-->
×

Warning

JUser: :_load: Unable to load user with ID: 29


ထုတ်ကုန်ကို ဗျူဟာနှင့်ကယ်တင်ခြင်း

ထုတ်ကုန်ကို ဗျူဟာနှင့်ကယ်တင်ခြင်း google.com

ကိုယ်က မုန့်ဟင်းခါးရောင်းတယ်။ ကိုယ့်မုန့်ဟင်းခါးဆိုင်မှာ လာစားနေကျ ဖောက်သည်တွေ လာမစားတော့တာ ဘာကြောင့်လို့ထင်လဲ။

ပထမဆုံးထင်မှာက ကိုယ့်ဆီမှာ မစားတာက ကိုယ့်ပြိုင်ဘက် မုန့်ဟင်းခါးသည်တွေဆီမှာသွားစားလို့ပေါ့။

ဒီတော့ ပြဿနာကိုဖြေရှင်းတဲ့အနေနဲ့ မုန့်ဟင်းခါးကို ပိုကောင်းအောင်ချက်မယ်။ ဈေးနှုန်းကိုလျှော့ချမယ်။ ဝန်ဆောင်မှုကို ပိုကောင်းအောင်လုပ်မယ်။ ဒါပေမယ့် ပိုကောင်းအောင်လုပ်တာ၊ ဈေးနှုန်းလျှော့တာနဲ့ ၀န်ဆောင်မှုတိုးမြှင့်တာ အကုန်လုံးက ကုန်ကျစရိတ်ရှိတယ်။ အဲဒီအတွက် ကိုယ့်ဗျူဟာက အလုပ်ဖြစ်မှဖြစ်မယ်။ မဟုတ်ရင် ပိုအဆုံးအရှုံးများမယ်။

ဗျူဟာနဲ့ စီမံခန့်ခွဲမှုဆိုတာ အထူးအဆန်းမဟုတ်ဘူးဆိုတာ ပြောဖူးပါတယ်။ ဗျူဟာက တွေးခေါ်မှုပဲ နောက်ကနေမှ စီမံခန့်ခွဲမှုကလိုက်တယ်။ အတွေးအခေါ်ဗျူဟာလွဲရင် နောက်ကစီမံခန့်ခွဲမှုလွဲမယ်၊ ရလာတဲ့ ရလဒ်လည်း ဆက်တိုက်လွဲမှာပဲ။ ဒါကြောင့်ကိုယ့်ဗျူဟာက အရင်မှန်ကန်ဖို့လိုမယ်။ဥပမာ လူချင်းတူပေမယ့် စဉ်းစားတွေးခေါ်ပုံကွာပြီး လူဆိုးလူကောင်း ရလဒ်ချင်းကွာတယ်မလား။

အပေါ်က မုန့်ဟင်းခါးသည်ဥပမာမှာ ပြဿနာက ရောင်းအားကျတာကစတယ်။ ဒါပေမယ့် သုံးသပ်တဲ့အခါ ကိုယ့်ဆီမှာမစားတာက တခြားဆိုင်မှာသွားစားလို့ပေါ့ဆိုတဲ့သုံးသပ်မှုက အရမ်းဘောင်ကျဉ်းတယ်၊ မှားနိုင်တယ်။

မုန့်ဟင်းခါးစားရခြင်းရဲ့ အခြေခံရည်ရွယ်ချက်က ဗိုက်ပြည့်ဖို့။ ဒီအချက်ကိုမြင်မှ ကိုယ့်ပြိုင်ဘက်တွေ ဘယ်သူလဲဆိုတာကို စဉ်းစားနိုင်မှာ။ ကိုယ့်မုန့်ဟင်းခါးမစားရခြင်းက တခြားမုန့်ဟင်းခါးဆိုင်မှာ သွားစားနေတယ် ဆိုတာထက် ပိုအောင်တွေးမှရမယ်။

မုန့်ဟင်းခါးမစားတာ အီကြာကွေးစားလို့ဖြစ်နိုင်တယ်။ နံပြားစားလို့ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ အဲဒါတွေအကုန်လုံးကလည်း ဗိုက်ပြည့်အောင်စွမ်းဆောင်နိုင်တာပဲလေ။ ဒီတော့ ကိုယ့်ပြိုင်ဘက်ဆိုတာက တခြားမုန့်ဟင်းခါးသည်တင်မကဘူး။ ဗိုက်ပြည့်စေတဲ့အရာအကုန်လုံးပဲ။

ကိုယ်က ကိုယ့်ဆိုင်မှာမစားခြင်းက တခြားဆိုင်မှာ မုန့်ဟင်းခါးသွားစားနေတာလို့ ထင်တဲ့ အတွေးအခေါ်ဗျူဟာ အမှားကနေ စီမံမှုကိုဖော်ဆောင်မယ်ဆိုရင် အနာနဲ့ဆေး သိပ်မတွေ့တဲ့အတွက် အကုန်အကျများမယ် အကျိုးက သိပ်မရှိဘူး။

တခြားမုန့်ဟင်းခါးဆိုင်တွေမှာ သွားစားနေတဲ့ လူအနည်းငယ်အတွက်ပဲအသုံးဝင်မယ်။ အဲဒီထက်ပိုမြင်အောင်ကြည့်ပြီး တွေးမှ ပိုကျယ်ပြန့်တဲ့ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်မယ်။ အကျိုးရှိတဲ့ရလဒ်လည်းထွက်မယ်။

ဒါကိုမြင်မှ မုန့်ဟင်းခါးနဲ့အီကြာကွေးတွဲရောင်းမယ်။ မုန့်ဟင်းခါးနဲ့ နံပြားတွဲရောင်းမယ်။ ကားလိုင်းတွေက သူတို့ကို အစားထိုးမယ်ဆိုတာကိုမြင်လို့ တန်ဖိုးနည်းလေကြောင်းလိုင်းတွေပေါ်လာတာ။

Coke ကိုအစားထိုးမှာ ကျန်းမာတဲ့အရည်တွေဆိုတာမြင်လို့ Diet Coke ဆိုတာပေါ်လာတာ။ ပထမဆုံးက အကြောင်းရင်းကိုမြင်အောင် ခွဲခြမ်းစိတ်ဖြာရတာပါ။ ခွဲခြမ်းစိတ်ဖြာမှုမမှန်ရင် နောက်က ဗျူဟာဆွဲတာလည်း လိုက်မမှန်နိုင်ဘူး။

 

Read- စီးပွားရေး အားလုံးအတွက် အရေးပါသော Branding

Credit; Dr. Thurein Hlaing Win

Read times
Rate this item
(1 Vote)