-->


အဓိပၸါယ္ျပည့္ေသာ ဘ၀အတြက္ ေျခလွမ္းရွစ္လွမ္း

အဓိပၸါယ္ျပည့္ေသာ ဘ၀အတြက္ ေျခလွမ္းရွစ္လွမ္း google.com

၁။ ကိုယ့္ရဲ႕ ျဖစ္ႏုိင္စြမ္းကို ျဖည့္ဆည္းပါ။

လူငယ္ဟူသည္ ကေလးဘ၀မွ လူႀကီးဘ၀သို႕ ျဖတ္သန္းေသာ အဆင့္တစ္ဆင့္မွ်သာ မဟုတ္ေခ်။ ထို႕ေၾကာင့္ ၾကားဘူတာတစ္ခုအျဖစ္ မေတြးလုိက္ပါႏွင့္။

 

 

ကိုယ့္ဘ၀ ဤအခ်ိန္မ်ားသည္ က်န္ဘ၀ကာလ၏ အရည္အေသြးႏွင့္ ဦးတည္ရာကို အဆုံးျဖတ္ေပးလိမ့္မည္ဟု ေျပာျခင္းမွာ လြန္လြန္ကဲကဲ ေျပာျခင္းမဟုတ္ေခ်။

ဘ၀ဟူသည္ သူႏွင့္အတူ အေကာင္းအဆိုး၊ အျဖစ္အပ်က္၊ ေမွ်ာ္လင့္ခ်က္ႏွင့္ စိတ္ပ်က္စရာတုိ႕ကိုိ သယ္ရသည္။ သင္လူငယ္ဘ၀ကို ဘယ္လိုကုန္သလဲဆုိတာက သင္ဘယ္ကိုသြားမလဲဆုိတာကို အဆုံးအျဖတ္ေပး၏။

၂။ အိပ္မက္ေတြရွိ

သမုိင္းကို အိပ္မက္သူမ်ား ပိုင္သည္။ အိပ္မက္ႏွင့္လူထု ၊ အိပ္မက္ကို အေကာင္အထည္ေဖာ္ေသာလူထု ၊ အိပ္မက္မ်ားကို မွ်ေ၀တတ္ၾကေသာ လူထုရွိသည့္ ႏုိင္ငံသည္ ကမၻာ့သမိုင္း၏ ေခါင္းေဆာင္ျဖစ္ႏုိင္သည္။

သင့္အိပ္မက္မ်ားသည္ ေႏြဦးေရလုိ သန္႕လည္းသန္႕ ၊ ၾကည္လည္းၾကည္ေနရမည္။ ၿပီးေတာ့ ဤအိပ္မက္မ်ား သည္ ႀကီးႀကီးက်ယ္က်ယ္အိပ္မက္မ်ား ျဖစ္ရမည္။ သင္နဲ႕အတူ သင့္ႏွလုံးသားထဲမွာ စၾက၀ဠာႀကီး သယ္သြားရမည္။ သင့္အိပ္မက္ေတြက စၾက၀ဠာႀကီးေလာက္ ႀကီးရေပမည္။

အိပ္မက္မဲ႔ လူငယ္သည္ စိတ္ဓာတ္ေရးရာအရ ကိုယ့္ကုိယ္ကုိယ္သတ္ေသျခင္းႏွင့္ အတူတူပင္ျဖစ္သည္ဟု ေတြးေခၚရွင္တစ္ဦးက တစ္ခါက ေျပာဖူး၏။ ဒါေၾကာင့္ သန္႕လည္းသန္႕၊ ေတာက္လည္းေတာက္ပ၊ ႀကီးလည္းႀကီးက်ယ္ေသာ အိပ္မက္မ်ားကိုမက္ပါ။

၃။ ထုိးထြင္းတီထြင္ စဥ္းစားပါ။

သမိုင္းကို ထုိးထြင္းတီထြင္ စဥ္းစားသူမ်ား၊ ထုိးထြင္းတီထြင္ပုဂၢိဳလ္မ်ားက ဦးေဆာင္၏။ ထုိးထြင္းတီထြင္ျခင္းႏွင့္ ျဖစ္ေျမာက္ေအာင္ ႀကံေဆာင္ႏုိင္ေသာ သတၱိကို အားေပးေသာ လူ႕အဖြဲ႕အစည္းသည္ ဘယ္ေတာ့မွ မက်ဆုံးေခ်။ ျဖစ္ရမယ္ဟု စဥ္းစားလွ်င္ အင္အားမ်ား ရွိလာ၏။ ထုိအင္အားမ်ားကို သင္ပိုင္ဆုိင္သည္။ ထုိ႕ေၾကာင့္ ကိစၥအေပါင္းကို အျပဳစိတ္ႏွင့္ စေလ…။ အေကာင္းဘက္ရွဳ၍ စေလ…။ သည္လုိလုပ္လွ်င္ လမ္းေၾကာင္းကို သင္ ဦးေဆာင္ႏုိင္လိမ့္မည္။

၄။ စိမ္လုိက္ေဟ့ … ။

သတၱိႏွင့္ စိန္္ေခၚရင္း သမုိင္းသည္ တုိးတက္ရသည္။ စိန္ေခၚ၀ံ့သူသည္ ေအာင္ျမင္ေသာသူ ျဖစ္လာ၏။ လူငယ္သည္ စြန္႕စားရတာႀကိဳက္၏။ က်ရွဳံးမွာကို မစိုးရြံ႕။ စိုးရြံ႕စိတ္ျဖင့္ ကိစၥမ်ားကို စေသာသူသည္ သူ႕လူငယ္ဘ၀ကို ဆုံရွဳံးခဲ့ၿပီးျဖစ္သည္။ ခင္ဗ်ားမွာ ျဖစ္ေျမာက္ေအာင္လုပ္လိုေသာဆႏၵ တၿငီးၿငီး ေတာက္ေလာင္ေနသင့္၏။ ကိုယ့္ကိုယ္ကိုယ္ စဥ္ဆက္မျပတ္ တုိးတက္ေအာင္တည္ေဆာက္။ ျဖစ္ေျမာက္လိုေသာ ဆႏၵျပည့္၀ဖုိ႕ အျမင့္အျမင့္ေတြကို တက္လွမ္း။

၅။ ကိုယ္က်ိဳးစြန္႕

သမုိင္းသည္ ကုိယ္က်ိဳးစြန္႕၍ ႀကီးထြားလာရသည္။ ေနာက္မ်ိဳးဆက္ ေ၀စည္ဖုိ႕ ေရွ႕မ်ိဳးဆက္သည္ ကိုယ္က်ိဳးစြန္႕ရ၏။

၆။ ေစတနာထား

လူမ်ားသည္ အတူတူေနၾကရ၏။ ဘယ္သူမွ အထီးတည္းမေနရ။ အတၱဗဟို၀ါဒသည္ မေကာင္း။ ထုိ႕ေၾကာင့္ ပုဂိၢဳလ္ေရးေလာက၊ အတၱဗဟိုစြဲမ်ားျဖင့္ သင့္ကိုယ္သင္ မညစ္ညမ္းေစရ။ ကိုယ္တိုင္အတြက္ မစဥ္းစားမီ အုပ္စုအတြက္ စဥ္းစားပါ။ ကိုယ္က်ိဳးမစဥ္းစားမီ လူထုအက်ိဳးစဥ္းစားပါ။ ပုဂၢိဳလ္ေရးေလာဘ၊ အတၱဗဟို စိတ္ဓာတ္တုိ႕ႏွင့္ မညစ္ညမ္းလာပါေစႏွင့္။ ယုံၾကည္၊ ေမတၱာစိတ္ျဖင့္ မနက္ျဖန္ကို အတူတကြ တိုး၀င္ပါေလ …

၇။ သင့္ကိုယ္သင္သစၥာရွိ

က်ေနာ္တို႕ကိုယ္က်ေနာ္တို႕ သစၥာရွိဖို႕ ဘယ္ေလာက္ပဲ ႀကိဳးစားခဲ့ ႀကိဳးစားခဲ့၊ မိသားစုႏွင့္ အလုပ္ေႏွာင္ဖြဲ႕ မွဳေၾကာင့္ ခက္ခဲ့ရေပသည္။ တစ္ခါတရံ မလုပ္ခ်င္ဘဲႏွင့္ အေျခအေနအရ ေျပာလုိက္ရ လုပ္လုိက္ရေလသည္။ သို႕ေသာ္ ဒါကို သင္ေတြးေနဖို႕မလုိ။ ေထာင္ေခ်ာက္ထဲ မဆင္းမိေစဖို႕ အေႏွာင္အဖြဲ႕မွာ ေက်ာ့ကြင္းမမိေစဖုိ႕ အားထုတ္ပါ။ သင္လုပ္ခ်င္တာကို တစိုက္မတ္မတ္လုပ္ျခင္းသည္ သင့္ကုိယ္သင္ အႀကီးမားဆုံး သစၥာရွိျခင္းဟု ယူဆပါေလ။


၈။ မ၀င့္၀ါပါႏွင့္။

တိုးတက္ဖြံ႕ၿဖိဳးျခင္းသည္ သင္ယူျခင္းမွလာသည္။ သင့္ကိုယ္သင္ တကယ္အေရးႀကီးသည္ ထင္လုိက္သည္ႏွင့္ တိုးတက္မွဳ ရပ္ေလ၏။ တစ္စုံတစ္ရာ သိၿပီဟု ထင္လုိက္သည္ႏွင့္ တိုးတက္မွဳရပ္ၿပီ။ တိုးတက္ဖြံ႕ၿဖိဳးျခင္း သည္ သင့္ကိုယ္သင္ ႏွိမ့္ခ်ရာမွလာ၏။ တတ္ႏိုင္သေလာက္ သင္ယူႏုိင္ေအာင္ အားထုတ္ပါေလ။

အရိုးမ်ားသန္လာေလေလ … ေခါင္းငိုက္ထားရေလပင္။ လယ္သမား၏ မ်က္ခုံးေပၚမွ ေခၽြးသီးမ်ားမွ သင္ယူႏုိင္သည္။ အရုဏ္က်င္းလု အေမွာင္ထဲမွာ နံနက္စာျပင္ေနေသာ မိဘတစ္ဦး၏ အထိအေတြ႕မွ သင္ယူႏုိင္သည္။ သင့္ပတ္၀န္းက်င္မွာရွိေသာ အသံမ်ားႏွင့္ ျမင္ကြင္းမ်ားသို႕ သင့္မ်က္လုံးႏွင့္ နားကို ဖြင့္ထားပါေလ…။ သင့္ကိုယ္သင္ ႏွိမ့္ခ်ပါ။ အားထုတ္ႀကိဳးပမ္းေလ့လာပါ။

( Every Street Is Paved With Gold by Kim Woo-Choong | လမ္းတုိင္းကို ေရႊခင္းထားတယ္ (တင္ေမာင္သန္း) စာအုပ္မွ ထုတ္ႏွုတ္သည္ )

(Unicode Version)

၁။ ကိုယ့်ရဲ့ ဖြစ်နိုင်စွမ်းကို ဖြည့်ဆည်းပါ ။

လူငယ်ဟူသည် ကလေးဘဝမှ လူကြီးဘဝသို့ ဖြတ်သန်းသော အဆင့်တစ်ဆင့်မျှသာ မဟုတ်ချေ။ ထို့ကြောင့် ကြားဘူတာတစ်ခုအဖြစ် မတွေးလိုက်ပါနှင့်။ ကိုယ့်ဘဝ ဤအချိန်များသည် ကျန်ဘဝကာလ၏ အရည်အသွေးနှင့် ဦးတည်ရာကို အဆုံးဖြတ်ပေးလိမ့်မည်ဟု ပြောခြင်းမှာ လွန်လွန်ကဲကဲ ပြောခြင်းမဟုတ်ချေ။
ဘဝဟူသည် သူနှင့်အတူ အကောင်းအဆိုး၊ အဖြစ်အပျက်၊ မျှော်လင့်ချက်နှင့် စိတ်ပျက်စရာတို့ကိို သယ်ရသည်။ သင်လူငယ်ဘဝကို ဘယ်လိုကုန်သလဲဆိုတာက သင်ဘယ်ကိုသွားမလဲဆိုတာကို အဆုံးအဖြတ်ပေး၏။

၂။ အိပ်မက်တွေရှိ

သမိုင်းကို အိပ်မက်သူများ ပိုင်သည်။ အိပ်မက်နှင့်လူထု ၊ အိပ်မက်ကို အကောင်အထည်ဖော်သောလူထု ၊ အိပ်မက်များကို မျှဝေတတ်ကြသော လူထုရှိသည့် နိုင်ငံသည် ကမ္ဘာ့သမိုင်း၏ ခေါင်းဆောင်ဖြစ်နိုင်သည်။

သင့်အိပ်မက်များသည် နွေဦးရေလို သန့်လည်းသန့် ၊ ကြည်လည်းကြည်နေရမည်။ ပြီးတော့ ဤအိပ်မက်များ သည် ကြီးကြီးကျယ်ကျယ်အိပ်မက်များ ဖြစ်ရမည်။ သင်နဲ့အတူ သင့်နှလုံးသားထဲမှာ စကြဝဠာကြီး သယ်သွားရမည်။ သင့်အိပ်မက်တွေက စကြဝဠာကြီးလောက် ကြီးရပေမည်။
အိပ်မက်မဲ့ လူငယ်သည် စိတ်ဓာတ်ရေးရာအရ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု တွေးခေါ်ရှင်တစ်ဦးက တစ်ခါက ပြောဖူး၏။ ဒါကြောင့် သန့်လည်းသန့်၊ တောက်လည်းတောက်ပ၊ ကြီးလည်းကြီးကျယ်သော အိပ်မက်များကိုမက်ပါ။

၃။ ထိုးထွင်းတီထွင် စဉ်းစားပါ။

သမိုင်းကို ထိုးထွင်းတီထွင် စဉ်းစားသူများ၊ ထိုးထွင်းတီထွင်ပုဂ္ဂိုလ်များက ဦးဆောင်၏။ ထိုးထွင်းတီထွင်ခြင်းနှင့် ဖြစ်မြောက်အောင် ကြံဆောင်နိုင်သော သတ္တိကို အားပေးသော လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ မကျဆုံးချေ။ ဖြစ်ရမယ်ဟု စဉ်းစားလျှင် အင်အားများ ရှိလာ၏။ ထိုအင်အားများကို ခင်ဗျားပိုင်ဆိုင်သည်။ ထို့ကြောင့် ကိစ္စအပေါင်းကို အပြုစိတ်နှင့် စလေ…။ အကောင်းဘက်ရှု၍ စလေ…။ သည်လိုလုပ်လျှင် လမ်းကြောင်းကို သင် ဦးဆောင်နိုင်လိမ့်မည်။

၄။ စိမ်လိုက်ဟေ့ … ။

သတ္တိနှင့် စိန််ခေါ်ရင်း သမိုင်းသည် တိုးတက်ရသည်။ စိန်ခေါ်ဝံ့သူသည် အောင်မြင်သောသူ ဖြစ်လာ၏။ လူငယ်သည် စွန့်စားရတာကြိုက်၏။ ကျရှုံးမှာကို မစိုးရွံ့။ စိုးရွံ့စိတ်ဖြင့် ကိစ္စများကို စသောသူသည် သူ့လူငယ်ဘဝကို ဆုံရှုံးခဲ့ပြီးဖြစ်သည်။ ခင်ဗျားမှာ ဖြစ်မြောက်အောင်လုပ်လိုသောဆန္ဒ တငြီးငြီး တောက်လောင်နေသင့်၏။ ကိုယ့်ကိုယ်ကိုယ် စဉ်ဆက်မပြတ် တိုးတက်အောင်တည်ဆောက်။ ဖြစ်မြောက်လိုသော ဆန္ဒပြည့်ဝဖို့ အမြင့်အမြင့်တွေကို တက်လှမ်း။

၅။ ကိုယ်ကျိုးစွန့်

သမိုင်းသည် ကိုယ်ကျိုးစွန့်၍ ကြီးထွားလာရသည်။ နောက်မျိုးဆက် ဝေစည်ဖို့ ရှေ့မျိုးဆက်သည် ကိုယ်ကျိုးစွန့်ရ၏။

၆။ စေတနာထား

လူများသည် အတူတူနေကြရ၏။ ဘယ်သူမှ အထီးတည်းမနေရ။ အတ္တဗဟိုဝါဒသည် မကောင်း။ ထို့ကြောင့် ပုဂ္ဂိုလ်ရေးလောက၊ အတ္တဗဟိုစွဲများဖြင့် သင့်ကိုယ်သင် မညစ်ညမ်းစေရ။ ကိုယ်တိုင်အတွက် မစဉ်းစားမီ အုပ်စုအတွက် စဉ်းစားပါ။ ကိုယ်ကျိုးမစဉ်းစားမီ လူထုအကျိုးစဉ်းစားပါ။ ပုဂ္ဂိုလ်ရေးလောဘ၊ အတ္တဗဟို စိတ်ဓာတ်တို့နှင့် မညစ်ညမ်းလာပါစေနှင့်။ ယုံကြည်၊ မေတ္တာစိတ်ဖြင့် မနက်ဖြန်ကို အတူတကွ တိုးဝင်ပါလေ …

၇။ ခင်ဗျားကိုယ်ခင်ဗျားသစ္စာရှိ

ကျနော်တို့ကိုယ်ကျနော်တို့ သစ္စာရှဖို့ ဘယ်လောက်ပဲ ကြိုးစားခဲ့ ကြိုးစားခဲ့၊ မိသားစုနှင့် အလုပ်နှောင်ဖွဲ့ မှုကြောင့် ခက်ခဲ့ရပေသည်။ တစ်ခါတရံ မလုပ်ချင်ဘဲနှင့် အခြေအနေအရ ပြောလိုက်ရ လုပ်လိုက်ရလေသည်။ သို့သော် ဒါကို သင်တွေးနေဖို့မလို။ ထောင်ချောက်ထဲ မဆင်းမိစေဖို့ အနှောင်အဖွဲ့မှာ ကျော့ကွင်းမမိစေဖို့ အားထုတ်ပါ။ သင်လုပ်ချင်တာကို တစိုက်မတ်မတ်လုပ်ခြင်းသည် သင့်ကိုယ်သင် အကြီးမားဆုံး သစ္စာရှိခြင်းဟု ယူဆပါလေ။


၈။ မဝင့်ဝါပါနှင့်။

တိုးတက်ဖွံ့ဖြိုးခြင်းသည် သင်ယူခြင်းမှလာသည်။ သင့်ကိုယ်သင် တကယ်အရေးကြီးသည် ထင်လိုက်သည်နှင့် တိုးတက်မှု ရပ်လေ၏။ တစ်စုံတစ်ရာ ခင်ဗျားသိပြီဟု ထင်လိုက်သည်နှင့် တိုးတက်မှုရပ်ပြီ။ တိုးတက်ဖွံ့ဖြိုးခြင်း သည် ခင်ဗျားကိုယ်ခင်ဗျား နှိမ့်ချရာမှလာ၏။ တတ်နိုင်သလောက် သင်ယူနိုင်အောင် အားထုတ်ပါလေ။

အရိုးများသန်လာလေလေ … ခေါင်းငိုက်ထားရလေပင်။ လယ်သမား၏ မျက်ခုံးပေါ်မှ ချွေးသီးများမှ ခင်ဗျားသင်ယူနိုင်သည်။ အရုဏ်ကျင်းလု အမှောင်ထဲမှာ နံနက်စာပြင်နေသော မိဘတစ်ဦး၏ အထိအတွေ့မှ ခင်ဗျားသင်ယူနိုင်သည်။ ခင်ဗျားပတ်ဝန်းကျင်မှာရှိသော အသံများနှင့် မြင်ကွင်းများသို့ ခင်ဗျားမျက်လုံးနှင့် နားကို ဖွင့်ထားပါလေ…။ ခင်ဗျားကိုယ်ခင်ဗျား နှိမ့်ချပါ။ အားထုတ်ကြိုးပမ်းလေ့လာပါ။

( Every Street Is Paved With Gold by Kim Woo-Choong | လမ်းတိုင်းကို ရွှေခင်းထားတယ် (တင်မောင်သန်း) စာအုပ်မှ ထုတ်နှုတ်သည် )

Read 878 times
Rate this item
(0 votes)