှိပါတယ်။ “မလျှော့အားမာန် မချန်သတ္တိ၊ ဇွဲရှိရှိနှင့် ဝီရိယထူ လုံးလကူ၍ သူမတူအောင် ကြိုးစားပေလော့။” ဒီကဗျာလေးကို အခက်အခဲကြံုတိုင်း စိတ်ထဲကသာမက ပါးစပ်ကနေပါ ထုတ်ရွတ်ပါတယ်။ စာဖတ်ရ တာလညး် ဝါသနာပါတဲ့အတွက် ထင်ရှားတဲ့သူတွေရဲ့ အထ္တုပ္ပတ္တိတွေကို ဖတ်တယ်။ အောင်မြင်ရေး တက်ကျမ်းတွေဖတ်တယ် အဲလိုစာဖတ်ခြင်းကနေ ဗဟုသုတတွေ စိတ်ဓာတ်ခွန်အားတွေ အများကြီးရပါတယ်။ ကျရှံုးတယ်ဆိုလညး် ပြန်ထနိုင်တဲ့ ခွန်အားတွေရရှိခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ ShweRooms.com ဆိုပြီး စင်္ကာပူမှာနေတဲ့ မြန်မာတွေအတွက် အခန်းရှာဖွေပေးတဲ့ website ကိုလွှင့်တင်ခဲ့ပါတယ်။ ၂၀၁၁မှာ မြန်မာပြည်ကိုပြန်လာပြီး iMyanmarAds.com, iMyanmarHouse.com, iMyanmarcar.com စသဖြင့် လုပ်ငန်းတွေတို့းချဲ့လာခဲ့ပါတယ်။
အဲ့လို အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ပြီး အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နိုင် ခဲ့ပါတယ်။ကျွန်တော်တို့လည်း ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားနေဖို့ပဲ လိုပါတယ်။
Source : mizzima

Read times
Rate this item
(1 Vote)