-->
×

Warning

JUser: :_load: Unable to load user with ID: 29


လက်ရှိ အလုပ်ကိုမနှစ်သက် ၊ ဝင်ငွေကလည်း မကောင်းဘူး ဆိုရင် ဘာလုပ်ရမလဲ ?

လက်ရှိ အလုပ်ကိုမနှစ်သက် ၊  ဝင်ငွေကလည်း မကောင်းဘူး ဆိုရင် ဘာလုပ်ရမလဲ ? google.com

♦လက်ရှိ အလုပ်ကနေထွက်ကို ထွက်သင့်ပါတယ် ။( ကြိုက်လည်းမကြိုက် ၊ ငွေလည်း အဆင်မပြေမှတော့ ထွက်သာထွက်ပါ။ မကြိုက်ပေမယ့် ငွေ အဆင်ပြေနေရင်သာ ထပ်စဉ်းစားရမှာ။ အခုကတော့ ထွက်ကို ထွက်ရမှာပါပဲ )

♦ဘယ် အချိန်မှာ ထွက်မလဲ ဆိုတာကိုတော့ သေချာ ချင့်ချိန်ရပါမယ်။ အဲ့လိုချင့်ချိန်နိုင်ဖို့အတွက် 
၁။ မိသားစုရဲ့ တစ်လ အသုံးစရိတ် ဘယ်လောက် 
၂။ လက်ရှိ ပိုင်ဆိုင်မှု ဘယ်လောက် ၊ အကြွေး ဘယ်လောက် 
၃။ လစဉ် အတိုးတက်နေတာ ဘယ်လောက် ဆိုတာတွေကို  သေချာ ပြန်စုစည်း မှတ်သားပါ ။
၎။ ပြီးရင် ကိုယ် တစ်လဝင်ငွေ ဘယ်လောက်ရှာနိုင်ရင်  ဒါတွေကို ဖြေရှင်းနိုင်မယ်ဆိုတာ သေချာသတ်မှတ်ပါ။
၅။ ပြီးရင် လက်ရှိအလုပ် လုပ်နေရင်းနဲ့ပဲ အဲ့လို ဝင်ငွေ ရနိုင်လောက်တဲ့ တခြား အလုပ်ရှာပါ ။
( ကိုယ်ပိုင်လုပ်ငန်း မလုပ်နိုင်သေးရင် ဝန်ထမ်းအနေနဲ့ပဲ အလုပ်ပြောင်းရှာရမှာပေါ့ဗျာ )

၆။ အလုပ်ရှာဖို့ ( ကိုယ်ပိုင် လုပ်ငန်းလုပ်ဖို့က) လက်ရှိထက် အဆက်အသွယ်တိုးဖို့လိုပါတယ်၊ ပညာ တိုးဖို့လိုပါတယ်။

၇။ အဲ့လိုတိုးတက်ဖို့အတွက် အချိန်ကိုသေချာ ဖယ်ထုတ်ပြီးလုပ်ပါ။ ( ဥပမာ တစ်နေ့မှာအဆက်အသွယ်တိုးဖို့ အချိန် ဘယ်လောက်သုံးမယ် ၊ ပညာတိုးဖို့အချိန် ဘယ်လောက် သုံးမယ် ဆိုတာ သေချာဖယ်ထုတ်စီမံပါ ။ ငွေပါ ဖယ်ထားဖို့ လိုကောင်းလိုပါလိမ့်မယ် )

ဘာတွေ လုပ်မယ်ဆိုတာ တတ်နိုင်သလောက် အသေးစိတ် ချရေးပြီး စဉ်းစားပါ ။
စဉ်းစားလိုက် > လုပ်ကြည့်လိုက် > ပြန်သုံးသပ်လိုက် လုပ်ပါ ။

အဆက်အသွယ်နဲ့ ပညာရှာဖို့က 
- အွန်လိုင်းကို သေချာအသုံးပြုတာ
- စာကောင်း ပေကောင်းတွေ ဖတ်တာ
- ဟောပြောပွဲ ဆွေးနွေးပွဲ ကောင်းတွေ တက်တာ 
- သင်တန်းကောင်းတွေ တက်တာတွေ လုပ်ပါ ။
( ဈေး သိပ်ကြီးတဲ့ သင်တန်းတွေ လောလောဆယ် မတက်ပါနဲ့ဦး။ လူဆိုတာ ရေတိုနဲ့တော့ ပြောင်းလဲဖို့ မလွယ်ပါ ။ ဘယ်လောက်ကောင်းတဲ့ သင်တန်းဖြစ်ဖြစ် ရေတိုလေးကို ဈေးကြီးကြီးပေးရရင် မတက်ပါနဲ့ဦး ။
နောင်ငွေကြေး အဆင်ပြေရင်တော့ တက်ချင်လည်း တက်ပေါ့ ။ လောလောဆယ်တော့ ကိုယ့်ငွေကြေး နိုင်နင်းတဲ့ သင်တန်းမျိုး တွေပဲတက်ပါ ။
စာအုပ် ၊ အွန်လိုင်း ၊ အခမဲ့ ဟောပြောပွဲတွေနဲ့ တင်တကယ်တမ်း ရေရှည်လုပ်ရင် လူတစ်ယောက် သိသိသာသာ တိုးတက်နိုင်ပါတယ် ။ကွန်တော်လည်း အဲ့လိုပဲ လုပ်ခဲ့တာမို့လို့ တကယ်ရေရှည်လုပ်ရင် သေချာပေါက် အဆင်ပြေမယ်ဆိုတာ အာမခံနိုင်ပါတယ် ။ 
အင်္ဂလိပ် ဘာသာစကား အတန်အသင့် ဖတ်နိုင် နားထောင်နိုင်ရင်တော့ အရမ်းကို ထိရောက်တဲ့ ပညာတွေကို
ကုန်ကျစရိတ် အလွန် နည်းပါးတဲ့ ပမာဏ နဲ့ လေ့လာနိုင်ပါတယ်ဗျာ )

၈။ ကိုယ် လုပ်ဖို့ စီစဉ်ထားတာတွေကို ချရေးပြီး  မနက်တိုင်း သေချာဖတ်ပါ ။  ညတိုင်း သေချာ ပြန်သုံးသပ်ပါ။
လိုအပ်တာတွေ ခေါင်းထဲ ထပ်ပေါ်လာရင် ၊တစ်ယောက်ယောက်က အကြံကောင်းတွေပေးလာရင် ထပ်ဖြည့်ပါ။

လုပ်သင့်တာ လုပ်ချင်တာတွေထဲက ဘယ်ဟာတွေကို လုပ်ရင် ကိုယ့်ရဲ့လက်ရှိအခြေအနေကို အများဆုံး တိုးတက်နိုင်မယ်  ရေရှည် အလားအလာကောင်းကို တည်ဆောက်ပေးနိုင်မယ်ဆိုတာကို သေချာရွေးထုတ်ပြီး
အဲ့လို အလုပ်တွေကို အချိန်ပိုပေးနိုင်အောင် စီစဉ်ပါ ။

၉။ တစ်နေ့ တစ်နေ့မှာ အသစ် အသစ်သော ပညာတွေ ၊ အဆက်အသွယ်တွေ အပြင်ဝင်ငွေ ဘယ်လောက် ရလဲဆိုတာ အမြဲသတိမပြတ် ကိုယ့်ကိုယ်ကို စောင့်ကြည့်ပြီးရိုးရိုးသားသားနဲ့ ရေရှည်သာ ကြိုးစား တောင့်ခံ သွားပါ ။

Read-မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ သက်သေပြခဲ့ကြသူများ

Credit; ကိုဇေဇေ
Co-founder & Trainer @Power of Passion

Read times
Rate this item
(1 Vote)