-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူတိုင်းအတွက် အကြွင်းမဲ့အောင်မြင်ရေး ဖော်မြူလာ

လူတိုင်းအတွက် အကြွင်းမဲ့အောင်မြင်ရေး ဖော်မြူလာ google.com

“အောင်မြင်မှုသည် ဆိုးသွမ်းသော ဆရာတစ်ဦးဖြစ်သည်။ သူသည် ထက်မြက်သောလူများကို သူတို့မရှုံးနိမ့်နိုင်ဘူး ဟုတွေးထင်မိအောင် သွေးဆောင်ဖျားယောင်းတတ်သည်။”

ကျွန်တော်တို့ အားလုံးတွင် တူညီသော ဇီဝရုပ်ခန္ဓာ (Bio-hardware) ပိုင်ဆိုင်ထားကြသလို တူညီသော စိတ်နှင့်ပတ်သက်သည့် အရင်းအမြစ်များလည်း ရှိထားကြသည်။ အရေးကြီးသည်မှာ မှန်ကန်သော ပရိုဂရမ်မာ အသုံးပြုရေးပင်ဖြစ်သည်ဟူ ဘီလ်ဂိတ်စ်က ဆိုထားသည်။

အောင်မြင်သူများ၊ ထူးချွန်ပြောင်မြောက်သော ရလဒ်ရရှိသူများသည် သူတို့၏အရင်းအမြစ်များကို အကောင်းဆုံး အသုံးချကာ အမြင့်မားဆုံး အခြေအနေသို့ရောက်အောင် လျှောက်လှမ်းခဲ့ကြသည့် ခြေလှမ်းများအတိုင်း စတင်ကြပါစို့။ သူတို့ပြသသည့် ထူးချွန်ပြောင်မြောက်မှုပုံစံကို စံပြုကာ လက်တွေ့ ကျင့်သုံးမယ်ဆိုလျှင် အောင်မြင်သူများ ရရှိခဲ့သည့် ရလဒ်များအတိုင်း ရရှိလာမှာဖြစ်သည်။ သို့သော် အောင်မြင်မှုသည် ဤမျှအထိလွယ်ကူပါ့မလားဆိုတာ စိတ်ဝင်စားစရာကောင်းလှ၏။

ကျွန်တော်တို့ အမြဲလိုလို ကိုယ့်ကိုယ်မေးတတ်သည့် မေးခွန်းတစ်ခုရှိသည်။ ယင်းမှာ အောင်မြင်ရေးအတွက် ဖော်မြူလာရှိလား ဟူသည့်မေးခွန်းဖြစ်သည်။ အောင်မြင်သူများသည် သူတို့လိုချင်တာကို ရရှိစေနိုင်သည့် Patternတစ်ခုခုကို လိုက်နာခဲ့ကြပါသလား။

စံပြပုဂ္ဂိုလ်ရာပေါင်းများစွာကို စာအုပ်များ၊ ဟောပြောပွဲများနှင့် အင်တာဗျူးများမှ လေ့လာပြီးသည့်အခါတွင်တော့ တွေ့ရှိချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ နယ်ပယ်ပေါင်းစုံမှ အောင်မြင်နေသူများသည် ဆင်တူယိုးမှား အခြေအနေများတွင် မတူကွဲပြားသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြသလို မတူညီသော ချဉ်းကပ်မှု များနှင့် မဟာဗျူဟာများကို အသုံးပြုခဲ့ကြသည်။ သို့သော်အားလုံးတွင် တူညီသော အချက်တစ်ခုတော့ ရှိကြသည်။ သူတို့သည် သူတို့လိုချင်တာရအောင် ထူးခြားကွဲပြားသော ခြေလှမ်းစီးရီးများစွာကို လှမ်းခဲ့ ကြခြင်းဖြစ်သည်။

Read-Twitter ရဲ့ပဲ့ကိုင်ရှင်

ယင်းစီးရီးများကို ကျွန်တော့်အနေဖြင့် အောင်မြင်ရေးဖော်မြူလာ ဟုခေါ်ချင်ပါသည်။ ပြောရလျှင် သင့်အနေဖြင့် ထူးချွန်ကျော်ကြားသော တီထွင်သူကြီးဖြစ်လိုသည်ဖြစ်စေ၊ အောင်မြင်သော အရောင်းသမားကောင်း တစ်ယောက် ဖြစ်လိုသည်ဖြစ်စေ၊ လေးစားဖွယ်ကောင်းပြီး စိတ်အားတက်ကြွဖွယ် ဆရာတစ်ဦး ဖြစ်ချင် သည်ဖြစ်စေ၊ နာမည်ကြီးရှေ့နေ သို့မဟုတ် အာကာသယာဉ်မှုးဖြစ်ချင်သည်ဖြစ်စေ သင်လျှောက်လှမ်းရမည့် အဆင့်များသည် အတူတူပင်ဖြစ်သည်။ အောင်မြင်ရေးဖော်မြူလာ အတိုင်းသာလိုက်နာပါ။ သင်အလိုရှိတာ ဘာမဆိုရလိမ့်မည်။ ထိုသို့မဟုတ်ဘဲ အဆိုပါအချက်မားထဲမှ တစ်ခုခုသာ ကျန်ခဲ့မည်ဆိုလျှင် သင်သည် သင်နဲ့ထိုက်တန်သော အမှန်တရားအတိုင်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ပါ။

ဖော်မြူလာများကို စိတ်ဝင်စားလျှင် ဆက်လက်ဖော်ပြပေးပါမည်။

Source; Myanmarb2bmagazine

Read times
Rate this item
(2 votes)