-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်စီးပွားရေးလုပ်ငန်းအတွက် အသုံးဝင်မယ့် လိုဂိုပုံစံများ

သင့်စီးပွားရေးလုပ်ငန်းအတွက် အသုံးဝင်မယ့် လိုဂိုပုံစံများ google.com

လိုဂိုပုံစံက ရိုးရိုးလေး

လိုဂိုမှာသုံးတဲ့ ဖောင့်တွေက Geometrics ပုံစံ ရိုးရှင်းတဲ့ ဖောင့်တွေကို သုံးလာကြပါမယ်။ မျဉ်းကြောင်း၊ အစက်၊ ထောင့်ချိုး၊ စက်ဝိုင်းစတဲ့ Geometrics ပုံစံတွေကို သုံးလာကြမှာပါ။

simple logo

 

Coats of Arms

Reserved colour (ငြိမ်တဲ့အရောင်) နဲ့ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေက အလွန်ကောင်းမွန်ပြတ်သားတဲ့ လိုဂိုတွေဖြစ်လာစေပါတယ်။ ဒီလိုဂိုတွေက ခေတ်ဟောင်းကာလကို ပြန်လည်အမှတ်ရစေမှာပါ။ ဒါကတန်ဖိုးရှိတဲ့ ရှေးဟောင်းပုံစံ၊ ရိုးရာပုံစံနဲ့ ရှေးကျတဲ့ ခေတ်ပုံစံတွေလို ဖြစ်လာစေပါတယ်။

cost of arms

Negative Space

လိုဂိုထဲမှာ Negative Space ရှိနေတာက နှစ်အနည်းငယ် ကြာနေပါပြီ။ ၂၀၁၈မှာလည်း ခြွင်းချက်မရှိပါဘူး။ ဒါကိုပဲ သုံးကြမှာပါ။ စာရဲ့အတွင်းမှာ ဒါမှမဟုတ် စာကြားထဲမှာ ဖွက်ထားတဲ့ပုံကို ဖြည့်တာက သင်ဖန်တီးတဲ့အခါ အလွန်ကို အနုပညာလက်ရာမြောက်စေမှာပါ။

negative space logo

အရောင်ပြေး

ဂရပ်ဖစ်ဒီဇိုင်နာတွေက အရောင်ပြေးတွေရဲ့ စွမ်းအားကို ရှာဖွေတွေ့ရှိနေကြပါတယ်။ အရောင်အကူးအပြောင်းက icon တွေနဲ့စာတွေမှာ အဆင်ပြေအောင်သုံးနိုင်ပါတယ်။ ဒီအချက်က လိုဂိုရဲ့ ဆွဲဆောင်မှုကို ပိုမိုခိုင်မြဲစေပါတယ်။

color pyay

စာရေးခြင်း

စာလုံးတွေကို လက်ရေးစာလုံးတွေအဖြစ်သုံးတာက ကြာပါပြီ။ ဒါကကော်ဖီဆိုင်တွေ၊ ဘားတွေ၊ ဓါတ်ပုံဆိုင်တွေလို နေရာတွေအတွက် လိုဂိုရေးဆွဲတဲ့ နေရာမှာ အသုံးတည့်နေတုန်းပါ။

writer logo

Read times
Rate this item
(1 Vote)