-->
×

Warning

JUser: :_load: Unable to load user with ID: 29


Social Media Influencer တစ္ေယာက္ျဖစ္လာေအာင္ ဘယ္လုိလုပ္မလဲ???

Social Media Influencer တစ္ေယာက္ျဖစ္လာေအာင္ ဘယ္လုိလုပ္မလဲ??? google.com

ယခုေနာက္ပိုင္း ကာလေတြမွာေတာ့ လူအမ်ားအျပားဟာ တစ္ေန႔တစ္ေန႔ ၎တို႔ရဲ႕ မိုဘိုင္းဖုန္းေတြေပၚမွာပဲ မ်က္စိမခြာဘဲ အခ်ိန္ကုန္ဆံုးမႈက ပိုမ်ားလာေနလ်က္ရွိပါတယ္။ ၎တို႔ေတြအေနနဲ႔ တစ္ေန႔တစ္ေန႔

လူမႈမီဒီယာ ေတြေပၚက ပို႔စ္ေပါင္းရာနဲ႔ခ်ီကို ဆြဲဆြဲခ်ၿပီး ၾကည့္ရႈေနၾကလ်က္ရွိပါတယ္။ယေန႔ အေနအထားအရ အေရွ႕ေတာင္အာရွေဒသမွာဆုိရွယ္မီဒီယာရဲ႕ ေပါက္ေရာက္မႈက ႀကီးမားေနလ်က္ရွိ

တယ္ဆိုတာကို ျငင္းလို႔ရႏိုင္မွာမဟုတ္ပါဘူး။ အင္ဒိုနီးရွားဆိုရင္ကမၻာေပၚမွာ instagram အသံုးျပဳမႈအမ်ားဆံုး ႏိုင္ငံေတြထဲမွာနံပါတ္ ၈ ခ်ိတ္ေနလ်က္ရွိတယ္လို႔ သိရပါတယ္။

အခ်ိန္ၾကာလာတာနဲ႔အမွ် ဆုိရွယ္မီဒီယာမွာ ၾသဇာႀကီးသူ (နာမည္ေက်ာ္သူ) social media influencer နဲ႔ေစ်းကြက္ရွာေဖြမႈကလည္း ထုတ္ကုန္အမွတ္တံဆိပ္ေတြအတြက္ ပိုပိုၿပီးဆြဲေဆာင္လာႏိုင္ေနလ်က္ရွိပါတယ္။ ဒီလိုအခ်ိန္မွာ သင့္အေနနဲ႔ကေရာ ဒီ အာဆီယံေဒသမွာsocial media influencer တစ္ေယာက္ျဖစ္လာေအာင္ ဘယ္လုိ လုပ္သြားႏိုင္သလဲ?

ဆုိရွယ္မီဒီယာ သံုးသူေတြရဲ႕ အာရံုကို ဖမ္းစားႏိုင္ေအာင္ လုပ္ပါ။

" ဆိုရွယ္မီဒီယာေပၚမွာ အေၾကာင္းအရာေပါင္းမ်ားစြာ တင္ေနၾကတာျဖစ္တဲ့အတြက္ အသံုးျပဳသူေတြရဲ႕ မ်က္စိအာရံုကို ဖမ္းစားႏုိင္ေအာင္ လုပ္ႏိုင္ဖို႔က ေတာ္ေတာ္ေလးကို ခက္ခဲလွပါတယ္။ ဒီေနရာမွာ social media influencer တစ္ေယာက္ ျဖစ္ခ်င္သူေတြအေနနဲ႔ကေတာ့ သူတို႔ရဲ႕ ကိုယ္ပိုင္ contentေတြဟာ သူမ်ားေတြထက္ ပိုၿပီး တီထြင္ဖန္တီးမႈ ပါရမွာျဖစ္သလိုပိုၿပီးေတာ့လည္း ဆန္းသစ္မႈေတြ ပါေနရမွာျဖစ္ပါတယ္။

သူ႕ရဲ႕content အရည္အေသြးက အဓိကက်ပါတယ္" ဆိုၿပီးinfluencers ေတြနဲ႔ brands ေတြကို ခ်ိတ္ဆက္ ေပးေနတဲ့ မေလးရွား start-up တစ္ခုျဖစ္တဲ့ Sushivid တည္ေထာင္သူYuhwen Foong က ေျပာပါတယ္။

" သူတို႔ေတြရဲ႕ content ေတြက တစ္နည္းနည္းနဲ႔ ၾကည့္ရႈသူေတြကိုေဖ်ာ္ေျဖမႈ ေပးႏိုင္မယ္၊ ဒါမွမဟုတ္ ပညာေပးႏိုင္မယ္၊ ဒါမွမဟုတ္လႊမ္းမုိးႏိုင္မယ္ဆိုရင္ေတာ့ ဘာမွ ေၾကာက္စရာတစ္ခုမွ ရွိမွာမဟုတ္ေတာ့ပါဘူး။

ဒီလိုမွမဟုတ္ဘဲ content ကမေကာင္းဘူး၊ ဒါမွမဟုတ္ တင္ေနက်ပံုစံကို ထူးထူးျခားျခား မေျပာင္းလဲႏိုင္ဘူး ဆိုရင္ သူတို႔ ကလည္း ထူးထူးျခားျခားမျဖစ္ဘဲ ေပ်ာက္ကြယ္သြားပါလိမ့္မယ္" လို႔ ၎က ရွင္းျပပါတယ္။

ဆိုရွယ္မီဒီယာကေတာ့ လူေတြအမ်ားႀကီး ၀ိုင္းအသံုးျပဳတဲ့အတြက္ေၾကာင့္ content ဖန္တီးသူေတြအေနနဲ႔ သူမ်ားနဲ႔ မတူေအာင္ ဖန္တီးႏိုင္ဖို႔ လိုပါလိမ့္မယ္။ အစစ္အမွန္ကိုသာ ခ်ျပပါ။ သင္တတ္ႏိုင္သေလာက္ content မ်ားမ်ား ခ်ျပႏိုင္ေအာင္ လုပ္ပါ။ သင္ဘာေတြလုပ္ေနလဲဆိုတာနဲ႔ သင့္ဘာျဖစ္ခ်င္သလဲလူေတြ သိေအာင္လုပ္ပါ။

ေနာက္ဆံုးအခ်က္တစ္ခုအေနနဲ႔ကေတာ့ အစစ္အမွန္ကိုသာ ခ်ျပရမွာျဖစ္ပါတယ္။အစစ္အမွန္ကိုပဲ ခ်ျပျခင္းက influencers ေတြအေပၚ အမ်ားကယံုၾကည္မႈကို ခိုင္ၿမဲတုိးပြားေစႏိုင္ပါတယ္။ Influencer industry မွာ အေတာ္ဆံုး content creators ေတြကေတာ့ အစစ္အမွန္ကိုသာ ခ်ျပတတ္သူေတြ ျဖစ္တယ္လို႔ influencer marking firm တစ္ခုျဖစ္တဲ့ VAMP ပူးတြဲတည္ေထာင္သူ Aaron Brooks က ေျပာပါတယ္။

Source; Strategy First Journal

(Unicode Version)

ယခုနောက်ပိုင်း ကာလတွေမှာတော့ လူအများအပြားဟာ တစ်နေ့တစ်နေ့ ၎င်းတို့ရဲ့ မိုဘိုင်းဖုန်းတွေပေါ်မှာပဲ မျက်စိမခွာဘဲ အချိန်ကုန်ဆုံးမှုက ပိုများလာနေလျက်ရှိပါတယ်။ ၎င်းတို့တွေအနေနဲ့ တစ်နေ့တစ်နေ့ လူမှုမီဒီယာ တွေပေါ်က ပို့စ်ပေါင်းရာနဲ့ချီကို ဆွဲဆွဲချပြီး ကြည့်ရှုနေကြလျက်ရှိပါတယ်။
ယနေ့ အနေအထားအရ အရှေ့တောင်အာရှဒေသမှာဆိုရှယ်မီဒီယာရဲ့ ပေါက်ရောက်မှုက ကြီးမားနေလျက်ရှိ
တယ်ဆိုတာကို ငြင်းလို့ရနိုင်မှာမဟုတ်ပါဘူး။ အင်ဒိုနီးရှားဆိုရင်ကမ္ဘာပေါ်မှာ instagram အသုံးပြုမှုအများဆုံး နိုင်ငံတွေထဲမှာနံပါတ် ၈ ချိတ်နေလျက်ရှိတယ်လို့ သိရပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ဆိုရှယ်မီဒီယာမှာ သြဇာကြီးသူ (နာမည်ကျော်သူ) social media influencer နဲ့စျေးကွက်ရှာဖွေမှုကလည်း ထုတ်ကုန်အမှတ်တံဆိပ်တွေအတွက် ပိုပိုပြီးဆွဲဆောင်လာနိုင်နေလျက်ရှိပါတယ်။ ဒီလိုအချိန်မှာ သင့်အနေနဲ့ကရော ဒီ အာဆီယံဒေသမှာsocial media influencer တစ်ယောက်ဖြစ်လာအောင် ဘယ်လို လုပ်သွားနိုင်သလဲ?
ဆိုရှယ်မီဒီယာ သုံးသူတွေရဲ့ အာရုံကို ဖမ်းစားနိုင်အောင် လုပ်ပါ။
" ဆိုရှယ်မီဒီယာပေါ်မှာ အကြောင်းအရာပေါင်းများစွာ တင်နေကြတာဖြစ်တဲ့အတွက် အသုံးပြုသူတွေရဲ့ မျက်စိအာရုံကို ဖမ်းစားနိုင်အောင် လုပ်နိုင်ဖို့က တော်တော်လေးကို ခက်ခဲလှပါတယ်။ ဒီနေရာမှာ social media influencer တစ်ယောက် ဖြစ်ချင်သူတွေအနေနဲ့ကတော့ သူတို့ရဲ့ ကိုယ်ပိုင် contentတွေဟာ သူများတွေထက် ပိုပြီး တီထွင်ဖန်တီးမှု ပါရမှာဖြစ်သလိုပိုပြီးတော့လည်း ဆန်းသစ်မှုတွေ ပါနေရမှာဖြစ်ပါတယ်။
သူ့ရဲ့content အရည်အသွေးက အဓိကကျပါတယ်" ဆိုပြီးinfluencers တွေနဲ့ brands တွေကို ချိတ်ဆက် ပေးနေတဲ့ မလေးရှား start-up တစ်ခုဖြစ်တဲ့ Sushivid တည်ထောင်သူYuhwen Foong က ပြောပါတယ်။
" သူတို့တွေရဲ့ content တွေက တစ်နည်းနည်းနဲ့ ကြည့်ရှုသူတွေကိုဖျော်ဖြေမှု ပေးနိုင်မယ်၊ ဒါမှမဟုတ် ပညာပေးနိုင်မယ်၊ ဒါမှမဟုတ်လွှမ်းမိုးနိုင်မယ်ဆိုရင်တော့ ဘာမှ ကြောက်စရာတစ်ခုမှ ရှိမှာမဟုတ်တော့ပါဘူး။
ဒီလိုမှမဟုတ်ဘဲ content ကမကောင်းဘူး၊ ဒါမှမဟုတ် တင်နေကျပုံစံကို ထူးထူးခြားခြား မပြောင်းလဲနိုင်ဘူး ဆိုရင် သူတို့ ကလည်း ထူးထူးခြားခြားမဖြစ်ဘဲ ပျောက်ကွယ်သွားပါလိမ့်မယ်" လို့ ၎င်းက ရှင်းပြပါတယ်။
ဆိုရှယ်မီဒီယာကတော့ လူတွေအများကြီး ၀ိုင်းအသုံးပြုတဲ့အတွက်ကြောင့် content ဖန်တီးသူတွေအနေနဲ့ သူများနဲ့ မတူအောင် ဖန်တီးနိုင်ဖို့ လိုပါလိမ့်မယ်။ အစစ်အမှန်ကိုသာ ချပြပါ။ သင်တတ်နိုင်သလောက် content များများ ချပြနိုင်အောင် လုပ်ပါ။ သင်ဘာတွေလုပ်နေလဲဆိုတာနဲ့ သင့်ဘာဖြစ်ချင်သလဲလူတွေ သိအောင်လုပ်ပါ။
နောက်ဆုံးအချက်တစ်ခုအနေနဲ့ကတော့ အစစ်အမှန်ကိုသာ ချပြရမှာဖြစ်ပါတယ်။အစစ်အမှန်ကိုပဲ ချပြခြင်းက influencers တွေအပေါ် အများကယုံကြည်မှုကို ခိုင်မြဲတိုးပွားစေနိုင်ပါတယ်။ Influencer industry မှာ အတော်ဆုံး content creators တွေကတော့ အစစ်အမှန်ကိုသာ ချပြတတ်သူတွေ ဖြစ်တယ်လို့ influencer marking firm တစ်ခုဖြစ်တဲ့ VAMP ပူးတွဲတည်ထောင်သူ Aaron Brooks က ပြောပါတယ်။
Source; Strategy First Journal

Read times
Rate this item
(0 votes)