-->
×

Warning

JUser: :_load: Unable to load user with ID: 29


Customer ကို ဒီလိုဆွဲဆောင်မယ်

Customer ကို ဒီလိုဆွဲဆောင်မယ် google.com
ဘယ်လို လုပ်ငန်းမျိုးမှာပဲ ဖြစ်ဖြစ်၊ ဘယ်လို Product ကိုပဲ ရောင်းရောင်း Customer မရှိဘူးဆိုရင် လည်ပတ်နေတဲ့ လုပ်ငန်းတွေရပ်သွားမယ်လို့ထင်ပါတယ်နော်။ Customer အတွက် လက်လီအရောင်းဆိုင်များ ဂရုပြုသင့်တဲ့ အချက်လေးတွေကို မျှဝေပါရစေ။
 
1. People 
 
2. Process 
 
3. Physical evidence 
 
 
People - လူကထိမ်းရခက်ပါတယ်။ ဒါပေမဲ့ ဒီဝန်ထမ်းတွေကြောင့်ပဲ ရောင်းအားတိုးတက်နိုင်သလို၊ရောင်းအားကျနိုင်ပါတယ်။
 
လက်လီ အရောင်းဆိုင်တွေအတွက်တော့ ဆိုင်ဝန်ထမ်းတွေဟာ သိပ်အရေးကြီးပါတယ်။
 
အသစ်ဝင်လာတဲ့ ဝန်ထမ်းတွေကို မိမိဆိုင်ရဲ့ ရောင်းချမဲ့ ပစ္စည်းတွေနဲ့ ပတ်သက်တာတွေ ၊ ဝယ်သူကို ဆက်ဆံရမဲ့ ပုံစံတွေ၊ ရောင်းချနည်းစနစ်တွေကို သင်ကြားပေးဖို့လိုပါတယ်။
 
စနစ်တကျ Training ပေးစေချင်ပါတယ်။ Training costs က ကုန်ကျစရိတ်မဟုတ်ပါ။ ရင်းနှီးမြှုပ်နှံမှု သာဖြစ်ပါတယ်။
 
 
Process - ဝယ်ယူရတဲ့ လုပ်ငန်းစဉ်တွေကြာနေရင်လည်း ၊ ဝယ်သူဖောက်သည် မကြိုက်ပါဘူး။
 
ဝယ်တာတစ်နေရာ ၊ ပစ္စည်းထုတ်တာ တစ်နေရာ ၊ ငွေပေးတာ တစ်နေရာ စတာတွေပါ။
 
တစ်ခါကြုံဖူးပါတယ်။ မိတ်ဆွေတွေနဲ့ စားသောက်ဆိုင် တစ်ခုသွားပါတယ်။
 
စားပွဲထိုးလေးပေးတဲ့ Menu စာအုပ်ကိုကြည့်ပြီး ဟင်းပွဲတစ်ပွဲမှာပါတယ်။ 
 
စားပွဲထိုး ကောင်လေးက "အစ်ကို အဲဒီဟင်းပွဲက တစ်ရက် ကြိုမှာရတယ်" လို့ပြောပါတယ်
 
ကောင်းပြီ နောက်တစ်ပွဲထပ်မှာတယ်။ အဲဒီဟင်းပွဲကိုလည်း " အစ်ကို အဲဒီဟင်းပွဲ မှာရင် နာရီဝက်၄၅မိနစ်တော့စောင့်ရမယ်" တဲ့...။
 
စားမဲ့သူက အမြန်စားချင်ပြီ။ Process တွေကကြာနေတော့ နောက်အဲဒီဆိုင်ကိုသွားမသွားချင်တော့ပါဘူး ။
 
တစ်ခါကလည်း လက်လီအရောင်းဆိုင်တစ်ခုမှာ တွေ့ဖူးတာပါ။ ပစ္စည်းတစ်ခု ဝယ်လိုက်တယ်။
 
ငွေချေတော့ လက်မှတ်တစ်ခါထိုးခိုင်းတယ်။ ပစ္စည်းယူတော့ လက်မှတ်တစ်ခါထိုးခိုင်းတယ်။
 
Promotion ပစ္စည်း အမှန်တကယ် လက်ခံရရှိကြောင်းလက်မှတ်တစ်ခါထိုးခိုင်းတယ်။
 
ဝယ်သူက " ငါကားဝယ်တာတောင် လက်မှတ်တစ်ခါဘဲထိုးရတယ်" လို့ပြောသွားပါတယ်။
 
Process (လုပ်ငန်းစဉ်)တွေ ရှုတ်ထွေးတာ၊ ကြာတာကိုဝယ်သူတွေ မကြိုက်ကြပါဘူး။
 
 
 
Physical evidence -  Retail ဆိုင်ပိုင်ရှင်တွေကို ဒီ အချက်လေးကိုသေချာအကြံပြုလိုပါတယ်။
 
Physical evidence ဆိုတာကိုအရင်ရှင်းပြပါရစေ။
 
Physical evidence ဆိုတာက ဆိုင်မှာ သန့်ရှင်းနေတာ၊ ဝယ်သူတွေ သက်တောင့်သက်သာဖြစ်ဖို့ လေအေးစက်ဖွင့်ပေးထားတာ၊ ကားရပ်နားဖို့နေရာပေးထားတာ၊
 
မြက်ခင်းလေးတွေ ၊ပန်းခြံအသေးလေးတွေ ၊ကလေးကစားကွင်းအသေးလေးတွေ၊ ထိုင်ခုံတွေထိုင်ဖို့ပြုလုပ်ပေးထားတာတွေကိုဆိုလိုတာပါ။
 
ဒီနေရာမှာ တစ်ခုပြောချင်တာက ဝယ်သူတွေရဲ့ အပြုအမှုတွေကိုသိဖို့ပါ။ အခုခေတ်ဝယ်သူတွေမှာ Smart phone တွေရှိကြပါတယ်။
 
ဘယ်နေရာ ရောက်ရောက်ဓာတ်ပုံရိုက် ၊ facebook တင်ကြပါတယ်။
 
စားသောက်ဆိုင်မှာဆိုလည်း မစားခင်ဟင်းပွဲကိုဓာတ်ပုံရိုက်တာတို့ ၊ စားသောက်နေတာတွေကိုဓါတ်ပုံရိုက်တာတို့ တော်တော်လုပ်လာကြပါတယ်။
 
Admin ကိုယ်တိုင်လဲ ဓာတ်ပုံရိုက်ရတာကိုကြိုက်ပါတယ်။ ရောက်တဲ့နေရာတိုင်း ဓာတ်ပုံရိုက်ပါတယ်(ကြော်ငြာဝင်တာ)။
 
ပြီးရင် facebook တင် ၊ location ပြရင် ကိုယ့်ဆိုင်အကြောင်း ကြော်ငြာပြီးသားဖြစ်ပါတယ်။
 
ဒါကြောင့် ကိုယ့်ဆိုင်ထဲဝင်လာတဲ့ ဝယ်သူကို လွတ်လွတ်လပ်လပ် ဓါတ်ပုံ ရိုက်နိုင်မဲ့ ဆိုင်တွင်း ပန်းခြံလေးတွေ ၊ အလှဆင်ထားထာတွေဖန်တီးပေးထားစေချင်ပါတယ်။ 
 
ဆိုလိုတာက ဆိုင်ထဲဝင်သွားရင် ပစ္စည်းတွေနဲ့ ကြပ်သိပ်နေမဲ့အစား နေရာလေးတစ်ခု ဖန်တီးပြီး အပန်းဖြေ Photo လေးရိုက်ဖို့ ဖန်တီးပေးစေချင်တာပါ။
 
နေရာသိပ်မယူဘဲ လုပ်လို့ရတဲ့နမူနာ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ဆိုင်ဝင်များလာမယ်။ Location ပြပြီးကြော်ငြာရင် ၊ ဆိုင်ကြော်ငြာပြီးသားဖြစ်ပါမယ်။
 
ရောင်းအားတက်လာနိုင်ပါတယ်။
 
အနည်းဆုံး ကိုယ့်ဆိုင်ရဲ့နာမည် ၊ Logo ပါတဲ့ Photo booth လေးထား။ ပစ္စည်းဝယ်ပြီးရင် ၊ အဲဒီနေရာလေးမှာရိုက်ဖို့ပြော၊ ဝယ်သူဖုန်းနဲ့ Photo လေးရိုက်ပေးလိုက်ပေါ့။ Photo booth လေးတော့ လှလှပပ လုပ်ထားဖို့တော့လိုတာပေါ့။
 
ဒီလောက်ဆိုရင်တော့ သင့် Customer အတွက် ဘာတွေပြင်ဆင်ထားရမလဲ သိလောက်ပြီပေါ့။ 
 
အကျိုးရှိမယ်လို့မျှော်လင့်မိပါတယ်နော်...။ ဓာတ်ပုံလှလှရိုက်နိုင်ဖို့ Photo booth လေးလည်းမမေ့နဲ့ ဦးနော်...။
 
 
Source; Economic literature
 
Myanmar Advertising Directory
 
ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။
 
 
Directory Book 1
Read times
Rate this item
(1 Vote)