-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘယ်အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေက အမြတ်အများဆုံး ရရှိနိုင်မလဲ။

ဘယ်အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေက အမြတ်အများဆုံး ရရှိနိုင်မလဲ။ Entrepreneur

ဘယ်လုပ်ငန်းတွေက အမြတ်အများဆုံး ရရှိနိုင်မလဲ။

စာရင်းအင်းနှင့် အခွန်ဆိုင်ရာ ၀န်ဆောင်မှုဆောင်ရွက်ပေးတဲ့ လုပ်ငန်းများသည် အသေးစားနှင့် အလတ်စား လုပ်ငန်းများထဲတွင် အမြတ်အများဆုံးလုပ်ငန်းများဖြစ်ပြီး၊ ၁၈.၄ ရာခိုင်နှုန်း အသားတင်အမြတ် ရရှိပြီး၊ အိမ်ခြံမြေ လုပ်ငန်းများသည် ၁၅.၂ ရာခိုင်နှုန်း၊ ဥပဒေလုပ်ငန်းများသည် ၁၄.၅ ရာခိုင်နှုန်းနှင့် ဆေးခန်းများကတော့ ၁၃ ရာခိုင်နှုန်းအသားတင် အမြတ်ရရှိတယ်လို့ Sageworks မှာဖော်ပြထားပါသည်။

ဒီ report ကို လုပ်ငန်းပေါင်း ၁၆၀၀၀ ကိုလေ့လာထားတာဖြစ်ပြီး၊ သန်း၁၀ မီလီယံအောက် ၀င်ငွေရရှိတဲ့လုပ်ငန်း တွေကို သုသေသနဆောင်ရွက်ထားတာပါ။ 

သာမန် အသေးစားလုပ်ငန်းများသည် ၇.၂ ရာခိုင်နှုန်းသာ အမြတ်ရရှိတာဖြစ်ပါသည်။

ဒီလုပ်ငန်းတွေက ဘာကြောင့် လုပ်ငန်းတော်တော်များများထက် အမြတ်ဝင်ငွေပိုများတာလဲ။ ဒီလုပ်ငန်းတွေဟာ ၀န်ထမ်း အရည်အချင်းနဲ့ အဓိကလုပ်ဆောင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက်ပါ။

ဝန်ဆောင်မှုလုပ်ငန်းများဟာ အသေးစားလုပ်ငန်းများထဲမှာ အလွန် အမြတ်ငွေရရှိတဲ့လုပ်ငန်းတွေဖြစ်ကြပါ သည်။ အဓိကအားဖြင့် စရိတ်နည်းပြီး၊ စတင်တည်ထောင်ဖို့ အတွက် အသုံးစရိတ်နည်းလို့ပါပဲ။ ဒီလုပ်ငန်းတွေ တော်တော်များများဟာ အိမ်ကနေပြီး စတင်နိုင်ပါသည်။

အမြတ်ငွေဆိုတာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ စဉ်းစားသင့်တဲ့ အချက်တစ်ခုတည်းမဟုတ်ပါဘူး။ အခြား အချက်တွေကတော့ သူ့ရဲု့အရည်အချင်းနဲ့ ကိုက်ညီမှုရှိလား၊ ဘယ်လိုလိုင်စင်မျိုးဆောင်ရွက်သင့်လဲ ၊ ဘယ်လို Training တွေလိုအပ်လဲ ၊ စီးပွားရေး ပျက်ကပ်စိုက်တဲ့အခါမှာ ဘယ်လိုအခြေအနေဖြစ်နိုင်လဲ စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

Source : Entrepreneur

Read times
Rate this item
(2 votes)