-->
×

Warning

JUser: :_load: Unable to load user with ID: 29


customer 5 မျိုးကို ဘယ်လိုချဉ်းကပ်မလဲ?

customer 5 မျိုးကို ဘယ်လိုချဉ်းကပ်မလဲ? google.com

အောင်မြင်တဲ့ စီးပွားရေး တခုထူထောင်မယ်ဆို Customer(ဝယ်သူ) တွေကို သေချာနားလည်ရပါတယ်။

Customer တွေက တဦးနဲ့ တဦးမတူ သလို တစ်ဦးချင်းစီကို ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်လည်း မတူပါဘူး။

နောက်တခုက သူတို့က ဘာလို့ ကိုယ့်ပစ္စည်း၊ ကိုယ့် ဆိုင်မှာ လာအားပေးနေတာလဲဆိုတဲ့ အကြောင်းကိုလည်းလေ့လာသင့်ပါတယ်။

ဒါမှ နောက်ပိုင်း သူတို့တွေနဲ့ စကားပြောတဲ့အခါ ကိုယ့်ဆီမှာ အမြဲလာဝယ်နေတဲ့ ဖောက်သည်တွေဖြစ်အောင် ဆွဲဆောင်ပြောဆိုနိုင်မှာဖြစ်ပါတယ်။

ဒါတွေအတွက်Nao Global ကကူညီ ရှင်းပြပေးချင်တဲ့ စီးပွားရေးတိုင်းမှာ တွေ့ရတတ်တဲ့ customer ၅ မျိုးနဲ့ သူတို့ကို ဘယ်လို ချဉ်းကပ်ဆက်ဆံသင့်တယ်ဆိုတဲ့ နည်းလမ်းတွေကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

 

1. ဝယ်သူ ဖြစ်လာနိုင်သူ

သူတို့က တော့ အခုမှ ဆိုင်ထဲဝင်လာတဲ့ ၊ ကိုယ့်ပစ္စည်းတွေကို သိချင်တဲ့လူသစ် ဖြစ်ပါတယ်။

သူတို့ကို ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေကို ရှင်းလင်းပြသပြီး လိုအပ်လို့ မေးမြန်းရင် ဖြေနိုင်အောင် အသင့်ရှိနေပေးပါ။

 

2. ဝယ်သူ အသစ်

သူတို့ကတော့ ကိုယ့်ဆိုင်မှာ ဝယ်သွာဖူးပြီး လိုချင်တာများရှိအုန်းမလား ဆိုပြီး ထပ်လာတဲ့သူတွေပါ။

သူတို့ဟာ တချိန်မှာ ဖောက်သည် ဖြစ်လာနိုင်ပါတယ်။ သူတို့ကို ပစ္စည်းသစ်တွေနဲ့ မိတ်ဆက်ပေးပြီး သူတို့ရဲ့ အချက်အလက် တစ်ချို့ကို သိအောင်ကြိုးစားပါ။

ဒါမှ သူတို့ လိုလောက်မယ့် ပစ္စည်းမျိုးကို ပြသနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် လိုအပ်တဲ့အခါ မေးမြန်းရင် ဖြေနိုင်အောင် အသင့်ရှိနေပေးပါ။

 

3. ဆုံးဖြတ်ချက်မြန်သူ

သူတို့ကတော့ ကိုယ့်ဆီကို တစ်ကြိမ်ထက်မနည်းရောက်လာလာတတ်ပြီး လိုချင်တာကို သေချာသိပြီးလာဝယ်သူပါ။

အလျင်လိုတတ်ပြီး လိုအပ်တာဝယ်ပြီး တန်းထွက်သွားကြသူမျိုးပါ။

သူတို့ နဲ့ ဆက်ဆံတဲ့အခါ လိုအပ်ချက်ကို သွက်သွက်လက်လက်နဲ့ ဖြည့်ဆည်းပေးပြီး ပစ္စည်းတွေရွေးချက်တဲ့အခါ သင့်တော်သလို အကြံပေးတာမျိုးလုပ်ပေးရပါတယ်။

သူတို့လိုအပ်တာတွေ အချိန်တိုနဲ့ လွယ်လွယ်ကူကူ ရနိုင်ရင် နောက်ပိုင်း ကိုယ့် စီးပွားရေးရဲ့ အမာခံ ဖောက်သည်ဖြစ်လာနိုင်ခြေရှိသူပါ။

 

4. လျော့ဈေးနှင့်ဝယ်သူ

သူတို့ကတော့ ဈေးတွေနဲ့ရင်းနီးပြီး အသက်သာဆုံး အကောင်းဆုံးဈေးနဲ့ ရမယ့် ကုန်ပစ္စည်းကို ရှာဝယ်သူပါ။

သူတို့ကိုတော့ ဈေးတင်ဖို့မလွယ်ပါဘူး။ ဈေးတင်မယ့်အစား ဝန်ဆောင်မှု ထပ်ဆောင်းပိုပေးလိုက်ပါ။

လျော့ဈေးနဲ့ ရောင်းမယ့် ပစ္စည်းတွေရှိရင်လည်း နှုန်းထားကို သေချာရှင်းပြပါ။

သူတို့ကနေတဆင့် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေအပြင် နောက်ထက်ဖောက်သည်တွေပါရနိုင်ပါတယ်။

 

5. အမြဲတမ်းဖောက်သည်

သူတို့ကတော့ ဘယ်တော့မှ လက်မလွှတ်သင့်တဲ့ သူမျိုးပါ။ ကိုယ့် ကုန်ပစ္စည်းတွေကို သဘောကျပြီး အမြဲအားပေးတဲ့သူပါ။

ဒါ့အပြင် သူတို့ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေကိုပါကိုယ် နဲ့ချိတ်ဆက်ပေးတတ်ပါသေးတယ်။

သူတို့နဲ့ ဆက်ဆံတဲ့အခါမှာတော့ အကောင်းဆုံး ဝန်ဆောင်မှုနဲ့အတူ မှန်ကန်စွာ ဆက်ဆံပေးဖို့လိုပါတယ်။

ဒါ့အပြင် ဘာကြောင့် ကိုယ့်ရဲ့ အမာခံဖြစ်လာတယ်ဆိုတာကိုပါ သိအောင်လုပ်နိုင်ရင်နောက်ဒီလို အမာခံတွေပွားလာအောင် လုပ်နိုင်မှာဖြစ်ပါတယ်။

Recommended for you-စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် အကျိုးအမြတ်ပိုမို ရရှိစေနိုင်မယ့် Freelancer

Source;naoglobal

Read times
Rate this item
(5 votes)