-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရင္းႏွီးျမွဳပ္ႏွံရာတြင္ ၾကက္ဥေတြအားလုံးကို ဘယ္ေတာ့ မွ ျခင္းေတာင္းတစ္ခုထဲမွာ စုၿပဳံမထည့္ထားပါနဲ႔

ရင္းႏွီးျမွဳပ္ႏွံရာတြင္ ၾကက္ဥေတြအားလုံးကို ဘယ္ေတာ့ မွ ျခင္းေတာင္းတစ္ခုထဲမွာ စုၿပဳံမထည့္ထားပါနဲ႔ google.com

ပိုက္ဆံရွာရာတြင္ ဘယ္ေတာ့မွ ဝင္ေငြတစ္ခုတည္း ေပၚမွာမရပ္တည္ပါနဲ႕။ အျခားေသာ ဒုတိယဝင္ေငြ ဝင္နိုင္ေအာင္ ရင္းႏွီးထားပါ။ လူတစ္ေယာက္ဟာ ဝင္ေငြတစ္ခုထဲကို ေျခစုံပစ္ ရပ္တည္ေနရင္ အဲ့ဒီဝင္ေငြ ရပ္တန႔္သြားတဲ့ေန႕

ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ရတတ္ပါတယ္။ ဘဝမွာလည္း အားလုံး ေျဗာင္းဆန္ သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ ဒုတိယဝင္ေငြ ရနိုင္မယ့္ နည္းလမ္းကို အၿမဲရွာထားပါ။

ပိုက္ဆံသံုးရာတြင္ သင့္မွာမလိုအပ္တဲ့ပစၥည္းေတြဝယ္ပါမ်ားရင္ သင့္မွာလိုအပ္တဲ့ ပစၥည္းေတြ စြန႔္လႊတ္ ရတတ္တယ္။ တခ်ိဳ႕ေတြက လူသာ မခ်မ္းသာတာပါ။ ကိုင္တဲ့ အသုံးအေဆာင္ေတြကေတာ့ အပ်ံစားေတြ ခ်ည္းပါပဲ။ ေရရွည္ကို မၾကည့္ပဲ ေရတိုပဲ ၾကည့္တတ္တဲ့ သူမ်ိဳးေတြပါ။ သူမ်ားလုပ္တာ လိုက္လုပ္ခ်င္တယ္။ ဒါေပမယ့္ သူမ်ားလို သူမခ်မ္းသာေသးဘူး ဆိုတာကို ေမ့ေနတတ္ၾကပါတယ္။

ကိုယ္က မခ်မ္းသာေသးခ်ိန္မွာ ခ်မ္းသာတဲ့သူေတြနဲ႕ iPhone ၿပိဳင္ကိုင္တန္း သြားမကစားပါနဲ႕။ သင္ပဲရႈံးသြား ပါလိမ့္မယ္။ မလိုတာေတြ ဝယ္ေနတဲ့အတြက္ လိုတဲ့အခါ သုံးစရာမရွိ ျဖစ္တတ္ပါတယ္။

ပိုက္ဆံစုရာတြင္ သုံးၿပီးလို႔ ပိုတာကိုမစုပါနဲ႕။ စုၿပီးလို႔ ပိုတာကို သုံးပါ။ သုံးၿပီးလို႔ပိုမွ စုမယ္ဆိုရင္ေတာ့ ဒီတစ္သက္ သင္စုျဖစ္ဖို႔ မလြယ္ေလာက္ပါဘူး။ ပိုက္ဆံဝင္လာရင္ အရင္ဆုံး သင္စဥ္းစားရမွာက ဘယ္ေလာက္စုမလဲ ဆိုတာပါပဲ။ ၿပီးမွ ပိုတာကိုသုံးပါ။ စုဆိုတာကလည္း တစ္သက္လုံး စုဘူးထဲမွာ အဲ့ဒီပိုက္ဆံကို ထားဖို႔ေျပာတာ မဟုတ္ပါဘူး။ သင့္ဘဝအတြက္ လိုအပ္တဲ့ ေနရာမွာ အသုံးခ်ဖို႔ပါ။

သင့္ရဲ႕ တန္ဖိုးျမင့္ဖို႔ သင့္အရည္အခ်င္းေတြကို ျမႇင့္တင္ရပါမယ္။ အဲ့ဒီလိုလုပ္ဖို႔ သင္တန္းေတြ တက္ရပါမယ္။ စာအုပ္ေတြဖတ္ရပါမယ္။ အဲ့ဒီအတြက္ သင့္မွာ ပိုက္ဆံလိုပါတယ္။ အဲ့ဒီစုေငြေတြကို သုံးနိုင္ပါတယ္။

စြန္႔စားရာတြင္ ရအတိမ္အနက္ကို ေျခ ၂ ေခ်ာင္းလုံးခ်ၿပီး မစမ္းပါနဲ႕။ မစြန႔္စားနဲ႕လို႔ေျပာတာ မဟုတ္ပါဘူး။ မစြန႔္စားပဲနဲ႕လည္း မေအာင္ျမင္နိုင္ပါဘူး။ ဒါေပမယ့္ စြန႔္စားရာမွာေတာ့ ပါးနပ္ဖို႔လိုပါတယ္။ အႏၲာရယ္ရွိတဲ့ ကိစၥမ်ိဳးကို ရွိသမွ် ပိုက္ဆံေတြ ပုံေအာလိုက္တာမ်ိဳး ေတာ့ မလုပ္ပါနဲ႕။

ရင္းႏွီးျမွဳပ္ႏွံရာတြင္ ၾကက္ဥေတြအားလုံးကို ဘယ္ေတာ့ မွ ျခင္းေတာင္းတစ္ခုထဲမွာ စုၿပဳံမထည့္ထားပါနဲ႕။ အရင္းအႏွီးလုပ္ၿပီဆိုရင္လည္း ရွိသမွ် ပိုက္ဆံေတြ အားလုံးကို တစ္ေနရာထဲမွာ စုၿပဳံ မရင္းႏွီးပါနဲ႕။ လုပ္ငန္းဆိုတာ ျမတ္နိုင္သလို ရႈံးလည္း ရႈံးနိုင္ပါတယ္။ အားလုံးကို တစ္ေနရာတည္း စုၿပဳံရင္းႏွီးထားရင္ ရႈံးတဲ့အခါ တစ္ျပားမွ မက်န္ျဖစ္သြားပါလိမ့္မယ္။

ေမွ်ာ္လင့္ရာတြင္  ရိုးသားျခင္းဆိုတာ ရွားပါးေဈးႀကီးတဲ့ လက္ေဆာင္မြန္ တစ္ခုပါ။ ဒါ့ေၾကာင့္ ခပ္ေပါေပါ လူေတြဆီက မေမွ်ာ္လင့္ပါနဲ႕။ သင္ရိုးသားသလို လူတိုင္းရိုးသားမယ္လို႔ဘယ္ေတာ့မွ အေသအခ်ာ တြက္မထားပါနဲ႕။ ရိုးသားမႈဆိုတာ ဒီေခတ္ထဲမွာ ေတာ္ေတာ္ကို ရွားပါးတဲ့ အရာပါ။ ဒါ့ေၾကာင့္ ႐ူး႐ူး မိုက္မိုက္နဲ႕ ဒီတန္ဖိုးႀကီးပစၥည္းကို လူတိုင္းဆီက မေမွ်ာ္လင့္မိပါေစနဲ႕။

cerdit to original uploader

(Unicode Version)

ပိုက်ဆံရှာရာတွင် ဘယ်တော့မှ ဝင်ငွေတစ်ခုတည်း ပေါ်မှာမရပ်တည်ပါနဲ့။ အခြားသော ဒုတိယဝင်ငွေ ဝင်နိုင်အောင် ရင်းနှီးထားပါ။ လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ် ရပ်တည်နေရင် အဲ့ဒီဝင်ငွေ ရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဘဝမှာလည်း အားလုံး ဗြောင်းဆန် သွားတတ်ပါတယ်။ ဒါ့ကြောင့် ဒုတိယဝင်ငွေ ရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။
ပိုက်ဆံသုံးရာတွင် သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ် ရတတ်တယ်။ တချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့ အသုံးအဆောင်တွေကတော့ အပျံစားတွေ ချည်းပါပဲ။ ရေရှည်ကို မကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့ သူမျိုးတွေပါ။ သူများလုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူး ဆိုတာကို မေ့နေတတ်ကြပါတယ်။
ကိုယ်က မချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွား ပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့အခါ သုံးစရာမရှိ ဖြစ်တတ်ပါတယ်။

ပိုက်ဆံစုရာတွင် သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။ သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံး သင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။ ပြီးမှ ပိုတာကိုသုံးပါ။ စုဆိုတာကလည်း တစ်သက်လုံး စုဘူးထဲမှာ အဲ့ဒီပိုက်ဆံကို ထားဖို့ပြောတာ မဟုတ်ပါဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ။
သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်းတွေကို မြှင့်တင်ရပါမယ်။ အဲ့ဒီလိုလုပ်ဖို့ သင်တန်းတွေ တက်ရပါမယ်။ စာအုပ်တွေဖတ်ရပါမယ်။ အဲ့ဒီအတွက် သင့်မှာ ပိုက်ဆံလိုပါတယ်။ အဲ့ဒီစုငွေတွေကို သုံးနိုင်ပါတယ်။

စွန့်စားရာတွင် ရအတိမ်အနက်ကို ခြေ ၂ ချောင်းလုံးချပြီး မစမ်းပါနဲ့။ မစွန့်စားနဲ့လို့ပြောတာ မဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်း မအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့ ပါးနပ်ဖို့လိုပါတယ်။ အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှ ပိုက်ဆံတွေ ပုံအောလိုက်တာမျိုး တော့ မလုပ်ပါနဲ့။

ရင်းနှီးမြှုပ်နှံရာတွင် ကြက်ဥတွေအားလုံးကို ဘယ်တော့ မှ ခြင်းတောင်းတစ်ခုထဲမှာ စုပြုံမထည့်ထားပါနဲ့။ အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေ အားလုံးကို တစ်နေရာထဲမှာ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အားလုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်။

မျှော်လင့်ရာတွင် ရိုးသားခြင်းဆိုတာ ရှားပါးဈေးကြီးတဲ့ လက်ဆောင်မွန် တစ်ခုပါ။ ဒါ့ကြောင့် ခပ်ပေါပေါ လူတွေဆီက မမျှော်လင့်ပါနဲ့။ သင်ရိုးသားသလို လူတိုင်းရိုးသားမယ်လို့ဘယ်တော့မှ အသေအချာ တွက်မထားပါနဲ့။ ရိုးသားမှုဆိုတာ ဒီခေတ်ထဲမှာ တော်တော်ကို ရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူး မိုက်မိုက်နဲ့ ဒီတန်ဖိုးကြီးပစ္စည်းကို လူတိုင်းဆီက မမျှော်လင့်မိပါစေနဲ့။
cerdit to original uploader

Read times
Rate this item
(1 Vote)