-->
×

Warning

JUser: :_load: Unable to load user with ID: 29


လက္ရိွဘဝမွသည္ျဖစ္ခ်င္ေသာဘဝဆီသို ့

လက္ရိွဘဝမွသည္ျဖစ္ခ်င္ေသာဘဝဆီသို ့ google.com

သင္လက္ရွိျဖစ္ပ်က္ေနတဲ့အရာေတြ ဘာေျကာင့္ျဖစ္ေပၚေနလဲဆိုတာ ရွင္းရွင္းလင္းလင္းသိပါေစ။
လူတိုင္းလူတိုင္း ရည္ရြယ္ခ်က္ကိုယ္စီရိွျကတာပါဘဲ။ ရည္မွန္းခ်က္ေတြကို

အၿမဲပိုင္းျခားစစ္ေဆးေနမယ္၊ အျမဲအသိညဏ္ပြင့္ေနေအာင္ ျကိုးစားအားထုတ္ေနျခင္းဟာ အေရးျကီးဆံုး လုပ္သင့္တဲ့အရာတခုပါဘဲ။ အဲ့လိုျဖစ္ဖို ဆိုတာကလည္း နားလည္ဖို ့အခ်ိန္အေတာ္ျကာပါတယ္။ ျပီးေတာ့ စိတ္အားထက္သန္မွဳနဲ ့ စိတ္ဝင္တစားရိွဖို ့ကလည္းလိုပါတယ္။
တကယ္ေတာ့ ရည္ရြယ္ခ်က္မရိွတဲ့ဘဝတခုဟာ ေလလြင့္တယ္။ ဘယ္အရာကမွ ထိန္းခ်ဳပ္မထားေတာ့ ပ်က္စီးျခင္းကိုုျဖစ္ေစပါတယ္။ ဘယ္အရာ ဘယ္ရည္မွန္းခ်က္ကိုမွ ျပီးျပီးေျမာက္ေျမာက္ မျဖစ္နိုင္ပါဘူး။ ရည္ရြယ္ခ်က္ရိွတဲ့ဘဝတစ္ခုက အရာရာကိုတစုတစည္းထဲ သတ္မွတ္ထားတယ္။
ရည္ရြယ္ခ်က္ရိွတယ္ဆိုတာဘာလဲ?
ရည္ရြယ္ခ်က္ရိွတယ္ဆိုတာ မိမိခ်စ္ျမတ္နိုးတဲ့အလုပ္ကိုလုပ္ေနတာ၊ မိမိကြ်မ္းက်င္တဲ့အရာေတြကိုလုပ္ေနတာ မိမိအတြက္အေရးပါတဲ့အရာေတြကို ျပီးျပီးေျမာက္ေျမာက္လုပ္ေဆာင္ေနတာပါဘဲ။ သင့္မွာရည္ရြယ္ခ်က္တခု မွန္မွန္ကန္ကန္ရိွပါေစ။ အေပါင္းအသင္းေတြ၊အခြင့္အေရးေတြ၊အခြင့္အလမ္းေတြ၊အရင္းအျမစ္ေတြက အလိုလိုသင့္ဆီ တိမ္းညြတ္လာမွာမလြဲမေသြပါဘဲ။
သင္သာသင့္ဘဝမွာ ရည္မွန္းခ်က္ေတြသာ အစစ္အမွန္ရိုက္သြင္းလိုက္စမ္းပါ။ သင့္လုပ္ေဆာင္မွုေတြ ေအာင္ျမင္မွဳေတြက အလိိုလိုေနာက္ကေန ကပ္ပါလာမွာပါ။ သင့္ရည္ရြယ္ခ်က္ကဘာလဲဆိုတာ သင္သိျပီးရင္ သင့္ရည္ရြယ္ခ်က္ ေအာင္ျမင္ဖို ့အတြက္ လုပ္ေဆာင္ရမယ့္အရာေတြကို စီစဥ္ခန္ ့ခြဲနိုင္ပါတယ္။ သင္လုပ္သမ်ွ အရာရာတိုင္းဟာသင့္ရည္ရြယ္ခ်က္ရဲ့ အစိတ္အပိုင္းတခုျဖစ္သင့္ပါတယ္။

Read-စကားတစ္ခြန္းေၾကာင့္ ဘ၀ေျပာင္းခဲ႔သူ


သံလိုက္အိမ္ေျမွာင္လို သင့္ဘဝကိုလမ္းျပလမ္းေျကာင္းေပးနိုင္မယ့္ ရည္ရြယ္ခ်က္ေတြမထားရိွဘူးဆိုရင္ သင့္ရည္ရြယ္ခ်က္ေတြ ရည္မွန္းခ်က္ေတြက ထင္သေလာက္ ခရီးေပါက္မွာမဟုတ္ပါဘူး။ လူတိုင္းမွာေန႔စဥ္ အေမာေတြ ဖိအားေတြရိွေနျကတာမဆန္းပါဘူး။သင့္ရဲ့ဖိအားေတြ အေမာအပန္းေတြ စိတ္ဒဏ္ရာေတြကို ကုစားဖို ့အေဝးကိုေရွာင္ထြက္သြားစရာမလိုပါဘူး။သင္ဟာအခ်ိန္ယူျပီးသင့္ဘဝရဲ့စစ္မွန္တဲ့ရည္မွန္းခ်က္ေတြကိုပိုင္းျခားနိုင္ေအာင္ ေလ့လာရမယ္။သင္ယူရမယ္။မိမိေပ်ာ္ရာမွာအလုပ္လုပ္ပါ။မိမိခ်စ္တဲ့အလုပ္ကိုလုပ္ပါ။
သင့္နွလံုးသားကသင့္ရဲ့စိတ္ကူးဆႏၵေတြကိုသစၥာရိွရမယ္။သင့္အတြင္းစိတ္ထဲကလမ္းညြွန္ထိန္းေက်ာင္းမွူကသင့္ရဲ့ေပ်ာ္ရြွင္မွုပါဘဲ။ မိမိရည္မွန္းခ်က္တခု စတင္အေကာင္အထည္ေဖာ္ေတာ့မယ္ဆုိရင္ အရာရာကို အေကာင္းျမင္ပါ။ကမၻာျကီးကမိမိအတြက္အရာရာအသင့္ျဖစ္ေနျပီလို ့ထင္ျမင္ယူဆလိုက္ပါ။
အျမဲတမ္းမိမိရည္မွန္းခ်က္ ထက္ထက္သန္သန္နဲ ့ဘဲေနရပါမယ္။သင္ဟာသင့္ရည္မွန္းခ်က္ေတြကိုဆံုးျဖတ္ျပီး ခ်ေရးလိုက္လို ့ျပီးျပီဆိုရင္ ေန႔တိုင္းဖတ္ပါ။အဲ့စာကိုစားပြဲစြန္းမွာျဖစ္ျဖစ္ မိမိအိပ္ရာနားမွာျဖစ္ျဖစ္ တေနရာရာမွာ ျဖစ္ျဖစ္ခ်ိတ္ဆြဲထားလိုက္ပါ။ဒီလိုလုပ္ျခင္းကသင့္ရည္ရြယ္ခ်က္ကိုသင္အျမဲအာရံုစိုက္ေနနိုင္ေစတာပါဘဲ။
သင့္ရည္မွန္းခ်က္ေတြကိုေဝဖန္ခြဲျခားဖို ့ေနာက္တနည္းကေတာ့တရားထိုင္ပါ။သင္တရားထိုင္လို ့စိတ္ေတြတည္
ၿငိမ္စုစည္းလာတဲ့အခါ စိတ္ေတြေအးခ်မ္းလာတဲ့အခါ " ငါဘာအတြက္ေျကာင့္အသက္ရွင္ေနတာလဲ? ငါ့ရဲ့အခန္းလုပ္ရပ္ကဘာလဲ" လို ့သင့္ကိုသင္ေမးပါ။ အေျဖကိုရိုးရိုေလးဘဲျဖစ္ပါေစ။ သင့္စိတ္ကူးယဥ္ထားသေလာက္တန္ဖိုးျကီးပါေစ။ထြက္လာမယ့္အေျဖေတြ စကားလံုးေတြက ကဗ်ာဆန္ခ်င္ဖို ့ သာယာေနဖို ့မလိုပါဘူး။အေရးျကီးဆံုးကအဲ့အရာေတြကသင့္ကိုစိတ္အားတတ္ျကြဖို ့သင့္အားေတြတတ္ေစဖိူ ့ဘဲလိုတာပါ။
Source; TopTen

(Unicode Version)

သင်လက်ရှိဖြစ်ပျက်နေတဲ့အရာတွေ ဘာကြောင့်ဖြစ်ပေါ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်းသိပါစေ။
လူတိုင်းလူတိုင်း ရည်ရွယ်ချက်ကိုယ်စီရှိကြတာပါဘဲ။ ရည်မှန်းချက်တွေကို အမြဲပိုင်းခြားစစ်ဆေးနေမယ်၊ အမြဲအသိညဏ်ပွင့်နေအောင် ကြိုးစားအားထုတ်နေခြင်းဟာ အရေးကြီးဆုံး လုပ်သင့်တဲ့အရာတခုပါဘဲ။ အဲ့လိုဖြစ်ဖို ဆိုတာကလည်း နားလည်ဖို ့အချိန်အတော်ကြာပါတယ်။ ပြီးတော့ စိတ်အားထက်သန်မှုနဲ ့ စိတ်ဝင်တစားရှိဖို ့ကလည်းလိုပါတယ်။
တကယ်တော့ ရည်ရွယ်ချက်မရှိတဲ့ဘဝတခုဟာ လေလွင့်တယ်။ ဘယ်အရာကမှ ထိန်းချုပ်မထားတော့ ပျက်စီးခြင်းကိုုဖြစ်စေပါတယ်။ ဘယ်အရာ ဘယ်ရည်မှန်းချက်ကိုမှ ပြီးပြီးမြောက်မြောက် မဖြစ်နိုင်ပါဘူး။ ရည်ရွယ်ချက်ရှိတဲ့ဘဝတစ်ခုက အရာရာကိုတစုတစည်းထဲ သတ်မှတ်ထားတယ်။
ရည်ရွယ်ချက်ရှိတယ်ဆိုတာဘာလဲ?
ရည်ရွယ်ချက်ရှိတယ်ဆိုတာ မိမိချစ်မြတ်နိုးတဲ့အလုပ်ကိုလုပ်နေတာ၊ မိမိကျွမ်းကျင်တဲ့အရာတွေကိုလုပ်နေတာ မိမိအတွက်အရေးပါတဲ့အရာတွေကို ပြီးပြီးမြောက်မြောက်လုပ်ဆောင်နေတာပါဘဲ။ သင့်မှာရည်ရွယ်ချက်တခု မှန်မှန်ကန်ကန်ရှိပါစေ။ အပေါင်းအသင်းတွေ၊အခွင့်အရေးတွေ၊အခွင့်အလမ်းတွေ၊အရင်းအမြစ်တွေက အလိုလိုသင့်ဆီ တိမ်းညွတ်လာမှာမလွဲမသွေပါဘဲ။
သင်သာသင့်ဘဝမှာ ရည်မှန်းချက်တွေသာ အစစ်အမှန်ရိုက်သွင်းလိုက်စမ်းပါ။ သင့်လုပ်ဆောင်မှုတွေ အောင်မြင်မှုတွေက အလိိုလိုနောက်ကနေ ကပ်ပါလာမှာပါ။ သင့်ရည်ရွယ်ချက်ကဘာလဲဆိုတာ သင်သိပြီးရင် သင့်ရည်ရွယ်ချက် အောင်မြင်ဖို ့အတွက် လုပ်ဆောင်ရမယ့်အရာတွေကို စီစဉ်ခန် ့ခွဲနိုင်ပါတယ်။ သင်လုပ်သမျှ အရာရာတိုင်းဟာသင့်ရည်ရွယ်ချက်ရဲ့ အစိတ်အပိုင်းတခုဖြစ်သင့်ပါတယ်။
သံလိုက်အိမ်မြှောင်လို သင့်ဘဝကိုလမ်းပြလမ်းကြောင်းပေးနိုင်မယ့် ရည်ရွယ်ချက်တွေမထားရှိဘူးဆိုရင် သင့်ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေက ထင်သလောက် ခရီးပေါက်မှာမဟုတ်ပါဘူး။ လူတိုင်းမှာနေ့စဉ် အမောတွေ ဖိအားတွေရှိနေကြတာမဆန်းပါဘူး။သင့်ရဲ့ဖိအားတွေ အမောအပန်းတွေ စိတ်ဒဏ်ရာတွေကို ကုစားဖို ့အဝေးကိုရှောင်ထွက်သွားစရာမလိုပါဘူး။သင်ဟာအချိန်ယူပြီးသင့်ဘဝရဲ့စစ်မှန်တဲ့ရည်မှန်းချက်တွေကိုပိုင်းခြားနိုင်အောင် လေ့လာရမယ်။သင်ယူရမယ်။မိမိပျော်ရာမှာအလုပ်လုပ်ပါ။မိမိချစ်တဲ့အလုပ်ကိုလုပ်ပါ။
သင့်နှလုံးသားကသင့်ရဲ့စိတ်ကူးဆန္ဒတွေကိုသစ္စာရှိရမယ်။သင့်အတွင်းစိတ်ထဲကလမ်းညွှန်ထိန်းကျောင်းမှူကသင့်ရဲ့ပျော်ရွှင်မှုပါဘဲ။ မိမိရည်မှန်းချက်တခု စတင်အကောင်အထည်ဖော်တော့မယ်ဆိုရင် အရာရာကို အကောင်းမြင်ပါ။ကမ္ဘာကြီးကမိမိအတွက်အရာရာအသင့်ဖြစ်နေပြီလို ့ထင်မြင်ယူဆလိုက်ပါ။
အမြဲတမ်းမိမိရည်မှန်းချက် ထက်ထက်သန်သန်နဲ ့ဘဲနေရပါမယ်။သင်ဟာသင့်ရည်မှန်းချက်တွေကိုဆုံးဖြတ်ပြီး ချရေးလိုက်လို ့ပြီးပြီဆိုရင် နေ့တိုင်းဖတ်ပါ။အဲ့စာကိုစားပွဲစွန်းမှာဖြစ်ဖြစ် မိမိအိပ်ရာနားမှာဖြစ်ဖြစ် တနေရာရာမှာ ဖြစ်ဖြစ်ချိတ်ဆွဲထားလိုက်ပါ။ဒီလိုလုပ်ခြင်းကသင့်ရည်ရွယ်ချက်ကိုသင်အမြဲအာရုံစိုက်နေနိုင်စေတာပါဘဲ။
သင့်ရည်မှန်းချက်တွေကိုဝေဖန်ခွဲခြားဖို ့နောက်တနည်းကတော့တရားထိုင်ပါ။သင်တရားထိုင်လို ့စိတ်တွေတည်
ငြိမ်စုစည်းလာတဲ့အခါ စိတ်တွေအေးချမ်းလာတဲ့အခါ " ငါဘာအတွက်ကြောင့်အသက်ရှင်နေတာလဲ? ငါ့ရဲ့အခန်းလုပ်ရပ်ကဘာလဲ" လို ့သင့်ကိုသင်မေးပါ။ အဖြေကိုရိုးရိုလေးဘဲဖြစ်ပါစေ။ သင့်စိတ်ကူးယဉ်ထားသလောက်တန်ဖိုးကြီးပါစေ။ထွက်လာမယ့်အဖြေတွေ စကားလုံးတွေက ကဗျာဆန်ချင်ဖို ့ သာယာနေဖို ့မလိုပါဘူး။အရေးကြီးဆုံးကအဲ့အရာတွေကသင့်ကိုစိတ်အားတတ်ကြွဖို ့သင့်အားတွေတတ်စေဖိူ ့ဘဲလိုတာပါ။
Source; TopTen

Read times
Rate this item
(1 Vote)