-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူငယ္ႏွင့္ စကားေျပာျခင္းအတတ္ပညာ

လူငယ္ႏွင့္ စကားေျပာျခင္းအတတ္ပညာ google.com

လူတစ္ေယာက္ျဖစ္ၿပီး လူ႔ေလာကတြင္ ရပ္တည္ၿပီဆိုသည္ႏွင့္ လူလူခ်င္း စကားေျပာရေပေတာ့မည္။ လူလူခ်င္းစကားေျပာရာမွာ မခက္ဘူးဟုထင္ရေသာ္လည္း ကိုယ့္အက်ိဳးစီးပြားျဖစ္ထြန္းဖို႔အတြက္ စကားေျပာရတာေတာ့ ခက္ပါတယ္။

စကားေျပာျခင္းသည္ အတတ္ပညာတစ္ခုျဖစ္ပါသည္။ ထုိ႔အတြက္ လူေတာ္ေတာ္မ်ားကို စကားေျပာရ သည့္အခါ ေျပာတတ္သူ၊ ေျပာရဲသူ၊ ေျပာႏိုင္သူ အလြန္နည္းပါသည။္ ေျပာတတ္သူ၊ ေျပာႏိုင္သူမ်ားကုိ လူေတြက စိတ္၀င္တစား နားေထာင္ၾက၏။ ထုိသူ၏စကားလည္းေအာင္၏။ သူ႔စကားေအာင္ေသာေၾကာင့္ သူသည္အဖြဲ႔အစည္း ေခါင္းေဆာင္ေနရာကို သတ္မွတ္ျခင္းခံရ၏။

ယေန႔လူငယ္မ်ားသည္ ေနာင္တစ္ခ်ိန္တြင္ လူႀကီးမ်ား၏ ပခံုးေျပာင္းတာ၀န္ကို ထမ္းေဆာင္ၾကရမည္ျဖစ္၍ စကားေျပာနည္း အတတ္ပညာကို သိထားသင့္ပါသည္။

ေရွးေဟာင္းစကားေျပာနည္း (၁၀)မ်ိုးလည္းရွိသည္။

ေရကူးညာတင္၊ ေကာက္ပင္ရိတ္လို၊ ေရစီးေဖာင္ဆန္၊ အိုးတန္ဆန္ခင္၊ ဆီပြတ္က်ည္ေပြ႔၊ ဆင္ေ၀ွ႔ရန္ေရွာင္၊ ေတာင္သူ ယာခုတ္၊ ၾကက္ဆုတ္ခြပ္ပစ္၊ ေရစစ္ကရား၊ ခက္တင္ေမာင္းနင္းတို႔ျဖစ္သည္။

ေရွာင္ၾကဥ္ရမည့္ ေခတ္ေပၚ စကားေျပာနည္း (၁၀)မ်ိဳးလည္းရွိသည္။

(၁)အရူးေခ်းပန္း (စိတ္ထင္ရာ)ေျပာနည္း (၂) ဆင္ကန္းေတာတိုး (မဆင္မျခင္) ေျပာနည္း (၃) ငါ့စကားႏြားရ (ကိုယ္ေျပာတာမွန္) ေျပာနည္း (၄) ေတာင္စဥ္ေရမရေျပာနည္း (၅) ဗေလာင္းဗလဲေျပာနည္း (၆) ေလဖန္းဒန္းစီးေျပာနည္း (၇) ေ၀႔လည္ေၾကာင္ပတ္ေျပာနည္း (၈) ေလတစ္လံုးမိုးတစ္လံုးေျပာနည္း (၉) မ်က္ႏွာေျပာင္တုိက္ေျပာနည္း (၁၀) ကေယာက္ကယက္ ေဆာင္းအိပ္မက္လို ေျပာနည္းဟူ၍ ျဖစ္ပါသည္။

Read-ကိုယ့္ဘ၀ကို တစ္ေန႔ တစ္ျခားတိုးတက္ေစနည္း

တကယ္စကားေျပာေကာင္းခ်င္သူ လုပ္ရမယ္႔၊ ေျပာရမယ့္စကား အမ်ားႀကီးမရွိပါ။

၁။ ေျပာစရာ စကားရွိေအာင္ စာမ်ားမ်ားဖတ္ပါ။

၂။ မွန္ေသာစကားကို မိမိကိုယ္တုိင္ အသအခ်ာသိေသာ စကားကိုသာ ေျပာပါ။

၃။ နားေထာင္သူ အက်ိဳးရွိေစေသာ စကားကိုေျပာပါ။

၄။ ယဥ္ေက်းခ်ိဳသာစြာ ေျပာပါ။

၅။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မွဳအျပည္႔နဲ႔ ေစတနာစကားေျပာပါ။

၆။ ကုိယ္သိတာကို ရိုးရိုးရွင္းရွင္းေျပာပါ။

အထက္ပါ အခ်က္မ်ားကို လုိက္နာၿပီးေျပာပါ။ ေျပာက်င့္ရလာေသာအခါ စကားေျပာဟန္ က်လာပါလိမ့္မယ္။ စကားေျပာ က်ြမ္းက်ြင္ေသာ လူငယ္ေတြ ျဖစ္ႏုိင္ပါေစဗ်ာ။

Credit; ေကာင္းသန္႔

(Unicode Version)

လူတစ်ယောက်ဖြစ်ပြီး လူ့လောကတွင် ရပ်တည်ပြီဆိုသည်နှင့် လူလူချင်း စကားပြောရပေတော့မည်။ လူလူချင်းစကားပြောရာမှာ မခက်ဘူးဟုထင်ရသော်လည်း ကိုယ့်အကျိုးစီးပွားဖြစ်ထွန်းဖို့အတွက် စကားပြောရတာတော့ ခက်ပါတယ်။
စကားပြောခြင်းသည် အတတ်ပညာတစ်ခုဖြစ်ပါသည်။ ထို့အတွက် လူတော်တော်များကို စကားပြောရ သည့်အခါ ပြောတတ်သူ၊ ပြောရဲသူ၊ ပြောနိုင်သူ အလွန်နည်းပါသည။် ပြောတတ်သူ၊ ပြောနိုင်သူများကို လူတွေက စိတ်ဝင်တစား နားထောင်ကြ၏။ ထိုသူ၏စကားလည်းအောင်၏။ သူ့စကားအောင်သောကြောင့် သူသည်အဖွဲ့အစည်း ခေါင်းဆောင်နေရာကို သတ်မှတ်ခြင်းခံရ၏။
ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် လူကြီးများ၏ ပခုံးပြောင်းတာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်၍ စကားပြောနည်း အတတ်ပညာကို သိထားသင့်ပါသည်။
ရှေးဟောင်းစကားပြောနည်း (၁၀)မျိုးလည်းရှိသည်။
ရေကူးညာတင်၊ ကောက်ပင်ရိတ်လို၊ ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခင်၊ ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူ ယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်၊ ရေစစ်ကရား၊ ခက်တင်မောင်းနင်းတို့ဖြစ်သည်။
ရှောင်ကြဉ်ရမည့် ခေတ်ပေါ် စကားပြောနည်း (၁၀)မျိုးလည်းရှိသည်။
(၁)အရူးချေးပန်း (စိတ်ထင်ရာ)ပြောနည်း (၂) ဆင်ကန်းတောတိုး (မဆင်မခြင်) ပြောနည်း (၃) ငါ့စကားနွားရ (ကိုယ်ပြောတာမှန်) ပြောနည်း (၄) တောင်စဉ်ရေမရပြောနည်း (၅) ဗလောင်းဗလဲပြောနည်း (၆) လေဖန်းဒန်းစီးပြောနည်း (၇) ဝေ့လည်ကြောင်ပတ်ပြောနည်း (၈) လေတစ်လုံးမိုးတစ်လုံးပြောနည်း (၉) မျက်နှာပြောင်တိုက်ပြောနည်း (၁၀) ကယောက်ကယက် ဆောင်းအိပ်မက်လို ပြောနည်းဟူ၍ ဖြစ်ပါသည်။
တကယ်စကားပြောကောင်းချင်သူ လုပ်ရမယ့်၊ ပြောရမယ့်စကား အများကြီးမရှိပါ။
၁။ ပြောစရာ စကားရှိအောင် စာများများဖတ်ပါ။
၂။ မှန်သောစကားကို မိမိကိုယ်တိုင် အသအချာသိသော စကားကိုသာ ပြောပါ။
၃။ နားထောင်သူ အကျိုးရှိစေသော စကားကိုပြောပါ။
၄။ ယဉ်ကျေးချိုသာစွာ ပြောပါ။
၅။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ စေတနာစကားပြောပါ။
၆။ ကိုယ်သိတာကို ရိုးရိုးရှင်းရှင်းပြောပါ။
အထက်ပါ အချက်များကို လိုက်နာပြီးပြောပါ။ ပြောကျင့်ရလာသောအခါ စကားပြောဟန် ကျလာပါလိမ့်မယ်။ စကားပြော ကျွမ်းကျွင်သော လူငယ်တွေ ဖြစ်နိုင်ပါစေဗျာ။
Credit; ကောင်းသန့်

Read times
Rate this item
(3 votes)