-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆန္းျပားတဲ႔ ႏွစ္လမ္းသြား ေၾကာ္ျငာမ်ား

ဆန္းျပားတဲ႔ ႏွစ္လမ္းသြား ေၾကာ္ျငာမ်ား google.com

ဆန္းျပားထူးျခားၿပီး ေျပာစမွတ္တြင္သြားေအာင္ ေႀကာ္ျငာေနေပမယ့္ ေႀကာ္ျငာတို႔ရဲ႕ ထံုးဆံအတိုင္း တစ္ဖက္သက္ဆန္ေနတယ္။ ေႀကာ္ျငာကေျပာတာျပတာကို ပရိတ္သက္က နားေထာင္ေနရတယ္။ ေ

ႀကာ္ျငာက ျပသတာကုိ  ၾကည့္ေနရတယ္။ ပရိတ္သတ္က ဘာဆုိဘာတစ္ခုမွ ၀င္ပါလို႔မရဘူး။

ကြန္ပ်ဴတာေခတ္ကို ေရာက္လာေတာ့ ေပၚလာတဲ႔ တင္ဆက္ျပသမွုေတြက  အင္တာအက္တစ္ဗ္ (interactive) ျဖစ္လာၾကတယ္။ အျပန္အလွန္ျဖစ္လာတယ္။ ပရိတ္သက္က ၀င္ေရာက္ျခယ္လွယ္ခြင့္ရွိေနေအာင္ ဖန္တီးေပးထားတယ္။ ကိုယ္႔လက္ကိုယ္႔ေျခ  လုပ္ပိုင္ခြင့္ေတြ ရွိေနတယ္။ ဒီေတာ့ လူေတြရဲ႔ စိတ္သဘာ၀ ကလည္း ေျပာင္းလဲလာတယ္။ စိတ္ဆႏၵကလည္း ေျပာင္းလဲလာတယ္။ ကုိယ္က လက္ပိုက္ၾကည့္ ေနရတာမ်ိဳးကို ၿငီးေငြ႔လာတယ္။ ႀကည့္ေနရတာက ရုပ္ေသျဖစ္ေနရင္ ပုိဆိုးေသးတယ္။

ဒီအခ်က္ကို ေၾကာ္ျငာေအဂ်င္စီေတြအေနနဲ႔ လ်စ္လ်ဴျပဳထားလုိ႔ မရေတာ့ဘူး။ အမီလုိက္ဖို႔ ႀကိဳးစား ေဆာင္ရြက္လာႀကရတယ္။ ဒီအခါမွာ နည္းပညာပိုင္းကလည္း အမီလိုက္ႏုိင္ဖို႔ ပံံ႕ပုိးလာၾကတာကို ကမၻာ႔ရြာရဲ႕ ေႀကာ္ျငာျမင္ကြင္းမွာ ျမင္ေတြ႔ လာရပါတယ္။

ေႀကာ္ျငာ ယႏၱရားကို တစ္လမ္းသြားအျဖစ္ ေမာင္းႏွင္ခဲ႔ရာမွ ၾကည့္ရွဴ႕တဲ႔ပရိတ္သက္က ၀င္ေရာက္ပါ၀င္ၿပီး ခ်ယ္လွယ္ခြင့္ရွိလာေအာင္ ဖန္တီးလာၾကပါတယ္။ အဲဒီလို ၾကည္႔ရွဴ႕တဲ႔သူ ၀င္ပါလို႔ရတဲ႔ ေၾကာ္ျငာမ်ိဳးကို အင္တာအက္တစ္ဗ္ေၾကာ္ျငာ (interactive advertising) လို႔အမည္တြင္ပါတယ္။

ေႀကာ္ျငာတစ္ခုက အင္တာအက္တစ္ဗ္ေၾကာ္ျငာ အမ်ိဳးအစားအျဖစ္ စာရင္း၀င္ဖို႔က အနိမ့္ဆံုးအဆင့္အေနျဖင့္ ေၾကာ္ျငာၾကည့္ရွဴ႕တဲ႔သူကို ၀င္ေရာက္ခ်ယ္လွယ္ခြင့္တစ္ခုခုကို ေပးထားရမွာျဖစ္ပါတယ္။

ေႀကာ္ျငာျခင္းလုပ္ငန္းႏွင့္ပတ္သက္သည့္ ဆိုင္လိပ္စာမာ်းကို က်ြန္ေတာ္တို႔ Myanmar Advertising Directory Page တြင္ ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

(Unicode Version)

ဆန်းပြားထူးခြားပြီး ပြောစမှတ်တွင်သွားအောင် ကြော်ငြာနေပေမယ့် ကြော်ငြာတို့ရဲ့ ထုံးဆံအတိုင်း တစ်ဖက်သက်ဆန်နေတယ်။ ကြော်ငြာကပြောတာပြတာကို ပရိတ်သက်က နားထောင်နေရတယ်။ ကြော်ငြာက ပြသတာကို ကြည့်နေရတယ်။ ပရိတ်သတ်က ဘာဆိုဘာတစ်ခုမှ ၀င်ပါလို့မရဘူး။
ကွန်ပျူတာခေတ်ကို ရောက်လာတော့ ပေါ်လာတဲ့ တင်ဆက်ပြသမှုတွေက အင်တာအက်တစ်ဗ် (interactive) ဖြစ်လာကြတယ်။ အပြန်အလှန်ဖြစ်လာတယ်။ ပရိတ်သက်က ၀င်ရောက်ခြယ်လှယ်ခွင့်ရှိနေအောင် ဖန်တီးပေးထားတယ်။ ကိုယ့်လက်ကိုယ့်ခြေ လုပ်ပိုင်ခွင့်တွေ ရှိနေတယ်။ ဒီတော့ လူတွေရဲ့ စိတ်သဘာဝ ကလည်း ပြောင်းလဲလာတယ်။ စိတ်ဆန္ဒကလည်း ပြောင်းလဲလာတယ်။ ကိုယ်က လက်ပိုက်ကြည့် နေရတာမျိုးကို ငြီးငွေ့လာတယ်။ ကြည့်နေရတာက ရုပ်သေဖြစ်နေရင် ပိုဆိုးသေးတယ်။
ဒီအချက်ကို ကြော်ငြာအေဂျင်စီတွေအနေနဲ့ လျစ်လျူပြုထားလို့ မရတော့ဘူး။ အမီလိုက်ဖို့ ကြိုးစား ဆောင်ရွက်လာကြရတယ်။ ဒီအခါမှာ နည်းပညာပိုင်းကလည်း အမီလိုက်နိုင်ဖို့ ပံံ့ပိုးလာကြတာကို ကမ္ဘာ့ရွာရဲ့ ကြော်ငြာမြင်ကွင်းမှာ မြင်တွေ့ လာရပါတယ်။
ကြော်ငြာ ယန္တရားကို တစ်လမ်းသွားအဖြစ် မောင်းနှင်ခဲ့ရာမှ ကြည့်ရှူ့တဲ့ပရိတ်သက်က ၀င်ရောက်ပါ၀င်ပြီး ချယ်လှယ်ခွင့်ရှိလာအောင် ဖန်တီးလာကြပါတယ်။ အဲဒီလို ကြည့်ရှူ့တဲ့သူ ၀င်ပါလို့ရတဲ့ ကြော်ငြာမျိုးကို အင်တာအက်တစ်ဗ်ကြော်ငြာ (interactive advertising) လို့အမည်တွင်ပါတယ်။
ကြော်ငြာတစ်ခုက အင်တာအက်တစ်ဗ်ကြော်ငြာ အမျိုးအစားအဖြစ် စာရင်းဝင်ဖို့က အနိမ့်ဆုံးအဆင့်အနေဖြင့် ကြော်ငြာကြည့်ရှူ့တဲ့သူကို ၀င်ရောက်ချယ်လှယ်ခွင့်တစ်ခုခုကို ပေးထားရမှာဖြစ်ပါတယ်။

Read times
Rate this item
(0 votes)