-->
×

Warning

JUser: :_load: Unable to load user with ID: 29


FACEBOOK သုံးစွဲမှုလျော့ကျနေသော်လည်း ကြော်ငြာရောင်းချမှု မြင့်တက်မည်ဟု ခန့်မှန်း

FACEBOOK သုံးစွဲမှုလျော့ကျနေသော်လည်း ကြော်ငြာရောင်းချမှု မြင့်တက်မည်ဟု ခန့်မှန်း google.com

Facebook အနေနဲ့ News Feed ကိုအပြောင်းအလဲပြုလုပ်ခဲ့သလို လူမှုကွန်ရက်သုံးစွဲမှု လျော့ကျ နေသော်လည်း ဒီဂျစ်တယ် ကြော်ငြာလုပ်ငန်းကနေ အမြတ်အစွန်းများစွာ ရရှိနိုင်မယ်လို့ ဗုဒ္ဓဟူးနေ့က ရင်းနှီးမြှုပ်နှံသူတွေကို ကတိပေးပြောကြားခဲ့ပါတယ်။

Facebook ရဲ့ဝင်ငွေအစီရင်ခံစာမှာ သုံးလပတ်စဉ်ဝင်ငွေဟာ မနှစ်ကထက် ၄၇ ရာခိုင်နှုန်း တိုးတက် လာတယ်လို့ ဖော်ပြထားပါတယ်။ Facebook ကို လူတွေအသုံးပြုမှု လျော့နည်းနေပေမယ့် ဝင်ငွေရှာဖွေနိုင်မယ့် အခွင့်အရေးတွေ တွေ့ခဲ့တယ်လို့ ကွန်ဖရင့်မှာ ကုမ္ပဏီအမှုဆောင်တွေက ပြောခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး လူမှုရေးမီဒီယာတစ်ခုဖြစ်တဲ့ Facebook ဟာ News Feed မှာ ရုရှားက သတင်းတုတွေ ဖြန့်ချိမှုနဲ့ပတ်သက်တဲ့ ကိစ္စတွေအတွက် နိုင်ငံရပ်ခြား campaign တွေရဲ့ သြဇာလွှမ်းမိုးမှုနဲ့ လွတ်ကင်းတဲ့ ထုတ်ကုန်တွေဖြစ်ဖို့ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။ လေ့လာဆန်းစစ်သူတွေက အဲဒီအပြောင်းအလဲ တွေအပေါ် သံသယရှိပြီး ဝေဖန်ခဲ့ကြပါတယ်။

Read-ကြော်ငြာသည် လူတွေငွေသုံးချင်အောင် လှုံ့ဆော်ပေးနေခြင်း

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ Facebook သုံးစွဲသူတွေရဲ့ လူမှုရေးမီဒီယာမှာ အချိန်အသုံးချမှုဟာ တစ်ရက်မှာ နာရီပေါင်း သန်း ၅၀ လောက်အထိ လျော့ကျသွားတယ်လို့ ကုမ္ပဏီရဲ့ ဝင်ငွေအစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ Facebook အမှုဆောင်တွေကတော့ လေ့လာဆန်းစစ်သူတွေရဲ့ ဝေဖန်မှုကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ကုမ္ပဏီရဲ့အပြောင်းအလဲတွေဟာ ရေရှည်မှာ လုပ်ငန်းအတွက် ကောင်းမွန်လာမှာ ဖြစ်သလို ရေတိုမှာလည်း လုပ်ငန်းကိုမထိခိုက်ဘူးလို့ Facebook အမှုဆောင်တွေက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ Facebook သုံးစွဲသူတွေက တစ်ရက်မှာ နာရီပေါင်း သန်း ၅၀ အချိန်အသုံးချမှု လျော့ကျသွားတာဟာ viral ဗီဒီယိုတွေကို လျှော့ချခဲ့တာကြောင့် ဖြစ်တယ်လို့ Facebook ကပြောခဲ့ပါတယ်။ Facebook ဟာ News Feed ကို အပြောင်းအလဲများစွာ ပြုလုပ်ခဲ့တာကြောင့် သုံးစွဲသူ engagement ဟာ ထပ်မံ ကျဆင်းနိုင်ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်က Facebook နေ့စဉ်သုံးစွဲသူ ၁.၄၀ ဘီလျံဟာ ၁၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အခု စတုတ္ထ သုံးလပတ်မှာ နေ့စဉ်သုံးစွဲသူ ၁.၄၁ ဘီလျံပဲရှိတယ်လို့ လေ့လာဆန်းစစ်သူတွေက ခန့်မှန်းခဲ့ပါတယ်။

Facebook သမိုင်းကြောင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နဲ့ ကနေဒါအတွင်းက နေ့စဉ်သုံးစွဲသူ အရေအတွက် ပထမဆုံးအဖြစ် လျော့ကျခဲ့တယ်လို့ သိရပါတယ်။

Source; Internet Journal

Read times
Rate this item
(0 votes)