-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင္ဘယ္ႏွႀကိမ္ ႀကိဳးစားၿပီးၿပီလဲ

သင္ဘယ္ႏွႀကိမ္ ႀကိဳးစားၿပီးၿပီလဲ google.com

အုပ္ေရသန္းေပါင္းမ်ားစြာေရာင္းေနတဲ႔ “Think and Grow Rich” စာအုပ္ကို ေရးသားတဲ႔ မီလ်ံနာသူေ႒းႀကီး Napoleon Hill က ေဟာေျပာပြဲတစ္ခုမွာ လာေရာက္နားေထာင္ၾကတဲ႔ ပရိတ္သက္ႀကီးကို ေမးခြန္းတစ္ခု ေမးလုိက္တယ္။

“ လူတစ္ေယာက္ဟာ သူ႔ရဲ႔ရည္မွန္းခ်က္ ပန္းတိုင္ကို လက္မေလ်ွာ႔ခင္အထိ ဘယ္ႏွႀကိမ္ ႀကိဳးစားခဲ႔သလဲ”

ပရိတ္သက္ထဲက လူေတြက အေျဖေတြ အမ်ိဳးမ်ိဳးေပးၾကတယ္။ တခ်ိဳ႕က ၁ႀကိမ္၊ ၂ႀကိမ္၊ ၅ႀကိမ္ စသျဖင့္ ေျပာၾကတယ္။ အားလံုး ေျပာၿပီးသြားတဲ႔ အခါမွာ Napoleon Hillက သူ႔ရဲ႕အေျဖကို ခုလုိ ေျပာလိုက္တယ္။

“တစ္ႀကိမ္ထက္နည္းတယ္”

ပရိတ္သတ္ႀကီးက အံအားသင့္သြားတယ္။ သူက သူ႔ရဲ႕အေျဖကိုရွင္းျပတယ္။ လူအေတာ္မ်ားမ်ားဟာ ႀကိဳးေတာင္ မႀကိဳးစားရေသးဘူး၊ လက္ေလွ်ာ့လိုက္ၾကတယ္တဲ႔။ သူတို႔ဟာ လက္ရွိဘ၀ထက္သာေအာင္၊ လက္ရွိ၀င္ေငြထက္ပိုေအာင္၊ အဆိုေတာ္ျဖစ္ေအာင္ ႀကိဳးစားဖို႔ စိတ္ကူးလုိက္ခ်ိန္မွာပဲ သူတို႔ေခါင္းထဲမွာ အေတြးတစ္ခု ၀င္လာၾကတယ္။ အဲဒါက “မျဖစ္ႏုိင္ပါဘူး” ဆိုတဲ႔အေတြးပါ။ အဲဒီအေတြးရဲ႕ ေနာက္ဆက္တြဲ အျဖစ္ မျဖစ္ႏိုင္တဲ႔ အေၾကာင္းျပခ်က္ေတြ တသီႀကီး လုိက္လာၾကတယ္။ ဒီေတာ့ ႀကိဳးစားမွဳ မစခင္ လက္ေလွ်ာ့လိုက္ၿပီတဲ႔။

Read-ေအာင္ျမင္တဲ႔ စီးပြားေရးသမားျဖစ္ဖုိ႔ မရွိမျဖစ္လုိအပ္တဲ႔ အရည္အေသြး ၁၀ခု

အဲဒီလို မျဖစ္ေအာင္ လြယ္လြယ္နဲ႔ လက္ေလွ်ာ့ခ်င္စိတ္ မေပၚေအာင္ ဘာလုပ္ရမလဲ။ မိမိကုိယ္ကို ‘ငါစိတ္ထဲမွာ ရွိေနတာကို ငါလုပ္လို႔ ရတယ္’ ဆိုတဲ႔စကားကို အၿမဲႏွလံုးသြင္းရင္ စိတ္ထဲ ႏွလံုးသားထဲမွာ စြဲစြဲၿမဲၿမဲ မွတ္ထင္သြားေအာင္ ေလ့က်င့္ေပးပါ။ ဒီစကားကို စိတ္ထဲမွာ စြဲၿမဲသြားၿပီ ဆုိရင္ အရွံဳးကို ရင္ဆုိင္ရမွာ မေႀကာက္ေတာ့ပါဘူး။

မိဘေတြကလည္း မိမိတို႔သားသမီးကို ခ်စ္ရင္၊ ဘ၀တစ္ေလွ်ာက္မွာ ႀကံ႕ႀကံ႕ခံႏုိင္တဲ႔ လူျဖစ္လာေစခ်င္ရင္ သူတို႔ငယ္စဥ္ကတညး္က ‘မင္းစိတ္ထဲမွာ ဘာျဖစ္ျဖစ္ ျဖစ္ေအာင္ လုပ္ႏုိင္တယ္ ’ဆိုတဲ႔ စကားေလးကို အၿမဲမျပတ္ ေျပာျပနားသြင္းေပးပါ။

လက္ႏွစ္ဖက္စလံုး၊ ေျခႏွစ္ဖက္စလံုး ပါမလာဘဲ ေမြးလာခဲ႔ၿပီး ႀကီးလာတဲ႔အခါ လူေတြကို စိတ္ဓါတ္တက္ေအာင္ ေဟာေျပာေပးျခင္း၊ စာအုပ္ေရးျခင္းျဖင့္ မီလ်ံနာသူေ႒းႀကီး ျဖစ္လာတဲ႔ နစ္ခ္ဗူရစ္ခ်စ္ (Nick Vujicic)ဟာ ငယ္စဥ္ကတည္းက သူ႔မိဘက အဲဒီစကားမ်ိဳးကို အၿမဲတမ္းေျပာျပေပးခဲ႔တယ္။

Credit; Bamawtheinpe

(Unicode Version)

အုပ်ရေသန်းပေါင်းများစွာရောင်းနေတဲ့ “Think and Grow Rich” စာအုပ်ကို ရေးသားတဲ့ မီလျံနာသူဋ္ဌေးကြီး Napoleon Hill က ဟောပြောပွဲတစ်ခုမှာ လာရောက်နားထောင်ကြတဲ့ ပရိတ်သက်ကြီးကို မေးခွန်းတစ်ခု မေးလိုက်တယ်။
“ လူတစ်ယောက်ဟာ သူ့ရဲ့ရည်မှန်းချက် ပန်းတိုင်ကို လက်မလျှော့ခင်အထိ ဘယ်နှကြိမ် ကြိုးစားခဲ့သလဲ”
ပရိတ်သက်ထဲက လူတွေက အဖြေတွေ အမျိုးမျိုးပေးကြတယ်။ တချို့က ၁ကြိမ်၊ ၂ကြိမ်၊ ၅ကြိမ် စသဖြင့် ပြောကြတယ်။ အားလုံး ပြောပြီးသွားတဲ့ အခါမှာ Napoleon Hillက သူ့ရဲ့အဖြေကို ခုလို ပြောလိုက်တယ်။
“တစ်ကြိမ်ထက်နည်းတယ်”
ပရိတ်သတ်ကြီးက အံအားသင့်သွားတယ်။ သူက သူ့ရဲ့အဖြေကိုရှင်းပြတယ်။ လူအတော်များများဟာ ကြိုးတောင် မကြိုးစားရသေးဘူး၊ လက်လျှော့လိုက်ကြတယ်တဲ့။ သူတို့ဟာ လက်ရှိဘဝထက်သာအောင်၊ လက်ရှိ၀င်ငွေထက်ပိုအောင်၊ အဆိုတော်ဖြစ်အောင် ကြိုးစားဖို့ စိတ်ကူးလိုက်ချိန်မှာပဲ သူတို့ခေါင်းထဲမှာ အတွေးတစ်ခု ၀င်လာကြတယ်။ အဲဒါက “မဖြစ်နိုင်ပါဘူး” ဆိုတဲ့အတွေးပါ။ အဲဒီအတွေးရဲ့ နောက်ဆက်တွဲ အဖြစ် မဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေ တသီကြီး လိုက်လာကြတယ်။ ဒီတော့ ကြိုးစားမှု မစခင် လက်လျှော့လိုက်ပြီတဲ့။
အဲဒီလို မဖြစ်အောင် လွယ်လွယ်နဲ့ လက်လျှော့ချင်စိတ် မပေါ်အောင် ဘာလုပ်ရမလဲ။ မိမိကိုယ်ကို ‘ငါစိတ်ထဲမှာ ရှိနေတာကို ငါလုပ်လို့ ရတယ်’ ဆိုတဲ့စကားကို အမြဲနှလုံးသွင်းရင် စိတ်ထဲ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲ မှတ်ထင်သွားအောင် လေ့ကျင့်ပေးပါ။ ဒီစကားကို စိတ်ထဲမှာ စွဲမြဲသွားပြီ ဆိုရင် အရှုံးကို ရင်ဆိုင်ရမှာ မကြောက်တော့ပါဘူး။
မိဘတွေကလည်း မိမိတို့သားသမီးကို ချစ်ရင်၊ ဘဝတစ်လျှောက်မှာ ကြံ့ကြံ့ခံနိုင်တဲ့ လူဖြစ်လာစေချင်ရင် သူတို့ငယ်စဉ်ကတညး်က ‘မင်းစိတ်ထဲမှာ ဘာဖြစ်ဖြစ် ဖြစ်အောင် လုပ်နိုင်တယ် ’ဆိုတဲ့ စကားလေးကို အမြဲမပြတ် ပြောပြနားသွင်းပေးပါ။
လက်နှစ်ဖက်စလုံး၊ ခြေနှစ်ဖက်စလုံး ပါမလာဘဲ မွေးလာခဲ့ပြီး ကြီးလာတဲ့အခါ လူတွေကို စိတ်ဓါတ်တက်အောင် ဟောပြောပေးခြင်း၊ စာအုပ်ရေးခြင်းဖြင့် မီလျံနာသူဋ္ဌေးကြီး ဖြစ်လာတဲ့ နစ်ခ်ဗူရစ်ချစ် (Nick Vujicic)ဟာ ငယ်စဉ်ကတည်းက သူ့မိဘက အဲဒီစကားမျိုးကို အမြဲတမ်းပြောပြပေးခဲ့တယ်။
Credit; Bamawtheinpe

Read times
Rate this item
(1 Vote)