-->
×

Warning

JUser: :_load: Unable to load user with ID: 29


အာရှမှာ သြဇာကြီးမားသော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ

အာရှမှာ သြဇာကြီးမားသော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ google.com

ယခင်က လုပ်ငန်းခွင်များမှာ အမျိုးသမီးများသည် အမျိုးသားများ၏ လက်အောက်မှာသာ အများစု ကူညီလုပ်ကိုင်ပေးခဲ့ရသော်လည်း ယခုခေတ်မှာတော့ အမျိုးသားများနည်းတူ လုပ်ငန်းများ၏ ရာထူးကြီးများတွင် တာဝန်ယူလုပ်ကိုင်လာကြသည့် အမျိုးသမီးများထဲမှ အာရှ၏ သြဇာကြိးမားသော

စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများထဲမှ အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Chua Sock Koong

အသက်-၅၇နှစ်၊ CEO of Singtel

CEO of singtel

စင်ကာပူ ဆိုက်ဘာလုံခြုံရေး၊ သစ်လွင်တောက်ပြောင်တဲ့မြို့ကြီးတွေ၊ အချက်အလက် သရုပ်ခွဲဆန်းစစ်မှုတွေနဲ့ ဆက်စပ်နေတဲ့ နည်းပညာတွေ ဖွံ့ဖြိုးရေးအတွက် အင်ဂျင်နီယာတစ်ရာကို ငှားရမ်းဖို့ ဒေါ်လာ၃၆၉သန်း သုံးစွဲမယ့် အစီအစဉ်တွေကို စက်တင်ဘာလတုန်းက Chuaကကြေညာခဲ့ပါတယ်။ ဒါဟာ ရှေးရိုးစဉ်လာအသံနဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကျော်လွန်ပြီး လုပ်ကိုင်ဖို့အတွက် နောက်ဆုံးလုပ်လိုက်တဲ့ စစ်ဆင်ရေးပဲဖြစ်ပါတယ်။ မနှစ်တုန်းက အရှေ့တောင်အာရှရဲ့ အကြီးမားဆုံးဖြစ်တဲ့ ဒီဆက်သွယ်ရေုးလုပ်ငန်းကြီးဟာ နိုင်ငံပေါင်း ၂၅နိုင်ငံမှာ ဖောက်သည်ပေါင်း သန်းငါးရာဆီကို ရောက်တဲ့အထိ တိုးချဲ့ခဲ့ပါတယ်။ လက်မှတ်ရစာရင်းကိုင် တစ်ဦးဖြစ်တဲ့ Chua ဟာ၂၀၀၇ခုနှစ်ကတည်းက စင်ကာပူ နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်တဲ့ Temasek ကအဓိကပိုင်တဲ့ Singtelကိုဦးဆောင်ခဲ့ပါတယ်။

၂။ Lee Boo-Jin

အသက်-၄၄နှစ်၊ President နှင့် CEOစီးပွားရေးလုပ်ငန်း မဟာဗျူဟာ၊ president၊ Hotel Shilla/Cheil Industries

lee boo jin

တောင်ကိုရီးယားနိုင်ငံမှာ သူ့အဘိုးတည်ထောင်ခဲ့တဲ့ Samsung Group ထဲမှာရှိတဲ့ ကုမ္ပဏီတွေကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး လက်ရှိလုပ်ကိုင်နေတဲ့ Cheil Industries နဲ့ IT Services unit Samsung SDS တွေကို အများပိုင်ပြုလုပ်ဖို့ ပထမဆုံးအစုရှယ်ယာတွေ ထုတ်ရောင်းခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်က Leeဟာ အများကြီးပိုပြီး ချမ်းသာသွားခဲ့တယ်။ သူ့ရဲ့ဖခင်ဖြစ်တဲ့ Samsung ရဲ့ဥက္ကဋ္ဌ Lee Kun-hee ဟာသတိမေ့မြောတဲ့ရောဂါနဲ့ ဆေးရုံပေါ်မှာရောက်နေတဲ့အတွက် သူဟာ သူ့အစ်ကို၊ သူ့ညီမတွေနဲ့အတူ Samsung SDS ရဲ့၃.၉ရာခိုင်နှုန်းနဲ့ ဒေါ်လာ ၁၁၈သန်းတန်ဖိုးရှိတဲ့ Cheil Industriesရဲ့ ၈.၄ရာခိုင်နှုန်းကို ကိုင်တွယ်ထိန်းချုပ်ထားပါတယ်။ သူ့ရဲ့ Hotel Shilla Group ဟာတရုတ်နိုင်ငံက ခရီးသွားတွေ အလုံးအရင်းနဲ့ ၀င်လာတဲ့အတွက် ၂၀၁၄ခုနှစ်မှာ အရောင်းတန်ဖိုး ဒေါ်လာ ၂.၇ဘီလီယံရပြီး စံချိန်တင်ခဲ့ပါတယ်။ ဒီဇင်ဘာလတုန်းက သူဟာပိုင်ဆိုင်မှု တန်ဖိုးဒေါ်လာ ၆၈၄ဘီလီယံရှိပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံးအစိုးရ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီကြီးဖြစ်တဲ့ CITIC Group ရဲ့ပြင်ပဒါရိုက်တာ ရာထူးကို ယူခဲ့ပါတယ်။

၃။ Arundhati Bhattacharya

အသက်-၅၈နှစ်၊ ဥက္ကဋ္ဌ၊ အိန္ဒိယနိုင်ငံတော်ဘဏ်၊အိန္ဒိယနိုင်ငံ

arundhati k5W 621x414LiveMint

အိန္ဒိယဘဏ်လုပ်ငန်းရဲ့ ပထမဆုံးအမျိုးသမီးကြီးလို့ ရည်ညွှန်းကြတဲ့ Bhattacharya ဟာ Customer ပေါင်း ၂၂၅ သန်းနဲ့ ပိုင်ဆိုင်မှုတန်ဖိုးပေါင်း ဒေါ်လာ ဘီလီယံသုံးရာရှိတဲ့ ဧရာမလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံတော်ဘဏ်ကြီး (SBI) ရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။ သူ့ရဲ့သက်တမ်းတစ်လျှောက်လုံး ဒီနိုင်ငံတော် ဘဏ်ကြီးမှာနေလာခဲ့တဲ့ (ဒီနိုင်ငံပိုင် ငွေချေးဘဏ်ကြီးမှာ သူလုပ်လာခဲ့တာ ဆယ်စုနှစ်လေးခုနီးပါးရှိပါပြီ) ဒီအမျိုးသမီးကြီးဟာ ပြန်မရနိုင်တဲ့ကြွေးမြီတွေကို ကိုင် တွယ်ဖြေရှင်းပြီး ဘဏ်ကြီးရဲ့မတည်ရင်းနှီးငွေကို ကျားကန်ပေးခဲ့ပါတယ်။

Source ; Myanmarb2bmagazine

 

Read times
Rate this item
(1 Vote)