-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူေတြကို ေအသံုးလံုးႏွင့္ ျပဳမူဆက္ဆံေပးပါ

လူေတြကို ေအသံုးလံုးႏွင့္ ျပဳမူဆက္ဆံေပးပါ google.com

လူမွဳပတ္၀န္းက်င္တြင္ ေနထိုင္သမွ် ကာလပတ္လံုး ေပါင္းသင္းဆက္ဆံေရးဟာ အဓိကက်ြမ္းက်င္ တတ္ေျမာက္ရမည့္ ဘာသာရပ္တစ္ခုဟုဆိုလ်ွင္ မွားမယ္မထင္ပါ။

ဒါဆို ကိုယ္နဲ႔ေျပာဆုိ ဆက္ဆံရမယ့္ မိတ္ေဆြ အေပါင္းအသင္းေတြနဲ႔ ဘယ္လိုေျပာဆုိျပဳမူၾကမွာလဲ။ ဒီအခ်ိန္မွာ ေအသံုးလံုနဲ႔ ျပဳမူဆက္ဆံ ပံုေတြက အလြန္အေရးပါလာပါၿပီ။

ကုိယ္က သူတို႔ကို အာရံုစိုက္မွဳ (Attention) ၊ အတူရွိေပးမွဳ (Affirmation) နဲ႔တန္ဖိုးထားမွဳ (Appreciation) ေတြလုပ္ေပးတဲ႔အခါ  လူေတြအားလံုးက ေနလို႔ထိုင္လို႔ပိုေကာင္းလာၾကၿပီး အလုပ္ကိုပိုေကာင္းေအာင္ လုပ္လာၾကပါတယ္။

ေနာက္တစ္ခါ လူေတြကို ေတြ႔တဲ႔အခါ ပထမဆံုး စကၠန္႔သံုးဆယ္အတြင္း သူတို႔ကို တစိုက္မတ္မတ္ အာရံု စုိက္ေပးပါ။ သူတို႔နဲ႔အတူ ကုိယ္ရွိေနေၾကာင္းနဲ႔ သူတို႔ကိုတန္ဖိုးထားေၾကာင္း နည္းလမ္းတစ္ခုခုနဲ႔ ျပသပါ။ ၿပီးရင္ ဘာေတြျဖစ္လာမလဲ ေစာင့္ၾကည့္ပါ။ သူတို႔က ကိုယ့္ကို ဘယ္လုိေကာင္းေကာင္းမြန္မြန္ တံု႔ျပန္ၾကတယ္ဆိုတာ ကိုယ္က အံံ႔အားသင့္ဖြယ္ေတြ႔ရလိမ့္မယ္။

Read-ေအာင္ျမင္တဲ႔ စီးပြားေရးသမားျဖစ္ဖုိ႔ မရွိမျဖစ္လုိအပ္တဲ႔ အရည္အေသြး ၁၀ခု

ကိုယ္ကကိုယ့္ကုိယ္ကုိယ္ ဂရုစိုက္မယ့္အစား သူတို႔အေပၚ အာရံုစိုက္ေပးဖို႔ရာ အခက္အခဲျဖစ္ေနတယ္ဆုိရင္ ၀ီလ်ံကင္းရဲ႕ ေျပာစကားတစ္ခုက ကုိယ့္ကို အေထာက္အပံ႔ေပးပါလိမ့္မယ္။

“အတင္းဆိုတာက လူတစ္ေယာက္ေယာက္က ကိုယ့္ကို အျခားသူေတြ အၾကာင္းလာေျပာတာ။ ၿငီးေငြ႔တယ္္ဆုိတာ လူတစ္ေယာက္က သူ႔အေၾကာင္းကုိ  လာေျပာေနတာ။ လက္ဖ်ားခါေလာက္တဲ႔ ေျပာဆုိမွဳဆုိတာကေတာ့ လူတစ္ေယာာက္က ကိုယ့္အေၾကာင္းကုိ လာေျပာျပေနတာျဖစ္တယ္”

ကိုယ့္အသင္းသားေတြကို ဒီကေန႔ကိုယ္က အာရံုစိုက္ေပးပါ။ အတူရွိေနေပးပါ။ ၿပီးေတာ့ တန္ဖိုးထားပါ။

Source; Democracy Today

(Unicode Version)

လူမှုပတ်ဝန်းကျင်တွင် နေထိုင်သမျှ ကာလပတ်လုံး ပေါင်းသင်းဆက်ဆံရေးဟာ အဓိကကျွမ်းကျင် တတ်မြောက်ရမည့် ဘာသာရပ်တစ်ခုဟုဆိုလျှင် မှားမယ်မထင်ပါ။ ဒါဆို ကိုယ်နဲ့ပြောဆို ဆက်ဆံရမယ့် မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဘယ်လိုပြောဆိုပြုမူကြမှာလဲ။ ဒီအချိန်မှာ အေသုံးလုံနဲ့ ပြုမူဆက်ဆံ ပုံတွေက အလွန်အရေးပါလာပါပြီ။
ကိုယ်က သူတို့ကို အာရုံစိုက်မှု (Attention) ၊ အတူရှိပေးမှု (Affirmation) နဲ့တန်ဖိုးထားမှု (Appreciation) တွေလုပ်ပေးတဲ့အခါ လူတွေအားလုံးက နေလို့ထိုင်လို့ပိုကောင်းလာကြပြီး အလုပ်ကိုပိုကောင်းအောင် လုပ်လာကြပါတယ်။
နောက်တစ်ခါ လူတွေကို တွေ့တဲ့အခါ ပထမဆုံး စက္ကန့်သုံးဆယ်အတွင်း သူတို့ကို တစိုက်မတ်မတ် အာရုံ စိုက်ပေးပါ။ သူတို့နဲ့အတူ ကိုယ်ရှိနေကြောင်းနဲ့ သူတို့ကိုတန်ဖိုးထားကြောင်း နည်းလမ်းတစ်ခုခုနဲ့ ပြသပါ။ ပြီးရင် ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ပါ။ သူတို့က ကိုယ့်ကို ဘယ်လိုကောင်းကောင်းမွန်မွန် တုံ့ပြန်ကြတယ်ဆိုတာ ကိုယ်က အံံ့အားသင့်ဖွယ်တွေ့ရလိမ့်မယ်။
ကိုယ်ကကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ့်အစား သူတို့အပေါ် အာရုံစိုက်ပေးဖို့ရာ အခက်အခဲဖြစ်နေတယ်ဆိုရင် ၀ီလျံကင်းရဲ့ ပြောစကားတစ်ခုက ကိုယ့်ကို အထောက်အပံ့ပေးပါလိမ့်မယ်။
“အတင်းဆိုတာက လူတစ်ယောက်ယောက်က ကိုယ့်ကို အခြားသူတွေ အကြာင်းလာပြောတာ။ ငြီးငွေ့တယ််ဆိုတာ လူတစ်ယောက်က သူ့အကြောင်းကို လာပြောနေတာ။ လက်ဖျားခါလောက်တဲ့ ပြောဆိုမှုဆိုတာကတော့ လူတစ်ယောာက်က ကိုယ့်အကြောင်းကို လာပြောပြနေတာဖြစ်တယ်”
ကိုယ့်အသင်းသားတွေကို ဒီကနေ့ကိုယ်က အာရုံစိုက်ပေးပါ။ အတူရှိနေပေးပါ။ ပြီးတော့ တန်ဖိုးထားပါ။
Source; Democracy Today

Read times
Rate this item
(0 votes)